ပုံပြကမ္ဗည်းစာတိုင်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ သင်္ချိုင်း...
--------------------------------------------------------------
■ Merry Cemetery ဆိုသည့်အမည်နှင့် သာယာစဖွယ်ကောင်းသည့် သင်္ချိုင်းမြေက ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ရိုမေးနီးယားနိုင်ငံမြောက်ဖက် အစွန်အဖျားတွင် ရှိသော Maramures မြို့လေးတွင် တည်ရှိကာ တဖက်တွင် ယူကရိန်းနိုင်ငံနယ်စပ်နှင့် ကပ်လျက်သား တည်ရှိနေသောကြောင့် ယူကရိန်းနိုင်ငံ ဖက်မှလဲ ဝင်ရောက်နိုင်ပါသည်။သင်္ချိုင်းဟူသည် ပူဆွေးဝမ်းနည်း ကြေကွဲဖွယ်ရာများသာ ကြုံတွေ့နိုင်ရာ Merry Cemetery ဟု ဆန့်ကျင်ဘက်အမည်ကို အဘယ့်ကြောင့်ပေးထားပါသနည်း ဟု သိချင်စိတ်ဖြင့် ဤရှေးဟောင်းသင်္ချိုင်းကို ဝင်ရောက်လေ့လာကြည့်ကြမည် ဆိုပါလျှင် ...
သင်္ချိုင်းအထိမ်းအမှတ် စုလစ်မွန်းချွန်မှာ မြင့်မားစွာဖြင့် တည်ဆောက်ထားသည့်အတွက်
Maramures မြို့လည်လမ်းမပေါ်မှပင် လှမ်း၍ မြင်တွေ့နိုင်ပါသည်။ ထိုသင်္ချိုင်းရှိရာသို့ အရောက်သွား၍ ဂိတ်တံခါးမှဝင်ရောက်ခဲ့သည်ရှိသော် အထဲတွင်ရှိသည့် အုတ်ဂူများပေါ်တွင် အပြာရောင်ကမ္ဗည်း စာတိုင်များကို စီရရီဖြင့် လှပစွာ တွေ့မြင်ရပါမည်။
သင်္ချိုင်းအများစုတွင် မြှုပ်နှံထားသူ၏ အမည်၊ မွေးသက္ကရာဇ်နှင့် သေဆုံးသည့်နေ့ကိုသာ မြင်တွေ့ရပါသည်။ သို့သော် ဤသင်္ချိုင်းကတော့ မြှုပ်နှံထားသူ၏ အလုပ်အကိုင်ကိုပါ ကမ္မည်းစာတိုင်တွင် ပုံဖော်ရေးဆွဲ ပေးထားခြင်းက အများနှင့်မတူ တမူထူးလျက်ရှိနေသည်ဖြစ်ရာ ရိုမေးနီးယားနိုင်ငံ နယ်စပ်မြို့လေးမှ Merry Cemetery အမည်ရှိ ရှေးဟောင်းသင်္ချိုင်းလေး၏ စိတ်ဝင်စားဖွယ် ကမ္ဗည်းစာတိုင်များကို ဖော်ပြပါပုံများတွင်
တွေ့မြင်နိုင်ပါသည်။
လူတိုင်း ထူးခြားတဲ့ ကိုယ်ပိုင်အလုပ် မရှိကြတာကြောင့် တချို့ပုံတွေကတော့ အဓိပ္ပာယ်ကောက်ရ ခက်ခဲပါတယ်။ ဒါကလဲ ဒီသင်္ချိုင်းကို ပိုပြီး စိတ်ဝင်စားစေတဲ့အချက် ဖြစ်နိုင်ပါတယ်။
source:macos.livejournal
page link -
https://www.facebook.com/pages/Merry-Cemetery/140601929299724?ref=br_rs
facebook link -
https://www.facebook.com/permalink.php?story_fbid=1739910762957218&id=100008149329661
No comments:
Post a Comment