အသက်အန္တရာယ် ပေးနိုင်တဲ့ သတ္တဝါတွေနဲ့
ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါ လုပ်ဆောင်ရန် အချက်များ
.
( လူတိုင်းသိထားသင့်တဲ့ ဗဟုသုတလေးတွေပါ 👍)
ငါးမန်း
သင့်အနားကို ငါးမန်းတစ်ကောင်ရောက်လာတဲ့အခါ သွေး ဒါမှမဟုတ် ဆီး တွေထွက်မကျစေဖို့ သတိ ထားပါ။ ငါးမန်းနဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါလှည့်မပြေးပါနဲ့ ။ သူတို့ရဲ့အနုဆုံးနေရာတွေဖြစ်တဲ့ မျက်လုံးနဲ့ ပါးဟက်ကို နာနာတီးထုတ်လိုက်ပါ။
သားပိုက်ကောင်
သားပိုက်ကောင်တစ်ကောင်နဲ့ ရင်ဆိုင်ရပြီ ဆိုရင်တော့ ချောင်းဆိုးပါ ။ ဒါဆိုရင် ရောဂါ ကူးမှာစိုးလို့ အနားမလာပဲ ထွက်ပြေးသွားပါလိမ့်မယ်။ ဒါမှမဟုတ် ဖြည်းဖြည်းချင်းနောက်ပြန်လျောက်ပါ ။ နောက်လှည့်ပြီးထွက်ပြေးတာမျိုးလုပ်ရင်တော့ သင့်ကိုလိုက်လံ တိုက်ခိုက်ပါလိမ့်မယ်။
ခြင်္သေ့
ခြင်္သေ့တစ်ကောင်နဲ့ရင်ဆိုင်တွေ့ရတဲ့အခါ သူနဲ့မျက်လုံးချင်းဆိုင်ကြည့်ပါ ။ ဂျာကင်ကို ခေါင်းပေါ်လွှားကာ အကောင်ကြီးတစ်ကောင်အဖြစ်ဟန်ဆောင်ပါ။ ခြင်္သေ့ကို ခြိမ်းခြောက်ဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ သူ့ကိုဟိန်းဟောက်ပါ။ နောက်လှည့်ထွက်ပြေးရင်တော့ သင်ခြသေ့င်္အစာ ဖြစ်သွားပါလိမ့်မယ်။
ဆင်
ဆင်တစ်ကောင် နားရွက်တွေကားထွက်လာပြီဆိုရင်တော့ သင့်ကိုတိုက်ခိုက်ဖို့ကြိုးစားနေပြီလို့ယူဆပါ။
ဒါဆိုရင်တော့ သစ်ပင်ကြီးကြီး ဒါမှမဟုတ် ကျောက်တုံးကြီးကြီးတစ်ခုနောက်မှာ အမြန်ဆုံးပုန်းနိုင်ဖို့ ကြိုးစားပါ။
ကြံ့
ကြံတွေဟာ တစ်နာရီကို ၃၇ မိုင်နှုန်းပြေးနိုင်တဲ့ အတွက် သင်ပြေးမယ် ဆိုရင်တောင် မလွတ်နိုင်ပါဘူး။
သူတို့ရန်က လွတ်ဖို့အတွက်လည်း သင် သစ်ပင် ကြီးကြီးတစ်ခုနောက်မှာ ပုန်းနေလိုက်ရင် ရပါပြီ။
ရေမြင်း
ရေမြင်းဟာ ကြီးမားလွန်းတဲ့ သတ္တဝါဖြစ်ပေမယ့် တစ်နာရီကို ၁၉ မိုင်နှုန်းလောက်ပြေးနိုင်တဲ့ အကောင်တွေပါ။ ဒါပေမယ့်သစ်ပင်ပေါ်မတက်နိုင်တာကြောင့် သစ်ကိုင်းတစ်ခုပ်ါတက်နေလိုက်မယ်ဆိုရင် သင်ရေမြင်းရန်ကလွတ်ပါပြီ။
နွားသိုး
နွားသိုးတစ်ကောင် ပြေးလာပြီဆိုရင် ငြိမ်ငြိမ်လေးရပ်ပြီး လက်ထဲမှာ တစ်ခုခုကိုင်ပြီးလှုပ်ယမ်းပြထားပါ။
အနီးရောက်လာတဲ့အခါ လက်ထဲမှာကိုင်ထားတဲ့အရာကို ကိုယ်နဲ့အဝေးဆုံးကို လွှင့်ပစ်လိုက်ပါ။
ရေခူ
ရေခူနဲ့ထိမိတဲ့အခါမျိုးမှာ ဆားငံရေနဲ့အမြန်ဆေးကြောပါ။
ဇာဂနာနဲက ရေခူအမွှေးအမျှင်တွေကိုဖယ်ပြီး ဒဏ်ရာကို အဆီတစ်ခုခုလိမ်းကြံပါ။
မိကျောင်း
မိကျောင်းလိုက်ခံရတဲ့အခါမျိုးမှာ ကွေ့ကောက်ပြေးလွှားပါ။
ရေထဲမှာ မိကျောင်းတွေတဲ့ အခါမျိုး ဆိုရင် တစ်နေရာမှာကပ်ပြီး ငြိမ်ငြိမ်လေးရပ်နေပါ။
ဝက်ဝံ
ဝက်ဝံဆိုတာ လူကိုတိုက်ခိုက်တာ အလွန်ရှားပါး ပါ တယ်။ သူတို့တိုက်ခိုက်ရင်တော့ ထွက်မပြေးပါနဲ့ ။ တစ်နာရီ မိုင် ၃၀ လောက် ပြေးနိုင်တဲ့အကောင်တွေ ဖြစ်တာကြောင့် သင်ထွက်ပြေးလည်း မလွတ်ပါဘူး။
မြေပေါ်ဝပ်ပြီးတော့ ဘောလုံး တစ်လုံးလို ခန္ဓာကိုယ်ကို လုံးထားပါ ။ လူသေတစ်ယောက်လို ဟန်ဆောင်ပါ ။ ဝက်ဝံက သင့်ကို နမ်းရှုံ့တဲ့ အခါမှာ လှုပ်တာမျိုး မပြုလုပ်ပါနဲ့။
Writer – Min Thu (Daily Hot News )
facebook link -
https://www.facebook.com/permalink.php?story_fbid=2256510517963904&id=100008149329661
No comments:
Post a Comment