သမုိင္းထဲက ဒီေန႔(စက္တင္ဘာ ၅ ရက္)
၂၅ က်ပ္တန္၊ ၃၅ က်ပ္တန္၊ ၇၅ က်ပ္တန္ တုိ႔ကုိ
တရားဝင္ေငြေၾကးအျဖစ္မွ ရပ္စဲလုိက္ျခင္း
--------------------------------------------
စက္တင္ဘာ ၅ ရက္ ဒီကေန႔ ဟာ ၁၉၈၇ ခုႏွစ္၊ အဲဒီအခ်ိန္တုန္းက ျမန္မာ့ဆုိရွယ္လစ္ လမ္းစဥ္ပါတီ မဆလ အစိုးရက သူတုိ႔ ထုတ္ေ၀ထားတဲ့ ၂၅ က်ပ္တန္၊ ၃၅ က်ပ္တန္၊ ၇၅ က်ပ္တန္ ေငြစကၠဴေတြကုိ
တရားဝင္ေငြေၾကးအျဖစ္က ရပ္စဲလုိက္တဲ့ ၃၁ ႏွစ္ေျမာက္ေန႔ ျဖစ္ပါတယ္။
ဒီေငြေၾကး သုံးမ်ိဳးကုိ ၁၉၈၇ ခုႏွစ္ စက္တင္ဘာ ၅ ရက္ စေနေန႔ မနက္မွာ တရားမဝင္ေတာ့ဘူးဆုိၿပီး အဲဒီအခ်ိန္က ႏုိင္ငံေတာ္ေကာင္စီ အတြင္းေရးမွဴး ဦးစိန္လြင္ လက္မွတ္နဲ႔ ထုတ္ျပန္ေၾကညာ ခဲ့တာ ျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ ေငြေၾကးလည္ပတ္မႈ ၇၅ ရာခိုင္ႏႈန္းခန္႔ ရပ္တန္႕သြားခဲ့ရၿပီး တရားမ၀င္ဘူးလုိ႔ ေၾကညာခဲ့တဲ့ေငြစကၠဴေတြကုိ ျပန္လဲလွယ္ခြင့္ မေပးခဲ့ပါဘူး။၂၅ က်ပ္တန္ကို ၁၉၇၂ ခုႏွစ္ စက္တင္ဘာလ ၃၀ ရက္ေန႔တြင္ ျပည္သူ႕ဘဏ္ကေန ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ဘဏ္အျဖစ္ ေျပာင္းလဲခဲ့ၿပီး ထုတ္ေ၀ခဲ့ပါတယ္။ ၇၅ က်ပ္တန္ ေငြစကၠဴကို ၁၉၈၅ ခုႏွစ္ ႏို၀င္ဘာလ ၁၁ ရက္ေန႔၊ ၃၅ က်ပ္တန္ ေငြစကၠဴကုိ ၁၉၈၆ ခုႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔ေတြမွာ အသီးသီး ထုတ္ေ၀ခဲ့ပါတယ္။ ၃၅ က်ပ္တန္ ႏွင့္
၇၅ က်ပ္တန္တို႔ကို ထုတ္ေဝထားတာ ၂ ႏွစ္ခန္ ့သာ ႐ွိေသးၿပီး တရားမဝင္ဆုိကာ ရပ္စဲလုိက္တာျဖစ္ပါတယ္။
ဒီလိုေငြေၾကးေတြကို တရားမဝင္ ေၾကညာတဲ့အခါမ်ဳိးမွာ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ အမ်ားစုေတာင္ မသိခဲ့ၾကပါဘူး။ ဒီေငြစကၠဴ သုံးမ်ိဳး တရားမဝင္ေတာ့ဘူးဆုိတာ ၁၉၈၇ ခုႏွစ္ ၾသဂုတ္လ ကတည္းက သတင္းေတြထြက္ေပၚခဲ့တာျဖစ္ၿပီး စက္တင္ဘာလ မွာ သတင္းက အမွန္ျဖစ္သြားရတာပါ။အဲဒီအခ်ိန္က ေကာလာဟလ သတင္းလႊင့္တယ္ဆုိၿပီး ဖမ္းဆီးခံရတဲ့ သူေတြေတာင္ရွိခဲ့ပါတယ္။
တရား၀င္ ထုတ္ေ၀ထားတဲ့ ေငြစကၠဴေတြကို အသံုးျပဳလို႔ မရေအာင္ လုပ္လိုက္တာေၾကာင့္ ျပည္သူေတြ ပိုင္ဆိုင္တ့ဲ ေငြေၾကး က်ပ္ ဘီလ်ံေပါင္းမ်ားစြာ ေန႔ခ်င္းညခ်င္း ဆုိသလို ဆံုးရွံဳးသြားတာ ျဖစ္ျပီး၊ အစိုးရဟာ
ျပည္သူေတြပိုင္ဆုိင္တဲ့ ေငြေၾကးကို အမိန္႔အာဏာ သံုးျပီး မတရား လုယူလိုက္သလို ျဖစ္သြားေစခဲ့ပါတယ္။
ဒီလုိ ေငြစကၠဴေတြ တရားမ၀င္ေတာ့ဘူးဆုိတဲ့ အမိန္႔ေၾကာင့္ စာေမးပြဲ ေျဖဆုိေနတဲ့ တကၠသုိလ္ ေက်ာင္းသားေတြ အခက္အခဲႀကံဳၿပီး ဆႏၵျပ လႈပ္ရွားမႈေတြ ျဖစ္ေပၚခဲ့ၿပီးေနာက္ ၁၉၈၈ လူထုအုံၾကြမႈႀကီး ဆက္လက္ ျဖစ္ေပၚခဲ့ပါတယ္။
source:One News Myanmar
(အဲဒီဖ်က္သိမ္းလုိက္တဲ့ ေငြစကၠဴတန္ဖုိးက 25+35+75 = 135 ျဖစ္ၿပီး အဲဒီေနာက္ပုိင္း ထုတ္ေဝခဲ့တဲ့ ေငြစကၠဴသစ္ 45 က်ပ္တန္နဲ႔ 90 က်ပ္တန္ ႏွစ္မ်ဳိးေပါင္းကလည္း ၁၃၅ က်ပ္ ျဖစ္ေနတာကေတာ့ တုိက္ဆုိင္တာလား ယၾတာလားဆုိတာကုိေတာ့ ... )
Facebook Link -
https://www.facebook.com/permalink.php?story_fbid=2247955465486076&id=100008149329661
===========================
unicode version
သမိုင်းထဲက ဒီနေ့(စက်တင်ဘာ ၅ ရက်)
၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ရ၅ ကျပ်တန် တို့ကို
တရားဝင်ငွေကြေးအဖြစ်မှ ရပ်စဲလိုက်ခြင်း
--------------------------------------------
စက်တင်ဘာ ၅ ရက် ဒီကနေ့ ဟာ ၁၉၈၇ ခုနှစ်၊ အဲဒီအချိန်တုန်းက
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ အစိုးရက သူတို့ ထုတ်ဝေ
ထားတဲ့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ရ၅ ကျပ်တန် ငွေစက္ကူတွေကို
တရားဝင်ငွေကြေးအဖြစ်က ရပ်စဲလိုက်တဲ့ ၃၁ နှစ်မြောက်နေ့ ဖြစ်ပါတယ်။
ဒီငွေကြေး သုံးမျိုးကို ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက် စနေနေ့ မနက်မှာ
တရားမဝင်တော့ဘူးဆိုပြီး အဲဒီအချိန်က နိုင်ငံတော်ကောင်စီ အတွင်းရေး
မှူး ဦးစိန်လွင် လက်မှတ်နဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
နိုင်ငံရဲ့ ငွေကြေးလည်ပတ်မှု ရ၅ ရာခိုင်နှုန်းခန့် ရပ်တန့်သွားခဲ့ရပြီး
တရားမဝင်ဘူးလို့ ကြေညာခဲ့တဲ့ငွေစက္ကူတွေကို ပြန်လဲလှယ်ခွင့် မပေးခဲ့
ပါဘူး။၂၅ ကျပ်တန်ကို ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင်
ပြည်သူ့ဘဏ်ကနေ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ်အဖြစ်
ပြောင်းလဲခဲ့ပြီး ထုတ်ဝေခဲ့ပါတယ်။ ရ၅ ကျပ်တန် ငွေစက္ကူကို ၁၉၈၅ ခုနှစ်
နိုဝင်ဘာလ ၁၁ ရက်နေ့၊ ၃၅ ကျပ်တန် ငွေစက္ကူကို ၁၉၈၆ ခုနှစ် သြဂုတ်
လ ၁ ရက်နေ့တွေမှာ အသီးသီး ထုတ်ဝေခဲ့ပါတယ်။ ၃၅ ကျပ်တန် နှင့်
၇၅ ကျပ်တန်တို့ကို ထုတ်ဝေထားတာ ၂ နှစ်ခန် ့သာ ရှိသေးပြီး
တရားမဝင်ဆိုကာ ရပ်စဲလိုက်တာဖြစ်ပါတယ်။
ဒီလိုငွေကြေးတွေကို တရားမဝင် ကြေညာတဲ့အခါမျိုးမှာ
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အများစုတောင် မသိခဲ့ကြပါဘူး။
ဒီငွေစက္ကူ သုံးမျိုး တရားမဝင်တော့ဘူးဆိုတာ ၁၉၈၇ ခုနှစ် သြဂုတ်လ
ကတည်းက သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ မှာ
သတင်းက အမှန်ဖြစ်သွားရတာပါ။အဲဒီအချိန်က ကောလာဟလ
သတင်းလွှင့်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ သူတွေတောင်ရှိခဲ့ပါတယ်။
တရားဝင် ထုတ်ဝေထားတဲ့ ငွေစက္ကူတွေကို အသုံးပြုလို့ မရအောင်
လုပ်လိုက်တာကြောင့် ပြည်သူတွေ ပိုင်ဆိုင်တဲ့ ငွေကြေး ကျပ် ဘီလျံ
ပေါင်းများစွာ နေ့ချင်းညချင်း ဆိုသလို ဆုံးရှုံးသွားတာ ဖြစ်ပြီး၊ အစိုးရဟာ
ပြည်သူတွေပိုင်ဆိုင်တဲ့ ငွေကြေးကို အမိန့်အာဏာ သုံးပြီး မတရား
လုယူလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဒီလို ငွေစက္ကူတွေ တရားမဝင်တော့ဘူးဆိုတဲ့ အမိန့်ကြောင့် စာမေးပွဲ
ဖြေဆိုနေတဲ့ တက္ကသိုလ်ကျောင်းသားတွေ အခက်အခဲကြံုပြီး ဆန္ဒပြ
လှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ၁၉၈၈ လူထုအုံကြွမှုကြီး ဆက်လက်
ဖြစ်ပေါ်ခဲ့ပါတယ်။
source:One News Myanmar
(အဲဒီဖျက်သိမ်းလိုက်တဲ့ ငွေစက္ကူတန်ဖိုးက 25+35+75 = 135 ဖြစ်ပြီး
အဲဒီနောက်ပိုင်း ထုတ်ဝေခဲ့တဲ့ ငွေစက္ကူသစ် 45 ကျပ်တန်နဲ့ 90 ကျပ်တန်
နှစ်မျိုးပေါင်းကလည်း ၁၃၅ ကျပ် ဖြစ်နေတာကတော့ တိုက်ဆိုင်တာလား
ယတြာလားဆိုတာကိုတော့ ... )
No comments:
Post a Comment