ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ သကြားလုံး ကုမ္ပဏီကို
ထူထောင်ခဲ့တဲ့ ၁၃ နှစ်အရွယ် ကောင်မလေး ...
----------------------------------------------------------------
အမေရိကန်နိုင်ငံ၊ ဒီထရွိုက်မြို့ရဲ့ အနောက်မြောက်ဖက် မိုင် ၃၀ အကွာမှာ ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့ Zollipops ဆိုတဲ့ သကြားလုံးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ရှိပါတယ်။ အပြင်က ကြည့်လိုက်ရင် ကုမ္ပဏီဟာ ကုန်လှောင်ရုံတစ်ခုနဲ့ တူနေပါတယ်။ ဒါပေမဲ့ အတွင်းကို ၀င်လိုက်ရင် သကြားမပါတဲ့ lollipop (လိုလီပေါ့) လို့ ခေါ်တဲ့ တုတ်ချောင်းလေးနဲ့ ချိုချဉ်ဝိုင်းလေးတွေ၊ သကြားလုံးတွေ၊ တော်ဖီတုံးလေးတွေ ထည့်ထားတဲ့ သေတ္တာတွေကို အထပ်လိုက် တွေ့နေရပါတယ်။ ဒီ ကုန်လှောင်ရုံ ကနေ အဲဒီသကြားလုံး တွေကို အွန်လိုင်းနဲ့ အမေရိကန်တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ ဆိုင်ကြီးပေါင်း ၇၅၀၀ ကို နေ့စဉ် ဖြန့်ပေးနေပါတယ်။
ကုမ္ပဏီမှာ အချိန်ပြည့် အလုပ်သမား ၆ ဦးရှိကြပြီး အလုပ်လုပ်ပေးနေကြတဲ့ ကန်ထရိုက်တာ အမြောက်အမြားကိုလည်း တွေ့ရပါတယ်။ ကုန်လှောင်ရုံကြီးရဲ့ အတွင်းဖက်အကျဆုံး နေရာမှာတော့ တောက်ပတဲ့ အကဆုဖလားတွေ၊ ကလေးပန်းချီကားတွေ၊ Zollipops ပိုစတာတွေနဲ့ ပြည့်နေတဲ့ ရုံးခန်းလေးတစ်ခုရှိပါတယ်။ အဲဒါဟာ Zollipops ကုမ္ပဏီကို ထူထောင်ခဲ့ပြီး CEO ဖြစ်နေတဲ့ ၁၃ နှစ်အရွယ် ကောင်မလေး အယ်လီနာမော့စ် (Alina Morse) ရဲ့ ရုံးခန်းပါ။ ကျောင်းဖွင့်ရက်တွေမှာ အယ်လီနာဟာ အကသင်တာ၊ ကျောင်းတက်တာ၊ အိမ်စာလုပ်တာ၊ ကုမ္ပဏီမှာ လာရောက်အလုပ်လုပ်တာတွေနဲ့ အချိန်မအားလပ်အောင် ဖြစ်နေပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာတော့ အယ်လီနာဟာ
ကုမ္ပဏီမှာ အချိန်များများပေးပြီး နေတတ်ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ် (၂၀၁၂ ခုနှစ်) လောက် အယ်လီနာ အသက် ၇ နှစ်အရွယ် တစ်ရက်မှာ ဘဏ်တစ်ခုကို သွားတဲ့ သူ့အဖေ တွမ်နဲ့အတူ လိုက်သွားပါတယ်။ လမ်းမှာ တွမ်က သူ့ကို lollipop (လိုလီပေါ့) တစ်ခု
ဝယ်ပေးတယ်။ အယ်လီနာက lollipop ကို စားကြည့်ပြီး သဘောကျသွားတယ်။ တွမ်က အယ်လီနာကို lollipop များများစားရင် သွားပိုးစားနိုင်တယ်လို့ ပြောလိုက်တယ်။ ဒီအခါမှာ အယ်လီနာဟာ သွားပိုး မစားစေတဲ့ lollipop ကို တီထွင်ဖို့ အကြံရလိုက်တယ်။ အဲဒီအချိန်ကစပြီး အယ်လီနာ ဟာ lollipop ကို ဘယ်လို လုပ်တယ်ဆိုတာကို အွန်လိုင်းမှာ ရှာဖတ်တယ်။ အဲဒီက ရတဲ့ အသိပညာနဲ့ သကြားမသုံးတဲ့ lollipop ကို သူ့အိမ်မှာ လျှပ်စစ်မီးဖိုတွေ၊ မိုက်ကရိုဝေ့မီးဖိုတွေနဲ့ လုပ်ကြည့်တယ်။ ၂ နှစ်ကြာခဲ့တယ်။ အယ်လီနာတီထွင်ထားတဲ့ သွားပိုးမစားစေတဲ့ lollipop ကို Zollipops လို့ နာမည်ပေးလိုက်ပြီး အဖေ တွမ်က Whole Foods လက်ကားရောင်းချတဲ့ ကုန်တိုက်ကြီးကို သွားပြတယ်။ Whole Foods က သဘောကျလို့ အဲဒီ Zollipops တွေကို အမြောက်အမြား စတင်မှာယူကြတယ်။
Whole Foods က Zollipops အမှာတွေ ရပြီး မကြာခင်မှာပဲ အင်တာနက်ကုမ္ပဏီကြီး Amazon မှာ တင်ပြီး ရောင်းချတယ်။ ကုမ္ပဏီအရောင်းရဲ့ ၄ ပုံ ၁ ပုံကို Amazon မှာ ဖြစ်တယ်။ ၂၀၁၅ ခုနှစ် အယ်လီနာ အသက် ၉ နှစ်အရွယ်မှာ တီဗွီက ထုတ်လွှင့်တဲ့ Steve Harvey Show အစီအစဉ်မှာ အယ်လီနာကို အင်တာဗျူးလုပ်တာ ပါလာတယ်။ အဲဒီအင်တာဗျူးမှာ သူက ပရိသတ်ကို ခုလို ပြောခဲ့ပါတယ်။
“ကျွန်မ ကလေးတိုင်းကို သန့်ရှင်းတဲ့ ဖြူစင်တဲ့ သွားတွေ၊ ကျန်းမာတဲ့ အပြုံးတွေနဲ့ လက်ထဲမှာ Zollipops လေးကို ကိုင်ထားတာကို မြင်ချင်ပါတယ်”တဲ့။ နောက်တစ်နှစ်အကြာမှာ Zollipops တွေကို အမေရိကန်နိုင်ငံက အကြီးဆုံးကုန်တိုက်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ Kroger ကုမ္ပဏီနဲ့
ချိတ်ဆက်မိတယ်။ အယ်လီနာက “လောလောဆယ်မှာ Zollipops ဟာ အမေရိကန်နိုင်ငံမှာ ရောင်းအကောင်းဆုံးသကြားလုံး ၁၀ မျိုးမှာ အဆင့် ၉ ပါ။ မကြာခင် အဆင့်တက်လာမယ်လို့
ကျွန်မ ယုံကြည်ပါတယ်”လို့ ရယ်ရင်း ပြောပါတယ်။
အယ်လီနာရဲ့ Zollipops ကုမ္ပဏီဟာ လစဉ်ရောင်းရငွေဟာ ဒေါ်လာ ၅ သန်းကနေ ၆ သန်းလောက် ဖြစ်လာချိန်မှာ အယ်လီနာရဲ့ အဖေ တွမ်နဲ့ အမေ ဆူးတို့ဟာ ကုမ္ပဏီမှာ ၀န်ထမ်းတွေအဖြစ် ၀င်ရောက်
လုပ်ကိုင်ကြပါတယ်။ တွမ်က အယ်လီနာရဲ့ မန်နေဂျာနဲ့ အကြံပေး အရာရှိအဖြစ်နဲ့ ဆူးက အရောင်း မန်နေဂျာအဖြစ် လုပ်ကိုင်ကြပါတယ်။ သူတို့ဟာ ၁၃ နှစ်သမီးလေးရဲ့ လက်အောက်မှာ လုပ်ကိုင်နေကြ ရတာကို ဂုဏ်ယူနေကြပါတယ်။ အမေဆူးက သူ့သမီးလေးဟာ ငယ်သေးလို့ အတွေ့အကြုံ မရှိသလို ကြောက်ရမှန်းလည်း မသိဘူး။ လူကြီးတွေလို အခက်အခဲတွေကို မြင်ပြီး ကြောက်လန့်စိုးရိမ်မှု မရှိဘူးလို့ ပြောပါတယ်။
အယ်လီနာကို ဘာကြောင့်အကြောက်အလန့် မရှိတာလည်းလို့ မေးကြည့်တော့ သူက “ဟုတ်တယ်။
ကျွန်မ ရှုံးမှာကို မကြောက်ဘူး။ ကျွန်မက ကလေးပဲမို့ ရှုံးသွားလည်း အရေးမကြီးဘူးလေ” တဲ့။
Zollipops ရဲ့ အားသာချက်က ငယ်ရွယ်တဲ့ အယ်လီနာကြောင့်ပါ။ တီဗွီတွေမှာ သူ့ကို
“kid entrepreneur – စီးပွားရေးလုပ်ငန်းရှင် ကလေးငယ်လေး” လို့ ခေါ်ကြတယ်။
၁၃ နှစ် ကောင်မလေး ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မီလျံနာဖြစ်သွားရတာလဲ။
– သွားပိုးမစားတဲ့ lollipop ကို တီထွင်ဖို့ အကြံရတယ်
– ရတဲ့ အကြံကို ချက်ချင်း အကောင်အထည်ဖေါ်တယ်
– lollipop နဲ့ ပတ်သက်တာတွေကို အင်တာနက်မှာ ရှာတယ်။ သူ့ဖါသာ စမ်းသပ်ကြည့်တယ်။
– သူ့ရဲ့ ငယ်ရွယ်မှုကို Zollipops ကြော်ငြာရာမှာ အသုံးချတယ်
– အရေးကြီဆုံးက သူဖြစ်ချင်တာကို ဖြစ်အောင်လုပ်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ ရှုံးမှာကို မကြောက်ခြင်းပါ
Entrepreneur မဂ္ဂဇင်းမှ Lakshmi Varanasi ရေးထားတဲ့
“How This 13-Year Old Entrepreneur Built a Multi-Million Dolar
Candy Company” ကို မှီးရေးထားတာပါ။
Credit - ဗန်းမော်သိန်းဖေ
source:focusmyanmar.net
links -
https://www.entrepreneur.com/article/317455
https://www.entrepreneur.com/article/243222
https://www.leezloaded.com/teenager-becomes-millionaire-with-healthy-candysweet-business/
Facebook Link
https://www.facebook.com/permalink.php?story_fbid=2248706835410939&id=100008149329661
===========================
unicode version
ဒေါ်လာ သန်းပေါင်းမ်ားစြာတန္တဲ့ သကြားလုံး ကုမ္ပဏီကို
ထူထောင္ခဲ့တဲ့ ၁၃ နွစ်အရြယ် ကောင္မေလး ...
----------------------------------------------------------------
အေမရိကန္နိုင်ငံ၊ ဒီထရြိုက်ျမို့ရဲ့ အေနာက်ျေမာက္ဖက် မိုင် ၃၀ အကြာမွာ
ဒေါ်လာသန်းပေါင်းမ်ားစြာတန္တဲ့ Zollipops ဆိုတဲ့ သကြားလုံးထုတ္လုပ်
ရေး ကုမ္ပဏီတစ္ခု ရွိပါတယ်။ အျပင္က ကြည့်လိုက်ရင် ကုမ္ပဏီဟာ
ကုန်လွောင်ရုံတစ္ခုနဲ့ တူနေပါတယ်။ ဒါပေမဲ့ အတြင်းကို ၀င္လိုက်ရင်
သကြားမပါတဲ့ lollipop (လိုလီပေါ့) လို့ ခေါ်တဲ့ တုတ်ခော်င်းလေးနဲ့
ခိုခ်ဉ်ဝိုင်းလေးတြေ၊ သကြားလုံးတြေ၊ တ္ဖောီတုံးလေးတြေ ထည့်ထားတဲ့
သေတ္တာတြေကို အထပ္လိုက် တြေ့နေရပါတယ်။ ဒီ ကုန်လွောင်ရုံ ကေန
အဲဒီသကြားလုံးတြေကို အြန္လိုင်းနဲ့ အေမရိကန္တစ္နိုင်ငံလုံးမွာ ရွိကြတဲ့
ဆိုင်ကြီးပေါင်း ၇၅၀၀ ကို နေ့စဉ်ျဖန့်ပေးနေပါတယ်။
ကုမ္ပဏီမွာ အခိန်ျပည့် အလုပ်သမား ၆ ဦးရွိကျြပီး အလုပ္လုပ်ပေးနေ
ကြတဲ့ ကန္ထရိုက္တာအျေမာက်အျမားကိုလည်း တြေ့ရပါတယ်။
ကုန်လွောင်ရုံကြီးရဲ့ အတြင်းဖက်အက်ဆုံး နေရာမွာတော့ တောက္ပတဲ့
အကဆုဖလားတြေ၊ ကေလးပန်းခ်ီကားတြေ၊ Zollipops ပိုစတာတြေနဲ့
ျပည့်နေတဲ့ ရုံးခန်းလေးတစ္ခုရွိပါတယ်။ အဲဒါဟာ Zollipops ကုမ္ပဏီကို
ထူထောင္ချဲ့ပီး CEOျဖစ်နေတဲ့ ၁၃ နွစ်အရြယ် ကောင္မေလး
အယ္လီနာမော့စ် (Alina Morse) ရဲ့ ရုံးခန်းပါ။ ကော်င်းဖြင့်ရက်တြေမွာ
အယ္လီနာဟာ အကသင္တာ၊ ကော်င်းတက္တာ၊ အိမ္စာလုပ္တာ၊
ကုမ္ပဏီမွာ လာရောက်အလုပ္လုပ္တာတြေနဲ့ အခိန္မအားလပ်အောင်
ျဖစ်နေပါတယ်။ နေရြာသီကော်င်းပိတ်ရက်တြေမွာတော့ အယ္လီနာဟာ
ကုမ္ပဏီမွာ အခိန္မ်ားမ်ားပေျးပီး နေတတ္ပါတယ်။
လြန္ခဲ့တဲ့ ၆ နွစ် (၂၀၁၂ ခုနွစ်) လောက် အယ္လီနာ အသက် ၇ နွစ်
အရြယ် တစ်ရက္မွာ ဘဏ္တစ္ခုကို သြားတဲ့ သူ့အေဖ တြမ္နဲ့အတူ
လိုက်ြသားပါတယ်။ လမ်းမွာ တြမ္က သူ့ကို lollipop (လိုလီပေါ့) တစ္ခု
ဝယ်ပေးတယ်။ အယ္လီနာက lollipop ကို စားကြည့်ပြီး သေဘာက်သြား
တယ်။ တြမ္က အယ္လီနာကို lollipop မ်ားမ်ားစားရင် သြားပိုးစားနိုင္တယ်
လို့ျေပာလိုက္တယ်။ ဒီအခါမွာ အယ္လီနာဟာ သြားပိုးမစားစေတဲ့
lollipop ကို တီထြင္ဖို့ အကြံရလိုက္တယ်။ အဲဒီအခိန္ကဈပီး အယ္လီနာ
ဟာ lollipop ကို ဘယ္လို လုပ္တယ္ဆိုတာကို အြန္လိုင်းမွာ ရွာဖတ္တယ်။
အဲဒီက ရတဲ့ အသိပညာနဲ့ သကြားမသုံးတဲ့ lollipop ကို သူ့အိမ္မွာ
လ်ွပ္စစ္မီးဖိုတြေ၊ မိုက္ကရိုဝေ့မီးဖိုတြေနဲ့ လုပ်ကြည့်တယ်။
၂ နွစ်ကြာခဲ့တယ်။ အယ္လီနာတီထြင္ထားတဲ့ သြားပိုးမစားစေတဲ့
lollipop ကို Zollipops လို့ နာမည်ပေးလိုက်ျပီး အေဖ တြမ္က
Whole Foods လက္ကားရောင်းခ်တဲ့ ကုန္တိုက်ကြီးကို သြာျးပတယ်။
Whole Foods က သေဘာက်လို့ အဲဒီ Zollipops တြေကို
အျေမာက်အျမား စတင္မွာယူကြတယ်။
Whole Foods က Zollipops အမွာတြေ ရျပီး မကြာခင္မွာပဲ
အင္တာနက္ကုမ္ပဏီကြီး Amazon မွာ တင်ျပီး ရောင်းခ်တယ်။
ကုမ္ပဏီအေရာင်းရဲ့ ၄ ပုံ ၁ ပုံကို Amazon မျွာဖစ္တယ်။ ၂၀၁၅ ခုနွစ်
အယ္လီနာ အသက် ၉ နွစ်အရြယ္မွာ တီဗြီက ထုတ္လွှင့်တဲ့ Steve
Harvey Show အစီအစဥ္မွာ အယ္လီနာကို အင္တာဗ်ူးလုပ္တာ
ပါလာတယ်။ အဲဒီအင္တာဗ်ူးမွာ သူက ပရိသတ္ကို ခုလိုျေပာခဲ့ပါတယ်။
“ကျန္မြ ကေလးတိုင်းကို သန့်ရွင်းတျဲ့ဖူစင္တဲ့ သြားတြေ၊ က်န်းမာတဲ့
အျပုံးတြေနဲ့ လက္ထဲမွာ Zollipops လေးကို ကိုင္ထားတာကျိုမင္ခ်င္ပါ
တယ်”တဲ့။ နောက္တစ်နွစ်အကြာမွာ Zollipops တြေကို အေမရိကန္နိုင်ငံ
က အကြီးဆုံးကုန္တိုက်ကြီးတြေကို ပိုင္ဆိုင္ထားတဲ့ Kroger ကုမ္ပဏီနဲ့
ခိတ္ဆက္မိတယ်။ အယ္လီနာက “လောလောဆယ္မွာ Zollipops ဟာ
အေမရိကန်နိုင်ငံမွာ ရောင်းအေကာင်းဆုံးသကြားလုံး ၁၀ မိုးမွာ အဆင့်
၉ ပါ။ မကြာခင် အဆင့်တက္လာမယ္လို့ ကျန္မြ ယုံကြည္ပါတယ်”လို့
ရယ်ရင်းျေပာပါတယ်။
အယ္လီနာရဲ့ Zollipops ကုမ္ပဏီဟာ လစဉ်ရောင်းရေငြဟာ ဒေါ်လာ
၅ သန်းကေန ၆ သန်းလောက်ျဖစ္လာခိန္မွာ အယ္လီနာရဲ့ အေဖ
တြမ္နဲ့ အေမ ဆူးတို့ဟာ ကုမ္ပဏီမွာ ၀န္ထမ်းတြေအျဖစ် ၀င်ရောက်
လုပ္ကိုင်ကြပါတယ်။ တြမ္က အယ္လီနာရဲ့ မန်နေဂ်ာနဲ့ အကြံပေး
အရာရွိအျဖစ္နဲ့ ဆူးက အေရာင်းမန်နေဂ်ာအျဖစ် လုပ္ကိုင်ကြပါတယ်။
သူတို့ဟာ ၁၃ နွစ်သမီးလေးရဲ့ လက်အောက္မွာ လုပ္ကိုင်နေကြရတာကို
ဂုဏ်ယူနေကြပါတယ်။ အေမဆူးက သူ့သမီးလေးဟာ ငယ်သေးလို့
အေတြ့အကြုံ မရွိသလို ကြောက်ရမွန်းလည်း မသိဘူး။ လူကြီးတြေလို
အခက်အခဲတြေကျိုမင်ျပီး ကြောက္လန့်စိုးရိမ္မှု မရွိဘူးလို့ျေပာပါတယ်။
အယ္လီနာကို ဘာကြောင့်အေကြာက်အလန့် မရွိတာလည်းလို့
မေးကြည့်တော့ သူက “ဟုတ္တယ်။ ကျန္မြ ရှုံးမွာကို မေကြာက္ဘူး။
ကျန္မြက ကေလးပဲမို့ ရှုံးသြားလည်း အေရးမကြီးဘူးလေ” တဲ့။
Zollipops ရဲ့ အားသာခ်က္က ငယ်ြရယ္တဲ့ အယ္လီနာကြောင့်ပါ။
တီဗြီတြေမွာ သူ့ကို “kid entrepreneur – စီးပြားရေးလုပ်ငန်းရွင်
ကေလးငယ်လေး” လို့ ခေါ်ကြတယ်။
၁၃ နွစ် ကောင္မေလး ဘာကြောင့် ငယ်ငယ်ြရယ်ြရယ္နဲ့
မီလ်ံနျာဖစ်ြသားရတာလဲ။
– သြားပိုးမစားတဲ့ lollipop ကို တီထြင္ဖို့ အကြံရတယ်
– ရတဲ့ အကြံကို ခ်က္ခ်င်း အေကာင်အထည်ဖေါ်တယ်
– lollipop နဲ့ ပတ်သက္တာတြေကို အင္တာနက္မွာ ရွာတယ်။
သူ့ဖါသာ စမ်းသပ်ကြည့်တယ်။
– သူ့ရဲ့ ငယ်ြရယ္မှုကို Zollipops ကြော်ျငာရာမွာ အသုံးခ်တယ်
– အေရးကြီဆုံးက သျူဖစ္ခ်င္တာကျိုဖစ်အောင္လုပ္ခ်င္တဲ့
ျပင်ျးပတဲ့ ဆန္ဒနဲ့ ရှုံးမွာကို မေကြာက်ျခင်းပါ
Entrepreneur မဂ္ဂဇင်းမွ Lakshmi Varanasi ရေးထားတဲ့
“How This 13-Year Old Entrepreneur Built a Multi-Million Dolar
Candy Company” ကို မွီးရေးထားတာပါ။
Credit - ဗန်းမော်သိန်းဖေ
No comments:
Post a Comment