မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, September 21, 2018

၇ နှစ်သား လုပ်ငန်းရှင်လေး Ryan Hickman


သဘာဝပတ်​ဝန်းကျင်​ ထိ​န်းသိမ်းရင်း
ကိုယ်​ပိုင်​ဝင်​​ငွေ ရှာ​ဖွေ​နေသူ ခုနစ်​နှစ်​သားက​လေး
--------------------------------------------------------

■  ရိုင်​ယန်​ဟစ်​က်​မန်း (Ryan Hickman ) ဆိုတဲ့ ချာတိတ်​က​လေးဟာ အလုပ်​လုပ်​ရင်း အ​မေရိကန်​ ​ဒေါ်လာ နှစ်​​သောင်းတစ်​​ထောင်​​ ​ကျော်​ (မြန်​မာ​ငွေ ၂၈၆ သိ​န်းဝန်းကျင်​ ) ရှာ​ဖွေ
နိုင်​ခဲ့ပြီးပါပြီတဲ့။

သူလုပ်​တဲ့ အလုပ်​က​တော့ အိမ်​နီးနားချင်း​တွေ၊ သူနဲ့ ချိတ်​ဆက်​ထားတဲ့ ​ဖောက်​သည်​​တွေဆီက သုံးပြီးသား ပလတ်​စတစ်​​တွေ ၊ သံဘူး​တွေကို ယူပြီး recycle လုပ်​ ( စက်​ရုံ​တွေကိုပို့ပြီး အသစ်​အ​နေနဲ့ ပြန်​သုံးလို့
ရ​အောင်​ လုပ်​) တာပါ။


သူ့ကိုယ်​သူ "ရိုင်​ယန်​ recycle လုပ်​ငန်း ​ကုမ္ပဏီရဲ့ အကြီးအကဲပုဂ္ဂိုလ်​ (president) ပါ " လို့ ခပ်​ကြွားကြွားမိတ်​ဆက်​တဲ့ ချာတိတ်​က​လေး ရိုင်​ယန်​ဟာ ဒီ လုပ်​ငန်းကို အသက်​ သုံးနှစ်​ခွဲကတည်းက စတင်​ လုပ်​ကိုင်​ခဲ့တာပါ။

ကို​ယ်​ပိုင်​ ဝင်​​ငွေ ရှာ​ဖွေနိုင်​တဲ့ အပြင်​ သဘာဝပတ်​ဝန်းကျင်​ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်​လို့ သူ့ အလုပ်​အ​ပေါ်မှာ သူဟာ ဂုဏ်​ယူဝံ့ကြွားမှု အပြည့်​ရှိတဲ့ အပြင်​ တခြား က​လေးငယ်​​တွေကိုလည်း recycle လုပ်​ငန်း
လုပ်​ကြဖို့ တိုက်​တွန်းထားပါ​သေးတယ်​။

ရလာတဲ့ ဝင်​​ငွေ​တွေနဲ့ ပတ်​သက်​လို့​တော့ အခုလို ​ပြောပြပါတယ်​.....


" ကျွန်​​တော့်​မိဘ​တွေက ဒီပိုက်​ဆံ​တွေကို ကျွန်​​တော်​​ကောလိပ်​ တက်​ဖို့ စုထား​စေချင်​တယ်​။ 
ကျွန်​​တော်​က​တော့ အမှိုက်​သိမ်းကားကြီး ဝယ်​ဖို့ စဉ်းစား​နေတာဗျ "

မြန်​မာနိုင်​ငံမှာ ၊ အထူးသဖြင့်​ ​စားဝတ်​​နေ​ရေး ​ပြေလည်​​နေတဲ့ မိသားစုအသိုင်းအဝိုင်း​တွေမှာ က​လေးငယ်​​တွေကို သူတို့ စိတ်​ဝင်​စားတဲ့ နည်းနဲ့ ကိုယ်​ပိုင်​ဝင်​​ငွေ ရှာတတ်​​အောင်​ ​လေ့ကျင့်​​ပေးတာမျိုး
သိပ်​မ​တွေ့ရတတ်​ပါဘူး​ ။




တကယ်​​တော့ အဲဒီလို ​လေ့ကျင့်​​ပေးတာဟာ အလုပ်​ကို တန်​ဖိုးထားတတ်​လာ​အောင်​၊ ပိုက်​ဆံရဲ့ တန်​ဖိုးကို သိလာ​အောင်၊ ကိုယ့်​ကိုယ်​ကို ယုံကြည်​မှု ရှိလာ​အောင်​ လုပ်​​ပေးတာပဲမို့ (သူတို့ ရှာတဲ့ ပိုက်​ဆံကို
မျှမျှတတ သုံးနိုင်​​အောင်​ ကြပ်​မတ်​​ပေးနိုင်​ရင်​ ) နည်းလမ်း​ကောင်းတစ်​ခုလို့ပဲ ဆိုရမှာပါ။





Credit : ကျော်​သန့်​ (ရိုးရာ​လေး)
Video credit - "60 Second Docs"
link -
https://inhabitat.com/7-year-old-california-boy-saves-10k-for-college-with-his-own-recycling-company/

No comments:

Post a Comment