ထိုးထားတဲ့အောက်လမ်း Tattoo ကြောင့် အရေပြား
မပုပ်သိုးတဲ့အလောင်းကို Mukdahan မှာတွေ့ရှိ ...
-------------------------------------------------------
၎င်းအလောင်းကောင်ရဲ့အရေပြားကို သံသက္ကရိုက်ဘာသာစကားနဲ့ ရေးထိုးထားတဲ့ အောက်လမ်းနည်းနဲ့ စီရင်ထားတဲ့ Tattoo တွေဟာ နေရာအနှံ့မှာ ပါဝင်နေခဲ့လို့ တာဝန်ရှိသူတွေက အရေပြားကို ခန္ဓာကိုယ် ကနေ ခွာပြီး ယူခဲ့ကြပါတယ်။ အောက်လမ်းနည်းနဲ့ စီရင်ထားတဲ့ Tattoo ပိုင်ရှင်တွေဟာ ၎င်းတို့ အရေပြားကို ပစ္စည်းတွေ အာရာဝတ္ထုတွေနဲ့ ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိဘူးလို့ ယုံကြည်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဓားပြီး၊ တုတ်ပြီးတယ်လို့ ယူဆတဲ့ သဘောမျိုး ဖြစ်ပါတယ်။
အဆိုပါ ဆေးမင်ကြောင် Tattoo တွေဟာ တကယ် စွမ်းမစွမ်း မသေချာပေမယ့် အခု Tattoo ပိုင်ရှင်ရဲ့ အရေပြားကတော့ နှစ်ကာလ ကြာရှည်သည့်တိုင်အောင် မပျက်မစီးရှိနေတာဟာ အံ့သြစရာပါ။
နောက်ထပ် အံ့သြစရာကောင်းတာက သေဆုံးသူဟာ အူအတက်ပေါက် ရောဂါနဲ့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီအူအတက်ပေါက် ရောဂါကို ခွဲစိတ်ဖို့ ၎င်းရဲ့ အရေအပြားဟာ ခွဲစိတ်ဓားတွေ မတိုးခဲ့လို့ သူ့အသက်ကို မကယ်လိုက်နိုင်တာဖြစ်ကြောင်း ဒေသခံတွေက အတည်ပြုခဲ့ပါတယ်။
Mukdahan အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Goopaitongdaeng Jeemokkho Goopainueng Soonpaed က တာဝန်ရှိသူတစ်ဦးက ” အရေပြားက Tattoo တွေနဲ့ ပြည့်နေတာပဲဗျာ … တကယ်လည်း မပုပ်မသိုး တည်ရှိနေပါသေးတယ် … Tattoo ထဲမှာပါတဲ့ စာသားတွေရဲ့ အဓိပ္ပါယ်ကတော့ သူရဲ့အရေပြား တွေထဲကို လက်နက်အမျိုးမျိုး မဝင်ရောက်နိုင်စေဖို့ စီရင်ထားတာပါ … ဒီအစီအရင်ကြောင့် သေဆုံးပေမဲ့ အရေခွံက အကောင်းတိုင်းကျန်နေသေးတာလို့ မြင်ပါတယ် “လို့ ပြောခဲ့ပါတယ်။
Credit:Shwemom
http://www.dailymail.co.uk/news/article-3977902/Corpse-s-withered-skin-remains-intact-black-magic-TATTOO-Thai-cemetery-workers-partially-decomposed-body-spell-preserved-flesh.html
facebook link -
https://www.facebook.com/permalink.php?story_fbid=1849455475336079&id=100008149329661
No comments:
Post a Comment