မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, September 13, 2018

ကိုရီးယားကျွန်း ရဲ့ မောင့်ဒုက္ခပန်းခြံ


ကိုရီးယားကျွန်း ရဲ့ မောင့်ဒုက္ခပန်းခြံ
---------------------------------------------

ကိုရီးယားမှာ မောင့်ဒုက္ခ ပန်းခြံ ရှိတယ် လို့ ပြောလိုက်ရင် အားလုံးက အံ့အားသင့်သွားကြမယ် ထင်ပါတယ်။ တကယ်ပါပဲ ကိုရီးယားမှာ ရှိနေတဲ့ ပန်းခြံကို Penis Park လို့ ခေါ်ပါတယ်။ အဲဒါကို အဆင်ပြေအောင် ဘာသာပြန်လိုက်တာပါ။



တောင်ကိုရီးယား နိုင်ငံရဲ့ Samcheok မြို့ရဲ့ တောင်ဘက် ကို မိနစ် ၄၀ လောက် သွားလိုက်ရင် အဲဒီနေရာကို ရောက်ပါတယ်။ သူ့ရဲ့ မူရင်း အမည်ကတော့ Haeshindang Park ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။


ပန်းခြံထဲမှာ ရှိတဲ့ မောင့်ဒုက္ခ အရုပ်ကြီးတွေဟာ ပန်းခြံတစ်ခုလုံး အပြည့် ရှိပါတယ်။ အရုပ်တစ်ခု ချင်းစီဟာ ၃ မီတာ ( ၁၀ ပေ ) အလျားရှိပြီး အကုန်လုံးကို သစ်သားတွေနဲ့ ထွင်းထုထားတဲ့ ပန်းပုလက်ရာတွေ အဖြစ် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။


ပန်းခြံတွေတိုင်းမှာရှိတတ်တဲ့ အမှတ်တရ ရုပ်တုတွေလို တည်ရှိနေတဲ့ ဒီ အရုပ်တွေမှာ ရယ်မောနေတဲ့        ဟန်ပန်၊ သရဲဟန်ပန် စသဖြင့် ထွင်းထုထားပေမယ့် မူရင်းကတော့ ဟာသမြောက်ဖို့ ရည်ရွယ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


ဒဏ္ဍာရီ တစ်ခု အရ တော့ အဲဒီ အရုပ်တွေ ဟာ ပန်းခြံ တည်ရှိတဲ့ နောက်က ရေကန်အတွင်း မှာ အသက် သေဆုံးခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်အတွက် ရည်ရွယ်ခဲ့တာ လို့ ဆိုပါတယ်။ အဲဒီ အမျိုးသမီး ဟာ မုန်တိုင်း တိုက်ခတ်စဉ် ရေကန်အတွင်းမှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။


အမျိုးသမီး နဲ့ လက်ထပ်ဖို့ ရည်စူးထားတဲ့ အမျိုးသား ဟာ အလုပ်သွားလုပ်တဲ့ တစ်ရက်မှာ အမျိုးသမီး ဟာ ညနေစောင်းမှာ အမျိုးသားကို ကြိုဆိုဖို့ ကျောက်တုံးတစ်ခု ပေါ်မှာ ထိုင်စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကြီးမားတဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပြီး အမျိုးသား ဟာ အိမ်မပြန်နိုင် ဖြစ်ခဲ့ပြီး မုန်တိုင်းထဲမှာပဲ ဆုံးပါးခဲ့ ရပါတယ်။ နောက်တော့ အမျိုးသားဟာ ငါး ဘ၀ ရောက်သွားပြီး အမျိုးသမီးဆီကို ပြန်လာနိုင်ခဲ့တယ် လို့ ဒေသခံတွေက ဆိုကြပါတယ်။


ကမ္ဘာပေါ်မှာ မောင့်ဒုက္ခ အကြောင်း ထွင်းထုထားတဲ့ အရုပ်တွေ တစ်စုတဝေးတည်း ရှိတဲ့ နေရာအဖြစ် လူသိများပြီး အရုပ်တွေတိုင်းမှာလည်း ပြောင်မြောက်တဲ့ ပန်းပုလက်ရာတွေ ပါရှိပြီး လွန်ခဲ့တဲ့ နှစ် ၁၀၀ က အရုပ် ပေါင်း ၂၈၀ ကျော် ရှိခဲ့ပေမယ့် တစ်ချို့ကိုတော့ ကိုရီးယား အမျိုးသား ယဉ်ကျေးမှု ပြတိုက် ကို သယ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။

အောင်နိုင်သူကြီးပေါ့
အနယ်နယ်အရပ်ရပ်က ကမ္ဘာလှည့်ခရီးသွားတွေ က နှစ်စဉ်နှစ်တိုင်း လာရောက် လေ့လာကြပေမယ့် အဖြေ မရှိသေးတဲ့ ပုစ္ဆာကတော့ အဲဒီ ရုပ်တုတွေကို ထွင်းထုသူ ပန်းပု ဆရာ နဲ့ သူ့အဖွဲ့ကို ဘယ်သူ မှ မသိကြတာပဲ ဖြစ်ပါတယ်။

သေဆုံးသွားခဲ့တဲ့ အမျိုးသမီးငယ်အတွက် ဆုတောင်းပူဇော်ရာ နေရာ
 

source:cantwait2say
link -
https://www.buzzfeed.com/ashleyperez/there-is-a-park-full-of-giant-penises-in-south-korea?utm_term=.otKl7L2enQ#.nv8WwkPD4Q
(ဒီစာမျက်နှာမှာတော့ မုန်တိုင်းမိလို့ သေဆုံးသွားသူဟာ အမျိုးသမီးငယ်လေးဖြစ်ပြီး သူမသေဆုံးပြီးနောက်မှာ အဲဒီက တံငါသည်တွေ ငါးတွေဖမ်းလို့ မမိတော့တာကြောင့် သူမ မရှိတော့လို့ ဒီလိုဖြစ်ရတယ်ဆိုပြီး သူမရဲ့   ဝိဥာဉ် ဒီကျွန်းပေါ်မှာ ပျော်ပြီးနေနိုင်အောင် ခုလို မောင့်ဒုက္ခ ရုပ်ထုတွေကို ထုလုပ်ထားပေးခဲ့တာလို့            
ဆိုပါတယ်...)

No comments:

Post a Comment