တရားမဝင် ကားရပ်နားတဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပြလိုက်တဲ့ မြို့ဝန်
■ ကားမရပ်ရ နေရာမှာ ကားရပ်နားခြင်းဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ချိုးဖောက်တာ ဖြစ်ပါတယ်။ ဒဏ်ကြေးငွေ သတ်မှတ်ထားပေမယ့်လည်း လူတွေက အမှုမထားဘဲ စည်းကမ်း
ချိုးဖောက်မြဲ ချိုးဖောက်နေတာပါပဲ။ ဒါပေမယ့် လစ်သူအေးနီးယားနိုင်ငံက ဗီးလ်နီးယက်စ် မြို့တော်ဝန် ဖြစ်တဲ့ အာတူရက်စ်ဇူအိုကာ ကတော့ ယာဉ်စည်းကမ်းချိုးဖောက်သူတွေကို ဘယ်လိုအပြစ်ပေးမယ်
ဆိုတဲ့အကြောင်း အဖြေပေးလိုက်ပါပြီ။
မြို့တော်ဝန်ရဲ့ ကြေညာချက်ကတော့ အကြမ်းစားကြီးပါ။ အဲဒါကတော့ ကားမရပ်ရလို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ကားရပ်နားရင် ညှာနေမှာမဟုတ်ဘဲ တင့်ကားနဲ့ တက်ကြိတ်ပစ်မယ်ဆိုတာပဲ ဖြစ်ပါတယ်။
ဆိုဗီယက်ခေတ် စစ်သုံးတင့်ကားတစ်စီးနဲ့ မြို့တော်ဝန်ဟာ လမ်းပေါ်ကို မောင်းထွက်လာပြီး တရားမ၀င် ရပ်ထားတဲ့ ကားပေါ်ကို တင့်ကားနဲ့ ဖြတ်မောင်းသွားခဲ့တာကို ဗီဒီယိုထဲမှာ တွေ့ရမှာပါ။
ဆိုင်ကယ်ရပ်နားတဲ့နေရာကို ဆိုင်ကယ်ရပ်ခွင့်မပေးဘဲ တင်တင်စီးစီး ရပ်ထားတဲ့ မာစီးဒီးကားကို ကြိတ်ချေအပြီးမှာ မြို့တော်ဝန်ကို ကြည့်ရတာ တော်တော်ကို အားရနေပုံ ပေါ်ပါတယ်။ သူ့ဘေးမှာတော့ အရာရှိနှစ်ယောက်ဟာ ခြံရံလိုက်ပါလာပါတယ်။ မြို့တော်ဝန်ဟာ သူ့ရဲ့ ထူးဆန်းတဲ့ အပြစ်ပေးပုံကို အခုမှ စတင်မိတ်ဆက်ပြခဲ့တာပါ။ တရားမ၀င် ရပ်နားထားတဲ့ ယာဉ်တွေကို တင့်ကားနဲ့ ကြိတ်ပြီး အပြစ်ပေး နည်းကို မြို့ဝန်ဟာ လူထုကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြို့ဝန်ရဲ့ တင်းမာလှတဲ့ သတိပေးချက်ဟာ လူထုကို ကြောက်ရွံ့သွားစေတာတော့ အမှန်ပါပဲ။ မြို့တော်ဝန် ရုံးက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အခုလိုလုပ်တာဟာ မြို့ထဲ တရားမ၀င် ကားရပ်နားတဲ့
ပြဿနာတွေ လျော့ကျစေဖို့ ရည်ရွယ်ဖန်တီးထားတဲ့ စတန့်တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ စတန့်ထဲမှာ တင့်ကားကြိတ်ခံရပြီး ပြားသွားခဲ့တဲ့ကားတွေဟာ အထူးဝယ်ယူထားတဲ့ ယာဉ်တွေဖြစ်ပြီး ပိုင်ရှင်မရှိကြောင်း
လည်း ပြောပြခဲ့ပါတယ်။
ကားပိုင်ရှင်ရောက်လာချိန်မှာ... |
Vilnius Mayor A.Zuokas Fights Illegally Parked Cars with Tank
လင်းလင်း (ShweMom)
Ref: goodtimes
https://www.dailymail.co.uk/news/article-2021838/Mayor-Arturas-Zuokas-uses-tank-crush-illegally-parked-cars-Vilnius.html
( ဒါကတော့ ၂၀၁၁ ခုနှစ်က သတင်းဟောင်းတစ်ပုဒ်ပါ)
facebook link -
https://www.facebook.com/permalink.php?story_fbid=2256507257964230&id=100008149329661
No comments:
Post a Comment