မိမိျပဳစုေစာင့္ေရွာက္ေပးခဲ့တဲ့ ကေလးငယ္နဲ႔
မထင္မွတ္ဘဲ လုပ္ေဖာ္ကိုင္ဘက္ျဖစ္လာခဲ့သူ
---------------------------------------------------
ဗယ္(လ္)မာဝမ္ ဆိုတဲ့ ကယ္လီဖိုးနီးယားက ကေလးအထူးျပဳနာစ့္ တစ္ဦးဟာ ဘရန္ဒန္ ဆီမီနာတိုေရ ဆိုတဲ့ ကေလးငယ္တစ္ဦးကို လြန္ခဲ့တဲ့ ၂၈ ႏွစ္ေလာက္က လူစီး(ယ္)ပါကက္ ကေလးေဆး႐ုံမွာ
ေမြးကင္းစကေလးအေနနဲ႔ ပထမဆုံးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။
အဲဒီတုန္းက ဘရန္ဒန္ဟာ လမေစ့ပဲ ေမြးဖြားခဲ့တဲ့ကေလးျဖစ္တာေၾကာင့္ မိဘနဲ႔ခ်က္ခ်င္း အိမ္ကို ျပန္မလိုက္ႏိုင္ေသးပဲ ေဆး႐ုံမွာ တစ္လဝန္းက်င္ ေနခဲ့ရပါတယ္။ အဲဒီတစ္လအတြင္းမွာ ဘရန္ဒန္ကို ဗယ္(လ္)မာဝမ္က ျပဳစုေစာင့္ေရွာက္ေပးခဲ့တာပါ။
၂၀၁၈ ဩဂုတ္လဝန္းက်င္မွာေတာ့ ဗယ္(လ္)မာဟာ ဘရန္ဒန္နဲ႔ ျပန္လည္ဆုံေတြ႕ခဲ့ရပါတယ္။
“ကၽြန္မ ဘရန္ဒန္ကို ေတြ႕လိုက္တဲ့အခ်ိန္ သူက မနက္ခင္းပိုင္းမွာ လူနာေတြကို လွည့္လည္ၾကည့္႐ွဳ ေနတာျဖစ္ၿပီး ကၽြန္မရဲ႕ လူနာတစ္ေယာက္ကို ျပဳစု ေနတာပါ။ အဲဒါနဲ႔ ကၽြန္မလည္း ကၽြန္မအဖြဲ႕မွာ
ပါလာတဲ့ ဒီဒုတိယႏွစ္ ကေလးဦးေႏွာက္နဲ႔အာ႐ုံေၾကာ ဘြဲ႕လြန္ေက်ာင္းသားေလးကို နာမည္ေမးၾကည့္
ေတာ့ သူ႕နာမည္ကို ရင္းရင္းနီးႏွီးသိေနမိတယ္။ အဲဒါနဲ႔ ေမးခြန္းေတြဆက္ေမးၾကည့္ေတာ့ သူက ဆန္ဟိုေဆးၿမိဳ႕(San Jose) ကလာတာျဖစ္ေၾကာင္း၊ သူငယ္ငယ္တုန္းက ဒီေဆး႐ုံမွာပဲ လမေစ့ဘဲ
“မင္းက ဗယ္(လ္)မာလား” တဲ့ ကၽြန္မလည္း စိတ္လႈပ္ရွားၿပီး
ဟုတ္တာေပါ့ လို႔ျပန္ေျဖလိုက္တယ္” လို႔ ဗယ္(လ္)မာက ေျပာျပခဲ့ပါတယ္။
ဘရန္ဒန္ရဲ႕ အေမက ဘရန္ဒန္ဒီေဆး႐ုံမွာ အလုပ္လုပ္ရတယ္ ဆုိကတည္းက ဗယ္(လ္)မာကို ရွာခိုင္းေနခဲ့တာပါ။ ဒါေပမဲ့ ဒီေလာက္ ႏွစ္ေတြၾကာၿပီမို႔ ဗယ္(လ္)မာ ဒီေဆး႐ုံမွာ အလုပ္ မလုပ္ ေလာက္ေတာ့ဘူးလို႔ပဲ သူက ထင္ေနခဲ့တာပါ။
ဘရန္ဒန္က သူ ဒီအလုပ္ကိုေ႐ြးခ်ယ္ခဲ့တာလည္း သူ႕ကိုငယ္ငယ္က ျပဳစု ေစာင့္ေရွာက္ေပးခဲ့တဲ့ နာစ့္ ဗယ္(လ္)မာက အဓိကက်တယ္လို႔ ဆိုပါတယ္။ “သူ(မ)ဟာ သူ႕လူနာေတြအေပၚ ဘယ္ေလာက္ဂ႐ုစိုက္လဲ
ဆိုတာ လူနာရဲ႕နာမည္ကို ေနာက္ အႏွစ္သုံးဆယ္အထိ မွတ္မိေနတာကို ၾကည့္ရင္ ထင္ရွားပါတယ္။ ကၽြန္ေတာ္တို႔လူနာေတြ ႀကီးျပင္းသြားတာကို ျမင္ရဖို႔ ဆိုတာ အင္မတန္ကံေကာင္းမွရတာပါ။ ကၽြန္ေတာ္တို႔ ဆရာဝန္ေတြ၊ နာစ့္ ေတြအကုန္လုံးက အဲဒီအခြင့္အေရးကို ေတာ္႐ုံမရႏိုင္ၾကပါဘူး။
ဒီလို ၾကည္ႏူးေပ်ာ္႐ႊင္ဖြယ္ အခိုက္အတန္႔ကို သူ (ဗယ္လ္မာ) နဲ႔ မၽွေဝခြင့္ ရတဲ့အတြက္ ကၽြန္ေတာ္လည္း ေပ်ာ္႐ႊင္ရပါတယ္” လို႔ ဘရန္ဒန္က ေျပာခဲ့ပါတယ္။
ဒီၾကည္ႏူးဖြယ္ရာ အျဖစ္အပ်က္အေၾကာင္း တင္ထားတဲ့ ေဆး႐ုံရဲ႕ ေဖ့စ္ဘြတ္ခ္ ပို႔စ္ကိုလည္း
လူအမ်ားက ဝိုင္းဝန္း ေဝမၽွေနၾကၿပီး ခ်ီးက်ဴးလို႔ေနၾကပါတယ္။
Credit: Elsa (႐ိုးရာေလး)
source:ဖိုးသူေတာ္
links -
https://viralfeels.com/intensive-care-nurse-finds-out-new-colleague-is-baby-she-treated-28-years-ago/
http://www.ladbible.com/community/feels-intensive-care-nurse-discovers-colleague-is-a-baby-she-treated-20180901
Facebook Link
https://www.facebook.com/permalink.php?story_fbid=2248704875411135&id=100008149329661
====================
unicode version
မိမိပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကလေးငယ်နဲ့
မထင်မှတ်ဘဲ လုပ်ဖော်ကိုင်ဘက်ဖြစ်လာခဲ့သူ
---------------------------------------------------
ဗယ်(လ်)မာဝမ် ဆိုတဲ့ ကယ်လီဖိုးနီးယားက ကလေးအထူးပြုနာစ့်
တစ်ဦးဟာ ဘရန်ဒန် ဆီမီနာတိုရေ ဆိုတဲ့ ကလေးငယ်တစ်ဦးကို
လွန်ခဲ့တဲ့ ၂၈ နှစ်လောက်က လူစီး(ယ်)ပါကက် ကလေးဆေးရုံမှာ
မွေးကင်းစကလေးအနေနဲ့ ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက ဘရန်ဒန်ဟာ လမစေ့ပဲ မွေးဖွားခဲ့တဲ့ကလေးဖြစ်တာကြောင့်
မိဘနဲ့ချက်ချင်း အိမ်ကိုပြန်မလိုက်နိုင်သေးပဲ ဆေးရုံမှာ တစ်လဝန်းကျင်
နေခဲ့ရပါတယ်။ အဲဒီတစ်လအတွင်းမှာ ဘရန်ဒန်ကို ဗယ်(လ်)မာဝမ်က
ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။
၂၀၁၈ ဩဂုတ်လဝန်းကျင်မှာတော့ ဗယ်(လ်)မာဟာ ဘရန်ဒန်နဲ့
ပြန်လည်ဆုံတွေ့ခဲ့ရပါတယ်။ “ကျွန်မ ဘရန်ဒန်ကို တွေ့လိုက်တဲ့အချိန်
သူက မနက်ခင်းပိုင်းမှာ လူနာတွေကို လှည့်လည်ကြည့်ရှူနေတာဖြစ်ပြီး
ကျွန်မရဲ့ လူနာတစ်ယောက်ကို ပြုစု နေတာပါ။ အဲဒါနဲ့ ကျွန်မလည်း
ကျွန်မအဖွဲ့မှာပါလာတဲ့ ဒီဒုတိယနှစ် ကလေးဦးနှောက်နဲ့အာရုံကြော
ဘွဲ့လွန်ကျောင်းသားလေးကို နာမည်မေးကြည့်တော့ သူ့နာမည်ကို
ရင်းရင်းနီးနှီးသိနေမိတယ်။ အဲဒါနဲ့ မေးခွန်းတွေဆက်မေးကြည့်တော့
သူက ဆန်ဟိုဆေးမြို့(San Jose) ကလာတာဖြစ်ကြောင်း၊ သူငယ်ငယ်
တုန်းက ဒီဆေးရုံမှာပဲ လမစေ့ဘဲ မွေးခဲ့တဲ့ ကလေးပါဖြစ်ကြောင်း
သိလိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်မ ဟိုးအရင်တုန်းက ဒီနာမည်နဲ့
ကလေးတစ်ယောက်ကို စောင့်ရှောက်ခဲ့ဖူးတာ သွားသတိရလိုက်တယ်။
ဒါနဲ့သေချာအောင် မင်းအဖေက ရဲအရာရှိလားမေးလိုက်တော့
သူအကြာကြီး ငြိမ်သွားပြီးတော့မှ ကျွန်မကို ပြန်မေးတယ် ။
“မင်းက ဗယ်(လ်)မာလား” တဲ့ ကျွန်မလည်း စိတ်လှုပ်ရှားပြီး
ဟုတ်တာပေါ့ လို့ပြန်ဖြေလိုက်တယ်” လို့ ဗယ်(လ်)မာက ပြောပြခဲ့ပါတယ်။
ဘရန်ဒန်ရဲ့ အမေက ဘရန်ဒန်ဒီဆေးရုံမှာ အလုပ်လုပ်ရတယ်
ဆိုကတည်းက ဗယ်(လ်)မာကို ရှာခိုင်းနေခဲ့တာပါ။ ဒါပေမဲ့ ဒီလောက်
နှစ်တွေကြာပြီမို့ ဗယ်(လ်)မာ ဒီဆေးရုံမှာ အလုပ်မလုပ်လောက်တော့
ဘူးလို့ပဲ သူက ထင်နေခဲ့တာပါ။
ဘရန်ဒန်က သူ ဒီအလုပ်ကိုရွေးချယ်ခဲ့တာလည်း သူ့ကိုငယ်ငယ်က
ပြုစု စောင့်ရှောက်ပေးခဲ့တဲ့ နာစ့် ဗယ်(လ်)မာက အဓိကကျတယ်လို့
ဆိုပါတယ်။ “သူ(မ)ဟာ သူ့လူနာတွေအပေါ် ဘယ်လောက်ဂရုစိုက်လဲ
ဆိုတာ လူနာရဲ့နာမည်ကို နောက် အနှစ်သုံးဆယ်အထိ မှတ်မိနေတာကို
ကြည့်ရင် ထင်ရှားပါတယ်။ ကျွန်တော်တို့လူနာတွေ ကြီးပြင်းသွားတာကို
မြင်ရဖို့ ဆိုတာ အင်မတန်ကံကောင်းမှရတာပါ။ ကျွန်တော်တို့ ဆရာဝန်
တွေ၊ နာစ့် တွေအကုန်လုံးက အဲဒီအခွင့်အရေးကို တော်ရုံမရနိုင်ကြပါဘူး။
ဒီလို ကြည်နူးပျော်ရွှင်ဖွယ် အခိုက်အတန့်ကို သူ (ဗယ်လ်မာ) နဲ့ မျှဝေခွင့်
ရတဲ့အတွက် ကျွန်တော်လည်း ပျော်ရွှင်ရပါတယ်” လို့ ဘရန်ဒန်က
ပြောခဲ့ပါတယ်။
ဒီကြည်နူးဖွယ်ရာ အဖြစ်အပျက်အကြောင်း တင်ထားတဲ့ ဆေးရုံရဲ့
ဖေ့စ်ဘွတ်ခ် ပို့စ်ကိုလည်း လူအများက ဝိုင်းဝန်း ဝေမျှနေကြပြီး
ချီးကျူးလို့နေကြပါတယ်။
Credit: Elsa (ရိုးရာလေး)
source:ဖိုးသူတော်
No comments:
Post a Comment