မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, September 7, 2018

ေကာ္ဖီေသာက္သူမ်ားကို ေခါင္းျဖတ္ကြပ္မ်က္ခဲ့တဲ့ ဆူလ္တန္ဘုရင္



ေကာ္ဖီေသာက္သူမ်ားကို ေခါင္းျဖတ္ကြပ္မ်က္ခဲ့တဲ့
ဆူလ္တန္ဘုရင္လက္ထက္က ဓေလ့ ...
-------------------------------------------------------


(၁၇) ရာစုတုန္းက ေအာ့တိုမန္ အင္ပါယာ (ယခု တူရကီႏုိင္ငံ) ကို အုပ္စုိးခဲ့တဲ့ ဆူလ္တန္မူရတ္-(၄) ဘုရင္ဟာ တုိင္းျပည္ရဲ႕ ၿမိဳ႕ေတာ္ထဲမွာ အရပ္သားအျဖစ္ ဟန္ေဆာင္ၿပီး လွည့္လည္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ ေကာ္ဖီေသာက္တဲ့ တုိင္းသူျပည္သားေတြကို ရွာေဖြၿပီး ေခါင္းျဖတ္ကြပ္မ်က္ဖို႔ ျဖစ္ပါတယ္။

ေကာ္ဖီေသာက္တယ္ဆိုတဲ့ အျပစ္မဲ့ လုပ္ရပ္ လုပ္သူေတြကို ေခါင္းျဖတ္တယ္ဆိုတာ အစြန္းေရာက္တယ္လို႔ ထင္ႏုိင္ေပမယ့္ ဆူလ္တန္မူရတ္ဟာ ဒီ့ထက္ပို႐ူးႏွမ္းတဲ့ အျပစ္ေပးနည္းေတြေတာင္ သံုးခဲ့ပါေသးတယ္။ သူ႔အေရွ႕က မင္းဆက္ကေတာ့ ေကာ္ဖီေသာက္တာကို မိရင္ ေသဒဏ္အထိေတာ့ မေပးဘဲ ပထမအႀကိမ္ မိခဲ့ရင္ ႀကိမ္ဒဏ္ေပးတာမ်ိဳး၊ ဒုတိယအႀကိမ္ ထပ္က်ဴးလြန္ခဲ့ရင္ ျပစ္ဒဏ္ ထပ္တုိးကာ ထုိသူကို သားေရအိတ္ထဲ ထည့္ပိတ္ ျမစ္ထဲ ပစ္ခ်တာမ်ိဳးေတြ လုပ္ခဲ့ပါတယ္တဲ့။ ဘုရင္က ဒီလို ေၾကာက္စရာေကာင္းတဲ့ အျပစ္ေတြ ေပးတာေတာင္ တုိင္းသူျပည္သားေတြကေတာ့ ေကာ္ဖီကို မစြန္႔လႊတ္ႏုိင္ခဲ့ၾကပါဘူး။

ဆူလ္တန္မူရတ္ နန္းတက္လာခ်ိန္မွာေတာ့ ေကာ္ဖီေသာက္သူေတြကို  ပိုတင္းၾကပ္စြာ အျပစ္ေပး ပါေတာ့တယ္။ အသက္ (၁၁) ႏွစ္နဲ႔ မင္းျဖစ္လာခဲ့တဲ့ သူဟာ ငယ္စဥ္ကတည္းကလည္း နန္းေတာ္ထဲက အရာရိွေတြရဲ႕ ေကာ္ဖီေသာက္ျခင္းကို ဆန္႔က်င္တဲ့ အယူဝါဒေတြကို ၾကားၿပီး ႀကီးျပင္းလာခဲ့တာပါ။ ေကာ္ဖီေသာက္ျခင္းဟာ ဦးေႏွာက္ေက်ာ႐ိုးမႀကီးထဲက အရည္ေတြကို ခမ္းေျခာက္ေစၿပီး လူေတြကို ဦးေႏွာက္ပ်က္ေစႏုိင္တယ္ စတဲ့ အယူအဆေတြပါ။

ထိုေခတ္က မွဴးမတ္ခ်ဳပ္တစ္ဦးက အစၥတန္ဘူလ္ၿမိဳ႕က ေကာ္ဖီဆုိင္ကို သြားၿပီး ျပန္အလာ အခုလို သံုးသပ္သတိေပးခ်က္ေတာင္ ထုတ္ခဲ့တယ္လုိ႔ စာေရးဆရာ စတီးဝပ္ လီအယ္လန္ရဲ႕ The Devil’s Cup:  A History of the World According to Coffee စာအုပ္မွာ အခုလုိ ေရးထားခဲ့ပါတယ္။ “ထုိမွဴးမတ္ခ်ဳပ္ဟာ အရက္ေသာက္လို႔ မူးရင္ ကခုန္ ျမဴးတူးတာေလာက္ပဲ ျဖစ္ႏုိင္ၾကၿပီး ေကာ္ဖီေသာက္ရင္ေတာ့ ဉာဏ္နီဉာဏ္နက္ေတြမ်ားၿပီး အစိုးရကို ဆန္႔က်င္ႏုိင္တယ္လို႔ ယူဆေနခဲ့တယ္” လို႔ စာအုပ္ထဲမွာ ပါရိွပါတယ္။

ေအာ့တိုမန္ အင္ပါယာတို႔ရဲ႕ အုပ္ခ်ဳပ္သူေတြဟာ ဝိုင္ဆိုင္ေတြ၊ ေကာ္ဖီဆိုင္ေတြကို ပုန္ကန္ထၾကြမႈေတြ ျဖစ္ေစရာ ေနရာမ်ားလို႔ သတ္မွတ္ခဲ့ၾကပါတယ္။ ဆူလ္တန္မူရတ္ ဘုရင္ဟာ ၿမိဳ႕ေတာ္မွာ ေဆးျပင္းလိပ္၊ ေကာ္ဖီနဲ႔ ဝုိင္တို႔ ေရာင္းခ်ရာ ေနရာအကုန္လံုးကို ပိတ္သိမ္းပစ္ခဲ့ၿပီး ၿငိမ္ဝပ္ပိျပားမႈကို ဖန္တီးႏုိင္ခဲ့တဲ့ ဘုရင္အျဖစ္ ေက်ာ္ၾကားခဲ့ပါတယ္။ ေကာ္ဖီကို တားျမစ္ခဲ့တာ ဆူလ္တန္ဘုရင္သာ မဟုတ္ပါဘူး။
(၁၆၇၄) ခုႏွစ္တုန္းက အဂၤလန္ႏုိင္ငံမွာ ေကာ္ဖီက ေယာက္်ားေတြကို ပန္းေသ ပန္းညိွဳးျဖစ္ေစတာေၾကာင့္ ခ်ားလ္စ္ဘုရင္ (၂) ကလည္း  ေကာ္ဖီေသာက္ျခင္းကို တားျမစ္ခဲ့ပါေသးတယ္။

By White (shwemom)
Ref: The Vintage News
https://www.thevintagenews.com/2018/08/17/sultan-bans-coffee/
https://www.facebook.com/permalink.php?story_fbid=2248691765412446&id=100008149329661
=====================
unicode version
ကော်ဖီသောက်သူများကို ခေါင်းဖြတ်ကွပ်မျက်ခဲ့တဲ့
ဆူလ်တန်ဘုရင်လက်ထက်က ဓလေ့ ...
-------------------------------------------------------

(၁၇) ရာစုတုန်းက အော့တိုမန် အင်ပါယာ (ယခု တူရကီနိုင်ငံ) ကို
အုပ်စိုးခဲ့တဲ့ ဆူလ်တန်မူရတ်-(၄) ဘုရင်ဟာ တိုင်းပြည်ရဲ့ မြို့တော်ထဲမှာ
အရပ်သားအဖြစ် ဟန်ဆောင်ပြီး လှည့်လည်ခဲ့ပါတယ်။ အကြောင်းက
တော့ ကော်ဖီသောက်တဲ့ တိုင်းသူပြည်သားတွေကို ရှာဖွေပြီး
ခေါင်းဖြတ်ကွပ်မျက်ဖို့ဖြစ်ပါတယ်။

ကော်ဖီသောက်တယ်ဆိုတဲ့ အပြစ်မဲ့ လုပ်ရပ် လုပ်သူတွေကို
ခေါင်းဖြတ်တယ်ဆိုတာ အစွန်းရောက်တယ်လို့ ထင်နိုင်ပေမယ့်
ဆူလ်တန်မူရတ်ဟာ ဒီ့ထက်ပိုရူးနှမ်းတဲ့ အပြစ်ပေးနည်းတွေတောင်
သုံးခဲ့ပါသေးတယ်။ သူ့အရှေ့က မင်းဆက်ကတော့ ကော်ဖီသောက်တာ
ကို မိရင် သေဒဏ်အထိတော့ မပေးဘဲ ပထမအကြိမ် မိခဲ့ရင် ကြိမ်ဒဏ်
ပေးတာမျိုး၊ ဒုတိယအကြိမ် ထပ်ကျူးလွန်ခဲ့ရင် ပြစ်ဒဏ် ထပ်တိုးကာ
ထိုသူကို သားရေအိတ်ထဲ ထည့်ပိတ် မြစ်ထဲ ပစ်ချတာမျိုးတွေ လုပ်ခဲ့ပါ
တယ်တဲ့။ ဘုရင်က ဒီလို ကြောက်စရာကောင်းတဲ့ အပြစ်တွေ ပေးတာ
တောင် တိုင်းသူပြည်သားတွေကတော့ ကော်ဖီကို မစွန့်လွှတ်နိုင်ခဲ့ကြ
ပါဘူး။

ဆူလ်တန်မူရတ် နန်းတက်လာချိန်မှာတော့ ကော်ဖီသောက်သူတွေကို
ပိုတင်းကြပ်စွာ အပြစ်ပေးပါတော့တယ်။ အသက် (၁၁) နှစ်နဲ့ မင်းဖြစ်
လာခဲ့တဲ့ သူဟာ ငယ်စဉ်ကတည်းကလည်း နန်းတော်ထဲက အရာရှိ
တွေရဲ့ ကော်ဖီသောက်ခြင်းကို ဆန့်ကျင်တဲ့ အယူဝါဒတွေကို ကြားပြီး
ကြီးပြင်းလာခဲ့တာပါ။ ကော်ဖီသောက်ခြင်းဟာ ဦးနှောက်ကျောရိုးမကြီး
ထဲက အရည်တွေကို ခမ်းခြောက်စေပြီး လူတွေကို ဦးနှောက်ပျက်စေ
နိုင်တယ် စတဲ့ အယူအဆတွေပါ။

ထိုခေတ်က မှူးမတ်ချုပ်တစ်ဦးက အစ္စတန်ဘူလ်မြို့က ကော်ဖီဆိုင်ကို
သွားပြီး ပြန်အလာ အခုလို သုံးသပ်သတိပေးချက်တောင် ထုတ်ခဲ့တယ်
လို့ စာရေးဆရာ စတီးဝပ် လီအယ်လန်ရဲ့ The Devil’s Cup: A History
of the World According to Coffee စာအုပ်မှာ အခုလို ရေးထားခဲ့ပါ
တယ်။ “ထိုမှူးမတ်ချုပ်ဟာ အရက်သောက်လို့ မူးရင် ကခုန် မြူးတူးတာ
လောက်ပဲ ဖြစ်နိုင်ကြပြီး ကော်ဖီသောက်ရင်တော့ ဉာဏ်နီဉာဏ်နက်တွေ
များပြီး အစိုးရကို ဆန့်ကျင်နိုင်တယ်လို့ ယူဆနေခဲ့တယ်” လို့ စာအုပ်ထဲမှာ
ပါရှိပါတယ်။

အော့တိုမန် အင်ပါယာတို့ရဲ့ အုပ်ချုပ်သူတွေဟာ ဝိုင်ဆိုင်တွေ၊
ကော်ဖီဆိုင်တွေကို ပုန်ကန်ထကြွမှုတွေ ဖြစ်စေရာ နေရာများလို့
သတ်မှတ်ခဲ့ကြပါတယ်။ ဆူလ်တန်မူရတ် ဘုရင်ဟာ မြို့တော်မှာ
ဆေးပြင်းလိပ်၊ ကော်ဖီနဲ့ ဝိုင်တို့ ရောင်းချရာ နေရာအကုန်လုံးကို
ပိတ်သိမ်းပစ်ခဲ့ပြီး ငြိမ်ဝပ်ပိပြားမှုကို ဖန်တီးနိုင်ခဲ့တဲ့ ဘုရင်အဖြစ်
ကျော်ကြားခဲ့ပါတယ်။ ကော်ဖီကို တားမြစ်ခဲ့တာ ဆူလ်တန်ဘုရင်သာ
မဟုတ်ပါဘူး။ (၁၆၇၄) ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံမှာ ကော်ဖီက
ယောက်ျားတွေကို ပန်းသေ ပန်းညှိုးဖြစ်စေတာကြောင့် ချားလ်စ်ဘုရင်
(၂) ကလည်း  ကော်ဖီသောက်ခြင်းကို တားမြစ်ခဲ့ပါသေးတယ်။

No comments:

Post a Comment