မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Sunday, September 9, 2018

မောဟအကြောင်း


မောဟအကြောင်း

*** မောဟ ဟူသည် မသိခြင်း သဘောဖြစ်ပါ၏။
မောဟနှစ်မျိုးရှိပါ၏။ အနုသယမောဟ နှင့် ပရိယုဋ္ဌာနမောဟ တို့ဖြစ်၏။


*** အနုသယမောဟ ***
အဆိပ်ပင်၌ အဆိပ်သီးသီးစေသော သတ္တိပါရှိသကဲ့သို့  သတ္တဝါတို့၏သန္တာန်၌ သိထိုက်သော တရားများကို မသိအောင် ဖုံးကွယ်တတ်သော သတ္တိတစ်မျိုးပါရှိလေ၏။ ထိုသတ္တိသည် အနုသယမော ပင်တည်း။ ထိုအနုသယမော ကြောင့် ပုထုဇဉ်တို့သည် အနိစ္စ ဒုက္ခ အနတ္တ သဘောကို မသိ သစ္စာလေးပါး ကိုလည်းမမြင်ချေ။ ထိုအနုသယမော သည် တရားအဆင့် တစ်ဆင့်ပြီးတစ်ဆင့် တက်သွားသော်လည်း ရှိနေနိုင်သေးရာ ရဟန္တာ အဖြစ်ရောက်မှသာ အနုသယမောဟ အကင်းပျောက်လေ၏။

*** ပရိယုဋ္ဌာနမောဟ ***
စိတ် နှင့်တွဲဖက်ကာ မောဟ ထကြွလာသောအခါ အကုသိုလ်စိတ်ဖြစ်နေပေပြီ။ ပရိယုဋ္ဌာနမောဟ ဖြစ်လာပါက ဒုစရိုက်အမှု အကုသိုလ်တို့ကိုပြုရန် ဝန်မလေးတော့ပြီ။ အကုသိုလ်၏အကျိုးကိုလည်း မကြောက်တော့ပေ။ ဤပရိယုဋ္ဌာနမောဟ သည် အကုသိုလ်စခန်းသို့ ရောက်အောင် တွန်းပို့ ပေးသော ဗွေဆော်ဦး လက်သည်တရားခံပင်ဖြစ်ပါ၏။ လောက၌ ဖြစ်ပေါ်နေသော မိုက်မဲမှုမှန်သရွေ့ ဤ မောဟ၌သာ အခြေတည်ပါ၏။

အထူးမှတ်ရန်ကား
---------------------

မသိခြင်း သဘောကို မောဟ ဟုဆိုသောကြောင့်
မသင်ဖူးသောအတတ် မရောက်ဖူးသောအရပ်
မမြင်ဖူးသောအရာဝတ္ထု မစားဖူးသောအစားအစာ
စသည် တို့သည်အမှန်စင်စစ် မောဟမဟုတ်ပါချေ။
သာမန် မသိခြင်းသာ ဖြစ်ပါ၏။

***ကျမ်းကိုး***
ဦးခင်မောင်ဝင်း
ဗုဒ္ဓ၏လူမှုရေးတရားတော်များ ကိုအနှစ်ချုပ်ပြန်ရေးငားပါ၏။
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ

No comments:

Post a Comment