မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 6, 2018

ပထမဆံုးေယာဂီ သို႔မဟုတ္ ရွီဗာ (သွ်ီဝ) နတ္ဘုရား


ပထမဆံုးေယာဂီ သို႔မဟုတ္ ရွီဗာ (သွ်ီဝ) နတ္ဘုရား
---------------------------------------------------------


ေယာဂီယဥ္ေက်းမႈထဲမွာ ရွီဗာ(Shiva)ဟာ နတ္ဘုရားတစ္ပါးလို ေက်ာ္ၾကားတာမ်ဳိးမဟုတ္ပါဘူး။
Adiyogi ဒါမွမဟုတ္ ပထမဆံုးေယာဂီ ေယာဂကို အစျပဳခဲ့သူလို႔ သိၾကတာပါ။ သူဟာ လူသားေတြရဲ႕ စိတ္ထဲကို အဲဒီမ်ဳိးေစ့ခ် စိုက္ပ်ဳိးေပးခဲ့သူတစ္ဦးပါ။ ေယာဂီရိုးရာအစဥ္အလာအရ  ေရွးႏွစ္ ၁၅၀၀၀ ေက်ာ္မွာ ရွီဗာဟာ ဥာဏ္အလင္းရၿပီး ျပင္းျပတဲ့ပီတိ အဟုန္နဲ႔ ကခုန္ခဲ့သတဲ့။ အဲဒါ ဟိမဝႏၱာေတာင္ေတာင္ထဲမွာေပါ့။
သူ႔ရဲ႕ ပီတိအဟုန္က အားေကာင္းလာၿပီး ပိုၿပီးအရွိန္ျပင္းျပင္း လႈပ္လႈပ္ရွားရွား ကခုန္ခဲ့တယ္။ အဲဒီကခုန္ျခင္းက လြန္ေျမာက္သြားၿပီးတဲ့အခါမွာေတာ့ သူဟာ လံုးလံုးလ်ားလ်ားကို ၿငိမ္သက္သြားေတာ့တယ္ လုိ႔ ဆိုထားတယ္။

သူဟာ အရင္က ဘယ္သူမွမသိခဲ့ေသးတဲ့ တစ္ခုခု သိပ္ၿပီးကၽြမ္းဝင္ သိရွိေနတယ္ဆိုတာ လူေတြျမင္ေတြ႔လာၾကတယ္။ အဲဒီတစ္ခုခုက သူတို႔နားလည္ဖို႔ မစြမ္းႏိုင္တာ ျဖစ္ေနၾကတယ္။
လူေတြပိုပိုၿပီး စိတ္ဝင္စားမႈႀကီးမားလာခဲ့ၾကေတာ့ အဲဒီတစ္ခုခုက ဘာလဲဆိုတာ သိခ်င္လာၾကတယ္။ လူေတြ ရွွီဗာဆီေရာက္လာၾကတယ္။ ေစာင့္ဆိုင္းၾကတယ္။ ၿပီးေတာ့ စြန္႔ခြာထားရစ္ၾကတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ရွီဗာဆိုတဲ့လူက သူတို႔တည္ရွိေစာင့္ဆိုင္းေနတာကို ဂရုမထားခဲ့ပါဘူး။
ရွီဗာဟာ ျပင္းျပင္းထန္ထန္ ကခုန္ေနသည္ျဖစ္ေစ၊ လံုးလံုးလ်ားလ်ား ၿငိမ္သက္ေနသည္ျဖစ္ေစ သူ႔ပတ္ဝန္းက်င္မွာ ဘာျဖစ္ေနသလဲဆိုတာ နည္းနည္းေလးမွ် ဂရုမစိုက္ခဲ့တာပါ။ သိပ္မၾကာပါဘူး အားလံုးလိုလို ထြက္ခြာသြားၾကေတာ့တယ္။ အဲဒီထဲကမွ ခုႏွစ္ဦး က်န္ရစ္ခဲ့ၾကတယ္။

အဲဒီ ခုႏွစ္ဦးသားဟာ ရွီဗာဆိုတဲ့သူမွာ ရွိေနတာကို ေလ့လာသင္ယူဖို႔ အပူတျပင္း စိတ္အားထက္သန္ ေနၾကတယ္။ ဒါေပမဲ့ ရွီဗာကေတာ့ မသိက်ဳိးကၽြံ ျပဳေနတာပါပဲ။ သူတို႔ အသနားခံၾကတယ္။ ရွီဗာကို
ေတာင္းပန္ၾကတယ္။ “ေက်းဇူးျပဳၿပီး အရွင္သိေနတာကို ငါတို႔သိပါရေစ” လို႔ေျပာၾကတယ္။ ရွီဗာက
သူတို႔ကို ေမာင္းထုတ္ၿပီး “အရူးေတြ၊ ဒီလို ရူးေနပံုမ်ဳိးနဲ႔ ႏွစ္တစ္သန္းေတာင္ သိၾကမွာမဟုတ္ဘူး” လို႔ဆိုတယ္။ အဲဒီအတြက္ ျပင္ဆင္မႈေတြ ပမာဏ တစ္ပံုတစ္ေခါင္းႀကီးလိုအပ္တယ္။ ဒါဟာ ဧည့္ခံ ေျဖေဖ်ာ္ေနတာမဟုတ္ဘူး” လို႔ ေျပာလိုက္တယ္။

အဲဒါေၾကာင့္ပဲ သူတို႔က ျပင္ဆင္မႈေတြ စတင္ၾကေတာ့တယ္။ တစ္ေန႔ၿပီးတစ္ေန႔၊ ရက္သတၱပတ္ တစ္ပတ္ၿပီးတစ္ပတ္၊ တစ္လၿပီး တစ္လ၊ တစ္ႏွစ္ၿပီးတစ္ႏွစ္ သူတို႔ျပင္ဆင္ၾကတယ္။ ရွီဗာကေတာ့
သူတို႔ကို မသိက်ဳိးကၽြံျပဳဖို႔ကိုသာ စဥ္းစားေနေတာ့တာပဲ။ ဒါေပမဲ့ ျပင္ဆင္မႈေတြျပဳလုပ္ခဲ့ၾကတဲ့ ႏွစ္ေတြ အမ်ားႀကီးၾကာၿပီးတဲ့ေနာက္ ေႏြရာသီေန ေဆာင္းရာသီ အကူးအေျပာင္းေန႔ လျပည့္ေန႔တစ္ေန႔
ရိုးရာဓေလ့အရ Dakshinayana လုိ႔ သိၾကတဲ့ေန႔မွာ Adiyogi ရွီဗာဟာ အဲဒီ လူ ၇ ဦးကို ၾကည့္တဲ့အခါ သူတို႔မွာ သိမႈထည့္သိုစရာ အလင္းေတာက္ပေနၿပီဆိုတာ ေတြ႔ခဲ့တယ္တဲ့။ သူတို႔ လက္ခံရယူဖို႔ လံုးဝ
ရင့္သန္ေနခဲ့ၿပီတဲ့။ ရွီဗာ သူတို႔ကို မသိက်ဳိးကၽြံ မျပဳႏိုင္ေတာ့ပါဘူး။ သူတို႔က ရွီဗာရဲ႕ ဂရုျပဳမႈကို ဖမ္းယူဆုပ္ကိုင္ ႏိုင္ၾကၿပီ။

ေနာက္ရက္ေတြအနည္းငယ္ၾကာ သူတို႔ကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့ၿပီးေတာ့ ေနာက္ထပ္ လျပည့္ေန႔ လင္းေနတဲ့လ ထြက္ေပၚလာတဲ့အခါ သူက ဂုရု Guru အျဖစ္ေျပာင္းလဲဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ အဲဒီ Adiyogi ဟာ သူကိုယ္တိုင္ Adi Guru ဒါမွမဟုတ္ ပထမဆံုးဂုရုအျဖစ္ အသြင္ေျပာင္း ခဲ့တယ္။ ပထမဆံုးဂုရုဟာ အဲဒီေန႔မွာ ေမြးဖြားလာခဲ့ၿပီး Guru Pournami လို႔ သိခဲ့ၾကတယ္။ ဟိမဝႏၱာက Kedamath ၿမိဳ႕ေလး အထက္ဘက္ ကီလိုမီတာအနည္းငယ္အကြာ ေရခဲျမစ္ျဖတ္စီးသြားတဲ့ ကန္တီစာရိုဗာကန္ ကမ္းပါးေတြမွာ သူ႔ရဲ႕ပီတီက်က္သေရကို ျဖန္႔က်က္ေပးလိုက္တယ္။ သူ႔ရဲ႕ ေယာဂဆိုင္ရာသိပၸံစြမ္းအားပညာရပ္ကို အဲဒီ
၇ ဦးသားဆီ လႊဲေျပာင္းေပးဖို႔ စတင္ခဲ့ပါတယ္။

ေယာဂဆိုင္ရာ သိပၸံစြမ္းအားဟာ ေယာဂသင္တန္းတစ္ခုအေၾကာင္း မဟုတ္ပါဘူး။ မေမြးဖြားေသးတဲ့ ကေလးသူငယ္တိုင္း သိၾကတဲ့ ကိုယ့္ခႏၶာကိုယ္ကို ဘယ္လိုေကြးညြတ္မလဲ၊ ကိုယ့္ရဲ႕ထြက္သက္
ဝင္သက္ အသက္ရႈပံုကို ဘယ္လိုထိန္းသိမ္းမလဲဆိုတာ သိသြားႏိုင္တဲ့ ပညာရပ္မ်ဳိးပါ။ လူ႔ကိုယ္ခႏၶာတစ္ခုလံုးရဲ႕ စက္ယႏၱရားေတြကို နားလည္သြားတဲ့ သိပၸံပညာေပါ့။ ႏွစ္ေတြအမ်ားႀကီး ၾကာၿပီးတဲ့ေနာက္ ပညာရပ္လႊဲေျပာင္းမႈ ၿပီးဆံုးတဲ့အခါ ဥာဏ္အလင္း ၇ ခု ထုတ္လႊတ္ခဲ့တယ္။ အဲဒီ ေအာင္ပြဲရပညာရွိ ၇ ဦးဟာ ဒီေန႔ေခတ္မွာ Saptarishis လို႔ သိၾကတယ္။ ရွီဗာဟာ ပညာရွိ ၇ ဦးကို တစ္ဦးစီမွာ ကြဲျပားတဲ့ ေယာဂလကၡဏာသြင္ျပင္ ေပါင္းထည့္ေပးခဲ့တယ္။ အဲဒီ လကၡဏာသြင္ျပင္
ေတြဟာ ေယာဂရဲ႕ အေျခခံပံုစံ ၇ ခုျဖစ္လာၾကပါတယ္။ ဒီေန႔ထက္ထိ အဲဒီ ဝိေသသ သီးျခားစီ ထူးျခားတဲ့ပံုစံ ၇ ခုအျဖစ္ တည္ရွိေနဆဲပါ။

Saptarishi ေတြကို ကမၻာႀကီးရဲ႕ ကြဲျပားတဲ့ေနရာေတြဆီ ဦးတည္ရာ ၇ ခုဆီ ေစလႊတ္လိုက္ၿပီး သူရဲ႕လက္ရွိအကန္႔အသတ္နဲ႔ ေစ့ေဆာ္မႈအလြန္မွာ လူသားေတြ ဆင့္ပြားေျပာင္းလဲႏိုင္တာမ်ဳိး၊ အဲဒီအတိုင္းအတာကို သယ္ေဆာင္လက္ဆင့္ ကမ္းေပးေစတယ္။ သူတို႔ဟာ Adiyogi ရဲ႕
အကိုုင္းအခက္ ေျခလက္ေတြ ျဖစ္လာၾကတယ္။ အခ်ိန္ကေတာ့ အရာဝတၳဳေတာ္ေတာ္မ်ားမ်ားကို ေမႊ႕ရမ္းဖ်က္ဆီးလို္က္တာပဲ၊ ဒါေပမဲ့ သူတုိ႔ရဲ႕ေယာဂဥာဏ္အလင္းကေတာ့ လင္းျဖာဆဲ။ ရွင္သန္ေနဆဲပါ။
အေသြးအေရာင္အမ်ဳိးမ်ဳိး၊ ပံုသ႑န္အမ်ဳိးမ်ဳိးနဲ႔ နည္းလမ္းေပါင္း ၁ သန္း ေပါင္းစပ္ေျပာင္းလဲၿပီး မပ်က္မစီး ရွိေနႏိုင္ဆဲပါ။

ရွီဗာဟာ လူသားျဖစ္တည္မႈ အကန္႔အသတ္ထက္ေက်ာ္လြန္တဲ့ ျဖစ္ႏိုင္ေခ်ေတြကို ယူေဆာင္ လမ္းျပခဲ့ပါတယ္။ လူသားဟာ ကိုယ္ခႏၶာျဖစ္တည္မႈကိုပဲ ကိုယ္စားျပဳ ေဖာ္ျပေနဖို႔ မဟုတ္ဘူးတဲ့။ ကိုယ္တတ္ႏိုင္တာထက္ သာလြန္ၿပီး လုပ္ႏိုင္ေခ်ေတြ ရွိေနတယ္ဆိုတာကို နည္းလမ္းျပေပးခဲ့တယ္။ သူေျပာတာက “သင္ကိုယ္တိုင္ သင္လိုအပ္တဲ့အလုပ္ကို ေလ့က်င့္ေပးေနရင္ သင့္ရဲ႕ လက္ရွိ အကန္႔အသတ္ထက္ေက်ာ္လြန္ၿပီး အဆင့္ဆင့္ ေျပာင္းလဲႏိုင္တယ္” တဲ့။ အဲဒါဟာ Adiyogi ရွီဗာရဲ႕
အေရးပါမႈပါပဲ။      ။

ေဆာင္းပါးရွင္ - မယ္ရူပ
https://www.myworld-phyophyo.com/2018/08/blog-post_7.html
source:huffingtonpost
https://www.huffingtonpost.com/sadhguru/shiva-the-first-yogi_b_7457374.html
Facebook Link
https://www.facebook.com/permalink.php?story_fbid=2248541058760850&id=100008149329661
===================
unicode version
ပထမဆုံးယောဂီ သို့မဟုတ် ရှီဗာ (သျှီဝ) နတ်ဘုရား
------------------------------------------------------------


ယောဂီယဉ်ကျေးမှုထဲမှာ ရှီဗာ(Shiva)ဟာ နတ်ဘုရားတစ်ပါးလို
ကျော်ကြားတာမျိုးမဟုတ်ပါဘူး။ Adiyogi ဒါမှမဟုတ် ပထမဆုံးယောဂီ
ယောဂကို အစပြုခဲ့သူလို့ သိကြတာပါ။ သူဟာ လူသားတွေရဲ့စိတ်ထဲကို
အဲဒီမျိုးစေ့ချ စိုက်ပျိုးပေးခဲ့သူတစ်ဦးပါ။ ယောဂီရိုးရာအစဉ်အလာအရ
ရှေးနှစ် ၁၅၀၀၀ ကျော်မှာ ရှီဗာဟာ ဉာဏ်အလင်းရပြီး ပြင်းပြတဲ့ပီတိ
အဟုန်နဲ့ ကခုန်ခဲ့သတဲ့။ အဲဒါ ဟိမဝန္တာတောင်တောင်ထဲမှာပေါ့။
သူ့ရဲ့ ပီတိအဟုန်က အားကောင်းလာပြီး ပိုပြီးအရှိန်ပြင်းပြင်း
လှုပ်လှုပ်ရှားရှား ကခုန်ခဲ့တယ်။ အဲဒီကခုန်ခြင်းကလွန်မြောက်သွားပြီး
တဲ့အခါမှာတော့ သူဟာ လုံးလုံးလျားလျားကို ငြိမ်သက်သွားတော့တယ်
လို့ ဆိုထားတယ်။

သူဟာ အရင်က ဘယ်သူမှမသိခဲ့သေးတဲ့ တစ်ခုခု သိပ်ပြီးကျွမ်းဝင်
သိရှိနေတယ်ဆိုတာ လူတွေမြင်တွေ့လာကြတယ်။ အဲဒီတစ်ခုခုက
သူတို့နားလည်ဖို့ မစွမ်းနိုင်တာ ဖြစ်နေကြတယ်။ လူတွေပိုပိုပြီး
စိတ်ဝင်စားမှုကြီးမားလာခဲ့ကြတော့ အဲဒီတစ်ခုခုက ဘာလဲဆိုတာ
သိချင်လာကြတယ်။ လူတွေ ရှှီဗာဆီရောက်လာကြတယ်။ စောင့်ဆိုင်း
ကြတယ်။ ပြီးတော့ စွန့်ခွာထားရစ်ကြတယ်။ ဘာကြောင့်လည်းဆိုတော့
ရှီဗာဆိုတဲ့လူက သူတို့တည်ရှိစောင့်ဆိုင်းနေတာကို ဂရုမထားခဲ့ပါဘူး။
ရှီဗာဟာ ပြင်းပြင်းထန်ထန် ကခုန်နေသည်ဖြစ်စေ၊ လုံးလုံးလျားလျား
ငြိမ်သက်နေသည်ဖြစ်စေ သူ့ပတ်ဝန်းကျင်မှာ ဘာဖြစ်နေသလဲဆိုတာ
နည်းနည်းလေးမျှ ဂရုမစိုက်ခဲ့တာပါ။ သိပ်မကြာပါဘူး အားလုံးလိုလို
ထွက်ခွာသွားကြတော့တယ်။ အဲဒီထဲကမှ ခုနှစ်ဦး ကျန်ရစ်ခဲ့ကြတယ်။

အဲဒီ ခုနှစ်ဦးသားဟာ ရှီဗာဆိုတဲ့သူမှာ ရှိနေတာကို လေ့လာသင်ယူဖို့
အပူတပြင်း စိတ်အားထက်သန် နေကြတယ်။ ဒါပေမဲ့ ရှီဗာကတော့
မသိကျိုးကျွံ ပြုနေတာပါပဲ။ သူတို့ အသနားခံကြတယ်။ ရှီဗာကို
တောင်းပန်ကြတယ်။ “ကျေးဇူးပြုပြီး အရှင်သိနေတာကို ငါတို့သိပါရစေ”
လို့ပြောကြတယ်။ ရှီဗာက သူတို့ကို မောင်းထုတ်ပြီး “အရူးတွေ၊ ဒီလို
ရူးနေပုံမျိုးနဲ့ နှစ်တစ်သန်းတောင် သိကြမှာမဟုတ်ဘူး” လို့ဆိုတယ်။
အဲဒီအတွက် ပြင်ဆင်မှုတွေ ပမာဏ တစ်ပုံတစ်ခေါင်းကြီးလိုအပ်တယ်။
ဒါဟာ ဧည့်ခံဖြေဖျော်နေတာမဟုတ်ဘူး” လို့ ပြောလိုက်တယ်။

အဲဒါကြောင့်ပဲ သူတို့က ပြင်ဆင်မှုတွေ စတင်ကြတော့တယ်။
တစ်နေ့ပြီးတစ်နေ့၊ ရက်သတ္တပတ် တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီး
တစ်လ၊ တစ်နှစ်ပြီးတစ်နှစ် သူတို့ပြင်ဆင်ကြတယ်။ ရှီဗာကတော့
သူတို့ကို မသိကျိုးကျွံပြုဖို့ကိုသာ စဉ်းစားနေတော့တာပဲ။ ဒါပေမဲ့
ပြင်ဆင်မှုတွေပြုလုပ်ခဲ့ကြတဲ့ နှစ်တွေအများကြီးကြာပြီးတဲ့နောက်
နွေရာသီနေ ဆောင်းရာသီ အကူးအပြောင်းနေ့ လပြည့်နေ့တစ်နေ့
ရိုးရာဓလေ့အရ Dakshinayana လို့ သိကြတဲ့နေ့မှာ Adiyogi ရှီဗာဟာ
အဲဒီ လူ ရ ဦးကို ကြည့်တဲ့အခါ သူတို့မှာ သိမှုထည့်သိုစရာ အလင်း
တောက်ပနေပြီဆိုတာ တွေ့ခဲ့တယ်တဲ့။ သူတို့ လက်ခံရယူဖို့ လုံးဝ
ရင့်သန်နေခဲ့ပြီတဲ့။ ရှီဗာ သူတို့ကို မသိကျိုးကျွံ မပြုနိုင်တော့ပါဘူး။
သူတို့က ရှီဗာရဲ့ ဂရုပြုမှုကို ဖမ်းယူဆုပ်ကိုင် နိုင်ကြပြီ။

နောက်ရက်တွေအနည်းငယ်ကြာ သူတို့ကို အနီးကပ်စောင့်ကြည့်နေခဲ့
ပြီးတော့ နောက်ထပ် လပြည့်နေ့ လင်းနေတဲ့လ ထွက်ပေါ်လာတဲ့အခါ
သူက ဂုရု Guru အဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ Adiyogi ဟာ
သူကိုယ်တိုင် Adi Guru ဒါမှမဟုတ် ပထမဆုံးဂုရုအဖြစ် အသွင်ပြောင်း
ခဲ့တယ်။ ပထမဆုံးဂုရုဟာ အဲဒီနေ့မှာ မွေးဖွားလာခဲ့ပြီး Guru Pournami
လို့ သိခဲ့ကြတယ်။ ဟိမဝန္တာက Kedamath မြို့လေးအထက်ဘက်
ကီလိုမီတာအနည်းငယ်အကွာ ရေခဲမြစ်ဖြတ်စီးသွားတဲ့ ကန်တီစာရိုဗာ
ကန် ကမ်းပါးတွေမှာ သူ့ရဲ့ပီတီကျက်သရေကို ဖြန့်ကျက်ပေးလိုက်တယ်။
သူ့ရဲ့ ယောဂဆိုင်ရာသိပ္ပံစွမ်းအားပညာရပ်ကို အဲဒီ ရ ဦးသားဆီ
လွှဲပြောင်းပေးဖို့ စတင်ခဲ့ပါတယ်။

ယောဂဆိုင်ရာ သိပ္ပံစွမ်းအားဟာ ယောဂသင်တန်းတစ်ခုအကြောင်း
မဟုတ်ပါဘူး။ မမွေးဖွားသေးတဲ့ ကလေးသူငယ်တိုင်း သိကြတဲ့
ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုကွေးညွတ်မလဲ၊ ကိုယ့်ရဲ့ထွက်သက်
ဝင်သက် အသက်ရှုပုံကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ သိသွားနိုင်တဲ့
ပညာရပ်မျိုးပါ။ လူ့ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ စက်ယန္တရားတွေကို
နားလည်သွားတဲ့ သိပ္ပံပညာပေါ့။ နှစ်တွေအများကြီး ကြာပြီးတဲ့နောက်
ပညာရပ်လွှဲပြောင်းမှု ပြီးဆုံးတဲ့အခါ ဉာဏ်အလင်း ရ ခု ထုတ်လွှတ်ခဲ့
တယ်။ အဲဒီ အောင်ပွဲရပညာရှိ ရ ဦးဟာ ဒီနေ့ခေတ်မှာ Saptarishis လို့
သိကြတယ်။ ရှီဗာဟာ ပညာရှိ ရ ဦးကို တစ်ဦးစီမှာ ကွဲပြားတဲ့ ယောဂ
လက္ခဏာသွင်ပြင် ပေါင်းထည့်ပေးခဲ့တယ်။ အဲဒီ လက္ခဏာသွင်ပြင်
တွေဟာ ယောဂရဲ့ အခြေခံပုံစံ ရ ခုဖြစ်လာကြပါတယ်။ ဒီနေ့ထက်ထိ
အဲဒီ ဝိသေသ သီးခြားစီ ထူးခြားတဲ့ပုံစံ ရ ခုအဖြစ် တည်ရှိနေဆဲပါ။

Saptarishi တွေကို ကမ္ဘာကြီးရဲ့ ကွဲပြားတဲ့နေရာတွေဆီ ဦးတည်ရာ
၇ ခုဆီ စေလွှတ်လိုက်ပြီး သူရဲ့လက်ရှိအကန့်အသတ်နဲ့ စေ့ဆော်မှု
အလွန်မှာ လူသားတွေ ဆင့်ပွားပြောင်းလဲနိုင်တာမျိုး၊ အဲဒီအတိုင်းအတာ
ကို သယ်ဆောင်လက်ဆင့် ကမ်းပေးစေတယ်။ သူတို့ဟာ Adiyogi ရဲ့
အကိုုင်းအခက် ခြေလက်တွေ ဖြစ်လာကြတယ်။ အချိန်ကတော့
အရာဝတ္ထုတော်တော်များများကို မွှေ့ရမ်းဖျက်ဆီးလို်က်တာပဲ၊ ဒါပေမဲ့
သူတို့ရဲ့ယောဂဉာဏ်အလင်းကတော့ လင်းဖြာဆဲ။ ရှင်သန်နေဆဲပါ။
အသွေးအရောင်အမျိုးမျိုး၊ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ နည်းလမ်းပေါင်း
၁ သန်း ပေါင်းစပ်ပြောင်းလဲပြီး မပျက်မစီး ရှိနေနိုင်ဆဲပါ။

ရှီဗာဟာ လူသားဖြစ်တည်မှု အကန့်အသတ်ထက်ကျော်လွန်တဲ့
ဖြစ်နိုင်ချေတွေကို ယူဆောင်လမ်းပြခဲ့ပါတယ်။ လူသားဟာ ကိုယ်ခန္ဓာ
ဖြစ်တည်မှုကိုပဲ ကိုယ်စားပြု ဖော်ပြနေဖို့ မဟုတ်ဘူးတဲ့။ ကိုယ်တတ်နိုင်
တာထက် သာလွန်ပြီး လုပ်နိုင်ချေတွေ ရှိနေတယ်ဆိုတာကို နည်းလမ်း
ပြပေးခဲ့တယ်။ သူပြောတာက “သင်ကိုယ်တိုင် သင်လိုအပ်တဲ့အလုပ်ကို
လေ့ကျင့်ပေးနေရင် သင့်ရဲ့ လက်ရှိအကန့်အသတ်ထက်ကျော်လွန်ပြီး
အဆင့်ဆင့် ပြောင်းလဲနိုင်တယ်” တဲ့။ အဲဒါဟာ Adiyogi ရှီဗာရဲ့
အရေးပါမှုပါပဲ။      ။

ဆောင်းပါးရှင် - မယ်ရူပ

No comments:

Post a Comment