မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, September 13, 2018

အင်ဒိုနီးရှား တိုရာဂျနယ်သားတွေရဲ့ဓလေ့


နှလုံးသားထဲတွင် ရှင်သန်စွဲမြဲနေဆဲ၊ ဆွေမျိုးများ၏ ရုပ်အလောင်းများကို 
တူးဖော်သန့်စင် ဝတ်စားဆင်ယင်ပေးသည့် အင်ဒိုနီးရှား တိုရာဂျနယ်သားတွေရဲ့ဓလေ့

အင်ဒိုနီးရှားနိုင်ငံ တောင် ဆူလာဝီစီပြည်နယ်၊ တိုရာဂျခရိုင်အတွင်းရှိ မိသားစုများမှာ သူတို့၏ ကွယ်လွန်သွားသည့် ဆွေမျိုးများ သူတို့၏ စိတ်နှလုံးသားထဲတွင် ရှင်သန်စွဲမြဲနေစေရန်အတွက် ရုပ်အလောင်းများကို ပြန်လည်တူးဖော်ကာ ဆေးကြောသန့်စင်ပြီး အဝတ်အစားအသစ်များကို ဆင်မြန်ပေးလေ့ရှိကြသည်ဟု ဆိုသည်။



ထို့နောက် ဖုတ်ကောင်ပွဲသဘင် (zombie ceremony)၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကလေးသူငယ်များ၏ အရိုးစုများကိုပင်လျှင် ပြန်ဖော်ကြသည်ဟုဆိုသည်။ မနီနီ (သို့မဟုတ်) အလောင်းသန့်ရှင်းရေးပွဲတော်ဟု ခေါ်သည့် ရိုးရာပွဲတော်အတွင်း ဖြောင့်တန်းသောလမ်းအတိုင်း မမ်မီများကို ဝိုင်းပတ်လျှောက်ရသည့် ဓလေ့ထုံးတမ်းများနှင့်အတူ ပျက်စီးသွားသည့် အခေါင်းများကိုလည်း ပြုပြင်အစားထိုးကြလေ့ ရှိသည်ဟု ဆိုသည်။


တိုရာဂျန်နယ်သားများအဖို့ ရုပ်ခန္ဓာသေဆုံးပြတ်စဲခြင်းကို မမျှော်လင့်သောဖြစ်ရပ်ဟု မမြင်ကြဘဲ
မိသားစု၏ အစိတ်အပိုင်းအဖြစ် ထိန်းသိမ်းထားရန် ကြိုးစားကြသည်ဟု ဆိုသည်။


ရံဖန်ရံခါတွင် ဆွေမျိုးစုံလင်အောင် စောင့်ကြရသည်ဖြစ်ရာ ဈာပနပွဲကျင်းပရန် ကြန့်ကြာနေသောကြောင့် ကွယ်လွန်သွားသည့် ချစ်ရသူများ၏ ရုပ်အလောင်းကို ရက်၊ လတင်မကဘဲ နှစ်ပေါက်အောင်ပင် ထားတတ် ကြသည်ဟု ဆိုသည်။ တိုရာဂျဓလေ့အရ ဈာပနပွဲမှာ အခန်းနားဆုံးနှင့် ငွေကုန်ကြေးကျအများဆုံးဖြစ်သည်။
သူတို့၏ ရှေးဟောင်းယဉ်ကျေးမှုအရမူ သေသူ၏ ဝိဥာဉ်မှာ သူ့ဇာတိရပ်ရွာကို ပြန်လာသည်ဟု လက်ခံထား ကြသာကြောင့် လူပုဂ္ဂိုလ်တစ်ယောက်မှာ ခရီးသွားရင်း လမ်းခုလတ်တွင် သေဆုံးသွားခဲ့လျှင်လည်း သေဆုံးရာနေရာမှ ကိုယ့်ရပ်ကိုယ့်ရွာသို့ လမ်းလျှောက်ပြန်လာသည်ဟု ယုံကြည်ကြသည်။


AM (China Myanmar)
Ref:Mirror.co.uk
facebook link -
https://www.facebook.com/permalink.php?story_fbid=1805886749692952&id=100008149329661

No comments:

Post a Comment