အံ့ဖွယ်လူသားဟုဆိုနိုင်လောက်သော လူခြောက်ကလေး၏
ရှင်ပြုအလှူပွဲတစ်ခု ကချင်ပြည်နယ် မိုးညှင်းတွင် ပြုလုပ် ...
----------------------------------------------------------------------
■ လူခြောက်ဟုဆိုသည်နှင့် မြန်မာတို့၏လူမှုရေးနယ်ပယ်တွင် စိတ်ဝင်စားဖွယ် ဖြစ်ကြရသည်။
လူခြောက်ကလေးမွေးတယ်ဟု ဆိုသည်နှင့် လူခြောက်မွေးဖွားသောအိမ်မှာ စီးပွားရေးအလားအလာ ရွှေတောင် တက်ခဲ့ရသည်ဟု ကြားဖူးနားဝရှိကြသည်။
လူခြောက်၏ဖြစ်စဉ်မှာ ဝိညာဉ်ပိုင်းဆိုင်ရာ သုံးနှုန်းမှုများတွင် 'အဝိ ညာဏက'ဟု ခွဲခြားသတ်မှတ် ရမည့်ဟန်ရှိသည်။ ယခုတွေ့ရှိရသော လူခြောက်ကလေးမှာ လူ့သက်တမ်း ဆယ်နှစ်အရွယ်ရှိနေပြီ ဖြစ်သော မောင်ငြိမ်းချမ်းဝင်း အမည်ရသူဖြစ်သည်။
ယခုနှစ်မတ်၏ လကုန်ရက်ပိုင်း၌ ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်၌ရှိသော ပညာရောင်ခြည်ပျော်ဖွယ် စာသင်တိုက်၌ သားရှင်ပြုအလှူပွဲတစ်ခုနှင့် ကြုံကြိုက်ခဲ့ရသည်။ မိုးညှင်းမြို့ ပျော်ဖွယ်ရပ်ကွက်နေ ဦးမင်းနိုင်၊ ဒေါ်မမကြီးတို့၏ ရင်သွေးအငယ်ဖြစ်သူ မောင်ငြိမ်းချမ်းဝင်းမှာ သာမန်မနုဿလူဟု ပြော၍မရသော လူခြောက်ဟု အခေါ်ခံရသူဖြစ်သည်။
ထိုလူခြောက်ကလေး မောင်ငြိမ်းချမ်းဝင်းအား မိဘနှစ်ပါးတို့က သင်္ကန်းပရိက္ခရာ စုံလင်စွာဖြင့် သားရှင်ပြုအလှူပွဲကြီး ပြုလုပ်ခဲ့သည်။ ပညာရောင်ခြည်စာသင်တိုက်တွင် ရှိနေသော စာသင်စာချသံဃာ အပါး ၁၀၀ကျော်တို့အား ဆွမ်းကပ်၍ အလှူကြီးပေးခဲ့သော ပဗ္ဗဇ္ဇမင်္ဂလာပွဲဖြစ်သည်။ မောင်ငြိမ်းချမ်းဝင်းအား ရှင်သာမဏေပြုပေးရာ၌ သံဃာတော် ကိုးပါးတို့ကိုပင့်၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။
လူခြောက်ကလေးမောင်ငြိမ်းချမ်းဝင်း၏ ရှင်သာမဏေဘွဲ့တော်မှာ ရှင်ရာဏိန္ဒဟု ကျောင်းထိုင်ဆရာတော် ဦးပညောဘာသက အမိန့်ရှိ၏။ အရပ် ကိုးလက်မ၊ ရင်အကျယ် သုံးလက်မအရွယ်ရှိသော မောင်ငြိမ်းချမ်းဝင်း၏ ထူးကဲသော ရှင်ပြုပွဲကို ကြားသိရသူ အပေါင်းက စိတ်ဝင်တစား ဖြစ်နေခဲ့ကြသည်။ ၂၀၀၁ခုနှစ် ဇန်နဝါရီ ၁ ရက်က မွေးဖွားလာခဲ့သော မောင်ငြိမ်းချမ်းဝင်းမှာ သားသမီးတို့၌ အငယ်ဆုံးဟု သိရသည်။
သတင်း....YMG
http://myatlayngon.blogspot.com/2010/04/blog-post_1635.html
(သတင်းဟောင်းလေးအား ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးပါသည်)

No comments:
Post a Comment