ထူးဆန်းသော ရွှေကံကူ လေပျံသစ်တော် မြတ်စွာဘုရား….
--------------------------------------------------------------------
■ ၁၉၉၅ ခုနှစ်၊ မေလတွင် စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် အထက်ချင်းတွင်း သစ်ထုတ်ရေးဒေသ မိုင်းချောင်းအကွက်(၂၄)ရှိ တွန်နိမ်ရွာနှင့် မဲဒင်းလေးရွာတို့မှ ၅မိုင်ခန့်ကွာဝေးသော တောတွင်းတစ်နေရာမှ ရရှိခြင်းဖြစ်ပါသည်။
သစ်ပျံတော်သည် ရေကြီးချိန်များတွင် မူလငုတ်ရင်းနေရာသို့ ပြန်လည်ရောက်ရှိလေ့ရှိကြောင်း ၎င်းသစ်တုံးကြီးပေါ်တွင် အဝတ်များလျှော်ဖွတ်မိပါက ဖျားနာခြင်း ဝမ်းလျောခြင်းများဖြစ်ပွားကြောင်း ၊ ၎င်းတုံးကြီးပေါ်တွင် သားငါးများ ခုတ်စင်းမိပါက ရောဂါဘယအမျိုးမျိုးဖြစ်ပွားခြင်း ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ခြင်းများနှင့် ကြုံတွေ့ရကာ နောက်ဆုံးတွင် အသက်ဆုံးရူံးခြင်းတို့ကို ဒေသခံများမှ သတင်းပို့
ပြောပြကြပါတယ်။
၎င်းသစ်ထူးခြားပုံအား မြန်မာ့သစ်လုပ်ငန်းမှ သွားရောက်သယ်ယူ၍ စစ်ဆေးခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်း (၉၀)ကျော်ကာလ အင်္ဂလိပ်လက်ထက် BBC (ဘုံဘေဘားမားကုမ္မဏီ) ၏ တံဆိပ်ကောင်း ပါရှိပြီး သစ်နံပါတ်မှာ (၉၉၉) ဖြစ်ပါသည်။ အလျား(၂၇)ပေနှင့် လုံးပတ်(၇)ပေ(၂)လက်မရှိကြောင်း တွေ့ရှိရပါသည်။ သစ်တော်သည် ဆွေးမြေ့ခြင်း ဟောင်းနွမ်းခြင်း မရှိပဲ လတ်ဆတ်လျက်ရှိပါသည်။
၎င်းထူးဆန်းသော သစ်အပိုင်းအား တစ်ဆင့်လက်ခံရရှိသော မော်လိုက်မြို့မှ #ဦးမောင်မောင်+ဒေါ်ညွှန့်ရီ (မောနင်းစတား ကဖီး) တို့သည် ဗုဒ္ဓရုပ်ပွားတော် (၂)ဆူနှင့် ရှင်သီဝလိရဟန္တာ(၂)ဆူ ထုလုပ် ပူဇော်၍ ၉.၉.၁၉၉၅ ရက်နေ့တွင် မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့ ရန်အောင်မြင်ရက်ကွက်ရှိ မိခင်ကြီး အမေကောင်းနှင့် ညီမ ဒေါ်နွဲ့နွဲ့အေး ( ပညာရေး ဌာန) ၊ ဒေါ်ခင်ခင်ထွေး( ပညာရေးဌာန)နှင့် ၊ ညီ ဦးဘိုဘို ( ဘ /က ပညာရေးဌာန) တို့ထံသို့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရှင်သီဝလိရဟန္တာ တစ်ဆူတို့ကို ပင့်ဆောင် ပေးပို့ခဲ့ပါတယ်။
၎င်းရုပ်ပွားတော်များတွင် ဗုဒ္ဓဓာတ်တော်များကိန်းဝပ်နေခြင်း ရုပ်ပွားတော်ထုလုပ်ချိန်တွင် ထူးခြားသော နက္ခတ်ကောင်းများနှင့်ကြုံကြိုက်ခြင်းတို့ကြောင့် တစ်နေ့တစ်ခြား တန်ခိုးတော်များကြီးမားလာကာ ၉.၉.၁၉၉၉ ရက်နေ့မှစ၍ ” ရွှေကံကူလေပျံသစ်တော်” ဘုရားအဖြစ် ထင်ရှားစွာ ပွင့်ထွန်းပေါ်ပေါက်တော် မူလာပါသည်။
ဘုရားရှင်သည် အခါအားလျော်စွာ အရပ်မျက်နှာများသို့ ပြောင်းကြွတော်မူလေ့ရှိခြင်း ၊ တစ်နေရာမှ တစ်နေရာသို့ ကြွမြန်းတော်မူလေ့ရှိခြင်း၊ မျက်နှာတော် ပြုံးတော်မူလေ့ရှိခြင်း၊ မျက်လုံးတော် ဖွင့်တော် မူလေ့ရှိခြင်း၊ နှုတ်တော်ဖွင့်တော်မူလေ့ရှိခြင်း ကိုယ်နေရာအနှံ့ ရောင်ခြည်တော် ကွန့်မြူးတော်မူလေ့ရှိခြင်း၊ ပင့်ဆောင်ဖူးမျှော်သူ သာဝကများကို အိမ်မက်ပေးတော်မူလေ့ရှိခြင်း လှူဒါန်းတော်ပန်းအဖူးအငုံ ( သဘာဝ ပန်း ပလက်စတစ်ပန်း စက္ကူ ပန်း)များ စက္ကန့်ပိုင်း ပွင့်တော်မူစေခြင်း၊
လှူဒါန်းထားသော သောက်တော်ရေများ ဆူစေတော်မူခြင်း၊ ကျောင်းဆောင်သော့ခပ်ထားရှိရာမှ တန်ခိုးတော်ဖြင့် မှန်ဖွင့်ထွက် ကြွတော်မူခြင်း ၊ ဓာတ်ပုံရိုက်ကူးပူဇော်ရာတွင် ပကတိမျက်စိဖြင့်
မတွေ့မြင်ရသော အစောက်အရှောက်များ ပေါ်ပေါက်လေ့ရှိခြင်း ၊ ဘွဲ့တော်သည် အိမ်မက်ဖြင့် ပေါ်ပေါက် လာခြင်း ၊ ( ၂၀၀၃ ခုနှစ် ၊ မေလ ) ရန်ကုန်မြို့တွင် မကိုဋ်စလွယ်တော် ရေစက်ချလှူဒါန်းချိန်တွင် တစ်ခန်းထဲ ငလျင်လှုပ်ခြင်း တို့ဖြစ်ပေါ်ခဲ့ပါသည်။
ယခုအခါ ” ရွှေကံကူလေပျံသစ်တော်” ရုပ်ရှင်တော်မြတ်သည် မန္တလေးတိုင်း ၊ စဥ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရက်ကွက်ဘုရားအမကြီး အမေကောင်း၏ နေအိမ်တွင် သီတင်းသုံး စံပယ်တော်မူလျက် ရှိပါသည် ။ ပါရမီဆက် သာဝကများ၏ ပင့်ဆောင် ပူဇော်ရာမြန်မာနိုင်ငံ အနှံ့ တိုင်းနှင့်ပြည်နယ် မြို့ရွာအနှံ့အပြားသို့ ဒေသစာရီခရီးများ ကြွမြန်းတော်မူလေ့ရှိပါသည်။
credit-ei ei phyu
No comments:
Post a Comment