မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, September 29, 2018

ဘရာစီယာ ခြံစည်းရိုး


ထူးဆန်းတဲ့ အစဉ်အလာတစ်ခုကြောင့်
ခရီးသွားဆွဲဆောင်မှုနေရာ ဖြစ်သွားခဲ့တဲ့ ဘရာဒရိုနာ
----------------------------------------------------------
■  ဓလေ့ထုံးထမ်းဆိုတာ ဒေသတစ်ခုမှာရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့ အပြုအမူတွေဆီကနေ ဖြစ်ပေါ်လာတတ်တာပါ။ တစ်ခါတစ်ရံမှာတော့ အဲဒီ့အစဉ်အလာတွေဟာ သာမန်ထက် ပိုထူးခြားနေ တတ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာလည်း ထူးထူးဆန်းဆန်း ဓလေ့တွေရှိတာကို သိကြပြီးဖြစ်ပေမယ့် နယူးဇီလန်နိုင်ငံ အိုတာဂို အလယ်ပိုင်းရှိ တစ်နေရာကတော့ နှစ်ခု မရှိနိုင်အောင် ထူးဆန်းတဲ့
နေရာဖြစ်ပါတယ်။


 ပုံမှာ မြင်ရတဲ့အတိုင်း တံတိုင်းစည်းရိုးပေါ်မှာ ဘရာစီယာတွေ ချိတ်ဆွဲထားတာဖြစ်ပါတယ်။ ချိတ်ဆွဲရတဲ့ အကြောင်းအရင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ (၁၉၉၉)ခုနှစ်တုန်းက အမျိုးသမီး
(၄)ယောက်ဟာ ပါတီတစ်ခုကနေ အပျော်လွန်ကာ ပြန်လာခဲ့ကြပြီး သူမတို့ရဲ့ ဘရာတွေကို အဆိုပါ ဟိုင်းဝေးလမ်းမဘေးက တံတိုင်း စည်းရိုးပေါ်မှာ ချိတ်ဆွဲခဲ့ကြပါတယ်။ ဟိုင်းဝေး ဒရိုင်ဘာတွေအတွက်
လက်ဆောင်အနေနဲ့ပဲလား ဘာအတွက်လဲစသဖြင့် သူတို့စိတ်ထဲ ဘယ်လိုအယူဆနဲ့ လုပ်ခဲ့ကြလဲတော့ မသိပေမယ့် (၉၉) ခုနှစ်ရဲ့ ခရစ္စမတ်ရာသီမှာ ဖြစ်ခဲ့တယ် ဆိုကြပါတယ်။


အဲဒီ့အချိန်ကစလို့ ၎င်းတံတိုင်းရှေ့ ဖြတ်သွားတဲ့ အမျိုးသမီးတွေက သူမတို့ရဲ့ ဘရာတွေကို ချွတ်ပြီး ချိတ်ခဲ့ကြပါတယ်။ အရောင်အသွေး ဆိုဒ်မျိုးစုံ ဘရာတွေဟာ တံတိုင်းပေါ်မှာ မကြာခင်မှာ အပြည့်ဖြစ်သွား
ပါတော့တယ်။ ဘရာတွေဟာ ဒေသခံ အမျိုးသမီးတွေသာမက ခရီးသွားဧည့်သည် အမျိုးသမီးတွေကပါ ချိတ်ဆွဲတတ်ကြတာ ဖြစ်ပါတယ်။ ယခုဆို အဆိုပါ နေရာကို “ဘရာဒရိုနာ” လို့ ခေါ်ကြပြီး
နယူးဇီလန်နိုင်ငံရဲ့ ခရီးသွား ဧည့်သည် ဆွဲဆောင်မှုနေရာ တစ်နေရာ ဖြစ်လာခဲ့ပါတယ်။


အာဏာပိုင်တွေကတော့ အခုလို လုပ်ကြခြင်းဟာ မသင့်တော်ကြောင်း ပြောပြီး တားမြစ်ခဲ့ကြပါတယ်။ ဘရာတွေကိုလည်း တံတိုင်းပေါ်ကနေ ဖယ်ရှားပစ်ခဲ့ကြသေးပေမယ့် ထပ်ထပ် ချိတ်ဆွဲကြတာကြောင့်ပဲမို့
အခုလို နာမည်ကျော် နေရာတစ်နေရာ ဖြစ်လာခဲ့ပါတော့တယ်။

Ron de Ruijter
source:khitthitmedia
Ref: Elite Readers
https://www.elitereaders.com/fence-of-bras/
2006 after box breast cancer foundation

No comments:

Post a Comment