မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Sunday, September 9, 2018

မှတ်ကရော...


မှတ်ကရော...
-------------------


⇒ အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ
တတွတ်တွတ် ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း
မရိပ်မိချေ။


“မောင်... ခင့်ကို ဘာလို့ လက်ထပ်ခဲ့တာလဲဟင်...။
ခင့်ရဲ့ မျက်နှာလေးက လှလွန်းလို့လား...၊ ဒါမှမဟုတ် ခင့် ကိုယ်လုံးကိုယ်ပေါက်လေးကို
သဘောကျလို့လား။ အင်း... မဟုတ်ဘူးဆိုရင် ခင့်ရဲ့ စိတ်ထားလေး ဖြူတာကိုပဲ
မြတ်နိုးလို့လာ... အဲ ဒါမှမဟုတ်....”

⇒ စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။

“မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်လို့ဟေ့”  :-)

Credit to - တစ်ထောင့်တစ်ညပုံပြင်ကြိုက်သူများ

No comments:

Post a Comment