မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, September 13, 2018

နေ့စဉ် ငှက်အကောင်ပေါင်း ၃၀၀၀ ခန့်ကို အစာကျွေးနေတဲ့ငှက်လူသား


နေ့စဉ် ငှက်အကောင်ပေါင်း ၃၀၀၀ ခန့်ကို
အစာကျွေးနေတဲ့ငှက်လူသား

------------------------------------------------------




>:<  သူကတော့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်မြို့က Harsukh Bhai Dobariya ဆိုတဲ့ မြေပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်လောက်တုန်းက သူဟာ ခြေထောက်ကျိုးခဲ့ပြီး အိပ်ယာထဲမှာ အမြဲနေခဲ့ပါတယ်။ အိမ်နီးချင်းတစ်ယောက် ကောက်နှံတွေ ၀ယ်လာတာကိုမြင်တော့ သူအကြံတစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ ကောက်နှံတချို့ကို လသာဆောင်မှာ ထားဖို့ပါ။ ကောက်နှံတချို့ကို လသာဆောင်မှာထားပြီး စောင့်ကြည့်
တဲ့အခါ ကြက်တူရွေးလေးတစ်ကောင်ဟာ သူထားထားတဲ့ကောက်နှံကိုစားနေတာကို မြင်တွေ့ရလို့ အလွန်ကြည်နူး ခဲ့တယ်လို့ ဆိုပါတယ်။


နောက်နေ့တွေမှာလည်း ကောက်နှံတွေကို ထားထားပေးတဲ့အခါ ကြက်တူရွေး ၂ ကောင် နောက် ၄ကောင် နောက်တဖြည်းဖြည်းများလာပြီး ရာဂဏန်းကျော်လာခဲ့ပါတယ်။ ကြက်တူရွေးတွေကို အစာကျွေးရတဲ့ အတွက် သူအလွန်ပျော်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းတွေအတွက်တော့ သူအစာကျွေးတဲ့ငှက်တွေဟာ များပြားလွန်းတာကြောင့် ဒုက္ခပေးသလိုဖြစ်နေပါတယ်။ ငှက်တွေကို အစာကျွေးချင်လွန်းတဲ့သူဟာ
အိမ်နီးချင်းတွေကို စိတ်အနှောက်အယှက်မပေးလိုတာကြောင့် မြို့လယ်က အိမ်ကိုစွန့်ကာ မြို့စွန်မှာ
၎ ဧက မြေကိုဝယ်ကာ လွတ်လွတ်လပ်လပ် ကျွေးပါတော့တယ်။


အခုဆိုရင် သူ့ဆီလာစားတဲ့ ကြက်တူရွေးအကောင်ပေါင်း ၂၅၀၀ ကနေ ၃၀၀၀ ကြားရှိနေပြီဖြစ်ပါတယ်။ သူဟာ ငှက်တွေအတွက် အသိုက်တွေ အစာအဆင်ပြေအောင်စားနိုင်ဖို့ တန်းတွေကို ဆောက်လုပ်ပေးထား ပါတယ်။ ငှက်တွေကို တစ်လ အစာကျွေးတဲ့စရိတ်ဟာ ဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ခန့်ကုန်ကျတာကြောင့် သူ့ရှာသမျှဟာ ငှက်တွေအတွက်ကုန်ရတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် သူကတော့ နေ့စဉ်မပျက် ပျော်ရွှင်စွာ အစာကျွေးနေဆဲပါ။ ဒါကြောင့်လည်း သူ့ရဲ့အမည်ဟာ ငှက်လူသားဆိုပြီး သတင်းစာတွေကနေ ဖော်ပြပြီး ချီးကျူး ခံရတဲ့အထိ ကျော်ကြားခဲ့တာပဲ ဖြစ်ပါတယ်။

source:သုတဇုန်
link -
http://www.odditycentral.com/animals/birdman-of-gujarat-has-been-feeding-around-3000-birds-every-day-for-17-years.html
facebook link -
https://www.facebook.com/permalink.php?story_fbid=2005984316349860&id=100008149329661

No comments:

Post a Comment