ေဒဝဒတ္ကို ရဟန္းဝတ္ေပးရျခင္း အေၾကာင္းရင္း
--------------------------------------------------------
ျမတ္စြာဘုရားက ဘာလို ့ ေဒဝဒတ္ကို ရဟန္းဝတ္ေပးခဲ့ပါသလဲဟု ေမးပါတယ္။ ဆရာေတာ္ဘုရားႀကီး စင္ကာပူႂကြ စဥ္အခါက ဒီကိုရင္က ေမးဖူးပါတယ္။ အဲအေျဖကို ဒီေန ့မွ သေဘာေပါက္ နားမိတယ္။
ေဒဝဒတ္သည္ ေနာက္ဆံုး ေျမမ်ိဳ ေနခ်ိန္တြင္ ေနာင္တႀကီးစြာရရွိၿပီး
ေနာက္ဆံုး ေဂါတမျမတ္စြာဘုရားအား ရွိခိုးဆည္းကပ္ပူေဇာ္သြားပါတယ္။
“ဣေမဟိ အ႒ီဟိ တမဂၢပုဂၢလံ၊ ေဒဝါတိေဒဝံ နရဒမၼသာရတိ ံ၊
သမႏၱစကၡဳံ သတပုညလကၡဏံ၊ ပါေဏဟိ ဗုဒၶ သရဏံ ဥေပမီ”
သူ၏ အရိုးေတြ၊ သူ၏အသားေတြ၊ သူ၏အသက္ေတြနဲ႔ ဇီဝိတ တို ့အား နတ္တကာ တို ့၏ ျမတ္ေတာ္မူေသာ ဆံုးမထိုက္သူအေပၚ၌ ႀကီးမားလွေသာ မဟာဂရုဏာ ေမတၱာေတာ္ႀကီးျဖင့္ ဆံုးမေတာ္မူတဲ့ သဗၺဳညဳတ ဥာဏ္မ်က္စိရွိေတာ္မူျပီး ဘုန္းလကၡာမ်ိဳးစံု ပုဂၢိဳလ္ျမတ္ျဖစ္ေသာ
အရွင္ေဂါတမျမတ္ဘုရားအား ေနာက္ဆံုး ရွိခိုးပါ၏။
ျမတ္ဗုဒၶသည္ ဤေနာက္ဆံုးအခ်ိ္န္ သတိသံေဝဂ ရမည့္အခ်ိန္ေလးကို ရည္ရြယ္ကာ သကၤန္းဝတ္ေပးခဲ့ျခင္း ျဖစ္ပါတယ္။ လူဘဝမွာေနလည္း ဆိုးမွာဘဲ ရဟန္းဘဝေရာက္ခဲ့ရင္လည္း ငါဘုရားကိုဆန္ ့က်င္ မွာဘဲ
သို ့ပင္မဲ့ ရဟန္းဘဝနဲ ့ ေနာက္ဆံုး ေနာင္တရျခင္းမွသည္ သံသရာမွ လြတ္ေျမာက္ပါလိမ့္ ဟု ရည္ရြယ္ကာ ဝတ္ေပးခဲ့ျခင္းျဖစ္ေပသတည္း။
(ေက်းဇူးေတာ္ရွင္ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး)
တစ္ခါတစ္ေလ ဘုန္းႀကီးတို႔ ေက်ာင္းက ဆုိးသြမ္းတဲ့ ကိုယ္ေတာ္ေလးေတြ သတင္းၾကားတယ္ဆိုလို႔ရွိရင္
“ဟာ၊ ဘယ္ေက်ာင္းထြက္ ဆိုးတယ္” နဲ႔ေျပာၾကတယ္၊ ဘုန္းႀကီးတို႔က ေမးတယ္။ “မင္းတို႔ အဲသလို ေျပာစတမ္းဆိုလို႔ရွိရင္ ေဒဝဒတ္ ဘယ္ေက်ာင္းထြက္တုန္း” လို႔၊
ေဒဝဒတ္က “ေဇတဝန္ေက်ာင္းထြက္ပဲ”လို႔၊ အဲဒါဆိုရင္ “ေဇတဝန္ေက်ာင္း” အျပစ္တင္ရမလား၊ “ေဒဝဒတ္”အျပစ္တင္ရမလား၊ တခ်ိဳ႕က ေက်ာင္းထြက္ဆိုၿပီးေတာ့ ေက်ာင္းကိုပုတ္ခတ္ၿပီးေတာ့ ေျပာေလ့ရွိတာကိုး။ ဒီေတာ့ ဒါေတြက မဆိုင္ဘူး။
သို႔ေသာ္လည္း ျမန္မာစကားမွာ “သားသမီးမေကာင္း ၊ မိဘေခါင္း”
“တပည့္မေကာင္း ၊ ဆရာ့ေခါင္း” ဆိုၿပီးေတာ့ ေခါင္းေပၚေတာ့ ေရာက္တာေပါ့ေနာ္။
အဲဒါဆိုရင္ “ေဒဝဒတ္မေကာင္း ဘုရားေခါင္း” ေရာက္မွာေပါ့၊ အဲဒါက်ေတာ့ ခ်န္ထားၾကတယ္။
“ကာယကံရွင္ပုဂၢိဳလ္”နဲ႔ အမ်ားႀကီးဆိုင္တယ္။
ဒါေၾကာင့္မို႔လို႔ ဘုန္းႀကီးတို႔စာေပထဲမွာ . . .
“ဥပေဒသမတၱေမဝ ဟိ ပရာယတၱာ(ပရသၼႎ ပဋိဗဒၶံ)၊ အညာ သဗၺာ သမၸတိ အတၱာဓိနာ ဧဝ” တဲ့၊
နည္းေပး၊ လမ္းျပ လုပ္တာသည္ပင္လွ်င္ ဆရာသမားနဲ႔ ပတ္သက္ပါတယ္တဲ့။
အားလံုးေအာင္ျမင္မႈဟာ ကိုယ့္ေပၚ မူတည္ပါတယ္တဲ့။
“ဆရာသမားဆိုတာ ဆံုးမၾသဝါဒေပးရံုသာ တာဝန္ရွိတယ္”လို႔ ဒီလိုေျပာတယ္ေနာ္။ အျခားေအာင္ျမင္မႈဟာ ကိုယ္နဲ႔ဆိုင္တယ္ေပါ့။ ေအာင္ျမင္မွဳ ၊ က်ရွံဳးမွဳ ဟာ “ကိုယ္နဲ႔ပဲဆိုင္တယ္”ေပါ့။ ဒီလိုဆိုပါတယ္ ။ ဒါက ပိုၿပီးေတာ့ လက္ေတြ႔က်တယ္။
-【ပါေမာကၡခ်ဳပ္ ဆရာေတာ္ ေဒါက္တာ နႏၵမာလာဘိဝံသ】
မွတဆင့္(မူၾကိဳဆရာ)
facebook link -
https://www.facebook.com/permalink.php?story_fbid=2254245544857068&id=100008149329661
========================
unicode version
ဒေဝဒတ်ကို ရဟန်းဝတ်ပေးရခြင်း အကြောင်းရင်း
--------------------------------------------------------
မြတ်စွာဘုရားက ဘာလို ့ ဒေဝဒတ်ကို ရဟန်းဝတ်ပေးခဲ့ပါသလဲဟု
မေးပါတယ်။ ဆရာတော်ဘုရားကြီး စင်ကာပူကြွ စဉ်အခါက ဒီကိုရင်က
မေးဖူးပါတယ်။ အဲအဖြေကို ဒီနေ ့မှ သဘောပေါက် နားမိတယ်။
ဒေဝဒတ်သည် နောက်ဆုံး မြေမျို နေချိန်တွင် နောင်တကြီးစွာရရှိပြီး
နောက်ဆုံး ဂေါတမမြတ်စွာဘုရားအား ရှိခိုးဆည်းကပ်ပူဇော်သွားပါတယ်။
“ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊
ဒေဝါတိဒေဝံ နရဒမ္မသာရတိ ံ၊
သမန္တစက္ခုံ သတပုညလက္ခဏံ၊
ပါဏေဟိ ဗုဒ္ဓ သရဏံ ဥပေမီ”
သူ၏ အရိုးတွေ၊ သူ၏အသားတွေ၊ သူ၏အသက်တွေနဲ့ ဇီဝိတ တို ့အား
နတ်တကာ တို ့၏ မြတ်တော်မူသော ဆုံးမထိုက်သူအပေါ်၌ ကြီးမားလှ
သော မဟာဂရုဏာ မေတ္တာတော်ကြီးဖြင့် ဆုံးမတော်မူတဲ့ သဗ္ဗုညုတ
ဉာဏ်မျက်စိရှိတော်မူပြီး ဘုန်းလက္ခာမျိုးစုံ ပုဂ္ဂိုလ်မြတ်ဖြစ်သော
အရှင်ဂေါတမမြတ်ဘုရားအား နောက်ဆုံး ရှိခိုးပါ၏။
မြတ်ဗုဒ္ဓသည် ဤနောက်ဆုံးအချိ်န် သတိသံဝေဂ ရမည့်အချိန်လေးကို
ရည်ရွယ်ကာ သင်္ကန်းဝတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ လူဘဝမှာနေလည်း
ဆိုးမှာဘဲ ရဟန်းဘဝရောက်ခဲ့ရင်လည်း ငါဘုရားကိုဆန် ့ကျင် မှာဘဲ
သို ့ပင်မဲ့ ရဟန်းဘဝနဲ ့ နောက်ဆုံး နောင်တရခြင်းမှသည် သံသရာမှ
လွတ်မြောက်ပါလိမ့် ဟု ရည်ရွယ်ကာ ဝတ်ပေးခဲ့ခြင်းဖြစ်ပေတည်း။
(ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး)
တစ်ခါတစ်လေ ဘုန်းကြီးတို့ ကျောင်းက
ဆိုးသွမ်းတဲ့ ကိုယ်တော်လေးတွေ သတင်းကြားတယ်ဆိုလို့ရှိရင်
“ဟာ၊ ဘယ်ကျောင်းထွက် ဆိုးတယ်” နဲ့ပြောကြတယ်၊ ဘုန်းကြီးတို့က
မေးတယ်။ “မင်းတို့ အဲသလို ပြောစတမ်းဆိုလို့ရှိရင် ဒေဝဒတ်ဘယ်
ကျောင်းထွက်တုန်း” လို့၊
ဒေဝဒတ်က “ဇေတဝန်ကျောင်းထွက်ပဲ”လို့၊ အဲဒါဆိုရင် “ဇေတဝန်
ကျောင်း” အပြစ်တင်ရမလား၊ “ဒေဝဒတ်”အပြစ်တင်ရမလား၊ တချို့က
ကျောင်းထွက်ဆိုပြီးတော့ ကျောင်းကိုပုတ်ခတ်ပြီးတော့ ပြောလေ့ရှိတာကိုး။
ဒီတော့ ဒါတွေက မဆိုင်ဘူး။
သို့သော်လည်း မြန်မာစကားမှာ
“သားသမီးမကောင်း ၊ မိဘခေါင်း”
“တပည့်မကောင်း ၊ ဆရာ့ခေါင်း” ဆိုပြီးတော့
ခေါင်းပေါ်တော့ ရောက်တာပေါ့နော်။
အဲဒါဆိုရင် “ဒေဝဒတ်မကောင်း ဘုရားခေါင်း” ရောက်မှာပေါ့၊
အဲဒါကျတော့ ချန်ထားကြတယ်။
“ကာယကံရှင်ပုဂ္ဂိုလ်”နဲ့ အများကြီးဆိုင်တယ်။
ဒါကြောင့်မို့လို့ ဘုန်းကြီးတို့စာပေထဲမှာ . . .
“ဥပဒေသမတ္တမေဝ ဟိ ပရာယတ္တာ(ပရသ္မိံ ပဋိဗဒ္ဓံ)၊
အညာ သဗ္ဗာ သမ္ပတိ အတ္တာဓိနာ ဧဝ” တဲ့၊
နည်းပေး၊ လမ်းပြ လုပ်တာသည်ပင်လျှင်
ဆရာသမားနဲ့ ပတ်သက်ပါတယ်တဲ့။
အားလုံးအောင်မြင်မှုဟာ ကိုယ့်ပေါ် မူတည်ပါတယ်တဲ့။
“ဆရာသမားဆိုတာ ဆုံးမသြဝါဒပေးရုံသာ တာဝန်ရှိတယ်”လို့
ဒီလိုပြောတယ်နော်။ အခြားအောင်မြင်မှုဟာ ကိုယ်နဲ့ဆိုင်တယ်ပေါ့။
အောင်မြင်မှု ၊ ကျရှုံးမှု ဟာ “ကိုယ်နဲ့ပဲဆိုင်တယ်”ပေါ့။
ဒီလိုဆိုပါတယ် ။ ဒါက ပိုပြီးတော့ လက်တွေ့ကျတယ်။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
မှတဆင့်(မူကြိုဆရာ)
No comments:
Post a Comment