မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, September 8, 2018

ကင်းမြီးကောက် ရိုးရာပွဲတော်


ကင်းမြီးကောက်တွေကို ခန္ဓာကိုယ်နဲ့ 
မျက်နှာတွေပေါ် ဖြတ်သွားစေတဲ့ ရိုးရာပွဲတော်တစ်ခု
---------------------------------------------------------


မြင်တွေ့ ရသူ မယုံကြည်နိုင်လောက်အောင်ဖြစ်ရတဲ့ ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး ယင်းပွဲတော်မှာ ကင်းမြီးကောက်တွေကို ကလေးတွေအပါအ၀င် လူတွေရဲ့  မျက်နှာတွေပေါ် ဖြတ်သွားစေတဲ့ အစဉ်အလာ တစ်ခုလည်း ပါဝင်ပါတယ်။

ဆယ်စုနှစ်ချီကြာပြီဖြစ်တဲ့ ယင်း ထုံးတမ်းစဉ်လာကို ဟိန္ဒိုဘာသာရေး အခမ်းအနားဖြစ်တဲ့ Naga Panchami ပွဲတော်မှာ ပြုလုပ်ကြခြင်းဖြစ်ပြီး ပွဲတော်ကျင်းပရာ အိန္ဒိယတောင်ပိုင်း ကာနာတာကာ ပြည်နယ်က ကန်ကူးကျေးရွာလေးမှာ လူတွေကြိတ်ကြိတ်တိုး ပါဝင်ဆင်နွှဲကြတာကို တွေ့ ရမှာပါ။ ဘာသာရေးပွဲတော်အတွင်း ယုံကြည်ကိုးကွယ်သူတွေက ဆာရီတွေ၊ အုန်းသီးတွေနဲ့ ဆီတွေ ကပ်လှူကာ ကျန်းမာရေးကောင်းစေဖို့ ၊ စီးပွားဥစ္စာတိုးတက်စေဖို့  ဆုတောင်းဝတ်ပြုမှုတွေ ပြုလုပ်ကြပါတယ်။ ယင်းနောက် အခမ်းအနားကျင်းပရာ တောင်ကုန်းပေါ်က ပြန်မဆင်းမီ ပွဲတော်ရဲ့ ရိုးရာ အစီအစဉ်တစ်ခု အဖြစ် ကင်းမြီးကောက်တွေကို မြေပြင်မှာ လိုက်ရှာကြကာ သူတို့ ရဲ့ ခန္ဓာကိုယ်ပေါ်တွေနဲ့ မျက်နှာတွေပေါ် ဖြတ်သွားစေကြပါတယ်။ ယင်း အခမ်းအနားကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ကင်းမြီးကောက်တွေကို သူတို့ ရဲ့ ပါးစပ်တွေထဲ တွဲလောင်းထားကာ အသဲယားဖွယ် ပြသခဲ့ကြသလို ကလေးတွေရဲ့ ခေါင်းတွေပေါ် မှာလည်း ယင်းအကောင်တွေ တင်ပေးကာ သွားလာစေတာကို တွေ့ ရပါတယ်။

ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံရဲ့  Naga Panchami ပွဲတော်အခမ်းအနားတွေ ကျင်းပရာ အခြားဒေသ အများစုမှာတော့ ယုံကြည်ကိုးကွယ်သူတွေ များစွာကို တွေ့ မြင်နိုင်သလို မြွေဟောက်တွေနဲ့ အခြား အဆိပ်ရှိသတ္တ၀ါတွေကို နွားနို့ တိုက်ကျွေးတဲ့ ရိုးရာအစဉ်အလာ ပြုလုပ်ကြလေ့ရှိပါတယ်။ ဥတာပရာဒက်ရှ်ပြည်နယ်က ကာပရီကျေးရွာမှာတော့ မြွေတွေကို အရုပ်တွေလို သဘောထားကာ ကစားပြလေ့ရှိကြပါတယ်။ ကလေးငယ်တွေဟာ စိုးရိမ်ကြောက်လန့် စိတ်တွေ မရှိစေဖို့ အတွက် အသက်ငယ်ငယ် အချိန်ကတည်းက ဒီအတတ်ပညာကို သင်ကြားကြရတယ်လို့  သိရပါတယ်။

ကိုလင်း (အကုန်သိ သတင်းဌာန)
Ref: Daily Mail
http://www.dailymail.co.uk/travel/travel_news/article-6135091/Festival-people-gather-Indian-hilltop-deadly-scorpions-faces.html

No comments:

Post a Comment