နီပေါက ရှောင်လင်သီလရှင်များ
━ ━ ━ ━ ━ ━ ━ ━ ━ ━
ကွန်ဖူးကစားတဲ့ ရှောင်လင်ဘုန်းကြီးတွေကိုသာ လူသိများပေမဲ့ ကွန်ဖူးကစားတဲ့ မယ်သီလရှင်တွေကိုတော့
လူသိနည်းပါတယ်။ နီပေါနိုင်ငံ Druk Amitabha တောင်တန်းပေါ်က မယ်သီလရှင်ကျောင်းတစ်ကျောင်းက
ဆရာလေးတွေဟာ လွန်ခဲ့နှစ်အနည်းငယ်ကတည်းက ကွန်ဖူးကစားလာခဲ့တာဖြစ်ပါတယ်။
Drukpa ဗုဒ္ဓဘာသာဂိုဏ်းက အဆိုပါ မယ်သီလရှင်ကျောင်းကို တည်ထောင်ခဲ့တာဖြစ်ပြီး အဆိုပါနေရာဟာ
မိန်းမနဲ့ယောက်ျား ခြားနားမှုမရှိဘဲ တန်းတူဆက်ဆံတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ ဘရားရှိခိုးခြင်း၊
တရားထိုင်ခြင်း၊ ကွန်ဖူးကစားခြင်းတွေအပြင် အင်္ဂလိပ်စာပါ အဆိုပါ ကျောင်းမှာ လေ့လာရတာဖြစ်ပါတယ်။
ကွန်ဖူးတစ်ခါလေ့ကျင့်ချိန်ဟာ နှစ်နာရီကြာပြီး လက်သီးထိုး၊ ခြေကန်၊ အမြင့်ကန်၊ အပြင်းကန်နဲ့ စတဲ့နည်းစနစ်
တွေကို လေ့ကျင့်ရတာဖြစ်ပါတယ်။ ဒီလိုမျိုးကွန်ဖူး လေ့ကျင့်တာဟာ ဆရာလေးတွေအတွက် ကျန်းမားရေး
ကောင်းသလို တရားထိုင်လို့လည်း ပိုမိုကောင်လာတယ်လို့ ၁၆ နှစ်အရွယ် ရူပလာမာ က ပြောကြားပါတယ်။
posted by duwun
Photos & Source: BBC, AFP
link -
http://www.odditycentral.com/news/the-kung-fu-nuns-of-nepal.html
No comments:
Post a Comment