ခြေထောက်လေးချောင်းနဲ့ လမ်းလျှောက်တဲ့ ငါး....
--------------------------------------------------------
ပုံစံကြည့်ရတာကတော့ သူဟာ ရေကူးရတာများလွန်းလို့  ပင်ပန်းသွားတာကြောင့် ဖြစ်နိုင်ပါတယ်... ဒီလိုဆန်းကြယ်တဲ့ ပုံသဏ္ဍာန်ရှိတဲ့  ငါးကတော့ ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ ညနေခင်း အညောင်းပြေ လမ်းလျှောက်ထွက်နေတယ်လို့ ထင်နိုင်စရာပါပဲ....
ငါးအကောင်ငယ်လေးများအပါအ၀င် ရေအောက်သတ္တ၀ါလေးများကို ဖမ်းယူစားသောက်လေ့ ရှိတဲ့ အဆိုပါ ငါးမုဆိုးရဲ့ ခန္ဓာကိုယ်မှာ ခြေထောက်တွေပေါက်နေတယ်လို့ ထင်ရပေမယ့် အမှန်တော့ ထိုအရာတွေဟာ
သူ့ ရဲ့ ဆူးတောင်တွေကို ခြေထောက်ကဲ့ သို့ အသုံးပြုပြီး ပင်လယ်ရေအောက်ကြမ်းပြင်မှာ ငြိမ်ငြိမ်သက်သက်ဖြစ်အောင် သူ့ ခန္ဓာကိုယ်ကို ထောက်ကန်ကာ ထိန်းပေးထားတာဖြစ်ပါတယ်...
သူဟာ အနားကနေဖြတ်သွားမယ့် ရေသတ္တ၀ါလေးတွေကို ပါးစပ်ပေါက်အပေါ်နားမှာရှိတဲ့ နှင်တံလို အရာလေးနှင့် ဆွဲဆောင်ဖြားယောင်းပြီး သူ့ ဆီလာအောင်လုပ်ယူကာ တစ်ဟုန်ထိုးတိုက်ခိုက်ဖို့ ပင်လယ်သမုဒ္ဒရာကြမ်းပြင်မှာ ငြိမ်သက်စွာ စောင့်ဆိုင်းနေတာဖြစ်ပါတယ်...
" ငါးမုဆိုးမျိုးစိတ်အတော်များများကို ရုတ်တရက် ခြုံခိုတိုက်ခိုက်စားသောက်တတ်တဲ့  ရေအောက်သတ္တ၀ါ တွေအဖြစ် သိထားကြပါတယ်... သူတို့ ရဲ့ ဆူးတောင်တွေကိုက သဘာဝအတိုင်းပဲ ခြေလက်တွေ ပုံသဏ္ဍာန်ဖြစ်နေပြီး ပင်လယ်ကြမ်းပြင်မှာ မလှုပ်မယှက် ငြိမ်သက်တည်ငြိမ်စွာနဲ့ အမှုံမျှမထအောင် နေနိုင်ပြီး ရုပ်ဖျက်ကာ သားကောင်ကို စောင့် ဆိုင်းနေနိုင်တာဖြစ်ပါတယ်...
ပြီးတော့ သူတို့ ရဲ့ ပါးစပ်ပေါက်အပေါ်နားက ခေါင်းထိပ်နားမှာရှိတဲ့ အေရီယာယ်တိုင် ( နှင်တံ ကဲ့သို့ အရာ ) ကို သုံးပြီး သားကောင်ကို မြူဆွယ်ပါတော့တယ်..." လို့  အသုံးချဇီဝသိပ္ပံဗဟိုဌာနက ဖေရီအာချဲလ် က ပြောကြားခဲ့ပါတယ်...
ထိုမျိုးစိတ်တွေရဲ့ အများစုဟာ သမုဒ္ဒရာရေအောက် အနက်ရှိုင်းဆုံးနေရာတွေမှာ နေထိုင်ကြတာဖြစ်ပြီး တစ်ချို့ သောမျိုးစိတ်တွေကိုတော့ အပူပိုင်းဇုံဒေသ ရေတိမ်ပိုင်းတွေမှာလည်းတွေ့ ရှိရတတ်ပါတယ်... ယခုတွေ့ မြင်ရတဲ့ ရင်သတ်ရှုမောဖွယ်မြင်ကွင်းဓါတ်ပုံကိုတော့  အင်ဒိုနီးရှားနိုင်ငံရဲ့ ပင်လယ်ရေပြင်ကို
လေ့လာနေတဲ့ သိပ္ပံရှင်များက အထူးတီထွင်ထားတဲ့ နည်းပညာနှင့်ပြုလုပ်ထားတဲ့ ရေအောက်ကင်မရာဖြင့် ရိုက်ကူးခဲ့ ခြင်းဖြစ်ပါတယ်...
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဆိုတဲ့  လောက သုံးပါးကတော့ အလွန်ပဲ ဆန်းကြယ်လှပါတယ်... ဒေလီမေးလ် သတင်းမှ ကူးယူတည်းဖြတ်ဖော်ပြပါတယ်...
Posted by peter kyaw
source:daily mail
https://www.dailymail.co.uk/sciencetech/article-1306421/Four-legged-fish-goes-walk-ocean-floor-stunning-photos-taken-deep-sea-dive.html
facebook link -
https://www.facebook.com/permalink.php?story_fbid=2011870775761214&id=100008149329661
No comments:
Post a Comment