“အဖေခေါ်ခ ၆၀၀ ကျပ်”
------------------------------
ရပ်ကွက် တစ်ခုမှာ
ကို ထွန်း နဲ့ မကြည်ပြာ ဆိုတဲ့ လင်မယား
သားသမီး သုံးယောက် မွေးဖွားထားတယ်ပေါ့
ကိုထွန်းဟာ အရက်ကျွန် ဖြစ်သွားပြီ
အရက်က လွဲ လို့  သူ့ ဘဝမှာ ဘာမှ မရှိတော့ဘူး
မကြည်ပြာ လည်း သူဂရုမစိုက်တော့
သားသမီး သုံးယောက်လည်း စိတ်မဝင်စားတော့
သူသိတာက
မကြည်ပြာ ထံ မှ ရရှိမဲ့ အရက်ဖိုး မနက် ၂၀၀
နေ့ လည် ၂၀၀ နဲ့ ညနေ ၂၀၀ ဒါပဲ သူ သိတော့တယ် ။
မကြည်ပြာ ကတော့
ခေါင်းရွက် ဗျတ်ထိုး ဈေးသည် ဘဝနဲ့
မိသားစုကို ဦးဆောင်ပြီး ကလေးတွေ
စား စရိတ် ကျောင်းစားရိတ် အပြင် ကိုထွန်း
အရက်ဖိုး ကိုပါ နေ့ စဉ် ပင်ပမ်းကြီးစွာ ရှာဖွေ
နေရ ရှာတယ်
နှစ်တွေကြာလာတော့
လူသားတို့  ထုံးစံ အတိုင်းပေါ့ မကြည်ပြာရဲ့
အစ်မ တွေ အဒေါ်တွေက မကျေနပ် ကြတော့ဘူး
ဒါနဲ့ မကြည်ပြာကို ခေါ်ပြီး ဆူကြတယ်
ညည်း ဒီလောက် ယောက်ျား ရှားနေလား
ညည်း ဒီလောက် ယောက်ျားအပေါ် ချစ်နေလား
ညည်း ဒီလောက် အရှက်မဲ့ နေရလား
ညည်း လုပ်နေပုံက ဆွေမျိုး အသိုင်းအဝိုင်းပါ
သိက္ခာ ကျရတယ်
သူရှိနေလည်း ကိုယ့်ဟာကိုယ် လုပ်စားနေရတယ်
သူမရှိတော့ရင်လည်း ကိုယ့်ဟာကိုယ်လုပ်စားရမှာပဲလေ
ဘာလို့  ဒီလောက် သုံးမရ တဲ့ အရက်သမား ကို
အရက်ဖိုးပေး ရှာကျွေးပြီး သူနှိပ်တာ ခံနေရတာလည့်း့
ညည်း သူနဲ့ မကွာသေးဘူးလာ့း့ ????
မကြည်ပြာကအဒေါ်တွေ အစ်မတွေ ပြောသမျှကို
အေးဆေးစွာနားထောင် ပေးပါတယ်
အဒေါ်တွေ အစ်မတွေ ကျေနပ်အောင်
ပြောကြ ဆိုကြပြီး ပြီဆိုမှ
ကိုထွန်း မရှိရင် ကျွန်မကို ဘယ်သူက
လာလုပ် ကျွေးမှာလည်း
ကိုထွန်းရှိလည်း ကျွန်မ ပဲ ကလေးတွေကို
လုပ်ကျွေး နေရတယ်
ကိုထွန်း မရှိရင်လည်း ကိုယ်တိုင်ပဲ လုပ်စားရမှာပဲ
ကိုယ်တိုင်ပဲ ကလေးတွေကို လုပ်ကျွေးရမှာပဲ လေ
အေး
အဲ့ဒါကြောင့် ညည်းကို သူနဲ့ ကွာခိုင်းတာပေါ့
အဲ့ဒီ ကွာလိုက်တော့ ညည်းသူနှိပ်စက်တာ နဲ့
သူ့ အရက်ဖိုး ရှာပေး နေရတဲ့ ဒုက္ခ လွတ်မသွားဘူးလား
အဒေါ်တို့  အစ်မ တို့  ပြောတာ မှန်ပါတယ်
ဒါပေမဲ့
ကိုထွန်းကို ကျွန်မ မကွဲ နိုင်ပါ ဘူး
ယောက်ျား ရှားလို့ 
ယောက်ျားကို ချစ်လွန်းလို့  ကျွန်မ ဒုက္ခတေ ခံပြီး
သူနဲ့ ပေါင်းနေတာ မဟုတ်ပါ ဘူး
ကျွန်မမွေးထားတဲ့
သားသမီးလေးတွေ သုံးယောက် မှာ
သူများတွေ နဲ့ တန်းတူ အဖေ လို့  ခေါ်ခွင့်ရဖို့ 
သူများကလေးတွေ နဲ့ တန်းတူ
အဖေ လို့ ခေါ် လိုက်ရင် ဟေ လို့  ပြန်ထူးပေးဖို့ 
သူ့ ကို ကျွန်မသားသမီး လေးတွေအတွက်
အဖေ ခေါ်ခ ပေးနေတာပါ
ကျွန်မ ပေးနေရတာ အရက်ဖိုးမဟုတ်ပါဘူး
ကျွန်မ သားလေးတွေ သမီးလေးတွေအတွက်
အဖေ ခေါ်ခ ပေးနေ တာပါ့
အဒေါ်တွေ အစ်မ တွေမှာ
ခေါင်း ငိုက်စိုက် ကျသွား ပါတော့တယ့့်
သူတို့  မှန်တာထက်
မကြည်ပြာက ပိုမှန် ခဲ့ ပြီမဟုတ်လားးးးးးး
ကျွန်တော် ဒီလိုစာတွေကို မရေးချင်ပါဘူး
ဒီစာမျိုးတွေဟာ အဆိပ်အတောက် ဖြစ်သွားတတ်ပါတယ်
အမြင်ကွဲပြားတာ တွေလည်း ရှိနိုင်ပါတယ်
ဘာလို့  လည်းဆိုတော့
ဒီစာဟာ ရသ ပိုင်းကိုမကြည့်ပဲ
သဘာဝ တရားနဲ့ ကြည့်ပါက
တစ်ဖက် စောင်းနင်း နိုင်လွန်းပါတယ့့်
သို့  ပေမဲ့
ဘဝ အခြေအနေရ (ကံအကြောင်းပါလာလို့ )
အင်မတန် ဆိုးသွမ်းသော ယောက်ျားများနဲ့
တွေ့ နေကြရတဲ့
ညီမလေးများ အစ်မ များ အန်တီများ အားလုံးအတွက်
နှစ်လုံးသား အဟာရ တစ်ခု ဖြစ်စေလိုသော ဆန္ဒဖြင့်
ရေးသားလိုက်ပါတယ်
မကြည်ပြာ ပြောတာလေး
အရမ်း လှပ တိကျ လွန်းလှ ပါတယ်
ကျွန်မပေးတဲ့ တစ်နေ့  ၆၀၀ သူ့ဟာသူ
ဘာလုပ် ပြစ်ပြစ်ပါ
ကျွန်မရဲ့ အမေတာဝန်အရ
ကလေးတွေ အဖေခေါ်ခ တစ်တနေ့  ၆၀၀
နေ့ စဉ်ပေးနိုင် ပါတယ် တဲ့
လူသားအားလုံး
သင့်တင့် မျှတသော မိသားစု ဘဝ
ပိုင်ဆိုင်နိုင်ကြပါ စေ
Credit By …. “အတိတ်ခေတ်”
------------------------------
ရပ်ကွက် တစ်ခုမှာ
ကို ထွန်း နဲ့ မကြည်ပြာ ဆိုတဲ့ လင်မယား
သားသမီး သုံးယောက် မွေးဖွားထားတယ်ပေါ့
ကိုထွန်းဟာ အရက်ကျွန် ဖြစ်သွားပြီ
အရက်က လွဲ လို့  သူ့ ဘဝမှာ ဘာမှ မရှိတော့ဘူး
မကြည်ပြာ လည်း သူဂရုမစိုက်တော့
သားသမီး သုံးယောက်လည်း စိတ်မဝင်စားတော့
သူသိတာက
မကြည်ပြာ ထံ မှ ရရှိမဲ့ အရက်ဖိုး မနက် ၂၀၀
နေ့ လည် ၂၀၀ နဲ့ ညနေ ၂၀၀ ဒါပဲ သူ သိတော့တယ် ။
မကြည်ပြာ ကတော့
ခေါင်းရွက် ဗျတ်ထိုး ဈေးသည် ဘဝနဲ့
မိသားစုကို ဦးဆောင်ပြီး ကလေးတွေ
စား စရိတ် ကျောင်းစားရိတ် အပြင် ကိုထွန်း
အရက်ဖိုး ကိုပါ နေ့ စဉ် ပင်ပမ်းကြီးစွာ ရှာဖွေ
နေရ ရှာတယ်
နှစ်တွေကြာလာတော့
လူသားတို့  ထုံးစံ အတိုင်းပေါ့ မကြည်ပြာရဲ့
အစ်မ တွေ အဒေါ်တွေက မကျေနပ် ကြတော့ဘူး
ဒါနဲ့ မကြည်ပြာကို ခေါ်ပြီး ဆူကြတယ်
ညည်း ဒီလောက် ယောက်ျား ရှားနေလား
ညည်း ဒီလောက် ယောက်ျားအပေါ် ချစ်နေလား
ညည်း ဒီလောက် အရှက်မဲ့ နေရလား
ညည်း လုပ်နေပုံက ဆွေမျိုး အသိုင်းအဝိုင်းပါ
သိက္ခာ ကျရတယ်
သူရှိနေလည်း ကိုယ့်ဟာကိုယ် လုပ်စားနေရတယ်
သူမရှိတော့ရင်လည်း ကိုယ့်ဟာကိုယ်လုပ်စားရမှာပဲလေ
ဘာလို့  ဒီလောက် သုံးမရ တဲ့ အရက်သမား ကို
အရက်ဖိုးပေး ရှာကျွေးပြီး သူနှိပ်တာ ခံနေရတာလည့်း့
ညည်း သူနဲ့ မကွာသေးဘူးလာ့း့ ????
မကြည်ပြာကအဒေါ်တွေ အစ်မတွေ ပြောသမျှကို
အေးဆေးစွာနားထောင် ပေးပါတယ်
အဒေါ်တွေ အစ်မတွေ ကျေနပ်အောင်
ပြောကြ ဆိုကြပြီး ပြီဆိုမှ
ကိုထွန်း မရှိရင် ကျွန်မကို ဘယ်သူက
လာလုပ် ကျွေးမှာလည်း
ကိုထွန်းရှိလည်း ကျွန်မ ပဲ ကလေးတွေကို
လုပ်ကျွေး နေရတယ်
ကိုထွန်း မရှိရင်လည်း ကိုယ်တိုင်ပဲ လုပ်စားရမှာပဲ
ကိုယ်တိုင်ပဲ ကလေးတွေကို လုပ်ကျွေးရမှာပဲ လေ
အေး
အဲ့ဒါကြောင့် ညည်းကို သူနဲ့ ကွာခိုင်းတာပေါ့
အဲ့ဒီ ကွာလိုက်တော့ ညည်းသူနှိပ်စက်တာ နဲ့
သူ့ အရက်ဖိုး ရှာပေး နေရတဲ့ ဒုက္ခ လွတ်မသွားဘူးလား
အဒေါ်တို့  အစ်မ တို့  ပြောတာ မှန်ပါတယ်
ဒါပေမဲ့
ကိုထွန်းကို ကျွန်မ မကွဲ နိုင်ပါ ဘူး
ယောက်ျား ရှားလို့ 
ယောက်ျားကို ချစ်လွန်းလို့  ကျွန်မ ဒုက္ခတေ ခံပြီး
သူနဲ့ ပေါင်းနေတာ မဟုတ်ပါ ဘူး
ကျွန်မမွေးထားတဲ့
သားသမီးလေးတွေ သုံးယောက် မှာ
သူများတွေ နဲ့ တန်းတူ အဖေ လို့  ခေါ်ခွင့်ရဖို့ 
သူများကလေးတွေ နဲ့ တန်းတူ
အဖေ လို့ ခေါ် လိုက်ရင် ဟေ လို့  ပြန်ထူးပေးဖို့ 
သူ့ ကို ကျွန်မသားသမီး လေးတွေအတွက်
အဖေ ခေါ်ခ ပေးနေတာပါ
ကျွန်မ ပေးနေရတာ အရက်ဖိုးမဟုတ်ပါဘူး
ကျွန်မ သားလေးတွေ သမီးလေးတွေအတွက်
အဖေ ခေါ်ခ ပေးနေ တာပါ့
အဒေါ်တွေ အစ်မ တွေမှာ
ခေါင်း ငိုက်စိုက် ကျသွား ပါတော့တယ့့်
သူတို့  မှန်တာထက်
မကြည်ပြာက ပိုမှန် ခဲ့ ပြီမဟုတ်လားးးးးးး
ကျွန်တော် ဒီလိုစာတွေကို မရေးချင်ပါဘူး
ဒီစာမျိုးတွေဟာ အဆိပ်အတောက် ဖြစ်သွားတတ်ပါတယ်
အမြင်ကွဲပြားတာ တွေလည်း ရှိနိုင်ပါတယ်
ဘာလို့  လည်းဆိုတော့
ဒီစာဟာ ရသ ပိုင်းကိုမကြည့်ပဲ
သဘာဝ တရားနဲ့ ကြည့်ပါက
တစ်ဖက် စောင်းနင်း နိုင်လွန်းပါတယ့့်
သို့  ပေမဲ့
ဘဝ အခြေအနေရ (ကံအကြောင်းပါလာလို့ )
အင်မတန် ဆိုးသွမ်းသော ယောက်ျားများနဲ့
တွေ့ နေကြရတဲ့
ညီမလေးများ အစ်မ များ အန်တီများ အားလုံးအတွက်
နှစ်လုံးသား အဟာရ တစ်ခု ဖြစ်စေလိုသော ဆန္ဒဖြင့်
ရေးသားလိုက်ပါတယ်
မကြည်ပြာ ပြောတာလေး
အရမ်း လှပ တိကျ လွန်းလှ ပါတယ်
ကျွန်မပေးတဲ့ တစ်နေ့  ၆၀၀ သူ့ဟာသူ
ဘာလုပ် ပြစ်ပြစ်ပါ
ကျွန်မရဲ့ အမေတာဝန်အရ
ကလေးတွေ အဖေခေါ်ခ တစ်တနေ့  ၆၀၀
နေ့ စဉ်ပေးနိုင် ပါတယ် တဲ့
လူသားအားလုံး
သင့်တင့် မျှတသော မိသားစု ဘဝ
ပိုင်ဆိုင်နိုင်ကြပါ စေ
Credit By …. “အတိတ်ခေတ်”
No comments:
Post a Comment