ကန္စြန္းရြက္ ႏွင့္ က်န္းမာေရး တုိင္းရင္းေဆး
-------------------------------------------------
ေရႀကိဳက္ စားသံုး သီးႏွံ ျဖစ္ပါ သည္။ ႐ုကၡ ေဗဒ အမည္မွာ
IPOMOEA REPTANS POIR ျဖစ္ပါသည္။ ကန္စြန္း ရြက္တြင္
ျမန္မာ ကန္စြန္းပင္ ႏွင့္ တ႐ုတ္ ကန္စြန္း ပင္ဟူ၍ ႏွစ္မ်ဳိး ႏွစ္စား
စိုက္ပ်ဳိးပင္၊ အေလ့က်ေပါက္ပင္ အျဖစ္ ယေန႔ စာေရးသူတို႔
စားသံုးၾကေသာ တ႐ုတ္ ကန္စြန္း ၏ အသြင္ သဏၭာန္မွာ အရြက္ႏွင့္
အ႐ိုး ပင္စည္မွာ ႀကီးထြားၿပီး ႏူးညံ့မႈရွိပါသည္။ ျမန္မာ ကန္စြန္း၏
အပင္ အရြယ္အစားႏွင့္ အရြက္မွာ ေသးငယ္လ်က္ ႏူးညံ့မႈ
အေနအထားမ်ား နည္းပါးသည္။ တ႐ုတ္ ကန္စြန္းထက္ ရာသီဥတု
ဒဏ္ကို ပုိမိုခံႏိုင္ရည္ရွိၿပီး လယ္ကြင္းမ်ားတြင္ ေပါက္ေလ့ ရွိေသာ
ကန္စြန္းပင္ကို ျမန္မာလူမ်ဳိးမ်ား ပိုမို ႏွစ္သက္စြာ စားသံုးၾကပါသည္။
♦ ျမန္မာ့ ေဆးက်မ္းမ်ားႏွင့္ အဖြင့္ ♦
ဥတုေဘာဇနက်မ္းႏွင့္ ႐ွဳေတာ္မူေဆးက်မ္းတြင္ ကန္စြန္းရြက္သည္
ခ်ဳိ၏၊ ႏို႔ရည္ကိုတိုးပြား ေစတတ္သည္။ ကုန္းကန္စြန္းရြက္သည္ ခ်ဳိ၊
ငန္ ရသာရွိ၏။ ဝမ္းမီးကိုလည္း ေျဖာင့္ေစ တတ္သည္။ ႐ူးသြပ္ေသာ
အနာ၊ သည္းေျခႏွင့္ ယွဥ္ေသာ အနာတို႔ကို ႏိုင္၏။
အဆိပ္ အေတာက္ တို႔လည္း ေပ်ာက္ေစတတ္၏။ ငန္းမန္းဆိပ္တက္
ေနေသာ အနာကို ဘူးရြက္မ်ားႏွင့္ ေရာစပ္၍ ေရစိမ္ၿပီး အနာကို
ဆြတ္လိမ္းေပးျခင္းအားျဖင့္ ငန္းမန္းနာကို က်ေစႏိုင္သည္ဟု
အဆို ရွိပါသည္။
♦ ေငြကုန္သက္သာ လူက်န္းမာ ♦
ျမန္မာလူမ်ဳိးမ်ားအတြက္ ကန္စြန္းပင္သည္ ေငြကုန္က်မႈ
သက္သာေစေသာ ဟင္းစား တစ္ခြက္ ခႏၶာကုိယ္အတြက္
လိုအပ္ေသာ သက္ေစာင့္ ဓာတ္မ်ားျဖင့္ ႂကြယ္ဝေသာ
ဟင္းစား သီးပင္ ျဖစ္ပါသည္။
♦ ေဘကင္းကြာ စားဖြယ္ဟင္းလ်ာ ♦
ကန္စြန္းရြက္ကို ျမန္မာ့ဟင္းလ်ာ အျဖစ္ ခ်က္ျပဳတ္ စားသံုးရာတြင္
ကန္စြန္းရြက္ကို ပုစြန္၊ ငါးမ်ားႏွင့္ ဟင္းခ်က္စားၾကျခင္း၊ ေၾကာ္ေလွာ္၍
စားၾကျခင္း၊ ျပဳတ္ၿပီး တို႔စားျခင္း၊ လက္သုပ္လုပ္စားသံုးၾကျခင္း၊
ခ်ဥ္ဖတ္ တည္ စားသံုးၾကျခင္း၊ ျပဳတ္၍ သနပ္စံု တြင္ ထည့္စားသံုး
ၾကျခင္း၊ ငါး၊ ပဲ စသည္တို႔ျဖင့္ ငါးေပါင္းေၾကာ္အျဖစ္ စားသံုးၾကျခင္း
စသည္ျဖင့္ အမ်ဳိးမ်ဳိး ခ်က္ျပဳတ္ျပဳလုပ္ စားေသာက္ေနၾကသည္။
အခ်ဳိ႕မွာ အျခား ဟင္းသီး ဟင္းရြက္မ်ားႏွင့္ ေပါင္းစပ္ကာ ခ်က္စား
တတ္ၾကပါသည္။ မိႈဟင္းလ်ာမ်ား စားသံုးရာတြင္ အဆိပ္အေတာက္
မ်ားကို ကင္းေဝးေစရန္ မိႈႏွင့္ ေရာထည့္၍ ခ်က္ျပဳတ္ေလ့
ရွိၾကပါသည္။
♦ ေဆးပညာ၏ အေျခခံဓာတ္မ်ား ♦
ကန္စြန္းဥမ်ားတြင္ ေအး၊ ခ်ဳိ၊ ဆိမ့္၊ ဖန္အရသာမ်ားျဖင့္ ပါဝင္ပါသည္။
ျမန္မာ့ေဆးပညာ ၏ အေျခခံဓာတ္ႀကီးမ်ား ျဖစ္ေသာ ဝါေယာဓာတ္၊
ပထဝီဓာတ္၊ အာေပါဓာတ္ ဦးေဆာင္ေနေသာအပင္ ျဖစ္ေၾကာင္းကို
စာေရးသူ တိုင္းရင္းေဆးပညာသင္စဥ္က ဆရာမ်ားပို႔ခ် ေပးမႈေၾကာင့္
အက်ယ္တဝင့္ သိရွိခဲ့ရေပသည္။ အဆိုပါ ဓာတ္သေဘာမ်ားႏွင့္
ကန္စြန္းရြက္၏ ေဆးဖက္ဝင္ အာနိသင္ မ်ားကို ဆက္လက္ေရးသား
ေဖာ္ျပေပးပါမည္။ စာဖတ္သူမ်ား တိုင္းရင္းေဆးပညာ ေ၀ါဟာရမ်ားႏွင္
ပိုမို၍ သုတႂကြယ္ဝေစရန္ ရည္ရြယ္ ခ်က္ပင္ ျဖစ္ပါသည္။
♦ ပထဝီဓာတ္ ♦
ကန္စြန္းရြက္တြင္ ပထဝီဓာတ္ သည္ အေတာ္အသင့္ ပါဝင္ေလရာ
အပူအေၾကာင္းခံ၍ ျဖစ္တတ္ေသာ ကန္စြန္းရြက္သည္ အပူကို
ၿငိမ္းေအး ေစပါသည္။ ေဆးဝါးဓာတ္စာ အျဖစ္ မၾကာခဏ စားသံုးေပး
သင့္ပါသည္။ ထို႔အျပင္ ခႏၶာကိုယ္ ထြားႀကိဳင္းသန္ စြမ္းမႈကို ျဖစ္ေစၿပီး
အ႐ိုးက်န္းမာေရး အတြက္ ပထဝီဓာတ္မွာ လိုအပ္ေပသည္။
♦ အာေပါဓာတ္ ♦
ျမန္မာ့တိုင္းရင္းေဆး တည္ေဆာက္ပံုအရ ကန္စြန္းရြက္တြင္
အာေပါဓာတ္ အမ်ားဆံုး ပါဝင္ပါသည္။ ကန္စြန္းရြက္တြင္
ေသြးသန္႔ေစကာ ေရာဂါဘယတို႔ကို ကင္းေဝးေစပါသည္။
ဆီးႏွင့္ ဝမ္းကို မွန္ကန္ေစပါသည္။ ခံစားေနရေသာ ဆီးပူ၊ ဆီးနည္း၊
ဆီးခ်ဳပ္ရာတြင္ ကန္စြန္းရြက္ကို ေဆးဝါးဓာတ္စာအျဖစ္ အခ်ဳိအခ်ဥ္
ခ်က္၍ စားေပးႏိုင္ၾကပါသည္။ ဆီးကိုရႊင္ေစကာ ေလသက္အားကို
ပိုမိုေကာင္း မြန္ေစပါသည္။ သဘာဝကေပးေသာ ကန္စြန္းရြက္မွာ
အရည္ရႊမ္းသျဖင့္ အနာတြင္ရွိေနေသာ ငန္းမ်ားကိုလည္း ႏိုင္ေစပါသည္။
အစာလည္းေဆး ေဆးလည္းအစာ ဆို႐ိုးစကားကဲ့သို႔ အက်ဳိးရွိေသာ
အပင္ ျဖစ္ပါသည္။
♦ ဝါေယာဓာတ္ ♦
ကန္စြန္း႐ိုးအတြင္း ဝါေယာဓာတ္ ပါဝင္ကိန္းမ်ားသည္။ သို႔ေသာ္လည္း
ကန္စြန္း႐ိုးမ်ားတြင္ ေလဓာတ္မွာ မ်ားေသာ္လည္း အရသာအားျဖင့္
အခါးဓာတ္ပါဝင္မႈ မထင္ရွားတတ္ေပ။ ထို႔ေၾကာင့္ အေၾကာအား၊
ေလ အားကို ပိုသန္စြမ္းေစသျဖင့္ ကာယ လုပ္သားမ်ားအတြက္
အေၾကာအားတိုး အစားအစာအျဖစ္ ျဖည့္တင္းစားသံုး ေပးႏိုင္ပါသည္။
ထို႔အျပင္ လူတို႔၏ အသက္ရွည္ က်န္းမာေရးအတြက္ လိုအပ္ေသာ
အစာေၾကခ်က္မႈကိုလည္း ေပးေဆာင္ေစပါသည္။
♦ ကန္စြန္းရြက္ႏွင့္ သိပၸံေဆးပညာ၏ အာဟာရဓာတ္မ်ား ♦
ကန္စြန္းရြက္တြင္ ဗီတာမင္ B1 ေရဓာတ္၊ ကယ္လ္စီယမ္၊
ဗီတာမင္ B2 ဗီတာမင္ C ႏွင့္ အျခားသဘာဝဓာတ္မ်ား ပါဝင္
ၾကေပသည္။ ကန္စြန္းရြက္တြင္ ဗီတာမင္ B1 ဓာတ္သည္ အမ်ားဆံုး
ပါဝင္လ်က္ရွိရာ အဆိုပါ အာဟာရဓာတ္သည္ လူခႏၶာကိုယ္ အတြင္း၌
ရွိေသာ အစိတ္အပိုင္းမ်ားကို ႀကီးထြားဖြံ႕ၿဖိဳး သန္မာေစႏိုင္သည္။
အစာကိုလည္း ေၾကလြယ္ေစေသာ စြမ္းအားကို ေပးေဆာင္ႏိုင္သျဖင့္
အစာလမ္းေၾကာင္းတစ္ေလွ်ာက္တြင္ ျဖစ္ေပၚေစတတ္ေသာ အစာအိမ္
ေရာဂါ၊ ဝမ္းနာ၊ ဝမ္းခ်ဳပ္ျခင္းမ်ား ပြားမႈ ဟန္႔တားေပးႏိုင္ပါသည္။
ကယ္လ္စီယမ္ဓာတ္ ပါဝင္မႈေၾကာင့္ သြားမ်ား၊ အ႐ိုးမ်ားကို ႀကံ႕ခိုင္
ေတာင့္တင္းေစႏိုင္ပါသည္။ ကာယလုပ္သားမ်ား ေရြးခ်ယ္
စားသံုးသင့္ေသာ ဓာတ္ပင္ျဖစ္ပါသည္။
♦ ျမန္မာ့ ေဆးနည္းမ်ား ♦
အခ်ဳိ႕ေျခလက္တို႔တြင္ မီးဟပ္ ျခင္း၊ မီးႏွင့္ ထိေတြ႕မိျခင္း၊
မီးေလာင္ ျခင္း၊ အပူေလာင္ျခင္းကို ခံရပါက ကန္စြန္းရြက္ကို
ထုေထာင္း၍ ရရွိေသာ အရည္ကို အိမ္သံုး သၾကားအနည္း ငယ္မွ်
ေရာစပ္၍ လိမ္းေပးႏိုင္ပါသည္။ အပူေလာင္နာ၊ အဖုေပါက္
ေပါက္ျခင္း၊ စပ္ဖ်င္းဖ်င္းျဖစ္ျခင္းကို သက္သာေစၿပီး အနာကို
လ်င္ျမန္စြာ ေပ်ာက္ကင္းေစႏိုင္ပါသည္။
♦ ပန္းညွိဳးပန္းေသ ♦
အိမ္ေထာင္ေရး ျပႆနာကို စတင္ေပၚေပါက္လာေစႏိုင္ေသာ
အမ်ဳိးသားလိင္ပိုင္းဆိုင္ရာေရာဂါျဖစ္သည့္ ပန္းေသပန္းညိႇဳး
ေရာဂါအတြက္ ကာကြယ္ျခင္း၊ ကုသျခင္း ေဆာင္ရြက္ရာတြင္
ဆိတ္သို ကန္စြန္းရြက္ ၾကက္သြန္ျဖဴ ဥတစ္လံုး၊ မၾကာခဏ ႏို႔မွ
ခ်က္ထုတ္ထားေသာ ေထာပတ္ စစ္စစ္တို႔အားလံုးကို ေရာ၍
ေၾကာ္စား ေပးႏိုင္ပါသည္။ အလယ္အလတ္ အသက္အရြယ္သို႔
ေရာက္ရွိလာေနေသာ ကိုေရႊအမ်ဳိးသားမ်ားအတြက္ ဒုကၡေပ်ာက္၍
သုခေရာက္ရွိေစႏိုင္ေသာ ဟင္းလ်ာျဖစ္ပါသည္။ ေရွး ကာမသွ်တၱက်မ္း
မ်ားအရ ဂႏၳဝင္ စံတင္ေလာက္သည့္ လိင္ပိုင္းဆိုင္ရာ စြမ္းအားမ်ားကို
အျပည့္အဝ ေပးႏိုင္ေသာ ဆိတ္သို၊ ၾကက္သြန္ျဖဴ၊ ေထာပတ္တို႕
ပါဝင္ေသာ ကန္စြန္းရြက္ ဝါဇီကရဏ ေဆးဟင္းလ်ာတစ္ခြက္ကို
ျမည္းစမ္းၾကည့္ပါလို႔ အႀကံေပးလိုက္ရပါသည္။
Ref:
(၁) ဥတုေဘာဇန သဂၤဟက်မ္း
(၂) ႐ႈေတာ္မူေတး အဘိဓာန္
(၃) THE KAMA SURTA OF VASTSAYNA BY: PROF.H.S.GAMBERS
(ကန္စြန္း႐ုိးအျဖဴႏွင့္အနီတြင္ အနီသည္ ဆီးအတြက္သင့္ေတာ္ပါေၾကာင္း)
source:ဖားစည္သံ
(ျပန္လည္မွ်ေဝေသာ ပုိ႔စ္)
==============================
ကန်စွန်းရွက် နှင့် ကျန်းမာရေး တိုင်းရင်းဆေး
-------------------------------------------------
ရေကြိုက် စားသုံး သီးနှံ ဖြစ်ပါ သည်။ ရုက္ခ ဗေဒ အမည်မှာ
IPOMOEA REPTANS POIR ဖြစ်ပါသည်။ ကန်စွန်း ရွက်တွင်
မြန်မာ ကန်စွန်းပင် နှင့် တရုတ် ကန်စွန်း ပင်ဟူ၍ နှစ်မျိုး နှစ်စား
စိုက်ပျိုးပင်၊ အလေ့ကျပေါက်ပင် အဖြစ် ယနေ့ စာရေးသူတို့
စားသုံးကြသော တရုတ် ကန်စွန်း ၏ အသွင် သဏ္ဌာန်မှာ အရွက်နှင့်
အရိုး ပင်စည်မှာ ကြီးထွားပြီး နူးညံ့မှုရှိပါသည်။ မြန်မာ ကန်စွန်း၏
အပင် အရွယ်အစားနှင့် အရွက်မှာ သေးငယ်လျက် နူးညံ့မှု
အနေအထားများ နည်းပါးသည်။ တရုတ် ကန်စွန်းထက် ရာသီဥတု
ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပြီး လယ်ကွင်းများတွင် ပေါက်လေ့ ရှိသော
ကန်စွန်းပင်ကို မြန်မာလူမျိုးများ ပိုမို နှစ်သက်စွာ စားသုံးကြပါသည်။
♦ မြန်မာ့ ဆေးကျမ်းများနှင့် အဖွင့် ♦
ဥတုဘောဇနကျမ်းနှင့် ရှုတော်မူဆေးကျမ်းတွင် ကန်စွန်းရွက်သည်
ချို၏၊ နို့ရည်ကိုတိုးပွား စေတတ်သည်။ ကုန်းကန်စွန်းရွက်သည် ချို၊
ငန် ရသာရှိ၏။ ဝမ်းမီးကိုလည်း ဖြောင့်စေ တတ်သည်။ ရူးသွပ်သော
အနာ၊ သည်းခြေနှင့် ယှဉ်သော အနာတို့ကို နိုင်၏။
အဆိပ် အတောက် တို့လည်း ပျောက်စေတတ်၏။ ငန်းမန်းဆိပ်တက်
နေသော အနာကို ဘူးရွက်များနှင့် ရောစပ်၍ ရေစိမ်ပြီး အနာကို
ဆွတ်လိမ်းပေးခြင်းအားဖြင့် ငန်းမန်းနာကို ကျစေနိုင်သည်ဟု
အဆို ရှိပါသည်။
♦ ငွေကုန်သက်သာ လူကျန်းမာ ♦
မြန်မာလူမျိုးများအတွက် ကန်စွန်းပင်သည် ငွေကုန်ကျမှု
သက်သာစေသော ဟင်းစား တစ်ခွက် ခန္ဓာကိုယ်အတွက်
လိုအပ်သော သက်စောင့် ဓာတ်များဖြင့် ကြွယ်ဝသော
ဟင်းစား သီးပင် ဖြစ်ပါသည်။
♦ ဘေကင်းကွာ စားဖွယ်ဟင်းလျာ ♦
ကန်စွန်းရွက်ကို မြန်မာ့ဟင်းလျာ အဖြစ် ချက်ပြုတ် စားသုံးရာတွင်
ကန်စွန်းရွက်ကို ပုစွန်၊ ငါးများနှင့် ဟင်းချက်စားကြခြင်း၊ ကြော်လှော်၍
စားကြခြင်း၊ ပြုတ်ပြီး တို့စားခြင်း၊ လက်သုပ်လုပ်စားသုံးကြခြင်း၊
ချဉ်ဖတ် တည် စားသုံးကြခြင်း၊ ပြုတ်၍ သနပ်စုံ တွင် ထည့်စားသုံး
ကြခြင်း၊ ငါး၊ ပဲ စသည်တို့ဖြင့် ငါးပေါင်းကြော်အဖြစ် စားသုံးကြခြင်း
စသည်ဖြင့် အမျိုးမျိုး ချက်ပြုတ်ပြုလုပ် စားသောက်နေကြသည်။
အချို့မှာ အခြား ဟင်းသီး ဟင်းရွက်များနှင့် ပေါင်းစပ်ကာ ချက်စား
တတ်ကြပါသည်။ မှိုဟင်းလျာများ စားသုံးရာတွင် အဆိပ်အတောက်
များကို ကင်းဝေးစေရန် မှိုနှင့် ရောထည့်၍ ချက်ပြုတ်လေ့
ရှိကြပါသည်။
♦ ဆေးပညာ၏ အခြေခံဓာတ်များ ♦
ကန်စွန်းဥများတွင် အေး၊ ချို၊ ဆိမ့်၊ ဖန်အရသာများဖြင့် ပါဝင်ပါသည်။
မြန်မာ့ဆေးပညာ ၏ အခြေခံဓာတ်ကြီးများ ဖြစ်သော ဝါယောဓာတ်၊
ပထဝီဓာတ်၊ အာပေါဓာတ် ဦးဆောင်နေသောအပင် ဖြစ်ကြောင်းကို
စာရေးသူ တိုင်းရင်းဆေးပညာသင်စဉ်က ဆရာများပို့ချ ပေးမှုကြောင့်
အကျယ်တဝင့် သိရှိခဲ့ရပေသည်။ အဆိုပါ ဓာတ်သဘောများနှင့်
ကန်စွန်းရွက်၏ ဆေးဖက်ဝင် အာနိသင် များကို ဆက်လက်ရေးသား
ဖော်ပြပေးပါမည်။ စာဖတ်သူများ တိုင်းရင်းဆေးပညာ ဝေါဟာရများနှင်
ပိုမို၍ သုတကြွယ်ဝစေရန် ရည်ရွယ် ချက်ပင် ဖြစ်ပါသည်။
♦ ပထဝီဓာတ် ♦
ကန်စွန်းရွက်တွင် ပထဝီဓာတ် သည် အတော်အသင့် ပါဝင်လေရာ
အပူအကြောင်းခံ၍ ဖြစ်တတ်သော ကန်စွန်းရွက်သည် အပူကို
ငြိမ်းအေး စေပါသည်။ ဆေးဝါးဓာတ်စာ အဖြစ် မကြာခဏ စားသုံးပေး
သင့်ပါသည်။ ထို့အပြင် ခန္ဓာကိုယ် ထွားကြိုင်းသန် စွမ်းမှုကို ဖြစ်စေပြီး
အရိုးကျန်းမာရေး အတွက် ပထဝီဓာတ်မှာ လိုအပ်ပေသည်။
♦ အာပေါဓာတ် ♦
မြန်မာ့တိုင်းရင်းဆေး တည်ဆောက်ပုံအရ ကန်စွန်းရွက်တွင်
အာပေါဓာတ် အများဆုံး ပါဝင်ပါသည်။ ကန်စွန်းရွက်တွင်
သွေးသန့်စေကာ ရောဂါဘယတို့ကို ကင်းဝေးစေပါသည်။
ဆီးနှင့် ဝမ်းကို မှန်ကန်စေပါသည်။ ခံစားနေရသော ဆီးပူ၊ ဆီးနည်း၊
ဆီးချုပ်ရာတွင် ကန်စွန်းရွက်ကို ဆေးဝါးဓာတ်စာအဖြစ် အချိုအချဉ်
ချက်၍ စားပေးနိုင်ကြပါသည်။ ဆီးကိုရွှင်စေကာ လေသက်အားကို
ပိုမိုကောင်း မွန်စေပါသည်။ သဘာဝကပေးသော ကန်စွန်းရွက်မှာ
အရည်ရွှမ်းသဖြင့် အနာတွင်ရှိနေသော ငန်းများကိုလည်း နိုင်စေပါသည်။
အစာလည်းဆေး ဆေးလည်းအစာ ဆိုရိုးစကားကဲ့သို့ အကျိုးရှိသော
အပင် ဖြစ်ပါသည်။
♦ ဝါယောဓာတ် ♦
ကန်စွန်းရိုးအတွင်း ဝါယောဓာတ် ပါဝင်ကိန်းများသည်။ သို့သော်လည်း
ကန်စွန်းရိုးများတွင် လေဓာတ်မှာ များသော်လည်း အရသာအားဖြင့်
အခါးဓာတ်ပါဝင်မှု မထင်ရှားတတ်ပေ။ ထို့ကြောင့် အကြောအား၊
လေ အားကို ပိုသန်စွမ်းစေသဖြင့် ကာယ လုပ်သားများအတွက်
အကြောအားတိုး အစားအစာအဖြစ် ဖြည့်တင်းစားသုံး ပေးနိုင်ပါသည်။
ထို့အပြင် လူတို့၏ အသက်ရှည် ကျန်းမာရေးအတွက် လိုအပ်သော
အစာကြေချက်မှုကိုလည်း ပေးဆောင်စေပါသည်။
♦ ကန်စွန်းရွက်နှင့် သိပ္ပံဆေးပညာ၏ အာဟာရဓာတ်များ ♦
ကန်စွန်းရွက်တွင် ဗီတာမင် B1 ရေဓာတ်၊ ကယ်လ်စီယမ်၊
ဗီတာမင် B2 ဗီတာမင် C နှင့် အခြားသဘာဝဓာတ်များ ပါဝင်
ကြပေသည်။ ကန်စွန်းရွက်တွင် ဗီတာမင် B1 ဓာတ်သည် အများဆုံး
ပါဝင်လျက်ရှိရာ အဆိုပါ အာဟာရဓာတ်သည် လူခန္ဓာကိုယ် အတွင်း၌
ရှိသော အစိတ်အပိုင်းများကို ကြီးထွားဖွံ့ဖြိုး သန်မာစေနိုင်သည်။
အစာကိုလည်း ကြေလွယ်စေသော စွမ်းအားကို ပေးဆောင်နိုင်သဖြင့်
အစာလမ်းကြောင်းတစ်လျှောက်တွင် ဖြစ်ပေါ်စေတတ်သော အစာအိမ်
ရောဂါ၊ ဝမ်းနာ၊ ဝမ်းချုပ်ခြင်းများ ပွားမှု ဟန့်တားပေးနိုင်ပါသည်။
ကယ်လ်စီယမ်ဓာတ် ပါဝင်မှုကြောင့် သွားများ၊ အရိုးများကို ကြံ့ခိုင်
တောင့်တင်းစေနိုင်ပါသည်။ ကာယလုပ်သားများ ရွေးချယ်
စားသုံးသင့်သော ဓာတ်ပင်ဖြစ်ပါသည်။
♦ မြန်မာ့ ဆေးနည်းများ ♦
အချို့ခြေလက်တို့တွင် မီးဟပ် ခြင်း၊ မီးနှင့် ထိတွေ့မိခြင်း၊
မီးလောင် ခြင်း၊ အပူလောင်ခြင်းကို ခံရပါက ကန်စွန်းရွက်ကို
ထုထောင်း၍ ရရှိသော အရည်ကို အိမ်သုံး သကြားအနည်း ငယ်မျှ
ရောစပ်၍ လိမ်းပေးနိုင်ပါသည်။ အပူလောင်နာ၊ အဖုပေါက်
ပေါက်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်းကို သက်သာစေပြီး အနာကို
လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါသည်။
♦ ပန်းညှိုးပန်းသေ ♦
အိမ်ထောင်ရေး ပြဿနာကို စတင်ပေါ်ပေါက်လာစေနိုင်သော
အမျိုးသားလိင်ပိုင်းဆိုင်ရာရောဂါဖြစ်သည့် ပန်းသေပန်းညှိုး
ရောဂါအတွက် ကာကွယ်ခြင်း၊ ကုသခြင်း ဆောင်ရွက်ရာတွင်
ဆိတ်သို ကန်စွန်းရွက် ကြက်သွန်ဖြူ ဥတစ်လုံး၊ မကြာခဏ နို့မှ
ချက်ထုတ်ထားသော ထောပတ် စစ်စစ်တို့အားလုံးကို ရော၍
ကြော်စား ပေးနိုင်ပါသည်။ အလယ်အလတ် အသက်အရွယ်သို့
ရောက်ရှိလာနေသော ကိုရွှေအမျိုးသားများအတွက် ဒုက္ခပျောက်၍
သုခရောက်ရှိစေနိုင်သော ဟင်းလျာဖြစ်ပါသည်။ ရှေး ကာမသျှတ္တကျမ်း
များအရ ဂန္ထဝင် စံတင်လောက်သည့် လိင်ပိုင်းဆိုင်ရာ စွမ်းအားများကို
အပြည့်အဝ ပေးနိုင်သော ဆိတ်သို၊ ကြက်သွန်ဖြူ၊ ထောပတ်တို့
ပါဝင်သော ကန်စွန်းရွက် ဝါဇီကရဏ ဆေးဟင်းလျာတစ်ခွက်ကို
မြည်းစမ်းကြည့်ပါလို့ အကြံပေးလိုက်ရပါသည်။
Ref:
(၁) ဥတုဘောဇန သင်္ဂဟကျမ်း
(၂) ရှုတော်မူတေး အဘိဓာန်
(၃) THE KAMA SURTA OF VASTSAYNA BY: PROF.H.S.GAMBERS
(ကန်စွန်းရိုးအဖြူနှင့်အနီတွင် အနီသည် ဆီးအတွက်သင့်တော်ပါကြောင်း)
source:ဖားစည်သံ
(ပြန်လည်မျှဝေသော ပို့စ်)
No comments:
Post a Comment