မ်ိဳးသုဥ္းေတာ့မည့္ ရွားပါးတိရစၧာန္မ်ားကို
ခ်က္ျပဳတ္စားသုံးျပကာ You Tube တြင္
ဝင္ေငြရွာေနသည့္စုံတြဲ ဖမ္းဆီးအေရးယူခံရ
--------------------------------------------------
ကေမၻာဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕ေန ဇနီးေမာင္ႏွံစုံတြဲတစ္တြဲက
မ်ိဳးသုဥ္း ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ ရွားပါး တိရစၧာန္ေတြကို
ခ်က္ျပဳတ္ စားသုံးျပတာကို ဗီဒီယို႐ိုက္ကူး မွတ္တမ္းတင္ၿပီး
YouTube မွာ ဗီဒီယိုတင္ကာ ဝင္ေငြရွာ ေနခဲ့တာေၾကာင့္
ကေမၻာဒီးယားအာဏာပိုင္ေတြရဲ႕ ဖမ္းဆီးအေရးယူ
ခံလိုက္ရတယ္ လို႔သိရပါတယ္။
ခင္ပြန္းသည္ ေဖာင္ ရာတီနဲ႔ ဇနီးျဖစ္သူအာလင္တုခ္်တို႔က
ေတာတြင္းမွာ အသက္ရွင္ေနထိုင္ဖို႔ ႐ုန္းကန္ရွာေဖြစားေသာက္
သူမ်ားအေနနဲ႔ ရွားပါးတိရစၧာန္အမ်ိဳးမ်ိဳးကို ခ်က္ျပဳတ္ စားေသာက္
ျပတဲ့ဗီဒီယို႐ိုက္ကူးကာ YouTube မွာတင္ခဲ့ေပမယ့္ ေတာတြင္းမွာ
တကယ့္ကို မျဖစ္မေနအသက္ရွင္ဖို႔ ႐ုန္းကန္တာမ်ိဳးမဟုတ္ဘဲ
ဖႏြမ္းပင္ၿမိဳ႕က သူတို႔ရဲ႕ေနအိမ္အနီးမွာပဲ ႐ိုက္ကူးေနၾက တာလို႔
ေဖာ္ထုတ္ေျပာၾကားလာတာေတြ ရွိခဲ့တာေၾကာင့္ ကေမၻာဒီးယား
သဘာ၀ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန က သူတို႔စုံတြဲ
အေၾကာင္း စုံစမ္းစစ္ေဆးခဲ့ၿပီး ဖမ္းဆီးအေရးယူခဲ့တာျဖစ္ပါတယ္။
ရွားပါးေနၿပီး ထိန္းသိမ္းေစာင့္ေရွာက္ရမယ့္ ေတာေၾကာင္၊
ဧရာမပုတ္သင္ေတြ အပါအဝင္ ေတာႀကီးေႁမြေဟာက္၊ ငါးမန္း၊
ငါးလက္ထုံ၊ ဖား၊ ငဟစ္ငွက္နဲ႔ ရွားပါးငွက္ေတြကို ဒီစုံတြဲက
ခ်က္ျပဳတ္ စားေသာက္ခဲ့တာျဖစ္ၿပီး ဒီလုပ္ရပ္ေတြ အတြက္
တရားဥပေဒနဲ႔အညီ အေရးယူဖို႔ တာဝန္ရွိအဖြဲ႕ေတြ
စုံစမ္းစစ္ေဆးမႈေတြ စတင္လုပ္ေဆာင္ေနၾကၿပီလို႔ သဘာ၀
ပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရး ဝန္ႀကီးဌာန
အေထြေထြၫႊန္ၾကားေရးမႉး ခ်ီယာဆန္အန္းက ဆိုပါတယ္။
ဒီအေကာင္ေတြကို ကိုယ္တိုင္ဖမ္းဆီးခဲ့တာ မဟုတ္ဘဲ
ဖႏြမ္းပင္က ေဈးတစ္ေဈးမွာပဲ ဝယ္ယူခဲ့တာလို႔ ဒီစုံတြဲက
ထြက္ဆိုထားခဲ့ ေပမယ့္ အေသအခ်ာစစ္ေဆးၿပီး အျပစ္ရွိ
သူေတြကို တရားဥပေဒအတိုင္းအေရး ယူသြားမွာျဖစ္တယ္လို႔
ခ်ီယာဆန္အန္းက ဆိုပါတယ္။
သံသာ (pyimyanmar)
(Metro, 21.5.18)
=======================
မျိုးသုဉ်းတော့မည့် ရှားပါးတိရစ္ဆာန်များကို
ချက်ပြုတ်စားသုံးပြကာ You Tube တွင်
ဝင်ငွေရှာနေသည့်စုံတွဲ ဖမ်းဆီးအရေးယူခံရ
--------------------------------------------------
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့နေ ဇနီးမောင်နှံစုံတွဲတစ်တွဲက
မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှားပါး တိရစ္ဆာန်တွေကို
ချက်ပြုတ် စားသုံးပြတာကို ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ပြီး
YouTube မှာ ဗီဒီယိုတင်ကာ ဝင်ငွေရှာ နေခဲ့တာကြောင့်
ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ဖမ်းဆီးအရေးယူ
ခံလိုက်ရတယ် လို့သိရပါတယ်။
ခင်ပွန်းသည် ဖောင် ရာတီနဲ့ ဇနီးဖြစ်သူအာလင်တုခ်ျတို့က
တောတွင်းမှာ အသက်ရှင်နေထိုင်ဖို့ ရုန်းကန်ရှာဖွေစားသောက်
သူများအနေနဲ့ ရှားပါးတိရစ္ဆာန်အမျိုးမျိုးကို ချက်ပြုတ် စားသောက်
ပြတဲ့ဗီဒီယိုရိုက်ကူးကာ YouTube မှာတင်ခဲ့ပေမယ့် တောတွင်းမှာ
တကယ့်ကို မဖြစ်မနေအသက်ရှင်ဖို့ ရုန်းကန်တာမျိုးမဟုတ်ဘဲ
ဖနွမ်းပင်မြို့က သူတို့ရဲ့နေအိမ်အနီးမှာပဲ ရိုက်ကူးနေကြ တာလို့
ဖော်ထုတ်ပြောကြားလာတာတွေ ရှိခဲ့တာကြောင့် ကမ္ဘောဒီးယား
သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က သူတို့စုံတွဲ
အကြောင်း စုံစမ်းစစ်ဆေးခဲ့ပြီး ဖမ်းဆီးအရေးယူခဲ့တာဖြစ်ပါတယ်။
ရှားပါးနေပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် တောကြောင်၊
ဧရာမပုတ်သင်တွေ အပါအဝင် တောကြီးမြွေဟောက်၊ ငါးမန်း၊
ငါးလက်ထုံ၊ ဖား၊ ငဟစ်ငှက်နဲ့ ရှားပါးငှက်တွေကို ဒီစုံတွဲက
ချက်ပြုတ် စားသောက်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်တွေ အတွက်
တရားဥပဒေနဲ့အညီ အရေးယူဖို့ တာဝန်ရှိအဖွဲ့တွေ
စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေကြပြီလို့ သဘာ၀
ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဌာန
အထွေထွေညွှန်ကြားရေးမှူး ချီယာဆန်အန်းက ဆိုပါတယ်။
ဒီအကောင်တွေကို ကိုယ်တိုင်ဖမ်းဆီးခဲ့တာ မဟုတ်ဘဲ
ဖနွမ်းပင်က ဈေးတစ်ဈေးမှာပဲ ဝယ်ယူခဲ့တာလို့ ဒီစုံတွဲက
ထွက်ဆိုထားခဲ့ ပေမယ့် အသေအချာစစ်ဆေးပြီး အပြစ်ရှိ
သူတွေကို တရားဥပဒေအတိုင်းအရေး ယူသွားမှာဖြစ်တယ်လို့
ချီယာဆန်အန်းက ဆိုပါတယ်။
သံသာ (pyimyanmar)
(Metro, 21.5.18)
No comments:
Post a Comment