မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Wednesday, September 2, 2020
--------------------------------------------
ဖြစ်သည်။ 
တွေ့ရမည်ဖြစ်သည်။ 
ဆိုသည်။
ချယ်ရီ (pyimyanmar)
(DM, 19.5.18)
=============================
ကြောင်မွေးအင်္ကျ ီများကို တရုတ်တွင်
တွင်တွင်ကျယ်ကျယ် ရောင်းချနေ
--------------------------------------------
ကြောင်မွေးအင်္ကျ ီများကို တရုတ်ရှိ လမ်းဘေးဈေးများတွင်
၃၅ ဒေါ်လာဖြင့် ရောင်းချနေသည်။ ကျားလက်သည်းများနှင့်
အခြားသော မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်များ၏ ခန္ဓာကိုယ်
အစိတ်အပိုင်းများကိုလည်း တရုတ်ရှိ မွန်ဂိုလီးယားဒေသ၊
ဟိုဟော့တ်ဒေသတွင် တွင်တွင်ကျယ်ကျယ် ရောင်းချနေခြင်း
ဖြစ်သည်။ 
ဘေဂျင်းမြို့မှ ကားဖြင့် ငါးနာရီမျှသာ သွားရသည့် ထိုနေရာသည်
မြို့ကြီးပြကြီးများနှင့် ကမ္ဘာခြားနေသကဲ့သို့ ဖြစ်နေသည်။ ထိုနေရာ
တွင် ကြောင်လည်း အလွန်ရှားသည်။ ထို့ကြောင့် ယင်းဒေသတွင် 
ကြောင်မွေးအင်္ကျ ီများ လူကြိုက်များခြင်း ဖြစ်ပေလိမ့်မည်။
ထိုနေရာတွင် ကြောင်မွေးအင်္ကျ ီရောင်စုံကို တွေ့မြင်ရမည်ဖြစ်သည်။
"ကြောင်မွေးစစ်စစ်များဖြစ်သည် မဝယ်လျှင် မထိရ" ဟူသော
သတိပေးစာသားများကိုလည်း ထိုအင်္ကျ ီများ အနီးတွင် 
တွေ့ရမည်ဖြစ်သည်။ 
နှစ်စဉ် တရုတ်တွင် မရေမတွက်နိုင်သည့် ကြောင်များ ပျောက်ဆုံး
နေကြောင်း၊ အဆိုပါကြောင်များ၏ အမွေးများသည် အင်္ကျ ီများ
ဖြစ်ကုန်ခြင်းဖြစ်ကြောင်း၊ အချို့ကြောင်မွေးများမှာလည်း
နိုင်ငံရပ်ခြားသို့ ရောက်ကုန်ကြောင်း တိရစ္ဆာန်များကို ကောင်းမွန်စွာ
ပြုမူဆက်ဆံရေးအဖွဲ့မှ ညွှန်ကြားရေးမှူး အီလီဆာ အယ်လန် က
ဆိုသည်။
ချယ်ရီ (pyimyanmar)
(DM, 19.5.18)
No comments:
Post a Comment