"၂၀၂၂ ခုႏွစ္မွာ စတင္ဖြင့္လွစ္မယ့္
ပစိဖိတ္သမုဒၵရာထဲက ကမာၻ႔ ပထမဦးဆံုး ေရေပၚႏိုင္ငံ"
------------------------------------------------------------
၂၀၂၂ ခုႏွစ္မွာ စတင္ဖြင့္လွစ္မယ့္ ပစိဖိိတ္သမုဒၵရာထဲက
ကမာၻ႔ ပထမဦးဆံုး ေရေပၚႏိုင္ငံငယ္ေလးမွာ ကိုယ္ပိုင္အစိုးရအဖြဲ႔နဲ႔
အုပ္ခ်ဳပ္မွာျဖစ္ၿပီး ကိုယ္ပိုင္ေငြေၾကးေတြကို သံုးစြဲမွာ ျဖစ္တယ္လို႔
ဆိုပါတယ္။ ပိုလီနီးရွားႏိုင္ငံ တာဟီတီ ကၽြန္းကေလးေပၚမွာ
တည္ေဆာက္ေနတဲ့ ဒီႏိုင္ငံငယ္ကေလးဟာ အစိုးရရဲ႕ စည္းမ်ဥ္း
စည္းကမ္းဥပေဒေတြနဲ႔ု အုပ္ခ်ဳပ္မွာ မဟုတ္ဘဲ ကိုယ္ပိုင္ဥပေဒေတြ၊
စည္းမ်ဥ္းစည္းကမ္းေတြကို ခ်မွတ္သြားမွာ ျဖစ္ပါတယ္။ PayPal ရဲ႕
တည္ေထာင္သူ Peter Thiel၊ Blue Frontiers ကုမၸဏီနဲ႔
Seasteading အဖြဲ႔အစည္းတို႔က ေထာက္ပံ့ေပးထားတဲ့
ေဒၚလာ သန္း ၅၀ တန္ ဒီစီမံကိန္းဟာ ပိုလီနီးရွားအစိုးရနဲ႔
ပထမဦးဆုံးအႀကိမ္ပူးေပါင္းျပဳလုပ္တဲ့ စမ္းသပ္စီမံကိန္းတစ္ခုလည္း
ျဖစ္ပါတယ္။
ပစိဖိတ္သမုဒၵရာထဲမွာ တည္ေဆာက္ထားတဲ့ ဒီကၽြန္းႏိုင္ငံ
ငယ္ေလးေပၚမွာ ဟိုတယ္၊ စားေသာက္ဆိုင္၊ ရံုးခန္းေတြအပါအ၀င္
လူေနအိမ္ေပါင္း ၃၀၀ လည္း ပါ၀င္မွာ ျဖစ္ပါတယ္။ ဒီကၽြန္းႏိုင္ငံ
ေလးဟာ ျပင္ပက ႏိုင္ငံေရးအရႈပ္အေထြးေတြမရွိဘဲ တစ္ေန႔ေန႔
မွာေတာ့ ဒီေနရာမွာ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ အိမ္ယာ
ဆံုးရံႈးခဲ့ရသူေတြကုိ ေနထိုင္စရာေနရာ ေပးႏိုင္ေတာ့မယ္လို႔
ေရေပၚႏိုင္ငံစီမံကိန္းကို အေကာင္အထည္ေဖာ္ေနသူ ႏိုင္ငံေရး
သိပၸံပညာရွင္ Nathalie Mezza-Garcia က ဆိုပါတယ္။
ပိုလီနီးရွားႏိုင္ငံက ကၽြန္းကေလးေတြဟာ သႏၱာေက်ာက္ေတြေပၚမွာ
တည္ရွိေနၾကတာျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တတ္လာတဲ့အခါမွာ
တခ်ဳိ႕ကၽြန္းကေတြကို ေရေတြဖံုးလႊမ္းသြားတတ္ပါတယ္။
အခုတည္ေဆာက္ေနတဲ့ ပထမဦးဆံုး စီမံကိန္းဟာ အလုပ္ျဖစ္ၿပီဆိုရင္
တျခားကၽြန္းေတြမွာလည္း ဒီလိုစီမံကိန္းေတြတည္ေဆာက္ၿပီး
ရာသီဥတုေဘးဒါဏ္ခံရတဲ့ ျပည္သူေတြအတြက္ ေနစရာ အိမ္ေတြကို
ေထာက္ပံ့ေပးႏိုင္မွာ ျဖစ္တယ္လို႔ Mezza-Garcia က ဆက္ေျပာပါတယ္။
ဒီစီမံကိန္းဟာ ၂၀၂၂ ခုႏွစ္မွာ ၿပီးဆံုးမယ္လို႔ ခန္႔မွန္းၿပီး ေဆာက္လုပ္မႈ
ကုန္ကစရိတ္ စုစုေပါင္း ေဒၚလာ သန္း၅၀ ခန္႔ ကုန္က်မယ္လို႔ ခန္႔မွန္း
ၾကပါတယ္။ ကၽြန္းေပၚက အေဆာက္အဦးေတြကို အစိမ္းေရာင္
အမိုးေတြနဲ႔ မိုးထားမွာျဖစ္ၿပီး သစ္ပင္ပန္းမံေတြနဲ႔ အလွဆင္ထားမွာ
ျဖစ္ကာ ၀ါး၊ အုန္းဆံႀကိဳး၊ သစ္သား၊ ျပန္လည္အသံုးျပဳႏိုင္မယ့္
သတၱဳေတြ၊ ပလက္စတစ္ေတြကို သံုးၿပီး တည္ေဆာက္သြားမွာ
ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီႏိုင္ငံငယ္ေလးဟာ ကိုယ္ပိုင္ဥပေဒသေတြနဲ႔
လည္ပတ္ၿပီး ႏိုင္ငံတကာေရပိုင္နက္ထဲမွာ တည္ရွိေနမယ့္
ေရေပၚႏိုင္ငံငယ္ေလးျဖစ္လာမွာျဖစ္တယ္လို႔ ဆိုပါတယ္။
ေနာက္ပိုင္းမွာေတာ့ ဒီလိုကၽြန္းေပါင္း ရာနဲ႔ခ်ီတည္ေဆာက္ဖို႔
အစီအစဥ္ရွိပါတယ္လို႔လည္း ဆိုပါတယ္။ ကၽြန္းတစ္ကၽြန္းရဲ႕
စီမံအုပ္ခ်ဳပ္မႈေအာက္မွာ မေနခ်င္ေတာ့ဘူးဆိုရင္ ကိုယ္ေနထိုင္တဲ့
အိမ္ကို တျခားကၽြန္းတစ္ကၽြန္းဆီကို သယ္ယူပို႔ေဆာင္လို႔လည္း
ရပါတယ္။ ဒီစီမံကိန္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ တည္ရွိေနတဲ့
သဘာ၀ပတ္သ၀န္းက်င္ကို ထိခိုက္မႈ မရွိေစဘဲ လူေတြဟာ
သဘာ၀တရာႀကီးနဲ႔အတူ ဟန္ခ်က္ညီညီ အတူယွဥ္တြဲေနထိုင္ႏိုင္ဖို႔
ဖြံ႔ၿဖိဳးမႈလုပ္ငန္းေတြကို ျပဳလုပ္ဖို႔ ရည္ရြယ္တာျဖစ္ပါတယ္။
REF_ ျမစ္မခ
source:ျပည္ျမန္မာ
link -
===============================
"၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့်
ပစိဖိတ်သမုဒ္ဒရာထဲက ကမ္ဘာ့ ပထမဦးဆုံး ရေပေါ်နိုင်ငံ"
------------------------------------------------------------
၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့် ပစိဖိတ်သမုဒ္ဒရာထဲက
ကမ္ဘာ့ ပထမဦးဆုံး ရေပေါ်နိုင်ငံငယ်လေးမှာ ကိုယ်ပိုင်အစိုးရအဖွဲ့နဲ့
အုပ်ချုပ်မှာဖြစ်ပြီး ကိုယ်ပိုင်ငွေကြေးတွေကို သုံးစွဲမှာ ဖြစ်တယ်လို့
ဆိုပါတယ်။ ပိုလီနီးရှားနိုင်ငံ တာဟီတီ ကျွန်းကလေးပေါ်မှာ
တည်ဆောက်နေတဲ့ ဒီနိုင်ငံငယ်ကလေးဟာ အစိုးရရဲ့ စည်းမျဉ်း
စည်းကမ်းဥပဒေတွေနဲ့ု အုပ်ချုပ်မှာ မဟုတ်ဘဲ ကိုယ်ပိုင်ဥပဒေတွေ၊
စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်သွားမှာ ဖြစ်ပါတယ်။ PayPal ရဲ့
တည်ထောင်သူ Peter Thiel၊ Blue Frontiers ကုမ္ပဏီနဲ့
Seasteading အဖွဲ့အစည်းတို့က ထောက်ပံ့ပေးထားတဲ့
ဒေါ်လာ သန်း ၅၀ တန် ဒီစီမံကိန်းဟာ ပိုလီနီးရှားအစိုးရနဲ့
ပထမဦးဆုံးအကြိမ်ပူးပေါင်းပြုလုပ်တဲ့ စမ်းသပ်စီမံကိန်းတစ်ခုလည်း
ဖြစ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ဆောက်ထားတဲ့ ဒီကျွန်းနိုင်ငံ
ငယ်လေးပေါ်မှာ ဟိုတယ်၊ စားသောက်ဆိုင်၊ ရုံးခန်းတွေအပါအဝင်
လူနေအိမ်ပေါင်း ၃၀၀ လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီကျွန်းနိုင်ငံ
လေးဟာ ပြင်ပက နိုင်ငံရေးအရှုပ်အထွေးတွေမရှိဘဲ တစ်နေ့နေ့
မှာတော့ ဒီနေရာမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် အိမ်ယာ
ဆုံးရှုံးခဲ့ရသူတွေကို နေထိုင်စရာနေရာ ပေးနိုင်တော့မယ်လို့
ရေပေါ်နိုင်ငံစီမံကိန်းကို အကောင်အထည်ဖော်နေသူ နိုင်ငံရေး
သိပ္ပံပညာရှင် Nathalie Mezza-Garcia က ဆိုပါတယ်။
ပိုလီနီးရှားနိုင်ငံက ကျွန်းကလေးတွေဟာ သန္တာကျောက်တွေပေါ်မှာ
တည်ရှိနေကြတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တတ်လာတဲ့အခါမှာ
တချို့ကျွန်းကတွေကို ရေတွေဖုံးလွှမ်းသွားတတ်ပါတယ်။
အခုတည်ဆောက်နေတဲ့ ပထမဦးဆုံး စီမံကိန်းဟာ အလုပ်ဖြစ်ပြီဆိုရင်
တခြားကျွန်းတွေမှာလည်း ဒီလိုစီမံကိန်းတွေတည်ဆောက်ပြီး
ရာသီဥတုဘေးဒါဏ်ခံရတဲ့ ပြည်သူတွေအတွက် နေစရာ အိမ်တွေကို
ထောက်ပံ့ပေးနိုင်မှာ ဖြစ်တယ်လို့ Mezza-Garcia က ဆက်ပြောပါတယ်။
ဒီစီမံကိန်းဟာ ၂၀၂၂ ခုနှစ်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းပြီး ဆောက်လုပ်မှု
ကုန်ကစရိတ် စုစုပေါင်း ဒေါ်လာ သန်း၅၀ ခန့် ကုန်ကျမယ်လို့ ခန့်မှန်း
ကြပါတယ်။ ကျွန်းပေါ်က အဆောက်အဦးတွေကို အစိမ်းရောင်
အမိုးတွေနဲ့ မိုးထားမှာဖြစ်ပြီး သစ်ပင်ပန်းမံတွေနဲ့ အလှဆင်ထားမှာ
ဖြစ်ကာ ဝါး၊ အုန်းဆံကြိုး၊ သစ်သား၊ ပြန်လည်အသုံးပြုနိုင်မယ့်
သတ္တုတွေ၊ ပလက်စတစ်တွေကို သုံးပြီး တည်ဆောက်သွားမှာ
ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနိုင်ငံငယ်လေးဟာ ကိုယ်ပိုင်ဥပဒေသတွေနဲ့
လည်ပတ်ပြီး နိုင်ငံတကာရေပိုင်နက်ထဲမှာ တည်ရှိနေမယ့်
ရေပေါ်နိုင်ငံငယ်လေးဖြစ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ဒီလိုကျွန်းပေါင်း ရာနဲ့ချီတည်ဆောက်ဖို့
အစီအစဉ်ရှိပါတယ်လို့လည်း ဆိုပါတယ်။ ကျွန်းတစ်ကျွန်းရဲ့
စီမံအုပ်ချုပ်မှုအောက်မှာ မနေချင်တော့ဘူးဆိုရင် ကိုယ်နေထိုင်တဲ့
အိမ်ကို တခြားကျွန်းတစ်ကျွန်းဆီကို သယ်ယူပို့ဆောင်လို့လည်း
ရပါတယ်။ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ တည်ရှိနေတဲ့
သဘာဝပတ်သဝန်းကျင်ကို ထိခိုက်မှု မရှိစေဘဲ လူတွေဟာ
သဘာဝတရာကြီးနဲ့အတူ ဟန်ချက်ညီညီ အတူယှဉ်တွဲနေထိုင်နိုင်ဖို့
ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ပြုလုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
REF_ မြစ်မခ
source:ပြည်မြန်မာ
link -
No comments:
Post a Comment