မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Wednesday, September 2, 2020
-
အပြင်မှာ အမှတ်မထင်တွေ့လေ့ရှိတဲ့ 
ဒဏ္ဍာရီထဲက သတ္တဝါများ ...
1.Unicorns
.
Unicorns တွေကို ဒဏ္ဍာရီထဲက သတ္တဝါတွေလို့ ဆိုပါတယ်။ တချိုကကတော့ အပြင်မှာပါ ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီသတ္တဝါတွေဟာ မြင်းပျံတွေဖြစ်ပြီး နဖူးမှာ ဂျိုတစ်ချောင်း ပါရှိတာ ဖြစ်ပါတယ်။ ဟယ်ရီပေါ်တာ ကားအထိ ပါဝင်ခဲ့တဲ့ သတ္တဝါ ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++++++++++++++
2.Dragons
.
နဂါးတွေကတော့ နိုင်ငံတော်တော် များများရဲ့ ဒဏ္ဍာရီထဲ ပါရှိပါတယ်။ အနောက်တိုင်း နဂါးတွေက ပျံတတ်ပြီး အရှေ့တိုင်းက တရုတ်နဂါး တွေကတော့ ခြေထောက်တွေ ပါရှိပါတယ်။ မြန်မာနဂါးကတော့ မြွေတွေလို ဖြစ်ပြီးတော့ တကယ့်ကို ကြီးမားပြီး ခွန်အားကြီးတဲ့ ဒဏ္ဍာရီ သတ္တဝါတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ တကယ်ရှိကြောင်း လူတွေက ယုံကြည်ထားဆဲ ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++++
3.Bonnacons
.
ဒီသတ္တဝါကတော့ Bonnacons လို့ ခေါ်ပြီး သူတို့ဟာ ဦးချိုပါ ရှိပါတယ်။ သူတို့ဟာ တိုးနယားလို့ သတ္တဝါဖြစ်ပြီး သမိုင်းကြောင်းမှာတော့ ဆိုးသွမ်းရက်စက်တဲ့ သတ္တဝါတွေလို့ခေါ်ပါတယ်။ ဘိုင်အိုကျောင်းသား တွေကတော့ မျိုးရိုးဗီဇ ပြာင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သတ္တဝါလို့ ဆိုပါတယ်။
+++++++++++++++++++++++++++++++++
4.Vegetable Lambs
.
ဒါကတော့ တကယ့်ကို အနောက်တိုင်း ပုံပြင်ထဲက ယုံရခက်ခက် သတ္တဝါ ဖြစ်ပါတယ်။ သူတို့ဟာ ဂျူးတွေရဲ့ ပုံပြင်ထဲက သတ္တဝါဖြစ်ပြီး အပင်တပိုင်း သိုးတပိုင်း ဖြစ်ပါတယ်။ အပင်တွေမှာ သိုးတွေသီး နေတာ ဖြစ်ပါတယ်။ ဘယ်လောက်များ ရုပ်ဆိုးလေမတဲ့ အပင်ဖြစ်မလဲ။ ဒါတွေကို ဝက်ဝံတွေက စားသောက်ခဲ့တယ်လို့ ဆိုပါတယ်။
++++++++++++++++++++++++++++++++++++++
5.Aspidochelone
.
သက်ရှိကျောက်တုံးတွေ ဆိုတာလည်း တချိန်က ရှိခဲ့တဲ့ သတ္တဝါတွေလို့ ဆိုပါတယ်။ ကျောက်တုံးကြီးတွေလို မလေးလံပဲ သူတို့ဟာ သမုဒ္ဒရာထဲ မြောနေတာ ဖြစ်ပါတယ်။ ကျောက်ဆောင်တွေ ထင်ပြီး လာတဲ့ သတ္တဝါတိုင်းကို ဖမ်းယူ စားသောက်တယ်လို့ ဆိုကြပါတယ်။
+++++++++++++++++++++++++++++++++++++
6.Jackalope
.
ဒီသတ္တဝါကတော့ ယုန်လို သမင်လို ဖြစ်ပြီးတော့ သူတို့ဟာ သွေးအေး သတ္တဝါတွေ ဖြစ်ပါတယ်။ သမင်တွေလို သန်မာတဲ့ ခြေထောက်တွေ ရှိပေမယ့် သူတို့ဟာ တချိန်က အိမ်မွေး တိရိစ္ဆာန်တွေသာ ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++
7.Bigfoot
.
နှင်းလူကြီးတွေ ရှိ မရှိဆိုတာဟာ ယနေ့အထိ မသေချာတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ်တော့ နှင်းလူတွေ ဆိုစပေမယ့် သူတို့ဟာ ရေခဲတောင် မျောက်ဝံကြီးတွေသာ ဖြစ်ပါလိမ့်မယ်။ တချိန်က ပရိုင်းမိတ်တွေရဲ့ ရေခဲခေတ်မှာ ကျင်လည် ကျက်စားခဲ့တဲ့ သတ္တဝါတွေ ဖြစ်ပြီး ခြေထောက်ကြီးတွေ အကြီးကြီးတွေ ရှိတာဖြစ်ပါတယ်။
+++++++++++++++++++++++++++++++++
8.Loch Ness Monster
.
ဒါကတော့ လော့ချ်နက်စ် မွန်းစတား ဖြစ်ပါတယ်။ စကော့တလန်က ရေပြင်မှာ တွေ့ခဲ့တဲ့ ရှေးဟောင်းပုံ ဖြစ်ပြီး သူတို့ဟာ ရေအောက်ကနေ လှိုဏ်ဖောက်ပြီး ကမ္ဘာ့အတွင်းပိုင်း နားမှာ နေတယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင်လည်း ငလျင်ဒဏ်နဲ့ဆို ဒီသတ္တဝါတွေ သေနေလောက်ပြီ ဖြစ်ပါတယ်။ မွန်းစတားတွေဟာ ဒဏ္ဍာရီထက် ပိုလားဆိုတာ မသိကြရသေးပါဘူး။
No comments:
Post a Comment