မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, September 4, 2020

ဘာရိမ္း ေရလက္ၾကား

 ဘာရိမ္း ေရလက္ၾကား

----------------------------

အာရွတိုက္ ႏွင့္ ေၿမာက္အေမရိကအား ခြဲၿခားထားသည့္ ေရလက္ၾကား

ၿဖစ္သည္ ။ ဘာရိမ္းေရလက္ၾကားသည္ ပစၥိဖိတ္သမုဒၵရာေၿမာက္ဖက္ပိုင္း 

အက်ဆံုးရွိ ဘာရိမ္းပင္လယ္ ႏွင့္အာတိတ္သမုဒၵရာကို ဆက္စပ္ထားသည့္ 

ေရလက္ၾကားၿဖစ္သည္ ။

၁၆၄၈ - ခုႏွစ္အခ်ိန္က ထိုေရလက္ၾကားကို စတင္ရွာေဖြေတြ ့ရွိခဲ့သူမွာ 

ရုရွားလူမ်ိဳးစူးစမ္း ရွာေဖြသြားလာသူ Semyon Ivanovich Dezhnyov 

ၿဖစ္သည္ ။

.


၁၇၂၈ - ခုႏွစ္တြင္တဖန္ ထိုေရလက္ၾကား အား ၿဖတ္ေက်ာ္သြားလာ

ခဲ့သူမွာ ဒိန္းမတ္လူမ်ိဳး ေရေၾကာင္းသြားလာသူ Vitus Bering ၿဖစ္သည္ ။

ထိုအခ်ိန္မွစ၍ ဘာရိမ္းေရလက္ၾကားဟု ထင္ေပါ ္ လာခဲ့ၿခင္းၿဖစ္သည္ ။


ထိုေရလက္ၾကားအား ၿဗိတိသွ်လူမ်ိဳး ေရေၾကာင္းပညာရွင္ James Cook 

ႏွင့္ Frederick William Beechey တို ့မွလဲ ၿဖတ္ေက်ာ္သြားလာခဲ့ဘူးသည္ ။


ထိုေရလက္ၾကားသည္ ရုရွားဖက္မွ Dezhnyov အငူ ႏွင့္ 

အလာစကာေဒသမွ Prince of Wales အငူ ၂ - ခုၾကား

တည္ရွိသည့္ က်ဥ္းေၿမာင္းသည့္ ေရလက္ၾကားၿဖစ္သည္ ။

ထိုအငူ ၂ - ခု သည္ ၅၁ -မိုင္ကြာေ၀းၿပီး

အလယ္တြင္ Diomede ကၽြန္းတည္ရွိသည္ ။

===========================


ဘာရိမ္း ပင္လယ္

++++++++++++

ပစၥိဖိတ္သမုဒၵရာ၏ ေၿမာက္ဖက္ပိုင္းရွိ

ဆက္စပ္ပင္လယ္တခုၿဖစ္သည္ ။


ထိုပင္လယ္ၾကီး ၏ အေရွ ့ဖက္တြင္ အလာစကာ ၊ အေနာက္ဖက္တြင္

ရုရွားေဒသမွ Kamchatka ႏွင့္ Chukchi ကၽြန္းဆြယ္၊ ေတာင္ဖက္တြင္

အလာစကာ ေဒသကၽြန္းစုမ်ားၿဖစ္သည့္ Aleutian Islands ၊

ေၿမာက္ဖက္ တြင္ ဘာရိမ္းေရလက္ၾကား တို ့တည္ရွိသည္ ။


၁၇၂၈ - ခုႏွစ္အခ်ိန္က ဤ ေဒသ ကို ၿဖတ္ေက်ာ္သြားလာခဲ့သည့္ 

ဒိန္းမတ္လူမ်ိဳး ေရေၾကာင္း သြားလာသူ Vitus Bering အား

ဂုဏ္ၿပဳေသာအားၿဖင့္ ဤပင္လယ္ၾကီးအား ဘာရိမ္းပင္လယ္ဟု 

အမည္ေပးထားၿခင္းၿဖစ္သည္ ။

..

ပင္လယ္ၾကီးသည္ ဧရိယာစတုရန္းမိုင္ ၈၇၆၁၀၀ က်ယ္၀န္းသည္ ။

အာရွတိုက္မွ Anadyr ၿမစ္ ၊ ေၿမာက္အေမရိက တိုက္မွ

Yukon ၿမစ္မ်ားသည္ ဘာရိမ္းပင္လယ္ထဲသို ့စီး၀င္သည္ ။

ေဆာင္းရာသီတြင္ဤေဒသ၌ ႏွင္းမ်ားေမွာင္မဲ ေနၿပီး 

ေရခဲတံုးမ်ားသည္ ပင္လယ္ၿပင္တြင္ ေမ်ာပါ ေနေလ့ ရွိတတ္သည္ ။


source:Academy

===============================


ဘာရိမ်း ရေလက်ကြား

----------------------------


အာရှတိုက် နှင့် မြောက်အမေရိကအား ခွဲခြားထားသည့် ရေလက်ကြား

ဖြစ်သည် ။ ဘာရိမ်းရေလက်ကြားသည် ပစ္စိဖိတ်သမုဒ္ဒရာမြောက်ဖက်ပိုင်း 

အကျဆုံးရှိ ဘာရိမ်းပင်လယ် နှင့်အာတိတ်သမုဒ္ဒရာကို ဆက်စပ်ထားသည့် 

ရေလက်ကြားဖြစ်သည် ။


၁၆၄၈ - ခုနှစ်အချိန်က ထိုရေလက်ကြားကို စတင်ရှာဖွေတွေ့ရှိခဲ့သူမှာ 

ရုရှားလူမျိုးစူးစမ်း ရှာဖွေသွားလာသူ Semyon Ivanovich Dezhnyov 

ဖြစ်သည် ။

.

၁၇၂၈ - ခုနှစ်တွင်တဖန် ထိုရေလက်ကြား အား ဖြတ်ကျော်သွားလာ

ခဲ့သူမှာ ဒိန်းမတ်လူမျိုး ရေကြောင်းသွားလာသူ Vitus Bering ဖြစ်သည် ။

ထိုအချိန်မှစ၍ ဘာရိမ်းရေလက်ကြားဟု ထင်ပေါ ် လာခဲ့ခြင်းဖြစ်သည် ။


ထိုရေလက်ကြားအား ဗြိတိသျှလူမျိုး ရေကြောင်းပညာရှင် James Cook 

နှင့် Frederick William Beechey တို့မှလဲ ဖြတ်ကျော်သွားလာခဲ့ဘူးသည် ။


ထိုရေလက်ကြားသည် ရုရှားဖက်မှ Dezhnyov အငူ နှင့် 

အလာစကာဒေသမှ Prince of Wales အငူ ၂ - ခုကြား

တည်ရှိသည့် ကျဉ်းမြောင်းသည့် ရေလက်ကြားဖြစ်သည် ။


ထိုအငူ ၂ - ခု သည် ၅၁ -မိုင်ကွာဝေးပြီး

အလယ်တွင် Diomede ကျွန်းတည်ရှိသည် ။

===========================


ဘာရိမ်း ပင်လယ်

++++++++++++

ပစ္စိဖိတ်သမုဒ္ဒရာ၏ မြောက်ဖက်ပိုင်းရှိ

ဆက်စပ်ပင်လယ်တခုဖြစ်သည် ။


ထိုပင်လယ်ကြီး ၏ အရှေ့ဖက်တွင် အလာစကာ ၊ အနောက်ဖက်တွင်

ရုရှားဒေသမှ Kamchatka နှင့် Chukchi ကျွန်းဆွယ်၊ တောင်ဖက်တွင်

အလာစကာ ဒေသကျွန်းစုများဖြစ်သည့် Aleutian Islands ၊

မြောက်ဖက် တွင် ဘာရိမ်းရေလက်ကြား တို့တည်ရှိသည် ။


၁၇၂၈ - ခုနှစ်အချိန်က ဤ ဒေသ ကို ဖြတ်ကျော်သွားလာခဲ့သည့် 

ဒိန်းမတ်လူမျိုး ရေကြောင်း သွားလာသူ Vitus Bering အား

ဂုဏ်ပြုသောအားဖြင့် ဤပင်လယ်ကြီးအား ဘာရိမ်းပင်လယ်ဟု 

အမည်ပေးထားခြင်းဖြစ်သည် ။

..

ပင်လယ်ကြီးသည် ဧရိယာစတုရန်းမိုင် ၈၇၆၁၀၀ ကျယ်ဝန်းသည် ။

အာရှတိုက်မှ Anadyr မြစ် ၊ မြောက်အမေရိက တိုက်မှ

Yukon မြစ်များသည် ဘာရိမ်းပင်လယ်ထဲသို့စီးဝင်သည် ။

ဆောင်းရာသီတွင်ဤဒေသ၌ နှင်းများမှောင်မဲ နေပြီး 

ရေခဲတုံးများသည် ပင်လယ်ပြင်တွင် မျောပါ နေလေ့ ရှိတတ်သည် ။


source:Academy

No comments:

Post a Comment