အယ္လ္ကုိေဟာပါတဲ့ အခ်ိဳရည္ကို
ဂ်ပန္မွာပထမဆုံး စတင္ျဖန္႔ခ်ိလိုက္တဲ့ Coca Cola
----------------------------------------------------------
▶ ႏွစ္ေပါင္း (၁၂၅)ႏွစ္ သက္တမ္းရွိၿပီျဖစ္တဲ့ အေမရိကန္ရဲ႕
နာမည္ေက်ာ္ အခ်ိဳေရလုပ္ငန္းစု Coca Cola ဟာ အခုအခါမွာ
ပထမဆုံး အယ္လ္ကိုေဟာပါဝင္တဲ့ အခ်ိဳရည္ကုိ ဂ်ပန္မွာ
စတင္မိတ္ဆက္လုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ Coca Cola ရဲ႕
အခုထုတ္လုပ္လုိက္တဲ့ အယ္လ္ကုိေဟာပါ အခ်ိဳရည္မွာ သံပယုိ
ေဖ်ာ္ရည္နဲ႔ ေရာစပ္ ဖန္တီးထားတယ္လုိ႔ သိရပါတယ္။
အဓိကအားျဖင့္ေတာ့ အရက္ေသာက္သုံးသူ လူငယ္ပမာဏ
ပုိမုိျမင့္မားလာမႈအေပၚ အေျခခံၿပီး ေစ်းကြက္တြက္ခ်က္လုိက္တာလုိ႔
ယူဆရၿပီး ဂ်ပန္ရဲ႕လူႀကိဳက္အမ်ားဆုံး Chu-Hi နဲ႔ ယွဥ္ၿပိဳင္ရဖုိ႔ ရွိပါတယ္။
Chu-Hi ဟာ ယခင္က အခ်ိဳေရတစ္ခုတည္းသာ ထုတ္လုပ္ခဲ့ပါတယ္။
သုိ႔ေသာ္ Chu-Hi ဟာ ေနာက္ပုိင္းမွာ သံဘူးဘီယာအျဖစ္
ေျပာင္းလဲထုတ္လုပ္ခဲ့ရာ အမ်ိဳးသမီးထုအတြက္ အားေပးမႈ
အႀကီးအက်ယ္ရၿပီး ေအာင္ျမင္မႈရရွိခဲ့ပါတယ္။ ဂ်ပန္မွာ
ေနာက္ထပ္ေစ်းကြက္ရေနတဲ့ ယမကာတံဆိပ္ေတြကေတာ့
Suntory, Asahi နဲ႔ Kirin တုိ႔ ျဖစ္ပါတယ္။
Coca Cola အေနနဲ႔ ဒီကုမၸဏီေတြရဲ႕ေစ်းကြက္ကုိ ယွဥ္ၿပိဳင္ရမွာမုိ႔
ထင္ထားသေလာက္ေတာ့ လြယ္ကူဖုိ႔မရွိပါဘူး။ သုိ႔ေသာ္လည္း
Coca Cola တာဝန္ရွိသူတစ္ဦးက ေစ်းကြက္ယွဥ္ၿပိဳင္ဖုိ႔ မိမိတုိ႔မွာ
အစီအစဥ္မရွိေၾကာင္း၊ မိမိတုိ႔ထုတ္လုပ္ေရာင္းခ်မယ့္ ထုတ္ကုန္
အသစ္မွာ အယ္လ္ကုိေဟာ 3% နဲ႔ 8% အထိသာ ပါဝင္မွာ
ျဖစ္ေၾကာင္း ဆုိပါတယ္။
နတ္စည္ေတာ္ (Shwemom)
source : thesun.co.uk
=============================
အယ်လ်ကိုဟောပါတဲ့ အချိုရည်ကို
ဂျပန်မှာပထမဆုံး စတင်ဖြန့်ချိလိုက်တဲ့ Coca Cola
----------------------------------------------------------
▶ နှစ်ပေါင်း (၁၂၅)နှစ် သက်တမ်းရှိပြီဖြစ်တဲ့ အမေရိကန်ရဲ့
နာမည်ကျော် အချိုရေလုပ်ငန်းစု Coca Cola ဟာ အခုအခါမှာ
ပထမဆုံး အယ်လ်ကိုဟောပါဝင်တဲ့ အချိုရည်ကို ဂျပန်မှာ
စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ Coca Cola ရဲ့
အခုထုတ်လုပ်လိုက်တဲ့ အယ်လ်ကိုဟောပါ အချိုရည်မှာ သံပယို
ဖျော်ရည်နဲ့ ရောစပ် ဖန်တီးထားတယ်လို့ သိရပါတယ်။
အဓိကအားဖြင့်တော့ အရက်သောက်သုံးသူ လူငယ်ပမာဏ
ပိုမိုမြင့်မားလာမှုအပေါ် အခြေခံပြီး ဈေးကွက်တွက်ချက်လိုက်တာလို့
ယူဆရပြီး ဂျပန်ရဲ့လူကြိုက်အများဆုံး Chu-Hi နဲ့ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။
Chu-Hi ဟာ ယခင်က အချိုရေတစ်ခုတည်းသာ ထုတ်လုပ်ခဲ့ပါတယ်။
သို့သော် Chu-Hi ဟာ နောက်ပိုင်းမှာ သံဘူးဘီယာအဖြစ်
ပြောင်းလဲထုတ်လုပ်ခဲ့ရာ အမျိုးသမီးထုအတွက် အားပေးမှု
အကြီးအကျယ်ရပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ ဂျပန်မှာ
နောက်ထပ်ဈေးကွက်ရနေတဲ့ ယမကာတံဆိပ်တွေကတော့
Suntory, Asahi နဲ့ Kirin တို့ ဖြစ်ပါတယ်။
Coca Cola အနေနဲ့ ဒီကုမ္ပဏီတွေရဲ့ဈေးကွက်ကို ယှဉ်ပြိုင်ရမှာမို့
ထင်ထားသလောက်တော့ လွယ်ကူဖို့မရှိပါဘူး။ သို့သော်လည်း
Coca Cola တာဝန်ရှိသူတစ်ဦးက ဈေးကွက်ယှဉ်ပြိုင်ဖို့ မိမိတို့မှာ
အစီအစဉ်မရှိကြောင်း၊ မိမိတို့ထုတ်လုပ်ရောင်းချမယ့် ထုတ်ကုန်
အသစ်မှာ အယ်လ်ကိုဟော 3% နဲ့ 8% အထိသာ ပါဝင်မှာ
ဖြစ်ကြောင်း ဆိုပါတယ်။
နတ်စည်တော် (Shwemom)
source : thesun.co.uk
No comments:
Post a Comment