ၾကက္ေမာက္သီး အေၾကာင္း သိေကာင္းစရာ
---------------------------------------------------
Sapindaceae မ်ဳိးႏြယ္၀င္ ျဖစ္ေသာ၊ ၾကက္ေမာက္သီး ပင္၏
႐ုကၡေဗဒ အမည္မွာ Nephelium lappace ကာ ျဖစ္ၿပီး၊ အပူပိုင္း
ေဒသတြင္ ေကာင္းစြာ ျဖစ္ထြန္း ၾကပါသည္။ စိုစြတ္ေသာ
ရာသီဥတုကို ႀကိဳက္ႏွစ္သက္ ပါသည္။ အပင္ျမင့္ အမ်ဳိးအစား
မဟုတ္ေသာ္လည္း၊ အကိုင္းအခက္ မ်ားျဖင့္ ေဘးသို႔ ျဖာထြက္ကာ၊
အသီးထြက္ရွိ ႏႈန္းအား လည္းေကာင္းပါသည္။ အပင္၏ ပံုစံမွာ
Chirstmas သစ္ပင္ႏွင့္ ဆင္တူပါသည္။ အရြက္အညႇာမွ
အႁပႊတ္လိုက္၊ အခိုင္လိုက္ အသီးသီးေလ့ ရွိပါသည္။ အရြက္မ်ားက
အေတာ္ အတန္ရွည္ၿပီး၊ ရြက္ညႇာမ်ားမွာ သံုးရြက္မွ ၁၁ ရြက္ခန္႔ထိ
ရွိတတ္ပါသည္။
အကိုင္း ထိပ္္ဖ်ားတြင္ ရနံ႔သင္းေသာ အမႊာစံု စိမ္းဖန္႔ဖန္႔
ပန္းကေလးေတြ ဖူးပြင့္ၾက ပါသည္။ ၾကက္ေမာက္သီး၏ ပံုသ႑ာန္မွာ
အတန္ငယ္လံုး ၀န္းေသာ ၾကက္ဥပံု ျဖစ္ပါသည္။ ေယဘုယ် အားျဖင့္
အေမႊးရွည္ ေလးမ်ား ဖံုးအုပ္ ထားေသာ ၾကက္ေမာက္သီး အခြံသည္
အနီေရာင္ ရွိၿပီး တစ္ခါတစ္ရံတြင္ လိေမၼာ္ေရာင္ သန္းေသာ အခြံတို႔
ကိုလည္း ေတြ႕ရတတ္ပါသည္။ အသီးရင့္မွည့္သြားပါက၊ နီညဳိေရာင္သို႔
ေျပာင္းသြား ပါသည္။ အတြင္းထဲရွိ အသီးအႏွစ္က အ၀ါေရာင္သန္းေသာ
အျဖဴေရာင္ျဖစ္ကာ ခ်ဳိျမျမ အရသာရွိပါသည္။ ထို အသီးအႏွစ္၏
ေအာက္တြင္ အညိႇႏုေရာင္သန္းေသာ အတန္ငယ္ ၾကြပ္ဆတ္သည့္
အေစ့တစ္လံုး ပါရွိပါ သည္။ အေစ့သည္ ခါးသက္သက္ အရသာ ရွိျပီး၊
ေဆးဘက္၀င္ပါသည္။ အခြံစိမ္းေသာ ၾကက္ေမာက္သီးတို႔သည္
အတန္ငယ္ ခ်ဥ္ပါသည္။ အသီးႏုေသာအခါမွာ အသားႏွင့္
အေစ့တို႔သည္ ကပ္ေနၾကျပီး၊ အသီးရင့္မွည့္ ေသာအခါမွာတာ့
အေစ့ဖယ္စားရန္ လြယ္ကူ ပါသည္။
ၾကက္ေမာက္သီး အေစ့မွ ဖေယာင္းတိုင္ႏွင့္ ဆပ္ျပာတို႔ ျပဳလုပ္ၾက
ပါသည္။ ပိုးထည္အစမ်ားကို အစိမ္းေရာင္ဆိုးရန္ အတြက္၊ ၾကက္
ေမာက္သီး ပင္၏ အျမစ္ကို အသံုးျပဳႏိုင္ပါသည္။ အသီးခြံကုိ
ပိုးထည္ မ်ားတြင္ အနက္ေရာင္ေဆးဆိုးရန္ အသံုး ျပဳၾကပါသည္။
ၾကက္ေမာက္ပင္၏ ပင္စည္ကို အိမ္ေဆာက္လုပ္ ရာတြင္ အသံုးျပဳ
ႏုိင္ပါသည္။ ထို႔ေၾကာင့္ ၾကက္ေမာက္သီး သာမက၊ အပစ္တစ္ပင္လံုး
အသံုး၀င္ ပါသည္။ အထူးသျဖင့္ ကမၻာေပၚတြင္ မေလးရွားႏွင့္
အင္ဒိုနီးရွားတို႔မွာ ၾကက္ေမာက္သီး ထြက္ရွိမႈ အားေကာင္းျပီး၊ ထိုင္း၊
သီရိလကၤာ၊ အိႏၵိယ၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အေရွ႕ေတာင္အာရွ
ႏိုင္ငံမ်ားႏွင့္ ဘိုနီယို၊ အာဖရိက၊ အီေကြေဒါ၊ ၾသစေၾတးလ်၊ အေမရိက
အလယ္ပိုင္းႏွင့္ ကာေရဘီယံ ကြၽန္းဆြယ္ တို႔တြင္လည္း က်ယ္က်ယ္
ျပန္႔ျပန္႔ စိုက္ပ်ဳိးလွ်က္ ရွိၾကပါသည္။
ၾကက္ေမာက္သီးကို သူ႔ေနရာ ေဒသအလိုက္ အမည္ နာေခၚဆိုပံုျခင္း
မတူညီၾကပါ။ အဂၤလိပ္အမည္ အားျဖင့္ Rambutan ဟု ေခၚေသာ
ၾကက္ေမာက္သီးမွာ အမွန္တကယ္ေတာ့ မေလးရွား ဘာသာစကားမွ
ဆင္းသက္လာျခင္း ျဖစ္ပါသည္။ မေလးရွာတြင္ ၾကက္ေမာက္သီးကို
အေမႊးထူေသာ အသီး (၀ါ) Rambutan ဟုေခၚၾကျခင္း ျဖစ္ပါသည္။
ပနားမား၊ ကိုစတာရီကာ၊ ႏွင့္ နီကာရာဂြါးႏိုင္ငံမ်ားတြင္ .mamon
chino. ဟူူ၍ လည္းေကာင္း၊ ထိုင္းႏိုင္ငံတြင္ .ngoh. ဟူ၍
လည္းေကာင္း၊ ျပင္သစ္ႏိုင္ငံတြင္.ramboutan (or) ramboutanier.
ဟူ၍ လည္းေကာင္း၊ အိႏိၵတြင္ .ramboostan. ဟူ၍လည္းေကာင္း၊
တ႐ုတ္တြင္.Shao tzu. ဟူ၍လည္းေကာင္း၊ ဗီယက္နမ္တြင္ .chom
chom (or) vai ဟူ၍ လည္းေကာင္း၊ အမ်ဳိးမ်ဳိး ေခၚဆိုၾကပါသည္။
ျမန္မာျပည္ မွာေတာ့ ၾကက္ေမာက္သီး လိႈင္လႈိင္ထြက္ရွိရာ ေဒသမွာ
မြန္ျပည္နယ္၊ က်ဳိက္မေရာ ျမိဳ႕နယ္ရွိ နတ္စမ္းေက်းရြာ ျဖစ္ပါသည္။
ထိုေက်းရြာတြင္ ပံုမွန္အေစ့ပါေသာ ၾကက္ေမာက္သီးႏွင့္ အေစ့လြတ္
နတ္စမ္း ၾကက္ေမာက္သီးဟူ၍ ႏွစ္မ်ဳိးထြက္ရွိပါသည္။
အေစ့လြတ္ ၾကက္ေမာက္သီးမ်ားသည္ ယိုးဒယားၾကက္ေမာက္သီး
ကဲ့သို ့ အခ်ဳိစူးရွ ပါသည္။ ျမန္မာျပည္တြင္ ၾကက္ေမာက္သီးကို
သြားရည္စာအသီးအျဖစ္သာ အစားမ်ားေလ့ ရွိၾကပါသည္။
ၾကက္ေမာက္သီးယို၊ သီးစံု ဒိုမီႏို၊ သံဗူး စသည္ျဖင့္လည္း စားသံုးႏိုင္
ပါသည္။ ၾကက္ေမာက္ သီးပင္မွ လူသားတုိ႔ အတြက္ အာဟာရ
ျပဳေပးႏိုင္ပံုကို Institute of Medicine က ယခုလို အၾကံျပဳထား
ပါသည္။ ၾကက္ေမာက္သီး သာမက အရြက္၊ အသီးခြံ၊ အေစ့၊
ပင္စည္ႏွင့္ အျမစ္တို႔လည္း ေဆးဘက္၀င္ၾကပါသည္။
ပင္စည္ထဲတြင္ saponin, tannin, iron, pectin ႏွင့္ flavonoids တို႔
ပါရွိၾကျပီး အေစ့ထဲတြင္ polifenol ႏွင့္ ေအတို႔ ပါရွိပါသည္။
၁၀၀ ဂရမ္ရွိေသာ ၾကက္ေမာက္သီး တစ္ခြက္စာ ပမာဏတြင္၊
လူသားတို႔ က်န္းမာေရး အတြက္ ခြန္အား ျဖစ္ေစေသာ ပ႐ိုတင္း ၁
ဒသမ သုည ဂရမ္၊ ကဆီဓာတ္ ၃၁ ဒသမ ၃ ဂရမ္၊ အမွ်င္ ဓာတ္ ၁
ဒသမ ၄ ဂရမ္၊ သီအာမင္ သုည ဒသမ ၀၁ ဂရမ္။ ဗို္က္တာမင္စီ
၇ ဒသမ ၄ မီလီဂရမ္၊ ဆိုဒီယမ္ ၁၆ ဒသမ ၅ ဂရမ္၊ ပိုတက္စီယမ္
၆၃ ဒသမ သုည ဂရမ္၊ ကယ္လ္စီယမ္ ၃၃ ဒသမ သုည မီလီဂရမ္၊
ဗိုက္တာမင္ေအ ၄ ဒသမ ၅ ႈ႕ ႏွင့္ သံဓာတ္ သုည ဒသမ ၅ မီလီ
ဂရမ္တို ့ပါရွိပါသည္။ ျပည့္၀ဆီႏွင့္ ကိုလက္စထေရာတို႔ လံုး၀မပါ
ရွိၾကပါ။ ၾကက္ေမာက္သီးတြင္ သၾကားဓာတ္၊ အထူးသျဖင့္
ဖရက္တို႔စ္ႏွင့္ ဆူးခ႐ို႕စ္တို႔ မ်ားစြာပါ၀င္ၿပီး၊ ကယ္လိုရီ ပါ၀င္မႈ
နည္းပါသည္။ ထို႔ေၾကာင့္ ယခုလို အာဟာရ တန္ဖုိးမ်ားစြာ
ပါ၀င္သည့္ ၾကက္ေမာက္သီးကို စားေပးျခင္းျဖင့္ ေအာက္ပါ
က်န္းမာေရး စြမ္းပကားမ်ားကို ရရွိေစႏိုင္မည္ ျဖစ္ပါသည္။
၁။ ၾကက္ေမာက္သီးကို မေလးရွား ႏွင့္ အင္ဒိုနီးရွားႏိုင္ငံမ်ားတြင္
႐ိုးရာ ေဆးစြမ္း တစ္လက္ အျဖစ္ ေရွးႏွစ္ရာေပါင္း မ်ားစြာ ကတည္း
ကပင္ ဆီးခ်ဳိေရာဂါ၊ ေသြးတိုး ေရာဂါႏွင့္ တျခားနာမက်န္းျဖစ္မႈ
မ်ားစြာကို ကုသရာတြင္ အသံုးျပဳခဲ့ၾကပါသည္္။
၂။ ၾကက္ေမာက္သီးတြင္ ဗီတာမင္စီ ႏွင့္ ဘီတာကယ္႐ိုတင္းတို႔အျပင္၊
ဖေလဗိုႏြိဳက္ (ေခၚ) အပင္မွထြက္ရွိေသာ ဓာတ္တိုး ဆန္႔က်င္
ပစၥည္းလည္း ေပါမ်ားစြာ ပါရွိေၾကာင္း၊ ထိုဖေလဗိုႏြိဳက္သည္
ေသြး အတြင္း မေကာင္းေသာ ကိုလက္စထေရာ မ်ားကို ေလ်ာ့က်
ေစျခင္း၊ ကင္ဆာေရာဂါမ်ား ဆန္႔က်င္တိုက္ထုတ္ေပးျခင္း၊ ေရာင္ရမ္းမႈ
တို႔ကို ေလ်ာ့က်ေစျခင္း စသည္ျဖင့္ ေဆးစြမ္း ထက္ျမက္ေၾကာင္း
ထိုင္းႏိုင္ငံရွိ Chiang Mai University မွ စမ္းသပ္ ေဖာ္ထုတ္ခဲ့ပါသည္။
ထို အစြမ္းတို႔ေၾကာင့္ ယခုအခါ ၾကက္ေမာက္သီး Extract ကို
ေဆး၀ါးထုတ္လုပ္ လွ်က္ရွိပါသည္။
၃။ ၾကက္ေမာက္သီး အခြံထဲတြင္ Gallic အက္ဆစ္ တစ္မ်ဳိး ပါ၀င္ၿပီး၊
ထို အက္ဆစ္က ခႏၶာကိုယ္ထဲတြင္ ဖရီးရယ္ဒီကယ္ မ်ားေၾကာင့္
ထိခိုက္မႈေတြမျဖစ္လာေအာင္ ကာကြယ္ေပးပါသည္။
၄။ ၾကက္ေမာက္သီး ထဲတြင္ ဗီတာမင္စီ မ်ားစြာ ပါ၀င္ပါသည္။
ၾကက္ေမာက္သီး ၁၂ လံုးထဲတြင္ အက္စ္ေကာဘစ္ အက္စစ္
၇၅-၉၀ မီလီဂရမ္ပါ၀င္ၿပီး၊ လူ တစ္ေယာက္၏ တစ္ေန႔တာ
လိုအပ္ေသာ ဗီတာမင္စီ ထက္ ႏွစ္ဆေက်ာ္ ရွိပါသည္။
ဗီတာမင္စီ သည္ ခႏၶာကိုယ္ဆဲလ္မ်ားကို ဖရီးရယ္ဒီကယ္ေၾကာင့္
ထိခိုက္မႈမွ ကာကြယ္ေပး ႏုိင္ၿပီး၊ သံဓာတ္စုပ္ယူ ႏုိင္ေအာင္လည္း
ကူညီ ေပးပါသည္္။
၅။ ၾကက္ေမာက္သီး ထဲတြင္ ေသြးနီဥႏွင့္ ေသြးျဖဴဥမ်ား ျပဳလုပ္
ရာတြင္ လိုအပ္ေသာ ေၾကးနီဓာတ္အသင့္အတင့္္ ပါရွိ္ပါသည္။
၆။ ေသြးတိုးေရာဂါ ေ၀ဒနာသည္ မ်ားသည္ တစ္ေန႔လွ်င္
ၾကက္ေမာက္သီး ရွစ္လံုးမွ ၁၀ လံုးခန္ ့စားေပးသင့္ပါသည္။
အေစ့ထဲ တြင္ hypoglycemic ဓာတ္ ပါရွိျခင္းေၾကာင့္ ေသြးထဲရွိ
သၾကား ပမာဏကို က်ဆင္းေစပါသည္။
၇။ ၾကက္ေမာက္သီးသည္ လူတစ္ဦး လွ်င္ တစ္ေန႔တာလိုအပ္ေသာ
သံဓာတ္ ပမာဏ၏ ၁၃ ဒသမ ၈ ေက်ာ္ကို ေထာက္ပံ့ ေပးႏိုင္ပါသည္။
ထို႔ေၾကာင့္ သံဓာတ္ အရင္းအျမစ္တို ႔စုေ၀းရာ ၾကက္ေမာက္သီးကို
စားသံုးျခင္းျဖင့္ ခႏၶာကိုယ္အတြက္ လိုအပ္ေသာ ေအာက္ဆီဂ်င္
ပမာဏကို ျဖည့္စြက္ ေပးႏိုင္ျပီး၊ မူးေ၀ျခင္း၊ ႏံုးခ်ည့္ ပင္ပန္းျခင္း၊
ေဖ်ာ့ေတာ့ ႏြမ္းနယ္ျခင္း စသည့္ သံဓာတ္ အားနည္းျခင္းေၾကာင့္
ျဖစ္တတ္ေသာ ေသြးအားနည္းေရာဂါတို႔ကို ကာကြယ္ ေပးႏိုင္ပါသည္။
၈။ ၾကက္ေမာက္သီး တစ္ခြက္စာ ပမာဏကို စားသံုးေသာအခါ
တစ္ေန႔တာ လိုအပ္သည့္ ေဖာ့စ္ဖရပ္စ္ ၄ ဒသမ ၃ ကို ရရွိေစသည့္
အတြက္ ေက်ာက္ကပ္ကို ေကာင္းစြာ အလုပ္လုပ္ႏိုင္ေအာင္
ေထာက္ပံ့ ေပးပါသည္။ ေက်ာက္ကပ္ကိုလည္း သန္ ့စင္ေစ ပါသည္။
၉။ ကယ္လ္စီယမ္ဓာတ္ ပါရွိျခင္းေၾကာင့္
သြားႏွင့္အ႐ိုးမ်ားကို ခုိင္ခန္႔ ေစပါသည္။
၁၀။ ၾကက္ေမာက္သီးကို စားေပးျခင္းျဖင့္ အူလမ္းေၾကာင္းရွိ
ကပ္ပါးေကာင္ မ်ားကို ေသေစႏိုင္သည့္ျပင္၊ ၀မ္းေလွ်ာ၊ ၀မ္းပ်က္ျခင္း
ေ၀ဒနာ တို႔ကုိလည္း သက္သာ ေစေၾကာင္း The Online Culinary
School website မွ အၾကံျပဳ ေထာက္ခံထား ပါသည္။
၁၁။ ၾကက္ေမာက္သီး အေစ့ကို သူ႕ခ်ည္းဘဲ အစိမ္းလိုက္
၀ါးစားႏုိင္သလို၊ ႀကိတ္ေခ်ၿပီး အျခား အစားအစာတို႔နဲ႔ တြဲဘက္
စားေပးျခင္းျဖင့္ ခႏၶာကိုယ္ အဆီမ်ားကို ထိထိေရာက္ေရာက္
ခ်ေပးႏိုင္ပါသည္။ ထ႔ိုျပင္ အသားအရည္ကို က်န္းမာေစျပီး
အထူးသျဖင့္ မ်က္ႏွာ အသားအရည္ကို ႏူးညံ့ ေခ်ာေမြ႕ေစပါသည္။
(လူအခ်ဳိ႕ကေတာ့ ၾကက္ေမာက္သီး အေစ့ႏွင့္ ေမြးရာပါဓာတ္
မတည့္မႈမ်ား ရွိတတ္သျဖင့္ သတိျပဳ၍ စားသံုးသင့္ပါသည္)
၁၂။ ၾကက္ေမာက္ပင္အရြက္ကို ေထာင္းထု၍ အနာအံုေဆး
အျဖစ္ လည္ေကာင္း၊ အသားအေရ ေျခာက္ေသြ႕ျခင္း အတြက္
လည္းေကာင္း အသံုးျပဳႏိုင္ ပါသည္။ ေခါင္းကိုက္ေသာ အခါတြင္
ၾကက္ေမာက္ပင္ အရြက္ကို နားထင္ပတ္လည္တြင္ ေထာင္းအံု
ေပးျခင္းျဖင့္လည္း ေ၀ဒနာမ်ား သက္သာ လာေစႏိုင္ပါသည္။
ထို႔ျပင္ ၾကက္ေမာက္သီး အရြက္ကို သန္႔စင္ေအာင္ ေဆးေၾကာၿပီး၊
ေရအနည္းငယ္ ထည့္၍ ႀကိတ္ေခ်ပါ။ ထိုအႏွစ္ကို အ၀တ္ သန္႔သန္႔
ျဖင့္ထုပ္ကာ ညႇစ္ျပီးရလာသည့္ အရြက္သတၱဳရည္ကို ဦးေရျပားအႏွံ႔
မွန္မွန္ လိမ္းေပးျခင္းျဖင့္ ဆံပင္သားမ်ား သန္စြမ္း နက္ေမွာင္လာ
ေစပါမည္။ ဆံပင္ ဆိုးေဆး အျဖစ္လည္း အသံုးျပဳႏိုင္ပါသည္။
၁၃။ ၾကက္ေမာက္သီး အခြံကို ခပ္ပါးပါးလွီးၿပီး၊ ေရသံုးခြက္
တစ္ခြက္တင္ ႀကိဳ၍ အေအးခံကာ တစ္ေန႔ႏွစ္ႀကိမ္ ေသာက္သံုး
ေပးျခင္းျဖင့္ ၀မ္းကုိက္ေရာဂါကို ေပ်ာက္ကင္းေစႏိုင္ပါသည္။
၁၄။ ၾကက္ေမာက္သီး အေစ့ ငါးလံုး ကိုေလွာ္္၍ ႀကိတ္ေခ်ပါ။
ၿပီးရင္ ေရေအးေအး တစ္ခြက္ျဖင့္ ထိုနည္းအတိုင္း တစ္ေန ့
၂-ၾကိမ္ ေသာက္သံုး ေပးပါက၊ ဆီးခ်ိဳေရာဂါ ကို သက္သာလာ
ေစႏိုင္ပါသည္။
၁၅။ ၾကက္ေမာက္သီး အခြံေျခာက္ ၁၅ ဂရမ္ခန္႔ကို ေရသံုးခြက္စာ
ပမာဏ ျဖင့္ေရာ၍ ၁၅ မိနစ္ေလာက္ ဆူေအာင္တည္ပါ။
အေအးခံျပီးေနာက္ ထုိျပဳတ္ေရကို တစ္ေန ့ သံုးႀကိမ္ ေသာက္ေပး
ျခင္းျဖင့္ ဖ်ားနာေရာဂါမ်ား ယူပစ္သလို ေပ်ာက္ကင္း ေစႏိုင္ပါသည္။
၁၆။ ၾကက္ေမာက္သီး ငါးလံုးစာ ပမာဏထဲတြင္ လူတစ္ေယာက္၏
တစ္ေန႔တာ လိုအပ္ေသာ ဗိုက္တာမင္စီကို အျပည့္အ၀ ရရွိႏိုင္ပါသည္။
၁၇။ ၾကက္ေမာက္ပင္၊ ပင္စည္သားကို ျပဳတ္၍ မကၡ႐ုနာမ်ားကို
လိမ္းက်ံ ေပးျခင္းျဖင့္ ေပ်ာက္ကင္းသက္သာ ေစႏိုင္ပါသည္။
၁၈။ ၾကက္ေမာက္ပင္၏ အျမစ္ကို ျပဳတ္၍
သန္ခ်ေဆးအျဖစ္ ေသာက္သံုးႏိုင္ ပါသည္။
၁၉။ ယခုအခါတြင္ မေလးရွာႏိုင္ငံ ၏ ပရေဆးဆိုင္မ်ားတြင္
ၾကက္ေမာက္သီး အခြံေျခာက္မ်ားကို ဖ်ားနာျခင္း ေ၀ဒနာ
အမ်ဳိးမ်ဳိးတို႔ကို ကုသရန္အတြက္ ေဖာေဖာ သီသီ ေရာင္းခ်လ်က္
ရွိၾကပါသည္။
ၾကက္ေမာက္သီးသည္ စပ်စ္သီး ထက္အရည္ရႊမ္းျပီး၊ လိုင္ခ်ီးသီး
အရသာ ႏွင့္လည္း ခပ္ဆင္ဆင္တူပါသည္။ ရာသီစာ သီးႏွံျဖစ္ေသာ
ေၾကာင့္ ယခုလို မိုးဦး ကာလတြင္သာ ရရွိႏိုင္သည့္ ေဆးဘက္၀င္
ၾကက္ေမာက္သီးမ်ားကို က်န္းမာေရး လိုက္စားသူ မိတ္ေဆြမ်ား
အားလံုး အခ်ိန္မီ အေျပးကေလး ၀ယ္ယူစားေသာက္ေစ
လိုပါေၾကာင္း ေရးသားလိုက္ရပါသည္။
- ေပါက္ေပါက္
မွီျငမ္း (World}s healthiest fruit – Rambutan)
ျမန္မာေတာင္သူႀကီးမ်ား ဂ်ာနယ္
အတြဲ (၁၄) အမွတ္ (၂၀၄)၊ ဇြန္ ၂၀ - ၂၆၊ ၂၀၁၆ ခုႏွစ္
=========================
ကြက်မောက်သီး အကြောင်း သိကောင်းစရာ
---------------------------------------------------
Sapindaceae မျိုးနွယ်ဝင် ဖြစ်သော၊ ကြက်မောက်သီး ပင်၏
ရုက္ခဗေဒ အမည်မှာ Nephelium lappace ကာ ဖြစ်ပြီး၊ အပူပိုင်း
ဒေသတွင် ကောင်းစွာ ဖြစ်ထွန်း ကြပါသည်။ စိုစွတ်သော
ရာသီဥတုကို ကြိုက်နှစ်သက် ပါသည်။ အပင်မြင့် အမျိုးအစား
မဟုတ်သော်လည်း၊ အကိုင်းအခက် များဖြင့် ဘေးသို့ ဖြာထွက်ကာ၊
အသီးထွက်ရှိ နှုန်းအား လည်းကောင်းပါသည်။ အပင်၏ ပုံစံမှာ
Chirstmas သစ်ပင်နှင့် ဆင်တူပါသည်။ အရွက်အညှာမှ
အပြွှတ်လိုက်၊ အခိုင်လိုက် အသီးသီးလေ့ ရှိပါသည်။ အရွက်များက
အတော် အတန်ရှည်ပြီး၊ ရွက်ညှာများမှာ သုံးရွက်မှ ၁၁ ရွက်ခန့်ထိ
ရှိတတ်ပါသည်။
အကိုင်း ထိပ်ဖျားတွင် ရနံ့သင်းသော အမွှာစုံ စိမ်းဖန့်ဖန့်
ပန်းကလေးတွေ ဖူးပွင့်ကြ ပါသည်။ ကြက်မောက်သီး၏ ပုံသဏ္ဍာန်မှာ
အတန်ငယ်လုံး ဝန်းသော ကြက်ဥပုံ ဖြစ်ပါသည်။ ယေဘုယျ အားဖြင့်
အမွှေးရှည် လေးများ ဖုံးအုပ် ထားသော ကြက်မောက်သီး အခွံသည်
အနီရောင် ရှိပြီး တစ်ခါတစ်ရံတွင် လိမ္မော်ရောင် သန်းသော အခွံတို့
ကိုလည်း တွေ့ရတတ်ပါသည်။ အသီးရင့်မှည့်သွားပါက၊ နီညိုရောင်သို့
ပြောင်းသွား ပါသည်။ အတွင်းထဲရှိ အသီးအနှစ်က အဝါရောင်သန်းသော
အဖြူရောင်ဖြစ်ကာ ချိုမြမြ အရသာရှိပါသည်။ ထို အသီးအနှစ်၏
အောက်တွင် အညှိနုရောင်သန်းသော အတန်ငယ် ကြွပ်ဆတ်သည့်
အစေ့တစ်လုံး ပါရှိပါ သည်။ အစေ့သည် ခါးသက်သက် အရသာ ရှိပြီး၊
ဆေးဘက်ဝင်ပါသည်။ အခွံစိမ်းသော ကြက်မောက်သီးတို့သည်
အတန်ငယ် ချဉ်ပါသည်။ အသီးနုသောအခါမှာ အသားနှင့်
အစေ့တို့သည် ကပ်နေကြပြီး၊ အသီးရင့်မှည့် သောအခါမှာတာ့
အစေ့ဖယ်စားရန် လွယ်ကူ ပါသည်။
ကြက်မောက်သီး အစေ့မှ ဖယောင်းတိုင်နှင့် ဆပ်ပြာတို့ ပြုလုပ်ကြ
ပါသည်။ ပိုးထည်အစများကို အစိမ်းရောင်ဆိုးရန် အတွက်၊ ကြက်
မောက်သီး ပင်၏ အမြစ်ကို အသုံးပြုနိုင်ပါသည်။ အသီးခွံကို
ပိုးထည် များတွင် အနက်ရောင်ဆေးဆိုးရန် အသုံး ပြုကြပါသည်။
ကြက်မောက်ပင်၏ ပင်စည်ကို အိမ်ဆောက်လုပ် ရာတွင် အသုံးပြု
နိုင်ပါသည်။ ထို့ကြောင့် ကြက်မောက်သီး သာမက၊ အပစ်တစ်ပင်လုံး
အသုံးဝင် ပါသည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် မလေးရှားနှင့်
အင်ဒိုနီးရှားတို့မှာ ကြက်မောက်သီး ထွက်ရှိမှု အားကောင်းပြီး၊ ထိုင်း၊
သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အရှေ့တောင်အာရှ
နိုင်ငံများနှင့် ဘိုနီယို၊ အာဖရိက၊ အီကွေဒေါ၊ သြစတြေးလျ၊ အမေရိက
အလယ်ပိုင်းနှင့် ကာရေဘီယံ ကျွန်းဆွယ် တို့တွင်လည်း ကျယ်ကျယ်
ပြန့်ပြန့် စိုက်ပျိုးလျှက် ရှိကြပါသည်။
ကြက်မောက်သီးကို သူ့နေရာ ဒေသအလိုက် အမည် နာခေါ်ဆိုပုံခြင်း
မတူညီကြပါ။ အင်္ဂလိပ်အမည် အားဖြင့် Rambutan ဟု ခေါ်သော
ကြက်မောက်သီးမှာ အမှန်တကယ်တော့ မလေးရှား ဘာသာစကားမှ
ဆင်းသက်လာခြင်း ဖြစ်ပါသည်။ မလေးရှာတွင် ကြက်မောက်သီးကို
အမွှေးထူသော အသီး (ဝါ) Rambutan ဟုခေါ်ကြခြင်း ဖြစ်ပါသည်။
ပနားမား၊ ကိုစတာရီကာ၊ နှင့် နီကာရာဂွါးနိုင်ငံများတွင် .mamon
chino. ဟူူ၍ လည်းကောင်း၊ ထိုင်းနိုင်ငံတွင် .ngoh. ဟူ၍
လည်းကောင်း၊ ပြင်သစ်နိုင်ငံတွင်.ramboutan (or) ramboutanier.
ဟူ၍ လည်းကောင်း၊ အိန္ဒိတွင် .ramboostan. ဟူ၍လည်းကောင်း၊
တရုတ်တွင်.Shao tzu. ဟူ၍လည်းကောင်း၊ ဗီယက်နမ်တွင် .chom
chom (or) vai ဟူ၍ လည်းကောင်း၊ အမျိုးမျိုး ခေါ်ဆိုကြပါသည်။
မြန်မာပြည် မှာတော့ ကြက်မောက်သီး လှိုင်လှိုင်ထွက်ရှိရာ ဒေသမှာ
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ရှိ နတ်စမ်းကျေးရွာ ဖြစ်ပါသည်။
ထိုကျေးရွာတွင် ပုံမှန်အစေ့ပါသော ကြက်မောက်သီးနှင့် အစေ့လွတ်
နတ်စမ်း ကြက်မောက်သီးဟူ၍ နှစ်မျိုးထွက်ရှိပါသည်။
အစေ့လွတ် ကြက်မောက်သီးများသည် ယိုးဒယားကြက်မောက်သီး
ကဲ့သို့ အချိုစူးရှ ပါသည်။ မြန်မာပြည်တွင် ကြက်မောက်သီးကို
သွားရည်စာအသီးအဖြစ်သာ အစားများလေ့ ရှိကြပါသည်။
ကြက်မောက်သီးယို၊ သီးစုံ ဒိုမီနို၊ သံဗူး စသည်ဖြင့်လည်း စားသုံးနိုင်
ပါသည်။ ကြက်မောက် သီးပင်မှ လူသားတို့ အတွက် အာဟာရ
ပြုပေးနိုင်ပုံကို Institute of Medicine က ယခုလို အကြံပြုထား
ပါသည်။ ကြက်မောက်သီး သာမက အရွက်၊ အသီးခွံ၊ အစေ့၊
ပင်စည်နှင့် အမြစ်တို့လည်း ဆေးဘက်ဝင်ကြပါသည်။
ပင်စည်ထဲတွင် saponin, tannin, iron, pectin နှင့် flavonoids တို့
ပါရှိကြပြီး အစေ့ထဲတွင် polifenol နှင့် အေတို့ ပါရှိပါသည်။
၁၀၀ ဂရမ်ရှိသော ကြက်မောက်သီး တစ်ခွက်စာ ပမာဏတွင်၊
လူသားတို့ ကျန်းမာရေး အတွက် ခွန်အား ဖြစ်စေသော ပရိုတင်း ၁
ဒသမ သုည ဂရမ်၊ ကဆီဓာတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင် ဓာတ် ၁
ဒသမ ၄ ဂရမ်၊ သီအာမင် သုည ဒသမ ၀၁ ဂရမ်။ ဗိုက်တာမင်စီ
၇ ဒသမ ၄ မီလီဂရမ်၊ ဆိုဒီယမ် ၁၆ ဒသမ ၅ ဂရမ်၊ ပိုတက်စီယမ်
၆၃ ဒသမ သုည ဂရမ်၊ ကယ်လ်စီယမ် ၃၃ ဒသမ သုည မီလီဂရမ်၊
ဗိုက်တာမင်အေ ၄ ဒသမ ၅ ှု့ နှင့် သံဓာတ် သုည ဒသမ ၅ မီလီ
ဂရမ်တို့ပါရှိပါသည်။ ပြည့်ဝဆီနှင့် ကိုလက်စထရောတို့ လုံးဝမပါ
ရှိကြပါ။ ကြက်မောက်သီးတွင် သကြားဓာတ်၊ အထူးသဖြင့်
ဖရက်တို့စ်နှင့် ဆူးခရို့စ်တို့ များစွာပါဝင်ပြီး၊ ကယ်လိုရီ ပါဝင်မှု
နည်းပါသည်။ ထို့ကြောင့် ယခုလို အာဟာရ တန်ဖိုးများစွာ
ပါဝင်သည့် ကြက်မောက်သီးကို စားပေးခြင်းဖြင့် အောက်ပါ
ကျန်းမာရေး စွမ်းပကားများကို ရရှိစေနိုင်မည် ဖြစ်ပါသည်။
၁။ ကြက်မောက်သီးကို မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများတွင်
ရိုးရာ ဆေးစွမ်း တစ်လက် အဖြစ် ရှေးနှစ်ရာပေါင်း များစွာ ကတည်း
ကပင် ဆီးချိုရောဂါ၊ သွေးတိုး ရောဂါနှင့် တခြားနာမကျန်းဖြစ်မှု
များစွာကို ကုသရာတွင် အသုံးပြုခဲ့ကြပါသည်။
၂။ ကြက်မောက်သီးတွင် ဗီတာမင်စီ နှင့် ဘီတာကယ်ရိုတင်းတို့အပြင်၊
ဖလေဗိုနွိုက် (ခေါ်) အပင်မှထွက်ရှိသော ဓာတ်တိုး ဆန့်ကျင်
ပစ္စည်းလည်း ပေါများစွာ ပါရှိကြောင်း၊ ထိုဖလေဗိုနွိုက်သည်
သွေး အတွင်း မကောင်းသော ကိုလက်စထရော များကို လျော့ကျ
စေခြင်း၊ ကင်ဆာရောဂါများ ဆန့်ကျင်တိုက်ထုတ်ပေးခြင်း၊ ရောင်ရမ်းမှု
တို့ကို လျော့ကျစေခြင်း စသည်ဖြင့် ဆေးစွမ်း ထက်မြက်ကြောင်း
ထိုင်းနိုင်ငံရှိ Chiang Mai University မှ စမ်းသပ် ဖော်ထုတ်ခဲ့ပါသည်။
ထို အစွမ်းတို့ကြောင့် ယခုအခါ ကြက်မောက်သီး Extract ကို
ဆေးဝါးထုတ်လုပ် လျှက်ရှိပါသည်။
၃။ ကြက်မောက်သီး အခွံထဲတွင် Gallic အက်ဆစ် တစ်မျိုး ပါဝင်ပြီး၊
ထို အက်ဆစ်က ခန္ဓာကိုယ်ထဲတွင် ဖရီးရယ်ဒီကယ် များကြောင့်
ထိခိုက်မှုတွေမဖြစ်လာအောင် ကာကွယ်ပေးပါသည်။
၄။ ကြက်မောက်သီး ထဲတွင် ဗီတာမင်စီ များစွာ ပါဝင်ပါသည်။
ကြက်မောက်သီး ၁၂ လုံးထဲတွင် အက်စ်ကောဘစ် အက်စစ်
၇၅-၉၀ မီလီဂရမ်ပါဝင်ပြီး၊ လူ တစ်ယောက်၏ တစ်နေ့တာ
လိုအပ်သော ဗီတာမင်စီ ထက် နှစ်ဆကျော် ရှိပါသည်။
ဗီတာမင်စီ သည် ခန္ဓာကိုယ်ဆဲလ်များကို ဖရီးရယ်ဒီကယ်ကြောင့်
ထိခိုက်မှုမှ ကာကွယ်ပေး နိုင်ပြီး၊ သံဓာတ်စုပ်ယူ နိုင်အောင်လည်း
ကူညီ ပေးပါသည်။
၅။ ကြက်မောက်သီး ထဲတွင် သွေးနီဥနှင့် သွေးဖြူဥများ ပြုလုပ်
ရာတွင် လိုအပ်သော ကြေးနီဓာတ်အသင့်အတင့် ပါရှိပါသည်။
၆။ သွေးတိုးရောဂါ ဝေဒနာသည် များသည် တစ်နေ့လျှင်
ကြက်မောက်သီး ရှစ်လုံးမှ ၁၀ လုံးခန့်စားပေးသင့်ပါသည်။
အစေ့ထဲ တွင် hypoglycemic ဓာတ် ပါရှိခြင်းကြောင့် သွေးထဲရှိ
သကြား ပမာဏကို ကျဆင်းစေပါသည်။
၇။ ကြက်မောက်သီးသည် လူတစ်ဦး လျှင် တစ်နေ့တာလိုအပ်သော
သံဓာတ် ပမာဏ၏ ၁၃ ဒသမ ၈ ကျော်ကို ထောက်ပံ့ ပေးနိုင်ပါသည်။
ထို့ကြောင့် သံဓာတ် အရင်းအမြစ်တို့စုဝေးရာ ကြက်မောက်သီးကို
စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်
ပမာဏကို ဖြည့်စွက် ပေးနိုင်ပြီး၊ မူးဝေခြင်း၊ နုံးချည့် ပင်ပန်းခြင်း၊
ဖျော့တော့ နွမ်းနယ်ခြင်း စသည့် သံဓာတ် အားနည်းခြင်းကြောင့်
ဖြစ်တတ်သော သွေးအားနည်းရောဂါတို့ကို ကာကွယ် ပေးနိုင်ပါသည်။
၈။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားသုံးသောအခါ
တစ်နေ့တာ လိုအပ်သည့် ဖော့စ်ဖရပ်စ် ၄ ဒသမ ၃ ကို ရရှိစေသည့်
အတွက် ကျောက်ကပ်ကို ကောင်းစွာ အလုပ်လုပ်နိုင်အောင်
ထောက်ပံ့ ပေးပါသည်။ ကျောက်ကပ်ကိုလည်း သန့်စင်စေ ပါသည်။
၉။ ကယ်လ်စီယမ်ဓာတ် ပါရှိခြင်းကြောင့်
သွားနှင့်အရိုးများကို ခိုင်ခန့် စေပါသည်။
၁၀။ ကြက်မောက်သီးကို စားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ
ကပ်ပါးကောင် များကို သေစေနိုင်သည့်ပြင်၊ ဝမ်းလျှော၊ ဝမ်းပျက်ခြင်း
ဝေဒနာ တို့ကိုလည်း သက်သာ စေကြောင်း The Online Culinary
School website မှ အကြံပြု ထောက်ခံထား ပါသည်။
၁၁။ ကြက်မောက်သီး အစေ့ကို သူ့ချည်းဘဲ အစိမ်းလိုက်
ဝါးစားနိုင်သလို၊ ကြိတ်ချေပြီး အခြား အစားအစာတို့နဲ့ တွဲဘက်
စားပေးခြင်းဖြင့် ခန္ဓာကိုယ် အဆီများကို ထိထိရောက်ရောက်
ချပေးနိုင်ပါသည်။ ထ့ိုပြင် အသားအရည်ကို ကျန်းမာစေပြီး
အထူးသဖြင့် မျက်နှာ အသားအရည်ကို နူးညံ့ ချောမွေ့စေပါသည်။
(လူအချို့ကတော့ ကြက်မောက်သီး အစေ့နှင့် မွေးရာပါဓာတ်
မတည့်မှုများ ရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်ပါသည်)
၁၂။ ကြက်မောက်ပင်အရွက်ကို ထောင်းထု၍ အနာအုံဆေး
အဖြစ် လည်ကောင်း၊ အသားအရေ ခြောက်သွေ့ခြင်း အတွက်
လည်းကောင်း အသုံးပြုနိုင် ပါသည်။ ခေါင်းကိုက်သော အခါတွင်
ကြက်မောက်ပင် အရွက်ကို နားထင်ပတ်လည်တွင် ထောင်းအုံ
ပေးခြင်းဖြင့်လည်း ဝေဒနာများ သက်သာ လာစေနိုင်ပါသည်။
ထို့ပြင် ကြက်မောက်သီး အရွက်ကို သန့်စင်အောင် ဆေးကြောပြီး၊
ရေအနည်းငယ် ထည့်၍ ကြိတ်ချေပါ။ ထိုအနှစ်ကို အဝတ် သန့်သန့်
ဖြင့်ထုပ်ကာ ညှစ်ပြီးရလာသည့် အရွက်သတ္တုရည်ကို ဦးရေပြားအနှံ့
မှန်မှန် လိမ်းပေးခြင်းဖြင့် ဆံပင်သားများ သန်စွမ်း နက်မှောင်လာ
စေပါမည်။ ဆံပင် ဆိုးဆေး အဖြစ်လည်း အသုံးပြုနိုင်ပါသည်။
၁၃။ ကြက်မောက်သီး အခွံကို ခပ်ပါးပါးလှီးပြီး၊ ရေသုံးခွက်
တစ်ခွက်တင် ကြို၍ အအေးခံကာ တစ်နေ့နှစ်ကြိမ် သောက်သုံး
ပေးခြင်းဖြင့် ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေနိုင်ပါသည်။
၁၄။ ကြက်မောက်သီး အစေ့ ငါးလုံး ကိုလှော်၍ ကြိတ်ချေပါ။
ပြီးရင် ရေအေးအေး တစ်ခွက်ဖြင့် ထိုနည်းအတိုင်း တစ်နေ့
၂-ကြိမ် သောက်သုံး ပေးပါက၊ ဆီးချိုရောဂါ ကို သက်သာလာ
စေနိုင်ပါသည်။
၁၅။ ကြက်မောက်သီး အခွံခြောက် ၁၅ ဂရမ်ခန့်ကို ရေသုံးခွက်စာ
ပမာဏ ဖြင့်ရော၍ ၁၅ မိနစ်လောက် ဆူအောင်တည်ပါ။
အအေးခံပြီးနောက် ထိုပြုတ်ရေကို တစ်နေ့ သုံးကြိမ် သောက်ပေး
ခြင်းဖြင့် ဖျားနာရောဂါများ ယူပစ်သလို ပျောက်ကင်း စေနိုင်ပါသည်။
၁၆။ ကြက်မောက်သီး ငါးလုံးစာ ပမာဏထဲတွင် လူတစ်ယောက်၏
တစ်နေ့တာ လိုအပ်သော ဗိုက်တာမင်စီကို အပြည့်အ၀ ရရှိနိုင်ပါသည်။
၁၇။ ကြက်မောက်ပင်၊ ပင်စည်သားကို ပြုတ်၍ မက္ခရုနာများကို
လိမ်းကျံ ပေးခြင်းဖြင့် ပျောက်ကင်းသက်သာ စေနိုင်ပါသည်။
၁၈။ ကြက်မောက်ပင်၏ အမြစ်ကို ပြုတ်၍
သန်ချဆေးအဖြစ် သောက်သုံးနိုင် ပါသည်။
၁၉။ ယခုအခါတွင် မလေးရှာနိုင်ငံ ၏ ပရဆေးဆိုင်များတွင်
ကြက်မောက်သီး အခွံခြောက်များကို ဖျားနာခြင်း ဝေဒနာ
အမျိုးမျိုးတို့ကို ကုသရန်အတွက် ဖောဖော သီသီ ရောင်းချလျက်
ရှိကြပါသည်။
ကြက်မောက်သီးသည် စပျစ်သီး ထက်အရည်ရွှမ်းပြီး၊ လိုင်ချီးသီး
အရသာ နှင့်လည်း ခပ်ဆင်ဆင်တူပါသည်။ ရာသီစာ သီးနှံဖြစ်သော
ကြောင့် ယခုလို မိုးဦး ကာလတွင်သာ ရရှိနိုင်သည့် ဆေးဘက်ဝင်
ကြက်မောက်သီးများကို ကျန်းမာရေး လိုက်စားသူ မိတ်ဆွေများ
အားလုံး အချိန်မီ အပြေးကလေး ဝယ်ယူစားသောက်စေ
လိုပါကြောင်း ရေးသားလိုက်ရပါသည်။
- ပေါက်ပေါက်
မှီငြမ်း (World}s healthiest fruit – Rambutan)
မြန်မာတောင်သူကြီးများ ဂျာနယ်
အတွဲ (၁၄) အမှတ် (၂၀၄)၊ ဇွန် ၂၀ - ၂၆၊ ၂၀၁၆ ခုနှစ်
No comments:
Post a Comment