ေတာင္ဖီလာဆရာေတာ္ႏွင့္
စက္ေတာ္ရာႏွစ္ဆူ ရွာေဖြျခင္း
------------------------------------
ဓားမကူးဆရာေတာ္(ေခၚ)ေတာင္ဖီလာဆရာေတာ္ႀကီး
.
ဓားမကူးဆရာတော်(ခေါ်)တောင်ဖီလာဆရာတော်ကြီး
တစ္ရံေရာအခါ (သကၠရာဇ္အားျဖင့္ တစ္ေထာင္ျပည့္ႏွစ္တြင္)
ႏွစ္ေပါင္းမ်ားစြာေပ်ာက္ကြယ္ေနေသာ မန္းစက္ေတာ္ရာ ႏွစ္ဆူကို
ရွာေဖြရန္ သာလြန္မင္းၾကီးထံ စာသြင္းၾက၏။ မင္းၾကီးလည္း
သေဘာက်သျဖင့္ စက္ေတာ္ရာ အရွာထြက္ေတာ္မူခဲ့သည္။။
အနတၱ ဓဇ ဆရာေတာ္၊ အရိယာလကၤာရ ဆရာေတာ္၊
တိေလာကာ လကၤာရ ဆရာေတာ္တို ့လည္း အေဖာ္ပါၾက၏။
အင္း၀ေနျပည္ေတာ္မွ မင္းဘူးသို ့ၾကြကာ တစ္ေတာ၀င္
တစ္ေတာင္ထြက္ သက္တံု တက္တံု ရွာေဖြေတာ္မူၾက၏။
ရက္လည္း အတန္ၾကာေလျပီ။ စက္ေတာ္ရာအနီး မရွက္ရြာတြင္
ေခတၱနားေနတည္းခိုေတာ္မူရာ တစ္ညတြင္ေတာင္ဖီလာဆရာေတာ္
အိပ္မက္ျမင္မက္ေတာ္မူသည္။ အိပ္မက္ထဲ၌ လူတစ္ေယာက္သည္
ေခြးနက္ၾကီးတစ္ေကာင္ႏွင့္အတူ ဆရာေတာ္ထံလာ၍ -
“ဘုန္းၾကီးတို ့လာၾကသည္မွာ အႏၱရာယ္ၾကီးလွသည္။ေတာနက္၍
သားရဲတိရစၧာန္ ထူေျပာသည္။ အဘယ့္ေၾကာင့္ ၾကြလာခ်င္ရသနည္း”
ဟု ေမး၍ေရွးမင္းတို ့ သြားေရာက္ပူေဇာ္ေလ့ရွိေသာ စက္ေတာ္ရာ
ႏွစ္ဆူရွိေၾကာင္း စာေဟာင္းစာတမ္းရွိ၍ ရွာေဖြရန္လာေၾကာင္း
မိန္ ့ေတာ္မူ၏။
ထိုအခါ ဒါယကာက -
“ဤသို ့ဆိုေသာ္ ေခြးနက္ၾကီး၀င္ရာ ေတာသို ့လိုက္လွ်င္
ေတြ ့ရပါလိမ့္မည္” ဟု ေလွ်ာက္သည္တြင္ ႏိုးေတာ္မူ၏။
အိပ္မက္အေၾကာင္း အေဖာ္သံုးပါးအား ေျပာျပရာ ဗာရာဏသီျပည္
သာသနာ ညႇဳိးႏြမ္းခ်ိန္တြင္ ၀ိသၾကံဳနတ္သားက ေခြးနက္ေယာင္
ေဆာင္၍ ညႊန္ျပသည္ကို ဆင္ျခင္ေတာ္မူၾကလ်က္ ေနာက္တစ္ေန ့
နံနက္ ဆက္လက္ရွာၾက၏။
အိပ္မက္၌ ျမင္ရသည့္အတိုင္း ေခြးနက္ၾကီးတစ္ေကာင္သည္
စက္ေတာ္ရာရွိေသာ ေနရာသို ့ ေရွ့ကသြားသည္ကိုေတြ ့လွ်င္
ေနာက္ကလိုက္ၾကသည္။ စက္ေတာ္ရာေနရာ၌ ေပ်ာက္ကြယ္သြား၏။
ဆရာေတာ္တို ့လည္း မန္းေခ်ာင္းနဖူးတြင္ အေရာက္၊ နတ္ဘီလူး
တစ္ေယာက္က ကိုယ္ထင္ရွားထြက္လာျပီးလွ်င္ ေမးျမန္းေျပာဆို
ျပီး၍ စက္ေတာ္ရာႏွစ္ဆူကို လိုက္လံ ညႊန္ျပေလသည္။
ဆရာေတာ္တို ့လည္း ေတာင္ေပၚတြင္ က်ိန္းစက္ၾက၏။
ေတာင္ဖီလာဆရာေတာ္က ပ႒ာန္းေဒသနာ ရြတ္ဖတ္ရာ နတ္မ်ား
တရားနာလာၾကသည္။ အနီးရွိ နတ္ၾကီးအား “သင္အသူနည္း” ဟု
ေမးရာ
“ေသာတာပန္ နတ္ၾကီးပါ” ဟုေလွ်ာက္၏။
“ဘုရားရွင္ကို မွီသေလာ” ဟု ေမးရာ “မွီပါသည္” ဟု ဆုိ၍ -
“ငါရြတ္ေသာ ပ႒ာန္းသည္ ဘုရားေဟာႏွင့္ ညီညြတ္၏ေလာ” ဟု
ေမးေတာ္မူသည္။
“ပုပ္လွေသာ ငါးပိကို ဖက္ႏွင့္ အထပ္ထပ္ထုပ္လွ်င္
အေပၚဆံုး ဖက္နံ ့ႏွင့္တူေပ၏” ဟု ေလွ်ာက္၍ - “သင့္ကိုယ္သင္
ေသာတာပန္နတ္ ဆုိတျပီးကား သင့္ႏႈတ္ထြက္ ယုတ္ညံ့လွ၏။
ငါရြတ္ေသာ ပ႒ာန္းသည္ ဘုရားေဟာႏွင့္ညီ၏။ ငါ့စကား မမွန္လွ်င္
ငါ့ဦးေခါင္းထက္ မိုးၾကိဳးစက္သြား ေရာက္ေစသတည္း” ဟု အဓိ႒ာန္
ေတာ္မူ၏။ ထိုအခါ နတ္က -
“ကြ်ႏု္ပ္လည္း ေသာတာပန္ ဟုတ္ပါသည္။ ဘုန္းၾကီး ပ႒ာန္း
ေဒသနာလည္း ဘုရားေဟာႏွင့္ ညီပါ၏။ မဆုတ္မနစ္ အားထုတ္
ေစလိုေသာ ဆႏၵျဖင့္ေလွ်ာက္မိပါသည္ကို ခြင့္လႊတ္ပါဘိ” ဟု
ေလွ်ာက္ျပီး ေပ်ာက္ကြယ္သြား၏။
ထို ့ေနာက္ စက္ေတာ္ရာကို ပံ့သုကူသကၤန္းျဖင့္ လႊမ္းအုပ္၍
“ငါသည္ ဘုရားျဖစ္မည္ ဧကန္မွန္လွ်င္ ဤသကၤန္း၌ ၁၀၈ ကြက္
စက္လကၡဏာ ထင္ေစသတည္း”ဟု အဓိ႒ာန္၏။ သကၤန္းသည္
ၾကိဳးၾကာရုပ္ကဲ့သို ့ ကုန္းကြ၍ ထလာသည္ကို ျမင္ရသည္။
ၾကိဳးလည္း ၾကိဳးစား ၾကာလည္းၾကာဦးမည္ ဟု နိမိတ္ဖတ္ေတာ္မူ၏။
စက္ေတာ္ရာ ႏွစ္ဆူကို ခ်ည္မွ်င္ျဖင့္ တိုင္းတာ၍ ယူေဆာင္ခဲ့ျပီးလွ်င္
ဘုရင္မင္းျမတ္အား ကိုးကြယ္ေစသည္။
ဓမၼာစရိယ ဦးေ႒းလႈိင္
((ရဟႏၱာႏွင့္ ပုဂၢိဳလ္ထူးမ်ား-
ေရႊဥမင္ႏွင့္ေတာင္ဖီလာပုဂၢိဳလ္ေက်ာ္ မွ)
ေကာက္ႏုတ္ ေ၀မွ်ပါသည္။)
ေမတၱာျဖင့္ စုစည္းေ၀မွ်သူ
အႏိႈင္းမဲ့စာတိုေပစမ်ား
Posted by မူၾကိဳဆရာ
ျမန္မာ့ စြယ္စုံက်မ္း
(အက်ယ္ကုိ ျမန္မာဝီကီတြင္ၾကည့္ပါ)
https://www.facebook.com/www.history/posts/613756559109504:0
============================
တောင်ဖီလာဆရာတော်နှင့်
စက်တော်ရာနှစ်ဆူ ရှာဖွေခြင်း
------------------------------------
တစ်ရံရောအခါ (သက္ကရာဇ်အားဖြင့် တစ်ထောင်ပြည့်နှစ်တွင်)
နှစ်ပေါင်းများစွာပျောက်ကွယ်နေသော မန်းစက်တော်ရာ နှစ်ဆူကို
ရှာဖွေရန် သာလွန်မင်းကြီးထံ စာသွင်းကြ၏။ မင်းကြီးလည်း
သဘောကျသဖြင့် စက်တော်ရာ အရှာထွက်တော်မူခဲ့သည်။။
အနတ္တ ဓဇ ဆရာတော်၊ အရိယာလင်္ကာရ ဆရာတော်၊
တိလောကာ လင်္ကာရ ဆရာတော်တို့လည်း အဖော်ပါကြ၏။
အင်းဝနေပြည်တော်မှ မင်းဘူးသို့ကြွကာ တစ်တောဝင်
တစ်တောင်ထွက် သက်တုံ တက်တုံ ရှာဖွေတော်မူကြ၏။
ရက်လည်း အတန်ကြာလေပြီ။ စက်တော်ရာအနီး မရှက်ရွာတွင်
ခေတ္တနားနေတည်းခိုတော်မူရာ တစ်ညတွင်တောင်ဖီလာဆရာတော်
အိပ်မက်မြင်မက်တော်မူသည်။ အိပ်မက်ထဲ၌ လူတစ်ယောက်သည်
ခွေးနက်ကြီးတစ်ကောင်နှင့်အတူ ဆရာတော်ထံလာ၍ -
“ဘုန်းကြီးတို့လာကြသည်မှာ အန္တရာယ်ကြီးလှသည်။တောနက်၍
သားရဲတိရစ္ဆာန် ထူပြောသည်။ အဘယ့်ကြောင့် ကြွလာချင်ရသနည်း”
ဟု မေး၍ရှေးမင်းတို့ သွားရောက်ပူဇော်လေ့ရှိသော စက်တော်ရာ
နှစ်ဆူရှိကြောင်း စာဟောင်းစာတမ်းရှိ၍ ရှာဖွေရန်လာကြောင်း
မိန့်တော်မူ၏။
ထိုအခါ ဒါယကာက -
“ဤသို့ဆိုသော် ခွေးနက်ကြီးဝင်ရာ တောသို့လိုက်လျှင်
တွေ့ရပါလိမ့်မည်” ဟု လျှောက်သည်တွင် နိုးတော်မူ၏။
အိပ်မက်အကြောင်း အဖော်သုံးပါးအား ပြောပြရာ ဗာရာဏသီပြည်
သာသနာ ညှိုးနွမ်းချိန်တွင် ဝိသကြုံနတ်သားက ခွေးနက်ယောင်
ဆောင်၍ ညွှန်ပြသည်ကို ဆင်ခြင်တော်မူကြလျက် နောက်တစ်နေ့
နံနက် ဆက်လက်ရှာကြ၏။
အိပ်မက်၌ မြင်ရသည့်အတိုင်း ခွေးနက်ကြီးတစ်ကောင်သည်
စက်တော်ရာရှိသော နေရာသို့ ရှေ့ကသွားသည်ကိုတွေ့လျှင်
နောက်ကလိုက်ကြသည်။ စက်တော်ရာနေရာ၌ ပျောက်ကွယ်သွား၏။
ဆရာတော်တို့လည်း မန်းချောင်းနဖူးတွင် အရောက်၊ နတ်ဘီလူး
တစ်ယောက်က ကိုယ်ထင်ရှားထွက်လာပြီးလျှင် မေးမြန်းပြောဆို
ပြီး၍ စက်တော်ရာနှစ်ဆူကို လိုက်လံ ညွှန်ပြလေသည်။
ဆရာတော်တို့လည်း တောင်ပေါ်တွင် ကျိန်းစက်ကြ၏။
တောင်ဖီလာဆရာတော်က ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ရာ နတ်များ
တရားနာလာကြသည်။ အနီးရှိ နတ်ကြီးအား “သင်အသူနည်း” ဟု
မေးရာ
“သောတာပန် နတ်ကြီးပါ” ဟုလျှောက်၏။
“ဘုရားရှင်ကို မှီသလော” ဟု မေးရာ “မှီပါသည်” ဟု ဆို၍ -
“ငါရွတ်သော ပဋ္ဌာန်းသည် ဘုရားဟောနှင့် ညီညွတ်၏လော” ဟု
မေးတော်မူသည်။
“ပုပ်လှသော ငါးပိကို ဖက်နှင့် အထပ်ထပ်ထုပ်လျှင်
အပေါ်ဆုံး ဖက်နံ့နှင့်တူပေ၏” ဟု လျှောက်၍ - “သင့်ကိုယ်သင်
သောတာပန်နတ် ဆိုတပြီးကား သင့်နှုတ်ထွက် ယုတ်ညံ့လှ၏။
ငါရွတ်သော ပဋ္ဌာန်းသည် ဘုရားဟောနှင့်ညီ၏။ ငါ့စကား မမှန်လျှင်
ငါ့ဦးခေါင်းထက် မိုးကြိုးစက်သွား ရောက်စေသတည်း” ဟု အဓိဋ္ဌာန်
တော်မူ၏။ ထိုအခါ နတ်က -
“ကျွနု်ပ်လည်း သောတာပန် ဟုတ်ပါသည်။ ဘုန်းကြီး ပဋ္ဌာန်း
ဒေသနာလည်း ဘုရားဟောနှင့် ညီပါ၏။ မဆုတ်မနစ် အားထုတ်
စေလိုသော ဆန္ဒဖြင့်လျှောက်မိပါသည်ကို ခွင့်လွှတ်ပါဘိ” ဟု
လျှောက်ပြီး ပျောက်ကွယ်သွား၏။
ထို့နောက် စက်တော်ရာကို ပံ့သုကူသင်္ကန်းဖြင့် လွှမ်းအုပ်၍
“ငါသည် ဘုရားဖြစ်မည် ဧကန်မှန်လျှင် ဤသင်္ကန်း၌ ၁၀၈ ကွက်
စက်လက္ခဏာ ထင်စေသတည်း”ဟု အဓိဋ္ဌာန်၏။ သင်္ကန်းသည်
ကြိုးကြာရုပ်ကဲ့သို့ ကုန်းကွ၍ ထလာသည်ကို မြင်ရသည်။
ကြိုးလည်း ကြိုးစား ကြာလည်းကြာဦးမည် ဟု နိမိတ်ဖတ်တော်မူ၏။
စက်တော်ရာ နှစ်ဆူကို ချည်မျှင်ဖြင့် တိုင်းတာ၍ ယူဆောင်ခဲ့ပြီးလျှင်
ဘုရင်မင်းမြတ်အား ကိုးကွယ်စေသည်။
ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်
((ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ-
ရွှေဥမင်နှင့်တောင်ဖီလာပုဂ္ဂိုလ်ကျော် မှ)
ကောက်နုတ် ဝေမျှပါသည်။)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
Posted by မူကြိုဆရာ
မြန်မာ့ စွယ်စုံကျမ်း
(အကျယ်ကို မြန်မာဝီကီတွင်ကြည့်ပါ)
https://www.facebook.com/www.history/posts/613756559109504:0
No comments:
Post a Comment