ရမ္းျဗဲၿမိဳ႕နယ္ ကုန္ေဘာင္ရြာမွ ခ်စ္စဖြယ့္
အမ်ိဳးအေဆြရြာလည္ပြဲ( သို႔ )
အတုယူဖြယ္ေကာင္းေသာ စံျပရြာ
======================
ရခိုင္ျပည္နယ္ ရမ္းျဗဲၿမိဳ႕နယ္ ကုန္ေဘာင္ ရြာမွာ ရပ္ဓေလ့ ရြာဓေလ့
ပြဲေတာ္ျဖစ္တဲ႕ အမ်ိဳးအေဆြရြာလည္ပြဲ ကိုေမလ ၁၉ရက္နဲ႕ ၂၀ရက္
ေတြမွာက်င္းပျပဳလုပ္ေနပါတယ္။ ကုန္ေဘာင္ရြာဟာ ရမ္းျဗဲၿမိဳ႕နဲ႕
ငါးမိုင္ ခန့္ကြာေဝးျပီးေတာ့ လူဦးေရ ၁၀၀၀ေက်ာ္ ခန္႕ရွိတဲ႕
ရြာတစ္ရြာျဖစ္ပါတယ္။ လယ္ယာလုပ္ငန္းကို အဓိထား
လုပ္ကိုင္ေနတဲ႕ရြာေလးတစ္ရြာျဖစ္ပါတယ္။
အမ်ိဳး အေဆြရြာလည္ပြဲကိုႏွစ္တိုင္း က်င္းပေပမယ့္ ဒီႏွစ္မွာေတာ့
လူသိမ်ားလာတာေႀကာင္ ့ပိုျပီးစည္ကားတဲ႕အျပင္ ရခိုင္ျပည္နယ္
အစိုးရအဖြဲ႕မွ ျပည္နယ္ စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ သတၱဳတြင္း
ဝန္ႀကီး ဦးေက်ာ္လြင္တက္ေရာက္အားေပးခဲ့ၿပီး အလွဴေငြမ်ားလည္း
ေပးအပ္ေထာက္ပံ႕ခဲ့တယ္လို႕သိရပါတယ္။
အမ်ိဳးအေဆြ ရြာလည္ပြဲဆိုတာ ကုန္ေဘာင္ရြာကလြဲၿပီး
တျခား ဘယ္ေနရာမွာမွ မရွိပါဘူး တစ္ေျမ တည္းေန
တစ္ေရတည္းေသာက္ ေက်းရြာသားေတြရဲ႕ခ်စ္ႀကည္
ရင္နွီးမွဳကိုေဖၚျပတဲ့ပြဲ တစ္ခုပါ။ အတိတ္က ခါးသီးမွဳတစ္ခုကို
သင္ပုန္းေခ်ျပီး ရရွိလာတဲ႕ ေဆြမ်ိဳးသားခ်င္းမ်ား ရဲ႕ ဂုဏ္ယူ
အတုယူဖြယ္ ပြဲေတာ္တစ္ခုဆိုလဲ မမွားပါဘူး။
အတိတ္ကမည္သို႕ပင္ျဖစ္ေစကာမူ လက္ရွိမွာ တစ္ဦးႏွင့္တစ္ဦး
တစ္မိသားစုနဲ႕တစ္မိသားစု မည္မ်ွအထိ ခ်စ္ႀကည္ေနျပီလဲဆိုတာ
ျပသတဲ႔ပြဲေတာ္ငယ္ေလးတစ္ခုပါ။
ကုန္ေဘာင္ရြာဟာ ေျမာက္ဦးေခတ္ကတည္းက တည္ရွိေနတဲ႕
ရြာေလးတစ္ရြာျဖစ္ပါတယ္။ က်ဴးေက်ာ္လာတဲ႕နယ္ခ်ဲ႕ရန္ကို
ညီညီညြတ္ညြတ္ အသက္ေပးကာကြယ္ခဲ႔တဲ႔ရြာေလးလဲျဖစ္ပါတယ္။
၁၈၄၀ ခုႏွစ္ေနာက္ပိုင္းမွာ လယ္ေျမ ပိုင္ဆိုင္မွဳ အျငင္းပြားရာမွ
တစ္ဆင့္ ႏွစ္တိုင္းလိုလို ျပသနာျဖစ္ပြါးျပီးရြာေတာင္ပိုင္းနဲ႕ေျမာက္ပိုင္း
ဆိုျပီး ကြဲထြက္သြားခဲ့ရပါတယ္။(အတိတ္ကခါးသီးမွဳကို အက်ယ္ခ်ဲ႕
မေရးလိုပါ) သို႔ေသာ္ မိမိတို႕ေဆြမ်ိဳးသားခ်င္း စိတ္ဝန္ကြဲၿပားမွဳကို
ရြာက ဆရာေတာ္ဘုရားနဲ႕သက္ႀကီးရြယ္အိုေတြ တိုင္ပင္ျပီး
ျပန္လည္သင့္ျမတ္ေအာင္ လုပ္ေဆာင္နိုင္ခဲ႕ႀကပါတယ္။
တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ႀကည္မွဳပိုရေအာင္ ေနာင္တစ္ခ်ိန္
စိတ္ဝမ္းကြဲျပားမွဳမရွိေအာင္ ရြာေတာင္ပိုင္မွသူမ်ား ရြာေျမာက္ပိုင္းသို႕
အုပ္စုလိုက္ လာေရာက္ဝန္ခ်ေတာင္းပန္ျခင္း။ ေနာက္တစ္ေန႔တြင္
ရြာေျမာက္ပိုင္းမွလည္း ရြာေတာင္ပိုင္းသို႔ လာေရာက္ေတာင္းပန္ျခင္း
တစ္ဦးႏွင့္တစ္ဦး အေက်ြးအေမြးျဖင့္ဧည့္ခံျခင္း။ လယ္ယာစိုက္ပ်ိဳးျခင္းနဲ႔
ပါတ္သတ္ျပီး အသိပညာဖလွယ္ျခင္း မ်ိဳးစပါးေတြဖလွယ္ျခင္း
စတာေတြျပဳလုပ္ေစခဲ႕ရာမွ အမ်ိဳးအေဆြရြာလည္ပြဲျဖစ္ေပၚလာျပီး
ေဒသဓေလ့ပြဲေတာ္တစ္ခု လို ယေန႕တိုင္က်င္းပလာတာျဖစ္ပါတယ္။
လယ္ယာလုပ္ငန္ခြင္သို႕ အသီးသီးမဝင္ခင္ အုပ္စုလိုက္ ေတြ႔ဆံုတဲ့
ပြဲဆိုလည္း မမွားဘူးလို့ဆိုပါတယ္။ လယ္ယာလုပ္ငန္းခြင္
ဝင္ေရာက္သည့္အခါ သူ႕တာဝန္ ကုိယ့္တာဝန္မ်ားရွိေနတာေႀကာင့္
ယခုလိုေတြ႔ဆံုဖို့လည္း ခက္ခဲတယ္လို႕သိရပါတယ္။ ေတြ႔ဆံုစဥ္အတြင္း
မိမိတို႕လယ္ယာေျမ အေျခအေန ေကာင္းမေကာင္း ေမျမန္းၾကၿပီး
အေျခအေနေကာင္းေအာင္ ည္သို႕လုပ္ေဆာင္သင့္ေႀကာင္း
အႀကံဥာဏ္မ်ား ဖလွယ္ျခင္းေႀကာင့္ လယ္ယာေျမ အထြက္
ေကာင္းတဲ႕အက်ိဳးေက်းဇူးေတြလည္း ခံစားရတယ္လို႕
ေဒသခံေတြကေျပာပါတယ္။
နိုင္ငံေရးမတည္ျငိမ္မွဳေႀကာင့္ မက်င္းပခဲ့ရတဲ႔နွစ္ေတြလည္ရွိတယ္လို႕
သိရပါတယ္။ က်င္းပမယ့္ ပထမေန႔မွာ ရြာေျမာက္ပိုင္းက ရြာသူ
ရြာသားေတြဟာ ျမင္ရသူရယ္ေမာ အပန္းေျပေစမယ့္ အဝတ္အစား
မ်ားကုိဝတ္ျခင္း၊ အိုးမည္း၊ထံုးလိမ္က်ံ႕ျခင္း ေတြကိုျပဳလုပ္ျပီး
အစားအေသာက္မ်ားယူေဆာင္ကာ ရြာေတာင္ပိုင္းသို႕ အုပ္စုလိုက္
တစ္ေပ်ာ္တပါး သြားေရာက္လည္ပတ္ျပီး ရြာေတာင္ပိုင္းသားေတြႏွင့္
အတူ တစ္ေပ်ာ္တပါး ခ်စ္ခင္ရင္းႏွီးစြာ သာေရးနာေရး ဘာသာေရး
အစရွိသည္ျဖင့္ ေဆြးေႏြေျပာဆို အတူတကြစားေသာက္ႀကပါတယ္။
ဒုတိယေန႕မွာလည္း ရြာေတာင္ပိုင္းသားေတြဟာ ရြာေျမာက္ပိုင္သို႕
ယင္းနည္းလည္းေကာင္း သြားေရာက္လည္ပတ္ႀကပါတယ္။
မိမိမေရာက္ဖူးေသးေသာ္လည္ ႀကည္နူးဖြယ္ေကာင္းတဲ႕
ပြဲေတာ္တစ္ခု အေသအခ်ာျဖစ္မွာပါ။
ယခုလက္ရွိမွာ ရခိုင္ျပည္နယ္တြင္း အစုအဖြဲ႕အခ်င္းခ်င္း၊
ပါတီအခ်င္းခ်င္း၊ တိုင္းရင္သားမ်ိဳးႏြယ္စု အခ်င္းခ်င္း၊ လူပုဂၢိဳလ္
အခ်င္းခ်င္း၊ ေက်းရြာ အခ်င္းခ်င္း စိတ္ဝမ္းကြဲျပားမွဳမ်ား၊
ျမန္မာနိုင္ငံတြင္းတြင္လည္း တိုင္းရင္းသားအခ်င္းခ်င္း စိတ္ဝမ္းကြဲျပီး
တိုက္ခိုက္မွဳမ်ားရွိေနသည္ကို မ်က္ျမင္ ေတြ႕ေနရျပီး
အဲဒီအက်ိဳးဆက္ေတြကို ခံစားေနရခ်ိန္မွာ ရမ္းျဗဲၿမိဳ႕နယ္
ကုန္ေဘာင္ေက်းရြာက အမ်ိဳးအေဆြရြာလည္ပြဲ ကို
အတုယူနိုင္ႀကမည္ဆိုပါက -………………။
ျမတ္ေဝ။
(ရမ္းျဗဲ အမ်ိဳးအေဆြရြာလည္ပြဲႏွင့္ပါတ္သတ္ျပီး ေျပာျပေပးေသာ
ျပည္နယ္ဝန္ႀကီး ဦးေက်ာ္လြင္၊ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးရဲျမတ္သိန္း၊
ကုန္ေဘာင္ရြာမွေဒသခံမ်ား အား ေက်းဇူးပါခင္ဗ်ာ)
ျမတ္ေဝ- ေရးသားသီကံုးသည္ကို ေဖာ္ျပလိုက္ပါသည္။
ရမၼာေျမမွသတင္းစံု
မင္းရဲေက်ာ္စြာ
source: News Shwe O
=============================
ရမ်းဗြဲမြို့နယ် ကုန်ဘောင်ရွာမှ ချစ်စဖွယ့်
အမျိုးအဆွေရွာလည်ပွဲ( သို့ )
အတုယူဖွယ်ကောင်းသော စံပြရွာ
======================
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကုန်ဘောင် ရွာမှာ ရပ်ဓလေ့ ရွာဓလေ့
ပွဲတော်ဖြစ်တဲ့ အမျိုးအဆွေရွာလည်ပွဲ ကိုမေလ ၁၉ရက်နဲ့ ၂၀ရက်
တွေမှာကျင်းပပြုလုပ်နေပါတယ်။ ကုန်ဘောင်ရွာဟာ ရမ်းဗြဲမြို့နဲ့
ငါးမိုင် ခန့်ကွာဝေးပြီးတော့ လူဦးရေ ၁၀၀၀ကျော် ခန့်ရှိတဲ့
ရွာတစ်ရွာဖြစ်ပါတယ်။ လယ်ယာလုပ်ငန်းကို အဓိထား
လုပ်ကိုင်နေတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။
အမျိုး အဆွေရွာလည်ပွဲကိုနှစ်တိုင်း ကျင်းပပေမယ့် ဒီနှစ်မှာတော့
လူသိများလာတာကြောင့်ပိုပြီးစည်ကားတဲ့အပြင် ရခိုင်ပြည်နယ်
အစိုးရအဖွဲ့မှ ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် သတ္တုတွင်း
ဝန်ကြီး ဦးကျော်လွင်တက်ရောက်အားပေးခဲ့ပြီး အလှူငွေများလည်း
ပေးအပ်ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။
အမျိုးအဆွေ ရွာလည်ပွဲဆိုတာ ကုန်ဘောင်ရွာကလွဲပြီး
တခြား ဘယ်နေရာမှာမှ မရှိပါဘူး တစ်မြေ တည်းနေ
တစ်ရေတည်းသောက် ကျေးရွာသားတွေရဲ့ချစ်ကြည်
ရင်နှီးမှုကိုဖေါ်ပြတဲ့ပွဲ တစ်ခုပါ။ အတိတ်က ခါးသီးမှုတစ်ခုကို
သင်ပုန်းချေပြီး ရရှိလာတဲ့ ဆွေမျိုးသားချင်းများ ရဲ့ ဂုဏ်ယူ
အတုယူဖွယ် ပွဲတော်တစ်ခုဆိုလဲ မမှားပါဘူး။
အတိတ်ကမည်သို့ပင်ဖြစ်စေကာမူ လက်ရှိမှာ တစ်ဦးနှင့်တစ်ဦး
တစ်မိသားစုနဲ့တစ်မိသားစု မည်မျှအထိ ချစ်ကြည်နေပြီလဲဆိုတာ
ပြသတဲ့ပွဲတော်ငယ်လေးတစ်ခုပါ။
ကုန်ဘောင်ရွာဟာ မြောက်ဦးခေတ်ကတည်းက တည်ရှိနေတဲ့
ရွာလေးတစ်ရွာဖြစ်ပါတယ်။ ကျူးကျော်လာတဲ့နယ်ချဲ့ရန်ကို
ညီညီညွတ်ညွတ် အသက်ပေးကာကွယ်ခဲ့တဲ့ရွာလေးလဲဖြစ်ပါတယ်။
၁၈၄၀ ခုနှစ်နောက်ပိုင်းမှာ လယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားရာမှ
တစ်ဆင့် နှစ်တိုင်းလိုလို ပြသနာဖြစ်ပွါးပြီးရွာတောင်ပိုင်းနဲ့မြောက်ပိုင်း
ဆိုပြီး ကွဲထွက်သွားခဲ့ရပါတယ်။(အတိတ်ကခါးသီးမှုကို အကျယ်ချဲ့
မရေးလိုပါ) သို့သော် မိမိတို့ဆွေမျိုးသားချင်း စိတ်ဝန်ကွဲပြားမှုကို
ရွာက ဆရာတော်ဘုရားနဲ့သက်ကြီးရွယ်အိုတွေ တိုင်ပင်ပြီး
ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
တစ်ယောက်ကိုတစ်ယောက် ချစ်ကြည်မှုပိုရအောင် နောင်တစ်ချိန်
စိတ်ဝမ်းကွဲပြားမှုမရှိအောင် ရွာတောင်ပိုင်မှသူများ ရွာမြောက်ပိုင်းသို့
အုပ်စုလိုက် လာရောက်ဝန်ချတောင်းပန်ခြင်း။ နောက်တစ်နေ့တွင်
ရွာမြောက်ပိုင်းမှလည်း ရွာတောင်ပိုင်းသို့ လာရောက်တောင်းပန်ခြင်း
တစ်ဦးနှင့်တစ်ဦး အကျွေးအမွေးဖြင့်ဧည့်ခံခြင်း။ လယ်ယာစိုက်ပျိုးခြင်းနဲ့
ပါတ်သတ်ပြီး အသိပညာဖလှယ်ခြင်း မျိုးစပါးတွေဖလှယ်ခြင်း
စတာတွေပြုလုပ်စေခဲ့ရာမှ အမျိုးအဆွေရွာလည်ပွဲဖြစ်ပေါ်လာပြီး
ဒေသဓလေ့ပွဲတော်တစ်ခု လို ယနေ့တိုင်ကျင်းပလာတာဖြစ်ပါတယ်။
လယ်ယာလုပ်ငန်ခွင်သို့ အသီးသီးမဝင်ခင် အုပ်စုလိုက် တွေ့ဆုံတဲ့
ပွဲဆိုလည်း မမှားဘူးလို့ဆိုပါတယ်။ လယ်ယာလုပ်ငန်းခွင်
ဝင်ရောက်သည့်အခါ သူ့တာဝန် ကိုယ့်တာဝန်များရှိနေတာကြောင့်
ယခုလိုတွေ့ဆုံဖို့လည်း ခက်ခဲတယ်လို့သိရပါတယ်။ တွေ့ဆုံစဉ်အတွင်း
မိမိတို့လယ်ယာမြေ အခြေအနေ ကောင်းမကောင်း မေမြန်းကြပြီး
အခြေအနေကောင်းအောင် ည်သို့လုပ်ဆောင်သင့်ကြောင်း
အကြံဉာဏ်များ ဖလှယ်ခြင်းကြောင့် လယ်ယာမြေ အထွက်
ကောင်းတဲ့အကျိုးကျေးဇူးတွေလည်း ခံစားရတယ်လို့
ဒေသခံတွေကပြောပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မကျင်းပခဲ့ရတဲ့နှစ်တွေလည်ရှိတယ်လို့
သိရပါတယ်။ ကျင်းပမယ့် ပထမနေ့မှာ ရွာမြောက်ပိုင်းက ရွာသူ
ရွာသားတွေဟာ မြင်ရသူရယ်မော အပန်းပြေစေမယ့် အဝတ်အစား
များကိုဝတ်ခြင်း၊ အိုးမည်း၊ထုံးလိမ်ကျံ့ခြင်း တွေကိုပြုလုပ်ပြီး
အစားအသောက်များယူဆောင်ကာ ရွာတောင်ပိုင်းသို့ အုပ်စုလိုက်
တစ်ပျော်တပါး သွားရောက်လည်ပတ်ပြီး ရွာတောင်ပိုင်းသားတွေနှင့်
အတူ တစ်ပျော်တပါး ချစ်ခင်ရင်းနှီးစွာ သာရေးနာရေး ဘာသာရေး
အစရှိသည်ဖြင့် ဆွေးနွေပြောဆို အတူတကွစားသောက်ကြပါတယ်။
ဒုတိယနေ့မှာလည်း ရွာတောင်ပိုင်းသားတွေဟာ ရွာမြောက်ပိုင်သို့
ယင်းနည်းလည်းကောင်း သွားရောက်လည်ပတ်ကြပါတယ်။
မိမိမရောက်ဖူးသေးသော်လည် ကြည်နူးဖွယ်ကောင်းတဲ့
ပွဲတော်တစ်ခု အသေအချာဖြစ်မှာပါ။
ယခုလက်ရှိမှာ ရခိုင်ပြည်နယ်တွင်း အစုအဖွဲ့အချင်းချင်း၊
ပါတီအချင်းချင်း၊ တိုင်းရင်သားမျိုးနွယ်စု အချင်းချင်း၊ လူပုဂ္ဂိုလ်
အချင်းချင်း၊ ကျေးရွာ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ၊
မြန်မာနိုင်ငံတွင်းတွင်လည်း တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြီး
တိုက်ခိုက်မှုများရှိနေသည်ကို မျက်မြင် တွေ့နေရပြီး
အဲဒီအကျိုးဆက်တွေကို ခံစားနေရချိန်မှာ ရမ်းဗြဲမြို့နယ်
ကုန်ဘောင်ကျေးရွာက အမျိုးအဆွေရွာလည်ပွဲ ကို
အတုယူနိုင်ကြမည်ဆိုပါက -………………။
မြတ်ဝေ။
(ရမ်းဗြဲ အမျိုးအဆွေရွာလည်ပွဲနှင့်ပါတ်သတ်ပြီး ပြောပြပေးသော
ပြည်နယ်ဝန်ကြီး ဦးကျော်လွင်၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲမြတ်သိန်း၊
ကုန်ဘောင်ရွာမှဒေသခံများ အား ကျေးဇူးပါခင်ဗျာ)
မြတ်ဝေ- ရေးသားသီကုံးသည်ကို ဖော်ပြလိုက်ပါသည်။
ရမ္မာမြေမှသတင်းစုံ
မင်းရဲကျော်စွာ
source: News Shwe O
No comments:
Post a Comment