မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 2, 2020

မေကာင္းဆိုးရြားနတ္ဆိုးေတြရဲ့ အကူညီကိုယူၿပီး ေရးခဲ့ရတဲ့ က်မ္းစာအုပ္ႀကီး

မေကာင္းဆိုးရြားနတ္ဆိုးေတြရဲ့ အကူညီကိုယူၿပီး
ေရးခဲ့ရတဲ့ က်မ္းစာအုပ္ႀကီး ...
----------------------------------------------------

■   ပရိသတ္ႀကီးကို ဒီတစ္ခါေဖာ္ျပေပးခ်င္တာကေတာ့ 
ထူးလည္းထူးျခားသလို ေၾကာက္မက္ဖြယ္လည္းေကာင္းတဲ့ 
က်မ္းစာအုပ္ႀကီးအေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။ 

ဒီက်မ္းစာအုပ္ႀကီးရဲ့ နာမည္ကေတာ့ The Coex Gigas လို႔ေခၚၿပီး 
ကမၻာ့အႀကီးဆုံး အလယ္ေခတ္ လက္ေရးမူၾကမ္းႀကိးလည္း ျဖစ္ပါတယ္။
ဒီက်မ္းစာအုပ္ႀကီးကို သားေရနဲ႔ ခ်ဳပ္လုပ္ထားၿပီး စာအုပ္အထူက 
၆ လက္မေလာက္ရွိပါတယ္။


စာအုပ္ရဲ့ထူးဆန္းတဲ့ အခ်က္ကေတာ့ ဒီက်မ္းစာ ႀကီးထဲမွာ
မေကာင္းဆိုးရြား နတ္ဆိုးရဲ့ပုံည္း ထည့္ထားတာေၾကာင့္ 
တခ်ိဳ႕ကေတာ့ မေကာင္းဆိုးရြား က်မ္းစာလို႔လည္း ေခၚၾကပါတယ္။ 
ဒီစာအုပ္ႀကီးကို ဘယ္သူကေရးခဲ့လဲဆိုတာကိုေတာ့ အခုအခ်ိန္အထိ
ဘယ္သူမွ တိတိက်က်မသိၾကပဲ ပါးစပ္ရာဇဝင္ေတြပဲ ၇ွိေနတာပဲ 
ျဖစ္ပါတယ္။ သုေတသနျပဳလုပ္ခ်က္ေတြအရ ဒီက်မ္းႀကီးကို 
မရပ္မနားေရးရရင္ေတာင္မွ အခ်ိန္ငါးႏွစ္ထိၾကာမယ္လို႔လည္း 
သိရပါတယ္။

ဒီက်မ္းႀကီးနဲ႔ ပက္သတ္ၿပီး အထင္ရွားဆုံး ပါးစပ္ရာဇဝင္
တစ္ခုကေတာ့ ေသးဒဏ္ေပးခံရမယ့္ ဘုန္းေတာ္ႀကီးတစ္ပါးဟာ 
လူသားေတြအတြက္ အသုံးဝင္ေစမယ့္ က်မ္းတစ္ေစာင္ ကိုေရးနိုင္ရင္
အသက္ခ်မ္းသာရမယ္လို႔ အခြင့္ေရးေပးခံရတာေၾကာင့္ ဒီက်မ္းႀကီးကို
ေရးခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ထိုဘုန္းႀကီးအတြက္ က်မ္းတစ္ေစာင္
ျပဳစုဖို႔ အခ်ိန္ တစ္ညတာပဲ ေပးတဲ့ အတြက္ေၾကာင့္ မေကာင္းဆိုးရြား
နတ္ဆိုးကို ဆင့္ေခၚၿပီး တညတည္း အၿပီးေရးခဲ့ရတယ္လို႔ သိရပါတယ္။ 


လူေျပာမ်ားေနတဲ့ ဒီက်မ္းႀကီးကို ဆြီဒင္နိုင္ငံ ရဲ့ အမ်ိဳးသားျပတိုက္မွာ 
ျပသထားၿပီး ေလ့လာသူေတြမ်ားျပားလ်က္ရွိတယ္လို႔လည္း သိရပါတယ္။

credit : Cantwait2say
link -

====================================

မကောင်းဆိုးရွားနတ်ဆိုးတွေရဲ့ အကူညီကိုယူပြီး
ရေးခဲ့ရတဲ့ ကျမ်းစာအုပ်ကြီး ...
----------------------------------------------------

■   ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ 
ထူးလည်းထူးခြားသလို ကြောက်မက်ဖွယ်လည်းကောင်းတဲ့ 
ကျမ်းစာအုပ်ကြီးအကြောင်း ဖော်ပြပေးချင်ပါတယ်။ 
ဒီကျမ်းစာအုပ်ကြီးရဲ့ နာမည်ကတော့ The Coex Gigas လို့ခေါ်ပြီး 
ကမ္ဘာ့အကြီးဆုံး အလယ်ခေတ် လက်ရေးမူကြမ်းကြိးလည်း ဖြစ်ပါတယ်။
ဒီကျမ်းစာအုပ်ကြီးကို သားရေနဲ့ ချုပ်လုပ်ထားပြီး စာအုပ်အထူက 
၆ လက်မလောက်ရှိပါတယ်။


စာအုပ်ရဲ့ထူးဆန်းတဲ့ အချက်ကတော့ ဒီကျမ်းစာ ကြီးထဲမှာ
မကောင်းဆိုးရွား နတ်ဆိုးရဲ့ပုံည်း ထည့်ထားတာကြောင့် 
တချို့ကတော့ မကောင်းဆိုးရွား ကျမ်းစာလို့လည်း ခေါ်ကြပါတယ်။ 
ဒီစာအုပ်ကြီးကို ဘယ်သူကရေးခဲ့လဲဆိုတာကိုတော့ အခုအချိန်အထိ
ဘယ်သူမှ တိတိကျကျမသိကြပဲ ပါးစပ်ရာဇဝင်တွေပဲ ရှိနေတာပဲ 
ဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ ဒီကျမ်းကြီးကို 
မရပ်မနားရေးရရင်တောင်မှ အချိန်ငါးနှစ်ထိကြာမယ်လို့လည်း 
သိရပါတယ်။

ဒီကျမ်းကြီးနဲ့ ပက်သတ်ပြီး အထင်ရှားဆုံး ပါးစပ်ရာဇဝင်
တစ်ခုကတော့ သေးဒဏ်ပေးခံရမယ့် ဘုန်းတော်ကြီးတစ်ပါးဟာ 
လူသားတွေအတွက် အသုံးဝင်စေမယ့် ကျမ်းတစ်စောင် ကိုရေးနိုင်ရင်
အသက်ချမ်းသာရမယ်လို့ အခွင့်ရေးပေးခံရတာကြောင့် ဒီကျမ်းကြီးကို
ရေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုဘုန်းကြီးအတွက် ကျမ်းတစ်စောင်
ပြုစုဖို့ အချိန် တစ်ညတာပဲ ပေးတဲ့ အတွက်ကြောင့် မကောင်းဆိုးရွား
နတ်ဆိုးကို ဆင့်ခေါ်ပြီး တညတည်း အပြီးရေးခဲ့ရတယ်လို့ သိရပါတယ်။ 
လူပြောများနေတဲ့ ဒီကျမ်းကြီးကို ဆွီဒင်နိုင်ငံ ရဲ့ အမျိုးသားပြတိုက်မှာ 
ပြသထားပြီး လေ့လာသူတွေများပြားလျက်ရှိတယ်လို့လည်း သိရပါတယ်။

credit : Cantwait2say
link -

No comments:

Post a Comment