မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, September 2, 2020

ကမ္ဘာ့အထူးခြားဆုံး မင်္ဂလာဧည့်ခံပွဲများ

.
ကမ္ဘာ့အထူးခြားဆုံးသော မင်္ဂလာဧည့်ခံပွဲ ၁၀ ခုအကြောင်း
-------------------------------------------------------------------

1. The Shrek Wedding

.
Shrek ကာတွန်း ဇာတ်ကောင်တွေလို လက်ထပ်ခဲ့တဲ့ စုံတွဲ

2. The Shark Tank Wedding

.
ထူးထူးခြားခြား ဆန်းဆန်းပြားပြား မင်္ဂလာဆောင်ချင်သူတွေကတော့ နယူးယောက်ခ်က April Pignataro နဲ့ Michael Curry တို့ စုံတွဲကို အားကျကောင်း အားကျမှာပါ ။ သူတို့ဟာ ငါးမန်းကန်ထဲက သေတ္တာတစ်ခုမှာ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ် ၊ နေရာကတော့  Atlantis Marine World in Riverhead, N.Y မှာပါ။
+++++++++++++++++++++++++++++++++++++

3. The Bungee-Jump ‘I do.’

.
သတ္တိအရမ်းကောင်းတယ် ဆိုရင်တော့ သူတို့စုံတွဲလို ကမ္ဘာမြေကြီးပေါ်ကို အမြင့်ကနေ အရှိန်ပြင်းပြင်းနဲ့ ခုန်ချတာပြီး လက်ထပ်တာမျိုး ပြုလုပ်နိုင်ပါတယ် ၊ ကြောက်ဖို့ကောင်းတဲ့ မင်္ဂလာဆောင် အစီအစဉ်တစ်မျိုးပါပဲ ။

+++++++++++++++++++++++++++++++++++++

4. The Go-Naked Wedding

.
သင့်မင်္ဂလာဆောင်အတွက် အဝတ်အစားရွေးရတာ ခက်နေပါသလား ? ဒါဆို ဘာလို့ဝတ်နေဦးမှာလဲတဲ့  ။ Australia က စုံတွဲတစ်တွဲကတော့ သူတို့ရဲ. မင်္ဂလာပွဲကို ကို ကိုယ်တုံးလုံးနီးပါးနဲ့ ကျင်းပခဲ့ကြပါတယ် ၊ သူတို့ဖွားဖက်တော် လုံအောင်လောက်ပဲ ဖုံးကွယ်ပြီးတော့ပေါ့ ။ ပွဲလာပရိသတ်တွေကတော့ ခမ်းခမ်းနားနား တောက်တောက်ပပ အဝတ်အစား မျိုးစုံနဲ့ပါ။
+++++++++++++++++++++++++++++++++++++

5. The Zombie Wedding

.
The Walking Dead လို ရုပ်ရှင်ကားမျိုးတွေနဲ့ အခြားသော အရာတွေများစွာတွေကြောင့် Zombie ပုံရိပ်တွေဟာ လူသားတွေအပေါ် အထိုက်အလျှောက်ရှိပါတယ် ။ ဒါကြောင့်မို့ Zombie တွေလို ဝတ်စားဆင်ယင်ပြီး မင်္ဂလာပွဲကျင်းပတဲ့ စုံတွဲတွေရှိတာဟာ သိပ်တော့အထူးအဆန်း ဖြစ်မယ်မထင်ပါဘူး ။
+++++++++++++++++++++++++++++++++++++

6. The Roller Coaster Wedding

.
ကလေးတစ်ယောက်လို ပျော်ရွှင်မြူးတူးစွာနဲ့ ရိုလာကိုစတာ စီးပြီးမင်္ဂလာပွဲ ပြုလုပ်တဲ့ စုံတွဲတွေလည်း ရှိနေပါသေးတယ် ။ များစွာသော ကစားကွင်းတွေမှာ ပုံစံမတူတဲ့ မင်္ဂလာပွဲတွေ ပြုလုပ်ဖို့ ကမ်းလှမ်းလေ့ရှိကြပြီး ဒီထဲကမှ ရိုလာကိုစတာပေါ်မှာ မင်္ဂလာဆောင်တာဟာ ရေပန်းစားစ ပြုလာပါပြီ။
+++++++++++++++++++++++++++++++++++++

7. The TJ Maxx Wedding

.
Mount Plesant က စုံတွဲတစ်တွဲဟာ သူတို့မင်္ဂလာဆောင်ကို သူများတွေ ကျင်းပလေ့ မရှိတဲ့နေရာမျိုး ဖြစ်တဲ့ TJ Maxx department stores မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
+++++++++++++++++++++++++++++++++++++

8. The 2-Mile Record-Breaking Wedding Dress

.
ဒီဝတ်စုံကို Gianni Molaro က ဒီဇိုင်းရေးဆွဲ ပေးထားပြီး စံချိန်တင် မင်္ဂလာဝတ်စုံပါ ။ ဒီဝတ်စုံဟာ ၂ မိုင်လောက်ရှည်လျှားပြီး ၊ လပေါင်းများစွာ ဖန်တီးချုပ်လုပ်ခဲ့ရပါတယ် ။ ဒီမင်္ဂလာပွဲကို တက်ရောက်ခဲ့သူပေါင်းလည်း ၂၀၀၀၀ လောက်ရှိခဲ့ပါတယ်။
+++++++++++++++++++++++++++++++++++++

9. The 99,999 Roses Surprise

.
တစ်နှစ်စာ လစာငွေကို အသုံးပြုပြီး Xiao Wang က သူ့ရဲ. ချစ်ရသူအတွက် သူတို့မင်္ဂလာဆောင်မှာ စီးမယ့်ကားကို နှင်းဆီပန်းပွင့်ပေါင်း ကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုးပွင့် နဲ့ အလှဆင်ပြီး အံ့သြတကြီး ဖြစ်စေခဲ့ပါတယ်။
+++++++++++++++++++++++++++++++++++++

10. The Bicycle Wedding

.
ရုရှားက ဒီစုံတွဲဟာ စက်ဘီးချစ်သူတွေ ဖြစ်ကြပြီး ၊ သူတို့ရဲ. သဘာဝကို ချစ်ခြင်းကို ဖော်ကျူးနိုင်ဖို့ စက်ဘီးကို အသုံးပြုပြီး မင်္ဂလာပွဲကို ကျင်းပခဲ့ကြပါတယ် ။
+++++++++++++++++++++++++++++++++++++
.
credit:buzzy.com.mm

No comments:

Post a Comment