ျခံရွင္းရာမွ ရတနာေသတၱာ ေတြ႕သြားသည့္
အေမရိကန္ ဇနီးေမာင္ႏွံ ...
-------------------------------------------------
အေမရိကန္ျပည္ေထာင္စု နယူးေယာက္ရွိ စေတတန္ကၽြန္းတြင္
ေနထုိင္သည့္ ဇနီးေမာင္ႏွံသည္ ျခံရွင္းရာမွ မီခံေသတၱာ
အေဟာင္းႀကီးတစ္လုံးကုိ မထင္မွတ္ဘဲ ေတြ႕သြားသည္။
မီးခံေသတၱာထဲတြင္ မထင္မွတ္ဘဲ ရတနားမ်ား ေတြ႕လုိက္ရျခင္းသည္
ငယ္စဥ္ကေလးဘဝက အိပ္မက္အလား ျဖစ္ေနေတာ့သည္ဟု
ခင္ပြန္းျဖစ္သူ မက္သ်ဴး က ဆုိသည္။ ၎တုိ႔ျခံထဲရွိ အပင္ငယ္ေလး
မ်ားကုိ သမင္တစ္ေကာင္ ဝင္စားသြားၿပီးမွ ထုိေသတၱာသည္ မိမိတုိ႔
သတိထားမိလာျခင္းျဖစ္သည္ဟု ၎တုိ႔က ေျပာျပသည္။
ထုိေသတၱာကုိ ဖြင့္ၾကည့္ၿပီးမွ ယင္းထဲတြင္ ေဒၚလာ ၅၂၀၀၀၊
စိန္မ်ား၊ ပတၱျမားမ်ား အပါအဝင္ လက္ဝတ္ရတနာ အေျမာက္အျမား
ရွိေနေၾကာင္း ၎တုိ႔ သိလုိက္ရသည္။
"အထဲမွာ စိန္ေတြအျပင္ ေစ့စပ္လက္စြပ္အပါအဝင္ လက္စြပ္ေတြ
အမ်ားႀကီး ေတြ႕တယ္" ဟု ၎က ဆုိသည္။ ထုိျပင္ လိပ္စာ စာရြက္
ေလးကုိလည္း ေသတၱာထဲတြင္ ေတြ႕လုိက္သည္။ အဆုိပါလိပ္စာသည္
၎တုိ႔ အိမ္နီးခ်င္းတစ္ဦး၏ ေနရပ္လိပ္စာျဖစ္ေနသည္။
နိဂုံးခ်ဳပ္ေသာ္ အထက္ပါ အဖုိးတန္ပစၥည္းမ်ားသည္ ၎တုိ႔
အိမ္နီးခ်င္း၏ ပစၥည္းမ်ားျဖစ္သည္။ အိမ္နီးခ်င္းမ်ားသည္
၂၀၁၁ ခုႏွစ္တြင္ ဓားျပတုိက္ခံလုိက္ရျခင္းျဖစ္သည္။ ယင္းကုိ
ရဲကလည္း အတည္ျပဳသည္။ ထုိ႕ေၾကာင့္ ရတနာေသတၱာကုိ
ေတြ႕သြားသည့္ ဇနီးေမာင္ႏွံက ထုိေသတၱာကုိ ပုိင္ရွင္လက္ထဲ
ျပန္အပ္လုိက္ေလေတာ့သည္။
ခ်ယ္ရီ (pyimyanmar)
(DM, 19.5.18)
=====================================
ခြံရှင်းရာမှ ရတနာသေတ္တာ တွေ့သွားသည့်
အမေရိကန် ဇနီးမောင်နှံ ...
-------------------------------------------------
အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ စတေတန်ကျွန်းတွင်
နေထိုင်သည့် ဇနီးမောင်နှံသည် ခြံရှင်းရာမှ မီခံသေတ္တာ
အဟောင်းကြီးတစ်လုံးကို မထင်မှတ်ဘဲ တွေ့သွားသည်။
မီးခံသေတ္တာထဲတွင် မထင်မှတ်ဘဲ ရတနားများ တွေ့လိုက်ရခြင်းသည်
ငယ်စဉ်ကလေးဘဝက အိပ်မက်အလား ဖြစ်နေတော့သည်ဟု
ခင်ပွန်းဖြစ်သူ မက်သျူး က ဆိုသည်။ ၎င်းတို့ခြံထဲရှိ အပင်ငယ်လေး
များကို သမင်တစ်ကောင် ဝင်စားသွားပြီးမှ ထိုသေတ္တာသည် မိမိတို့
သတိထားမိလာခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောပြသည်။
ထိုသေတ္တာကို ဖွင့်ကြည့်ပြီးမှ ယင်းထဲတွင် ဒေါ်လာ ၅၂၀၀၀၊
စိန်များ၊ ပတ္တမြားများ အပါအဝင် လက်ဝတ်ရတနာ အမြောက်အမြား
ရှိနေကြောင်း ၎င်းတို့ သိလိုက်ရသည်။
"အထဲမှာ စိန်တွေအပြင် စေ့စပ်လက်စွပ်အပါအဝင် လက်စွပ်တွေ
အများကြီး တွေ့တယ်" ဟု ၎င်းက ဆိုသည်။ ထိုပြင် လိပ်စာ စာရွက်
လေးကိုလည်း သေတ္တာထဲတွင် တွေ့လိုက်သည်။ အဆိုပါလိပ်စာသည်
၎င်းတို့ အိမ်နီးချင်းတစ်ဦး၏ နေရပ်လိပ်စာဖြစ်နေသည်။
နိဂုံးချုပ်သော် အထက်ပါ အဖိုးတန်ပစ္စည်းများသည် ၎င်းတို့
အိမ်နီးချင်း၏ ပစ္စည်းများဖြစ်သည်။ အိမ်နီးချင်းများသည်
၂၀၁၁ ခုနှစ်တွင် ဓားပြတိုက်ခံလိုက်ရခြင်းဖြစ်သည်။ ယင်းကို
ရဲကလည်း အတည်ပြုသည်။ ထို့ကြောင့် ရတနာသေတ္တာကို
တွေ့သွားသည့် ဇနီးမောင်နှံက ထိုသေတ္တာကို ပိုင်ရှင်လက်ထဲ
ပြန်အပ်လိုက်လေတော့သည်။
ချယ်ရီ (pyimyanmar)
(DM, 19.5.18)
No comments:
Post a Comment