မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 1, 2020

ပလပ္စတစ္ ဆာဂ်ဴရီ ဘုရင္မ တစ္ေယာက္အေၾကာင္း

ပလပ္စတစ္ ဆာဂ်ဴရီ ဘုရင္မ တစ္ေယာက္အေၾကာင္း 
(ၿဖစ္ရပ္မွန္)
------------------------------------------------------------


🌟 ပလပ္စတစ္ ဆာဂ်ဴရီ ဘုရင္မ 🌟
(Plastic Surgery Queen)

၂၀၁၅ ခုႏွစ္ ၅ လပိုင္း

“ေမာင္ေလး အစ္မ႐ုတ္တရက္ေပ်ာက္သြားရင္ စိတ္မပူနဲ႔ … 
အစ္မ တကိုယ္လံုး ပလပ္စတစ္ဆာဂ်ဴရီလုပ္ၿပီး တျခား 
မိန္းမ တစ္ေယာက္လို ျပန္ေပၚလာမယ္”

“ဗ်ာ အစ္မ”

“အစ္မ စိတ္ညစ္တယ္ေမာင္ေလး 
ဘဝႀကီးက ထင္သလို မျဖစ္လာေတာ့ဘူး ”

“ ဘာျဖစ္လို႔လဲ ေသခ်ာေျပာျပေလ အစ္မ?!”

“ထားလိုက္ေတာ့ အစ္မ ေပ်ာက္သြားရင္ နင္ စိတ္မပူနဲ႔ 
မသိခ်င္ေယာင္ေဆာင္ေန ဒါပဲေနာ္”

ေမာင္ တစ္ဝမ္းကြဲကို ေနာက္ဆံုးဖုန္းဆက္လိုက္တယ္။

ကိုယ္ လစ္ၿပီ။


ကိုယ္တို႔ လူခ်မ္းသာရပ္ကြက္ ဂန္နမ္း( Gangnam District ) မွာ 
အေကာင္းဆံုးနဲ႔ အေတာ္ဆံုး မ်က္ႏွာအလွခြဲစိတ္ျပဳျပင္ေရးေဆး႐ုံ
ေတြရွိတယ္။ ကိုယ္တို႔ ေတာင္ကိုရီးယားမွာ နာမည္အႀကီးဆံုး 
ေနရာေပါ့။ ကိုယ့္လို ဆရာဝန္လဲမဟုတ္ ဘာလိုင္စင္မွလဲမရွိတဲ့ 
သူတစ္ေယာက္ ဂန္နမ္းဘက္ကို တိုးဖို႔ဆိုတာ ေတာ္႐ုံ တန္႐ုံ 
မျဖစ္ႏိုင္ဘူး။ ကိုယ့္ဆိုင္က မ်က္ႏွာ အလွျပဳျပင္ေရးဆိုေတာ့ 
အလွျပဳျပင္ေရးသက္သက္ပါပဲ။ သူမ်ားေတြလို ပလပ္စတစ္
ဆာဂ်ဴရီတို၊ ရင္သားအစားထိုးခြဲစိတ္မႈတို႔ စိတ္ကူးနဲ႔ေတာင္ မေတြးရဲ။

မ်က္ခံုးေမြး တက္တူးထိုး၊ မ်က္ေတာင္ဆက္၊ ႏႈတ္ခမ္း အေရာင္ထည့္
ဒါေတြပဲလုပ္ႏိုင္တဲ့ ဆိုင္ေသးေသးေလးပါ။ ဒါေတာင္ လိုင္စင္မရွိလို႔ 
တရားမဝင္ ခိုးေၾကာင္ခိုးဝွက္ဘဝေလ။ ဘာမွ မသင္ယူခဲ့လို႔ ဘာမွ 
မတတ္တာ မဆန္းပါဘူး။ ဒါေပမဲ့ ကိုယ့္ရည္ရြယ္ခ်က္က သိပ္ႀကီးတာ။


“ဂန္နမ္းကို ထိုးေဖာက္မယ္။”

ကိုယ္က လိုင္စင္သာ မရွိေပမဲ့ စေကးကေတာ့ ျမင့္ၿပီးသား။ 
ဘာမဆို လုပ္သက္ရလာရင္ ကြ်မ္းက်င္လာတာပဲေလ  
ကိုယ္ အလွျပင္ေပးလိုက္တဲ့သူေတြ ကိုယ့္ဆီျပန္လာတာပဲ။
ဒါနဲ႔ပဲ ကိုယ့္ဆိုင္ေလးကို ဂန္နမ္း အစြန္အဖ်ားကို ေရႊ႕လိုက္တယ္။
တျဖည္းျဖည္းနဲ႔ ကိုယ့္ဆိုင္ေလးက ကိုယ့္ဆိုင္ႀကီးျဖစ္လာတယ္။
ကိုယ္တို႔ႏိုင္ငံရဲ႕ ဥပေဒအရ ဘယ္လုပ္ငန္းမဆို 
လုပ္ငန္းကြ်မ္းက်င္မႈ လိုင္စင္ရွိမွ ဆိုင္ပိုင္ရွင္ျဖစ္ခြင့္ရွိတယ္။

ရတယ္ေလ ကိုယ္ မ်က္ခံုးေမႊး တက္တူး ေအာင္လက္မွတ္ 
လိုင္စင္ရွိတဲ့ ကေလးမကို ငွားလိုက္တယ္။ ျပႆနာတစ္ခုခုျဖစ္ရင္
သူ႔ဆိုင္ေပါ့။ ကိုယ္လဲ လိုင္စင္ရွိသလို ဘာလိုလိုေပါ့။ ၿပီးေတာ့ 
လူေတြကို ကိုယ္သတင္းျဖန္႔လိုက္တယ္။ ကိုယ္ ဂန္နမ္းဖက္က 
ေဆး႐ုံႀကီးမွာ မ်က္ႏွာ အလွ ခြဲစိတ္ျပဳျပင္ေနရလို႔ မအားဘူး 
ဘာ ညာ ေပါ့။ သူနာျပဳလိုလို ဆရာဝန္လိုလို ဘာလိုလိုေပါ့။


မ်က္ခံုးေမႊးတက္တူးလာထိုးတဲ့ ေကာင္မေလးေတြကို 
ကိုယ္ဒီလိုေျပာတယ္

“ညီမ မ်က္လံုးနည္းနည္းေလး ခ်ဲ႕လိုက္ရင္ မင္းသမီးျဖစ္ၿပီကြာ
အစ္မ ေဆး႐ုံကိုလာခဲ့  အလွဆံုးျဖစ္ေအာင္ လုပ္ပစ္လိုက္မယ္။ 
မိန္းကေလးဆိုတာလွမွေနာ္ ကိုယ္ႀကိဳက္တဲ့ ေယာက္်ား 
ေခါင္းေခါက္ယူလို႔ရမွာ

ၿပီးေတာ့ ကိုယ္ ဂန္နမ္းက ေဆး႐ုံတစ္႐ုံနဲ႔ ဆက္လိုက္တယ္..။

“ကြ်န္မ ရွင္တို႔ေဆး႐ုံကို မ်က္ႏွာခြဲစိတ္ခ်င္တဲ့သူေတြ ေခၚလာမယ္ 
ေကာ္မရွင္ေပးပါ”

ကိုယ္ ပြဲစားလုပ္ရင္း အလွျပဳျပင္ေရး ခြဲစိတ္မႈေတြေလ့လာတယ္။
တခ်ိဳ႕ သူနာျပဳေတြဟာ ဆရာဝန္ထက္ေတာင္ ေတာ္ေနတာ
ေတြ႕ရတယ္။ အေလ့အက်င့္နဲ႔ လက္ရဲဖို႔ ပဲလိုတာ။ တခ်ိဳ႕လူနာ
ေတြကို ကိုယ္လက္တည့္စမ္းၾကည့္တယ္။ မွားသြားေတာ့လည္း 
သူတို႔ အသားအေရက ႏုလို႔ ဘာညာ ေလွ်ာက္ေျပာလိုက္႐ုံပဲေလ။
ထင္သေလာက္ မခက္ဘူး။ မ်က္ခံုးေမႊး တက္တူးထိုးသလိုပါပဲလား။
လုပ္ရင္ျဖစ္တယ္။

သိပ္မၾကာပါဘူး။ ကိုယ္ဟာ ပလပ္စတစ္ ဆာဂ်ဴရီ ေဆး႐ုံမွာ 
အလြန္ အေရးပါသူတစ္ေယာက္ ျဖစ္လာတယ္။ ကိုယ္က 
မိန္းမေတြအထာ သိၿပီးသားေလ။ အခုဆို လူရွာစရာေတာင္
မလိုေတာ့ဘူး ..။ သူတို႔ကလာၿပီး သူတို႔တကိုယ္လံုး ဘာေတြ
ျပင္ရမလဲ လာေမးရတဲ့ အဆင့္ျဖစ္ေနၿပီ။

“ညီမေလး ႏွာေခါင္းေလးက နည္းနည္းဖ်က္ေနတာ” 
ေဆး႐ုံကိုလာသမွ်လူေတြ ကိုယ္နဲ႔ အရင္ဆံုးေတြ႕ရတယ္။

ကိုယ္ေျပာသမွ် အကုန္လုပ္ၾကတယ္။ လူနာေတြပဲလား? မဟုတ္
ဆရာဝန္ေတြလဲ ကိုယ္ေျပာသမွ်လုပ္တာပဲေလ။

“ေဒါက္တာ သူကေတာ့ ေမး႐ိုး နည္းနည္းကားေနလို႔ 
ေမး႐ိုးတိေပးလိုက္ပါ”

ကိုယ္က အလုပ္ေတာ္တယ္ေလ။ လူတစ္ေယာက္ကို ၾကည့္လိုက္ရင္
မ်က္ႏွာ ဘယ္ေနရာ ကိုယ္လံုးဘယ္ေနရာ ဘယ္လို ျပင္ရမယ္ဆိုတာ
ကို ခ်က္ခ်င္းသိတယ္။ ကိုယ္က အကုန္ဆံုးျဖတ္တယ္။

မ်က္ႏွာအလွျပင္သူတစ္ေယာက္လာတိုင္း ကိုယ္ ေကာ္မရွင္ရတယ္။
ေကာ္မရွင္ဆိုလို႔ အထင္မေသးနဲ႔ ၄၀ % ယူတာေနာ္။

ကိုယ္ ခ်မ္းသာလာတယ္။ သူမ်ားလက္ေအာက္မွာ အလုပ္
မလုပ္ခ်င္ေတာ့ဘူး။ ယြန္း ဆိုတဲ့ဆရာဝန္ႀကီးတစ္ေယာက္နဲ႔ 
ဆရာဝန္ေပါက္စေတြစုၿပီး ေဆး႐ုံအသစ္ ေထာင္လိုက္တယ္။ 
ဆရာဝန္ တစ္ေယာက္ပဲ ေကာင္းေကာင္း အေယာင္ျပထားလိုက္ရင္
ၿပီးတာပဲ ပလပ္စတစ္ ဆာဂ်ဴရီ ဆိုတာ ဆရာဝန္ေကာင္းဖို႔ မလိုဘူး။ 
အေျပာေကာင္းဖို႔ပဲ လိုတာ

ကိုယ္တို႔ႏိုင္ငံမွာ ဘာေအာင္လက္မွတ္မွမရွိတဲ့ ကိုယ့္လို လူမ်ိဳးေတြ 
အလုပ္လက္မဲ့ေနတာ အမ်ားႀကီးရွိတယ္…။ သူတို႔ကို ေစ်းေပါေပါနဲ႔ 
ေခၚခန္႔ထားလိုက္တယ္။ တကယ့္သူနာျပဳ ၁၀ ေယာက္ေလာက္ပဲ
ငွားထားတာ ႐ုပ္ရည္အသင့္ရွိရင္ ၿပီးၿပီ။ အကႌ်ဆင္တူဝတ္ခိုင္းထားၿပီး 
လူနာကို ခ်ိဳခ်ိဳသာသာဆက္ဆံဖို႔ ကိုယ္ သင္တန္းေပးလိုက္တယ္။


“လူနာကို ေအာက္က်စရာမလိုဘူး..။ ခ်ိဳခ်ိဳသာသာနဲ႔ အထက္စီးက
ေပါ့ကြာ။ ကိုယ္ဆိုလိုတာ မင္းတို႔ သိပါတယ္။ မင္းတို႔ကိုယ္မင္းတို႔ 
သူနာျပဳတစ္ေယာက္လို ျပဳမူေနထိုင္ပါ”ၿပီးေတာ့ သူမ်ားေဆး႐ုံေတြ
ထက္စာရင္ ၅၀% ေလွ်ာ့ေစ်းေပးျပီး လက္ေဆာင္ပါေပးမယ္လို႔ 
ေကာင္းေကာင္းေလး ေၾကာ္ျငာလိုက္တယ္။ လွခ်င္တဲ့လူေတြ 
ကိုယ့္ေဆး႐ုံကို စုျပံဳက်လာတယ္။

တကယ့္ေဆး႐ုံေတြက အေရးေပၚအသက္ကယ္ေရး ပစၥည္းေတြ.. 
သက္တန္းရင့္ဆရာဝန္ေတြ..နားလည္တဲ့ သူနာျပဳေတြကို 
ေငြေပးထားရေတာ့ ကိုယ့္လို ဘယ္ေစ်းေလွွ်ာ့ႏိုင္မလဲ။ ကိုယ္က 
အၾကံပိုင္တယ္ေလ။ လူနာက ခြဲစိတ္ခန္းထဲေရာက္တာနဲ႔ 
ဆရာဝန္ႀကီး ယြန္း က ခြဲစိတ္ေတာ့မလို လက္အိတ္စြပ္ၿပီး 
အေယာင္ျပတယ္။ အားေပးစကားေျပာတယ္။ ေမ့ေဆးဝင္ၿပီး 
လူနာေမ့သြားတာနဲ႔ ဆရာဝန္ႀကီး ယြန္းက ထြက္သြားၿပီး 
ဆရာဝန္ေပါက္စေတြကို ခြဲခိုင္းလိုက္တာေပါ့။

ဆရာဝန္ႀကီး ယြန္း ကိုေစာင့္ေနတဲ့ ခြဲစိတ္လူနာေတြ ပံုေနတာ
အေယာင္ျပဖို႔ေတာင္ အခ်ိန္မေလာက္ဘူး။ ခြဲစိတ္နည္းေတြက 
အတူတူပဲဟာ ကိုယ္က စီးပြားေရးလုပ္ေနတာေလ ပိုက္ဆံမ်ားမ်ားရမဲ့
နည္းလမ္းေတြပဲေတြးတယ္ ကုိယ့္ေဆး႐ုံက ႀကီးသထက္ႀကီးလာတယ္။

ဆရာဝန္၊သူနာျပဳ နဲ႔ ဝန္ထမ္းေတြ အားလံုး ၁၇၄ ေယာက္ဝင္ေငြလား? 
လစာေတြ ေဆးဖိုုးေတြ အကုန္ရွင္းၿပီးတာေတာင္ တစ္လမွာ သိန္း
ေထာင္ေပါင္း ၂၀ ေလာက္ေတာ့ အသာေလးပဲ ေလွ်ာ့ေပးတဲ့အတြက္ 
ခြဲစိတ္ေၾကးကို ဘဏ္ကဒ္နဲ႔မေပးေခ်ဖို႔ လူနာေတြကိုေျပာတယ္။
ကိုယ္က တရားဝင္ေငြလက္ခံလို႔ မရဘူး။ ကိုယ့္မွာ လုပ္ငန္းလိုင္စင္မွ
မရွိတာ အခြန္ေဆာင္ရတာကိုး

ေငြသားနဲ႔ ေငြေခ်ရင္ေတာ့ ေလွ်ာ့ေပးမယ္ဆိုေတာ့ အလွျပဳျပင္ဖို႔ 
လာတဲ့သူေတြက ေငြေတြကို ကင္မ္ခ်ီး ( Kimchi) ထည့္တဲ့ပံုးေတြနဲ႔
သယ္လာေပးၾကတာ ကိုယ့္ေဆး႐ုံ ကင္မ္ခ်ီးစက္႐ုံႀကီးက်ေနတာပဲေလ
တစ္ေန႔ တစ္ေန႔ ေငြေတြမ်ားလြန္းလို႔ ေငြရည္တြက္တဲ့ စက္ေတြ
သံုးထားရတယ္။ ေနာက္ဆံုး ၅ ေသာင္းတန္ပဲ လက္ခံေတာ့တယ္။

ကိုယ့္ရဲ႕ ခ်မ္းသာမႈဟာ တားမႏိုင္ဆီးမႏိုင္ ျဖစ္လာတယ္။ 
ကိုယ္ ဒုတိယေဆး႐ုံကို ေထာင္လိုက္တယ္။ လူေတြက 
ကိုယ္ဘယ္ဘဝက လာလဲဆိုတာ ဘယ္သူမွ မသိၾကေတာ့ဘူး။ 
ကိုယ့္ကို ဆရာဝန္မလို႔ ထင္ေနၾကတာ ဒီႏိုင္ငံက ဆရာဝန္ျဖစ္မွ 
ေဆး႐ုံေထာင္လို႔ရတာေလ။ ကိုယ္က ေဆး႐ုံပိုင္ရွင္ဆိုေတာ့ ဒီလို
ထင္ၾကတာေပါ့။ ကိုယ္ကလဲ စိတ္တိုင္းမက်ရင္ ကိုယ္ ကိုယ္တိုင္
ခြဲစိတ္ခန္းဝင္တာ။ ကိုယ္ဆရာဝန္ မဟုတ္တာ ရင္းႏွီးတဲ့ သူ
တစ္ခ်ိဳ႕ကလြဲၿပီး ဘယ္သူမွမသိဘူး။

ပိုက္ဆံေတြ ထားစရာမရွိေတာ့ဘူး။ ေရႊတံုးေတြဝယ္ၿပီးထည့္ဖို႔ 
နံရံကပ္ လွ်ိဳ႕ဝွက္ မီးခံေသတၱာေတြ လုပ္ထားရတယ္။ကိုယ့္မွာ 
ရည္ရြယ္ခ်က္ရွိတယ္။ ကိုယ္ လူအိုေဆး႐ုံေတြ ပိုင္ခ်င္တယ္။
ကိုယ္တို႔ႏိုင္ငံမွာ အဆင့္ျမင့္ လူအိုေဆး႐ုံေတြကို ဟိုတယ္ႀကီးေတြလို
ေဆာက္တာ ေခတ္စားေနတယ္။ လူအို႐ုံနဲ႔ လူအိုေဆး႐ုံ ကြာတယ္။
လူအိုေဆး႐ုံက ဆရာဝန္နဲ႔ သူနာျပဳေတြ အဆင္သင့္ရွိလို႔ 
မက်န္းမာတဲ့ လူအိုေတြ ေနလို႔ရတယ္ေလ

မိဘေတြကိုေပ်ာ္ေအာင္ထားႏိုင္ရင္ သူတို႔ သားသမီးေတြဆီက
ေငြေတြက်လာၿပီေလ အလုပ္မ်ားတဲ့ သားသမီးေတြ မိဘေတြနဲ႔ 
အတူမေနႏိုင္ဘူး မက်န္းမာရင္ပိုဆိုးေသး ပိုက္ဆံခ်မ္းသာတဲ့ 
မိဘေတြကလည္း ၿငိဳျငင္တဲ့သားမက္/ ေခြ်းမမ်ားေတြနဲ႔ ေနမဲ့ အစား 
သူတို႔ကို ျပာျပာသလဲ စိတ္ခ်မ္းသာေအာင္ထားေပးတဲ့ သူနာျပဳေတြနဲ႔ 
အတူ ေနခ်င္ၾကတယ္။ သူတို႔မေသခင္ သူတို႔ေငြကို သံုးခ်င္ၾကတယ္။

အင္းလူအိုေဆး႐ုံ ၃-၄ ခုေလာက္ပိုင္ရင္ ေတာ္ၿပီ။

🌟 အပိုင္း-၂ 🌟 

ကိုယ့္ကို Queen လို႔ေခၚလာၾကတယ္။ ဂန္နမ္းကို ကိုယ့္အိတ္ထဲ 
ထည့္ထားလိုက္ၿပီ။ ပလပ္တစ္ ဆာဂ်ဴရီ ဘုရင္မေလ ကိုယ္က 
အခု အသက္ ၄၇ ႏွစ္။

ကိုယ့္မ်က္ႏွာနဲ႔ ကိုယ္လံုး ကေတာ့ ၁၇ ႏွစ္။ 
လူ႔ဘဝႀကီး ဘာလိုေသးလဲ?ကိုယ္ အိမ္ေထာင္ေရး 
စိတ္မဝင္စားဘူး။ ကိုယ္စိတ္ဝင္စားတာ’ေငြ.’မခ်စ္တတ္ဘူးလို႔ေတာ့ 
မထင္ပါနဲ႔။ ကိုယ္ခ်စ္ရတဲ့သူကေတာ့ ေဟာဒီက ေခြးေလးႏွစ္ေကာင္ေပါ့။
သာလ္ကီ နဲ႔ ဆာဘိနာ။ ကိုယ့္ေခြးေလး ႏွစ္ေကာင္ကေတာ့ ကိုယ့္ဘဝမွာ 
သိပ္အေရးႀကီးတယ္။

မိန္းကေလးေတြကလည္းခက္ပါ့ ကိုယ္နဲ႔ေတြ႕ရင္ပဲ လွသြားၾကၿပီလို႔ 
ယံုၾကည္ေနတာေလ ကိုယ့္အျပံဳးေလး တစ္ခ်က္ အေျပာေလး
တစ္ကြက္က ေရႊတံုးေတြျဖစ္လာတယ္။ ကိုယ္နဲ႔ေတြ႕ဖို႔ စာရင္းေပးၿပီး 
လနဲ႔ခ်ီ ေစာင့္ေနၾကတဲ့သူေတြ အမ်ားႀကီး ပိုက္ဆံ?
အခုေတာ့ ကိုယ့္ဘဝမွာ အေပါမ်ားဆံုးက ပိုက္ဆံပါပဲ သိမ္းလို႔ေတာင္
မႏိုင္လို႔ လူငွားထားရတယ္ကိုယ္ လူေတြကို လူေတြလို႔ မျမင္ေတာ့ဘူး
စက္႐ုံတစ္ခုက ထုတ္လုပ္တဲ့ စက္ပစၥည္းေတြလို႔ျမင္လာတယ္။

ကဲ   လာၾက  လာၾက။

မင္းတို႔မ်က္ႏွာေတြကိုယ္လံုးေတြ လွီးျဖတ္ေပးမယ္ ပိ္ုက္ဆံေပး!!!

ဒီလိုနဲ႔ အကုသိုလ္ဝင္တဲ့ေန႔ကို ေရာက္လာတယ္။ 
အမ်ိဳးသမီးတစ္ေယာက္ကို မ်က္ရစ္ေဖာ္ ခြဲစိတ္မႈ အေသးစား 
တစ္ခုလုပ္ရင္း ေသမလိုျဖစ္သြားတယ္။ ဘယ္လိုျဖစ္ပါလိမ့္? 
မ်က္ရစ္ေဖာ္တာ အသက္နဲ႔ အေဝးႀကီး။

“ေအာက္ဆီဂ်င္ ! ေအာက္ဆီဂ်င္!”

သူနာျပဳမကေလးက ေအာက္ဆီဂ်င္ဗူးႀကီး မႏိုင္မနင္းသယ္လာတယ္။
ကိုယ္ သူနာျပဳအေနာက္ကေန ခြဲစိတ္ခန္းထဲ ဝင္ၾကည့္လိုက္တယ္။ 
ခြဲစိတ္ဆရာဝန္ေပါက္စ သူနာျပဳ တစ္ေယာက္ကိုယ္ ေခၚၿပီး 
အလုပ္ေပးထားတဲ့ ကိုယ့္ သူငယ္ခ်င္း ဝူဆိုတဲ့ အမ်ိဳးသား

စုစုေပါင္း ၃ ေယာက္

ဝူက သူနာျပဳလဲမဟုတ္ ဘာမွမဟုတ္ ခြဲစိတ္လူနာတစ္ေယာက္မွာ
သူနာျပဳ ၂ ေယာက္ရွိရမွာ သူနာျပဳ အလံုအေလာက္မရွိလို႔ 
အလုပ္သင္ ေခၚခိုင္းထားတာကိုယ္ ဝူဆိုတဲ့ေကာင္ကို 
ကပ္ေမးလိုက္တယ္။

” မင္း ဘာလုပ္လိုက္လဲ”

“ေဆးမွားထိုးေပးလိုက္တယ္ထင္တယ္”

သူနာျပဳက ဆရာဝန္ေပါက္စကို

“ဆရာ ေလရွဴစက္ (intubator) ေပးရမယ္ထင္တယ္”

ဆရာဝန္ေပါက္စက ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနတယ္။ 
ဆရာဝန္ျဖစ္ၿပီး ေလရွဴစက္ကို ဘယ္ကစ ကိုင္ရမယ္ မသိဘူး။
မ်က္ႏွာခြဲတာေလာက္ပဲသိတဲ့ ခပ္ေပါေပါ ဆရာဝန္ကို အလုပ္သင္ 
သေဘာနဲ႔ ကိုယ္ငွားထားတာ ျပႆနာတက္ၿပီ။

သူနာျပဳက

“ဆရာ CPR ေလာက္ေတာ့ ဆရာ? 
ဆရာ အေရးေပၚအသက္ကယ္နည္း သိတယ္မဟုတ္လားရွင့္?”

ဆရာဝန္ တကိုယ္လံုးတုန္ရင္ေနတယ္။ သူသင္ခဲ့တဲ့ပညာေပမဲ့ 
အေတြ႕အၾကံဳမရွိေတာ့ ႐ုတ္တရက္ေမ့ကုန္ၿပီ။

” ဘယ္လိုလုပ္ရမလဲ? ဘယ္လို လုပ္ရမလဲ?

ကိုယ္သိလိုက္တယ္ သြားၿပီ။ေသာက္သံုးမက်တဲ့ ဆရာဝန္။
ဆရာဝန္ကို အားကိုးမရတဲ့အခါ သူနာျပဳက ၁၁၉ အေရးေပၚဌာနကို
ဖုန္းဆက္လိုက္ေတာ့တယ္။ ဒါေပမဲ့ ေနာက္က်သြားၿပီ။ လူနာ ေသၿပီ။
အလုပ္မ်ားထဲအထဲ လာ ေသ ေနေသးတယ္လို႔ ကိုယ္စိတ္ရႈပ္ရႈပ္နဲ႔
ေတြးမိတယ္။

ကိုယ့္ ဆရာဝန္ႀကီး ယြန္းက ဒီေကာင္မကိုခြဲစိတ္ဖို႔ တာဝန္ခံထားတဲ့သူ။ 
သူ႔ေၾကာင့္ ေသတယ္ဆို ေဆး႐ုံနာမည္ပ်က္ေတာ့မယ္။ ဘာလုပ္ရင္
ေကာင္းမလဲ? ကိုယ္ သူနာျပဳကို အခန္းထဲေခၚေတြ႕လိုက္တယ္။

“ ညည္း ေၾကာင့္ျဖစ္တယ္လို ေျပာ.ၾကားလား.? 
ငါ အကုန္စီစဥ္ေပးမယ္ ညည္း ဘာမွ မျဖစ္ေစရဘူး”

“ရွင္!?”

“ေသတဲ့ မိသားစုကို ငါ ေလ်ာ္ေၾကး ေကာင္းေကာင္းေပးလိုက္မယ္”

“ဟုတ္ ဟုတ္ကဲ့ရွင့္”

သိေနတယ္ေလ။ ဒီေကာင္မ ကိုယ့္ကို မလြန္ဆန္ရဲပါဘူး
သူနာျပဳကို ရဲစခန္းကိုသြားၿပီး အျပစ္ဝန္ခံခိုင္းလိုက္တယ္

ဝူ ဆိုတဲ့ ကိုယ့္သူငယ္ခ်င္းကို ကိုယ္ပါးစပ္ပိတ္လိုက္တယ္။

“ မင္းက သူနာျပဳမဟုတ္ေတာ့ ဥပေဒအရ မင္း ခြဲစိတ္ခန္းထဲလဲ 
ဝင္ခြင့္မရွိဘူး ေဆးထိုးအပ္လဲ ကိုင္ခြင့္မရွိဘူး။ မင္း အဲဒီေန႔က 
ခြဲစိတ္ခန္းထဲရွိေနတာ ေမ့ပစ္လိုက္”

“ဗ်ာ?! ဒါဆို ကြ်န္ေတာ့္ကို ဘာလို႔ ေခၚခိုင္းထားတာလဲဗ်”

“သူနာျပဳငွားရင္ ေစ်းႀကီးလို႔ေဟ့ သိၿပီလား? 
ကိုယ္ ေျပာတာနားေထာင္! မင္းေထာင္ထဲ မဝင္ခ်င္ရင္ေပါ့”

ေသသြားတဲ့မိန္းမရဲ႕ က်န္ရစ္သူမိသားစုကို ကိုယ္က ေငြအကုန္ခံၿပီး 
ေလ်ာ္ေၾကးေပးမယ္လို႔ ထင္လား။ ေဝးေသး ။ သူတို႔ေပးမဲ့အစား 
ေရွ႕ေနေကာင္းေကာင္း ငွားလိုက္တယ္။ အမႈၿပီးသြားတယ္။

“ေဆးမွားမႈ”ဒါဏ္ေငြ။ ၿပီးၿပီ။

ျပႆနာက အခုမွစတယ္။ ေသတဲ့ေကာင္မက သရဲျဖစ္ၿပီး 
ေဆး႐ုံထဲေသာင္းၾကမ္းတာပဲ သူနာျပဳဆရာမေတြ ထြက္ေျပးရတဲ့ 
အထိပဲ ကိုယ္ နတ္ဆရာေတြေခၚၿပီး သရဲမကို ေမာင္းထုတ္တယ္။ 
မရဘူး ဒီသရဲမေၾကာင့္ သတင္းဆိုးေတြထြက္ၿပီး ၂ ႏွစ္အၾကာ 
အစိုးရဖက္က အမႈျပန္ဖြင့္လာတယ္ ဆရာဝန္ႀကီးယြန္းနဲ႔ ကိုယ့္ကို 
လက္ထိပ္ခတ္ၿပီး ဖမ္းၾကတယ္။ ဒါမ်ား ေသာက္ဂ႐ုစိုက္လို႔ 
ကိုယ္က ဘာလုပ္ရမွာလဲ။ ၃ ရက္ၾကာေတာ့ ျပန္လြတ္လာတာေပါ့
ဆရာဝန္ႀကီးယြန္းက ဆရာဝန္လိုင္စင္ အပိတ္ခံလိုက္ရတယ္။ 
အို စိတ္မေကာင္းပါဘူး ဂြတ္ဘိုင္ ေဒါက္တာ

ကိုယ္ကေတာ့ ေအးေဆး။ ဒါ ေရွ႕ေနအလုပ္ေလ ကိုယ့္အလုပ္
မဟုတ္ဘူး ဟိုေကာင္မ သူနာျပဳက အမွန္အတိုင္း ဝန္ခံတယ္တဲ့
ဟား  ဝန္ခံေပါ့ ဟိုအေကာင္ ဝူပဲ ေထာင္က်မွာ ကိုယ္က အေနသာ
ႀကီးေလ လူေဟာင္းေတြ အကုန္ အလုပ္ထုတ္ပစ္လိုက္တယ္ 
ေဆး႐ုံနာမည္ေျပာင္း ဆရာဝန္ အသစ္ခန္႔ ရွင္းဆိုတဲ့ ဆရာဝန္
တစ္ေယာက္ကို ေဆး႐ုံပိုင္ရွင္လို႔ နာမည္ငွားလိုက္တယ္။

ဆရာဝန္ရွင္းက ေငြလိုေနတဲ့သူေလ။ ကိုယ္ သိန္း ၅ ေထာင္ကို 
အတိုးနဲ႔ေခ်းထားလိုက္တယ္။ အဲဒီအားနည္းခ်က္နဲ႔ အမည္ခံ 
ေဆး႐ုံပိုင္ရွင္ လုပ္ခိုင္းထားတယ္။ လာဖမ္းေလ ကိုယ္က 
အေနသာႀကီး ဒါေတြက အေသးအဖြဲေတြပါ

အခုတစ္ေလာ တ႐ုတ္ျပည္က မိန္းကေလးေတြ ကိုရီးယားကိုလာၿပီး
မ်က္ႏွာအလွ ခြဲစိတ္ျပဳျပင္ခ်င္သူေတြ၊ ရင္သားအလွ ခြဲစိတ္ျပဳျပင္
ခ်င္သူေတြ၊ အဆီထုတ္ခ်င္တဲ့သူေတြ ေခတ္စားလာတယ္။

ဘယ္ရမလဲ ကိုယ္ သူမ်ားထက္ဦးေအာင္ တ႐ုတ္ျပည္ 
ေရာက္ေနၿပီေပါ့ တ႐ုတ္ျပည္မွာ တစ္ပတ္ တစ္ခါသြားၿပီး 
ေၾကာ္ျငာတယ္။ တ႐ုတ္မေတြ ေငြကိုင္ၿပီး ဆင္းခ်လာေတာ့တာပဲ
ေဆး႐ုံ ၂ ခုနဲ႔ မႏိုင္ေတာ့လို႔ ေဆး႐ုံ အသစ္တစ္ခုထပ္ဖြင့္လိုက္တယ္။
၃ ခုေျမာက္ေပါ့ အရင္ေဆး႐ုံေတြထက္ပိုႀကီးတယ္ သရဲမကလဲ 
ဟိုဖက္ေဆး႐ုံမွာ ဆက္ေျခာက္တယ္။ လူနာေတြကိုေတာင္ 
ေျခာက္လာတယ္။

သရဲမ အမႈကို စစ္ရင္း ကိုယ့္ေဆး႐ုံကို ေထာက္လွမ္းေရးေတြ 
မ်က္စိက်လာတယ္။ အျမတ္ခြန္ေရွာင္တာ ရိပ္မိလာတယ္။ 
ကိုယ္ဆရာဝန္မဟုတ္ပဲ ေဆး႐ုံပိုင္ေနတာ သိလာတယ္။ 
အျမတ္ခြန္ေတြ မေဆာင္လို႔ ရဲေတြကလိုက္ေတာ့ မန္ေနဂ်ာျဖစ္တဲ့ 
ကိုယ့္ ေမာင္ဝမ္းကြဲကို အခ်ဳပ္ထဲ ခဏထည့္ထားလိုက္တာေပါ့ 
အျမတ္ခြန္ေဆာင္ရမွာ မန္ေနဂ်ာအလုပ္ေလ 
ကိုယ္နဲ႔ ဘာဆိုင္တာလိုက္လို႔

ေမာင္တစ္ဝမ္းကြဲကို အခ်ဳပ္ထဲထည့္လို႔ ကိုယ့္ အေဒၚ
( ေမာင္တစ္ဝမ္းကြဲရဲ႕အေမ ) က ျပႆနာလာရွာတယ္။

ကိုယ္ စိတ္ညစ္ေနတဲ့အခ်ိန္မို႔ ႏွစ္ျပားမတန္ေအာင္ ဆဲပစ္လိုက္တယ္။
ေမာင္တစ္ဝမ္းကြဲ အခ်ဳပ္ထဲေရာက္ေနတုန္း အဘြားႀကီးလဲ ႐ုတ္တရက္
ႏွလံုးေသြးရပ္ၿပီး ေသသြားတာပဲ။ ေဆာရီး။ ေသျပန္ၿပီတစ္ေယာက္။
ေနာက္တပတ္ထဲမွာပဲ တ႐ုတ္မ တေယာက္ အဆီထုတ္ရင္း 
ေသသြားပါေလေရာ။ ဒါေပမဲ့ ကိုယ္က ကံေကာင္းေသးတယ္။ 
တ႐ုတ္မက ေယာက္်ားနဲ႔ကြဲေနတာ။ ကေလးေလးတစ္ေယာက္ပဲ
ရွိေတာ့ ကေလးက ကိုယ္တို႔ကို တရားမစြဲႏိုင္ဘူး။

တ႐ုတ္မ အေဒၚကို ေငြေပးလိုက္ေတာ့ ၿပီးသြားတယ္။ 
ျပႆနာက တ႐ုတ္ မီဒီယာေတြေလ။ ေသသြားတဲ့ တ႐ုတ္မကစၿပီး
မ်က္ရစ္ေဖၚတဲ့ တ႐ုတ္ မိန္းကေလးေတြ မ်က္လႊာအိက်တာ 
ကိုယ့္ေဆး႐ုံေၾကာင့္  ဘာညာနဲ႔ တ႐ုတ္ျပည္ သတင္းေတြထဲ
ပါလာတယ္။ ေထာက္လွမ္းေရးေတြက ကိုယ့္ေနာက္ကို 
ပိုက္စိပ္တိုက္ၿပီး လိုက္လာတယ္။ ေနာက္ဆံုး ကိုယ့္ေမာင္ 
တစ္ဝမ္းကြဲဆီဖုန္းဆက္ၿပီး ကိုယ္ လစ္ထြက္ခဲ့ရတယ္။

ကိုယ့္မွာ တစ္သက္စားမကုန္တဲ့ ေငြေတြရွိေနၿပီေလ။ 
ဘာလို႔ အဖမ္းခံရမွာလဲ။

ကိုယ္   လစ္ၿပီ။

တက္တူးထိုးေသာစုတ္တံ မွစ၍ ေဆးထိုးအပ္၊ ခြဲစိတ္ခန္းဓား ၊ 
ကတ္ေၾကး အစရွိသည္တို႔သည္ သူနာျပဳမဟုတ္ေသာ 
ဆရာဝန္မဟုတ္ေသာ စီးပြားေရးသမား “အလွဖန္တီး ပညာရွင္မ်ား”၏ 
လက္ထဲသို႔ေရာက္သြားလွ်င္ လူသတ္လက္ႏွက္မ်ား ျဖစ္ကုန္သည့္ 
ေတာင္ကိုရီးယားမွ ျဖစ္ရပ္မွန္ျဖစ္ပါသည္။ ထို႔အျပင္ ပညာတတ္
ဆရာဝန္မ်ားသည္ ပညာမတတ္ေသာ လူခ်မ္းသာမ်ား၏ ႐ုပ္ေသး
႐ုပ္မ်ားျဖစ္လာေသာအခါ လူနာမ်ား အသက္ဆံုးရႈံးရေလသည္။

ေတာင္ကိုရီးယားမွ ၂၀၁၈ ခုႏွစ္ အလိုရွိသည္ဟု ဝရမ္းထုတ္ထားေသာ
ပလပ္စတစ္ဆာဂ်ဴရီ ဘုရင္မ ကင္မ္** ၏အေၾကာင္း ျဖစ္ပါသည္။
ရဲေထာက္လွမ္းေရး၏ စံုစမ္းခ်က္အရ ကင္မ္ သည္ သူမ၏ေခြးေလး
ႏွစ္ေကာင္အား ေဆးခန္းလာျပထားသည္ကို သိရသည္။ ထို႔ေန႔မွာ 
၂၀၁၈ ခုႏွစ္ ၁ လပိုင္း ၈ ရက္ေန႔ျဖစ္သည္။ သူမသည္ 
ေတာင္ကိုရီးယားျပည္ထဲတြင္ရွိေနေသးသည္။

၂၀၁၈ ခုႏွစ္ ၁ လပိုင္း ၂၄ ရက္ေန႔ကင္မ္အား ဂန္နမ္းၿမိဳ႕၏ 
အေဆာက္အဦ တစ္ခု၏ CCTV တြင္ ေတြ႕ရသည္။ ထိုအိမ္သို႔ 
သြားေရာက္ရွာေဖြၾကရာ အိမ္ေျပာင္းေျပးသြားၿပီ ျဖစ္ေၾကာင္း
သိရသည္။ ယေန႔အထိ ေထာက္လွမ္းေရးမ်ား အပူတျပင္း 
ရွာေဖြေနၾကဆဲ။

စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ၾကရာ ေတာင္ကိုရီးယား
ျပည္သူမ်ား ထိတ္လန္႔ဖြယ္ရာ ျဖစ္ခဲ့ရသည္။ ေတာင္ကိုရီးယား၌ 
ကင္မ္ဖြင့္ခဲ့ေသာေဆး႐ုံကဲ့သို႔ ေဆး႐ုံမ်ားစြာရွိေနျခင္းကို စစ္ေဆး
ေတြ႕ရွိၾကျခင္းေၾကာင့္ျဖစ္သည္။ ခြဲစိတ္ခန္း၌ လူနာအား ေမ့ေဆး
ေပးၿပီးလွ်င္ ဆရာဝန္ႀကီးက မခြဲစိတ္ပဲ ဆရာဝန္ေပါက္စမ်ားအား
ခြဲစိတ္ခိုင္းသည့္ ေဆး႐ုံမ်ားကိုလည္း မ်ားစြာဖမ္းမိေလသည္။

ဆရာဝန္ႀကီး ကိုယ္တိုင္ျပဳလုပ္ေသာ ခြဲစိတ္မႈကို “self surgery” 
အျခားသူမ်ားက အစားထိုး ျပဳလုပ္ေသာ ခြဲစိတ္ကုသမႈကို 
“given surgery “ ဟုေခၚၾကသည္။

ေနာက္တစ္ခ်က္မွာ မ်က္ႏွာကိုယ္လံုး အလွျပဳျပင္ေရးကို 
ဆံုးျဖတ္သူမ်ားမွာ ဆရာဝန္မ်ားမဟုတ္ၾကပါ။ ေငြလိုခ်င္ေသာ
စီးပြားေရးသမားမ်ားက မန္ေနဂ်ာရာထူးယူထားသည္။

“အလွဖန္တီး ပညာရွင္” သို႔မဟုတ္ “ဒီဇိုင္နာ” ဟု မိမိကိုယ္ကိုမိမိ 
နာမည္ေပး၍ ဘယ္ေနရာ ဘာျပဳျပင္ရမည္ကိုဆံုးျဖတ္၍ လူနာထံမွ 
ရသေလာက္ေငြကို သဲ့ယူသည္။

ဥပမာ- မ်က္ရစ္ေဖာ္ရန္ ခက္ခဲေသာလူနာအား မ်က္ရစ္ေဖာ္ရမည္ဟု 
အလွဖန္တီး ပညာရွင္ကဆံုးျဖတ္၍ ဆရာဝန္ထံေရာက္လာသည္။
ေငြယူၿပီး၍ ဆရာဝန္က ျငင္းမရ ထိုအခါ မလိုလားအပ္ေသာ 
ျပႆနာ အေသးအဖြဲမွစ၍ အသက္ေသသည္အထိ ျပႆနာႀကီးမ်ား
ျဖစ္လာသည္။ ထိုသူမ်ားကိုလည္း အေရးယူၾကသည္။

လူနာလက္ခံထားၿပီး အခ်ိန္မရွိ..၊ ခြဲစိတ္ခန္း ေနရာမရွိ၍ ခြဲစိတ္ခန္း 
တစ္ခုတြင္ ခုတင္ႏွစ္ခုထား၍ ဆရာဝန္မ်ားက တၿပိဳင္နက္
ခြဲစိတ္ၾကသည့္ ေဆး႐ုံမ်ားကိုလည္း အေရးယူၾကသည္။ 
မ်က္ခံုးေမြးတက္တူး၊ မ်က္ႏွာ မွဲ႕ေျခာက္မ်ားဖ်က္ျခင္း၊ 
အဆီထုတ္ျခင္း၊ အစရွိသည္၍ အလွအပႏွင့္ပတ္သက္ေသာ
ျပဳျပင္မႈမ်ားမွစ၍ ပလပ္စတစ္ဆာဂ်ဴရီအထိ ကြ်မ္းက်င္ေသာ
ေဆးကုခြင့္လက္မွတ္ရွိသူမ်ားကိုသာ ယံုၾကည္၍ ေဆးကုသမႈ
ခံယူရမည္ျဖစ္သည္။

တက္တူး( tattoo ) ႏွစ္သက္သူမ်ားလည္း တက္တူးပညာကို 
စနစ္တက်သင္ၾကားထားသည့္ လိုင္စင္ရွိေသာ ပညာရွင္မ်ားထံတြင္
အထိုးခံမွသာ အႏၲရာယ္ကင္းမည္ျဖစ္သည္။ လိုင္စင္မရွိ မကြ်မ္းက်င္ပဲ 
လက္တည့္စမ္း ေငြရွာသူမ်ားသည္ ကြ်န္မတို႔အတြက္ လံုျခဳံမႈမရွိပါ။ 
မိမိအႏၲရာယ္ကို မိမိကာကြယ္ရပါမည္။ ပလတ္စတစ္ဆာဂ်ဴရီေၾကာင့္ 
အသက္ဆံုးရႈံးရသူမ်ားသည္ အထက္ေဖၚျပေသာ စီးပြားျဖစ္
ေဆး႐ုံမ်ားမွသာျဖစ္သည္။

တကယ့္ဆရာဝန္ သူနာျပဳမ်ားျဖင့္ ထိုက္သင့္ေသာေစ်းေပးရသည့္ 
ေဆး႐ုံမ်ားတြင္ အတိမ္းအေစာင္း မရွိသေလာက္ျဖစ္သည္။ 
ေတာင္ကိုရီးယားႏိုင္ငံသည္ ပလပ္စတစ္ဆာဂ်ဴရီ နည္းပညာ
အဆင့္ျမင့္ေသာႏိုင္ငံျဖစ္ပါသည္။

ထိုသို႔အျဖစ္အပ်က္မ်ားသည္ တိုးတက္ေသာ ေတာင္ကိုရီးယား
ႏိုင္ငံ၌ပင္ ရွိေနၾကသည္။ ထို႔ေၾကာင့္ ကြ်န္မတို႔ ျမန္မာျပည္၌လည္း 
ထိုကဲ့သို႔ေနရာမ်ား ရွိႏိုင္သျဖင့္ သတိျပဳႏိုင္ၾကေစရန္ ဤေဆာင္းပါးကို 
ဘာသာျပန္ ေရးသားလိုက္ပါသည္။

အေျပာေကာင္းေသာ ေၾကာ္ျငာေကာင္းေသာ အလွဖန္တီးရွင္
အမည္ခံ လူသတ္သမားမ်ားႏွင့္ ေဝးေဝးေရွာင္ႏိုင္ၾကပါေစ။

မေရႊမိုး (ကိုရီးယား)

February 18th, 2018

References

그것이 알고싶다

사무장 병원

Credit- Ma Shwe Moe Facebook အေကာင့္မွ 
ေလးစားစြာ ကူးယူေဖာ္ျပအပ္ပါသည္။

=========================================

ပလပ်စတစ် ဆာဂျူရီ ဘုရင်မ တစ်ယောက်အကြောင်း 
(ဖြစ်ရပ်မှန်)
---------------------------------------------------------------

🌟 ပလပ်စတစ် ဆာဂျူရီ ဘုရင်မ 🌟
(Plastic Surgery Queen)

၂၀၁၅ ခုနှစ် ၅ လပိုင်း

“မောင်လေး အစ်မရုတ်တရက်ပျောက်သွားရင် စိတ်မပူနဲ့ … 
အစ်မ တကိုယ်လုံး ပလပ်စတစ်ဆာဂျူရီလုပ်ပြီး တခြား 
မိန်းမ တစ်ယောက်လို ပြန်ပေါ်လာမယ်”

“ဗျာ အစ်မ”

“အစ်မ စိတ်ညစ်တယ်မောင်လေး 
ဘဝကြီးက ထင်သလို မဖြစ်လာတော့ဘူး ”

“ ဘာဖြစ်လို့လဲ သေချာပြောပြလေ အစ်မ?!”

“ထားလိုက်တော့ အစ်မ ပျောက်သွားရင် နင် စိတ်မပူနဲ့ 
မသိချင်ယောင်ဆောင်နေ ဒါပဲနော်”

မောင် တစ်ဝမ်းကွဲကို နောက်ဆုံးဖုန်းဆက်လိုက်တယ်။

ကိုယ် လစ်ပြီ။

ကိုယ်တို့ လူချမ်းသာရပ်ကွက် ဂန်နမ်း( Gangnam District ) မှာ 
အကောင်းဆုံးနဲ့ အတော်ဆုံး မျက်နှာအလှခွဲစိတ်ပြုပြင်ရေးဆေးရုံ
တွေရှိတယ်။ ကိုယ်တို့ တောင်ကိုရီးယားမှာ နာမည်အကြီးဆုံး 
နေရာပေါ့။ ကိုယ့်လို ဆရာဝန်လဲမဟုတ် ဘာလိုင်စင်မှလဲမရှိတဲ့ 
သူတစ်ယောက် ဂန်နမ်းဘက်ကို တိုးဖို့ဆိုတာ တော်ရုံ တန်ရုံ 
မဖြစ်နိုင်ဘူး။ ကိုယ့်ဆိုင်က မျက်နှာ အလှပြုပြင်ရေးဆိုတော့ 
အလှပြုပြင်ရေးသက်သက်ပါပဲ။ သူများတွေလို ပလပ်စတစ်
ဆာဂျူရီတို၊ ရင်သားအစားထိုးခွဲစိတ်မှုတို့ စိတ်ကူးနဲ့တောင် မတွေးရဲ။

မျက်ခုံးမွေး တက်တူးထိုး၊ မျက်တောင်ဆက်၊ နှုတ်ခမ်း အရောင်ထည့်
ဒါတွေပဲလုပ်နိုင်တဲ့ ဆိုင်သေးသေးလေးပါ။ ဒါတောင် လိုင်စင်မရှိလို့ 
တရားမဝင် ခိုးကြောင်ခိုးဝှက်ဘဝလေ။ ဘာမှ မသင်ယူခဲ့လို့ ဘာမှ 
မတတ်တာ မဆန်းပါဘူး။ ဒါပေမဲ့ ကိုယ့်ရည်ရွယ်ချက်က သိပ်ကြီးတာ။

“ဂန်နမ်းကို ထိုးဖောက်မယ်။”

ကိုယ်က လိုင်စင်သာ မရှိပေမဲ့ စကေးကတော့ မြင့်ပြီးသား။ 
ဘာမဆို လုပ်သက်ရလာရင် ကျွမ်းကျင်လာတာပဲလေ  
ကိုယ် အလှပြင်ပေးလိုက်တဲ့သူတွေ ကိုယ့်ဆီပြန်လာတာပဲ။
ဒါနဲ့ပဲ ကိုယ့်ဆိုင်လေးကို ဂန်နမ်း အစွန်အဖျားကို ရွှေ့လိုက်တယ်။
တဖြည်းဖြည်းနဲ့ ကိုယ့်ဆိုင်လေးက ကိုယ့်ဆိုင်ကြီးဖြစ်လာတယ်။
ကိုယ်တို့နိုင်ငံရဲ့ ဥပဒေအရ ဘယ်လုပ်ငန်းမဆို 
လုပ်ငန်းကျွမ်းကျင်မှု လိုင်စင်ရှိမှ ဆိုင်ပိုင်ရှင်ဖြစ်ခွင့်ရှိတယ်။

ရတယ်လေ ကိုယ် မျက်ခုံးမွှေး တက်တူး အောင်လက်မှတ် 
လိုင်စင်ရှိတဲ့ ကလေးမကို ငှားလိုက်တယ်။ ပြဿနာတစ်ခုခုဖြစ်ရင်
သူ့ဆိုင်ပေါ့။ ကိုယ်လဲ လိုင်စင်ရှိသလို ဘာလိုလိုပေါ့။ ပြီးတော့ 
လူတွေကို ကိုယ်သတင်းဖြန့်လိုက်တယ်။ ကိုယ် ဂန်နမ်းဖက်က 
ဆေးရုံကြီးမှာ မျက်နှာ အလှ ခွဲစိတ်ပြုပြင်နေရလို့ မအားဘူး 
ဘာ ညာ ပေါ့။ သူနာပြုလိုလို ဆရာဝန်လိုလို ဘာလိုလိုပေါ့။

မျက်ခုံးမွှေးတက်တူးလာထိုးတဲ့ ကောင်မလေးတွေကို 
ကိုယ်ဒီလိုပြောတယ်

“ညီမ မျက်လုံးနည်းနည်းလေး ချဲ့လိုက်ရင် မင်းသမီးဖြစ်ပြီကွာ
အစ်မ ဆေးရုံကိုလာခဲ့  အလှဆုံးဖြစ်အောင် လုပ်ပစ်လိုက်မယ်။ 
မိန်းကလေးဆိုတာလှမှနော် ကိုယ်ကြိုက်တဲ့ ယောက်ျား 
ခေါင်းခေါက်ယူလို့ရမှာ

ပြီးတော့ ကိုယ် ဂန်နမ်းက ဆေးရုံတစ်ရုံနဲ့ ဆက်လိုက်တယ်..။

“ကျွန်မ ရှင်တို့ဆေးရုံကို မျက်နှာခွဲစိတ်ချင်တဲ့သူတွေ ခေါ်လာမယ် 
ကော်မရှင်ပေးပါ”

ကိုယ် ပွဲစားလုပ်ရင်း အလှပြုပြင်ရေး ခွဲစိတ်မှုတွေလေ့လာတယ်။
တချို့ သူနာပြုတွေဟာ ဆရာဝန်ထက်တောင် တော်နေတာ
တွေ့ရတယ်။ အလေ့အကျင့်နဲ့ လက်ရဲဖို့ ပဲလိုတာ။ တချို့လူနာ
တွေကို ကိုယ်လက်တည့်စမ်းကြည့်တယ်။ မှားသွားတော့လည်း 
သူတို့ အသားအရေက နုလို့ ဘာညာ လျှောက်ပြောလိုက်ရုံပဲလေ။
ထင်သလောက် မခက်ဘူး။ မျက်ခုံးမွှေး တက်တူးထိုးသလိုပါပဲလား။
လုပ်ရင်ဖြစ်တယ်။

သိပ်မကြာပါဘူး။ ကိုယ်ဟာ ပလပ်စတစ် ဆာဂျူရီ ဆေးရုံမှာ 
အလွန် အရေးပါသူတစ်ယောက် ဖြစ်လာတယ်။ ကိုယ်က 
မိန်းမတွေအထာ သိပြီးသားလေ။ အခုဆို လူရှာစရာတောင်
မလိုတော့ဘူး ..။ သူတို့ကလာပြီး သူတို့တကိုယ်လုံး ဘာတွေ
ပြင်ရမလဲ လာမေးရတဲ့ အဆင့်ဖြစ်နေပြီ။

“ညီမလေး နှာခေါင်းလေးက နည်းနည်းဖျက်နေတာ” 
ဆေးရုံကိုလာသမျှလူတွေ ကိုယ်နဲ့ အရင်ဆုံးတွေ့ရတယ်။

ကိုယ်ပြောသမျှ အကုန်လုပ်ကြတယ်။ လူနာတွေပဲလား? မဟုတ်
ဆရာဝန်တွေလဲ ကိုယ်ပြောသမျှလုပ်တာပဲလေ။

“ဒေါက်တာ သူကတော့ မေးရိုး နည်းနည်းကားနေလို့ 
မေးရိုးတိပေးလိုက်ပါ”

ကိုယ်က အလုပ်တော်တယ်လေ။ လူတစ်ယောက်ကို ကြည့်လိုက်ရင်
မျက်နှာ ဘယ်နေရာ ကိုယ်လုံးဘယ်နေရာ ဘယ်လို ပြင်ရမယ်ဆိုတာ
ကို ချက်ချင်းသိတယ်။ ကိုယ်က အကုန်ဆုံးဖြတ်တယ်။

မျက်နှာအလှပြင်သူတစ်ယောက်လာတိုင်း ကိုယ် ကော်မရှင်ရတယ်။
ကော်မရှင်ဆိုလို့ အထင်မသေးနဲ့ ၄၀ % ယူတာနော်။

ကိုယ် ချမ်းသာလာတယ်။ သူများလက်အောက်မှာ အလုပ်
မလုပ်ချင်တော့ဘူး။ ယွန်း ဆိုတဲ့ဆရာဝန်ကြီးတစ်ယောက်နဲ့ 
ဆရာဝန်ပေါက်စတွေစုပြီး ဆေးရုံအသစ် ထောင်လိုက်တယ်။ 
ဆရာဝန် တစ်ယောက်ပဲ ကောင်းကောင်း အယောင်ပြထားလိုက်ရင်
ပြီးတာပဲ ပလပ်စတစ် ဆာဂျူရီ ဆိုတာ ဆရာဝန်ကောင်းဖို့ မလိုဘူး။ 
အပြောကောင်းဖို့ပဲ လိုတာ

ကိုယ်တို့နိုင်ငံမှာ ဘာအောင်လက်မှတ်မှမရှိတဲ့ ကိုယ့်လို လူမျိုးတွေ 
အလုပ်လက်မဲ့နေတာ အများကြီးရှိတယ်…။ သူတို့ကို ဈေးပေါပေါနဲ့ 
ခေါ်ခန့်ထားလိုက်တယ်။ တကယ့်သူနာပြု ၁၀ ယောက်လောက်ပဲ
ငှားထားတာ ရုပ်ရည်အသင့်ရှိရင် ပြီးပြီ။ အင်္ကျီဆင်တူဝတ်ခိုင်းထားပြီး 
လူနာကို ချိုချိုသာသာဆက်ဆံဖို့ ကိုယ် သင်တန်းပေးလိုက်တယ်။

“လူနာကို အောက်ကျစရာမလိုဘူး..။ ချိုချိုသာသာနဲ့ အထက်စီးက
ပေါ့ကွာ။ ကိုယ်ဆိုလိုတာ မင်းတို့ သိပါတယ်။ မင်းတို့ကိုယ်မင်းတို့ 
သူနာပြုတစ်ယောက်လို ပြုမူနေထိုင်ပါ”ပြီးတော့ သူများဆေးရုံတွေ
ထက်စာရင် ၅၀% လျှော့ဈေးပေးပြီး လက်ဆောင်ပါပေးမယ်လို့ 
ကောင်းကောင်းလေး ကြော်ငြာလိုက်တယ်။ လှချင်တဲ့လူတွေ 
ကိုယ့်ဆေးရုံကို စုပြုံကျလာတယ်။

တကယ့်ဆေးရုံတွေက အရေးပေါ်အသက်ကယ်ရေး ပစ္စည်းတွေ.. 
သက်တန်းရင့်ဆရာဝန်တွေ..နားလည်တဲ့ သူနာပြုတွေကို 
ငွေပေးထားရတော့ ကိုယ့်လို ဘယ်ဈေးလျှော့နိုင်မလဲ။ ကိုယ်က 
အကြံပိုင်တယ်လေ။ လူနာက ခွဲစိတ်ခန်းထဲရောက်တာနဲ့ 
ဆရာဝန်ကြီး ယွန်း က ခွဲစိတ်တော့မလို လက်အိတ်စွပ်ပြီး 
အယောင်ပြတယ်။ အားပေးစကားပြောတယ်။ မေ့ဆေးဝင်ပြီး 
လူနာမေ့သွားတာနဲ့ ဆရာဝန်ကြီး ယွန်းက ထွက်သွားပြီး 
ဆရာဝန်ပေါက်စတွေကို ခွဲခိုင်းလိုက်တာပေါ့။

ဆရာဝန်ကြီး ယွန်း ကိုစောင့်နေတဲ့ ခွဲစိတ်လူနာတွေ ပုံနေတာ
အယောင်ပြဖို့တောင် အချိန်မလောက်ဘူး။ ခွဲစိတ်နည်းတွေက 
အတူတူပဲဟာ ကိုယ်က စီးပွားရေးလုပ်နေတာလေ ပိုက်ဆံများများရမဲ့
နည်းလမ်းတွေပဲတွေးတယ် ကိုယ့်ဆေးရုံက ကြီးသထက်ကြီးလာတယ်။

ဆရာဝန်၊သူနာပြု နဲ့ ဝန်ထမ်းတွေ အားလုံး ၁၇၄ ယောက်ဝင်ငွေလား? 
လစာတွေ ဆေးဖိုးတွေ အကုန်ရှင်းပြီးတာတောင် တစ်လမှာ သိန်း
ထောင်ပေါင်း ၂၀ လောက်တော့ အသာလေးပဲ လျှော့ပေးတဲ့အတွက် 
ခွဲစိတ်ကြေးကို ဘဏ်ကဒ်နဲ့မပေးချေဖို့ လူနာတွေကိုပြောတယ်။
ကိုယ်က တရားဝင်ငွေလက်ခံလို့ မရဘူး။ ကိုယ့်မှာ လုပ်ငန်းလိုင်စင်မှ
မရှိတာ အခွန်ဆောင်ရတာကိုး

ငွေသားနဲ့ ငွေချေရင်တော့ လျှော့ပေးမယ်ဆိုတော့ အလှပြုပြင်ဖို့ 
လာတဲ့သူတွေက ငွေတွေကို ကင်မ်ချီး ( Kimchi) ထည့်တဲ့ပုံးတွေနဲ့
သယ်လာပေးကြတာ ကိုယ့်ဆေးရုံ ကင်မ်ချီးစက်ရုံကြီးကျနေတာပဲလေ
တစ်နေ့ တစ်နေ့ ငွေတွေများလွန်းလို့ ငွေရည်တွက်တဲ့ စက်တွေ
သုံးထားရတယ်။ နောက်ဆုံး ၅ သောင်းတန်ပဲ လက်ခံတော့တယ်။

ကိုယ့်ရဲ့ ချမ်းသာမှုဟာ တားမနိုင်ဆီးမနိုင် ဖြစ်လာတယ်။ 
ကိုယ် ဒုတိယဆေးရုံကို ထောင်လိုက်တယ်။ လူတွေက 
ကိုယ်ဘယ်ဘဝက လာလဲဆိုတာ ဘယ်သူမှ မသိကြတော့ဘူး။ 
ကိုယ့်ကို ဆရာဝန်မလို့ ထင်နေကြတာ ဒီနိုင်ငံက ဆရာဝန်ဖြစ်မှ 
ဆေးရုံထောင်လို့ရတာလေ။ ကိုယ်က ဆေးရုံပိုင်ရှင်ဆိုတော့ ဒီလို
ထင်ကြတာပေါ့။ ကိုယ်ကလဲ စိတ်တိုင်းမကျရင် ကိုယ် ကိုယ်တိုင်
ခွဲစိတ်ခန်းဝင်တာ။ ကိုယ်ဆရာဝန် မဟုတ်တာ ရင်းနှီးတဲ့ သူ
တစ်ချို့ကလွဲပြီး ဘယ်သူမှမသိဘူး။

ပိုက်ဆံတွေ ထားစရာမရှိတော့ဘူး။ ရွှေတုံးတွေဝယ်ပြီးထည့်ဖို့ 
နံရံကပ် လျှို့ဝှက် မီးခံသေတ္တာတွေ လုပ်ထားရတယ်။ကိုယ့်မှာ 
ရည်ရွယ်ချက်ရှိတယ်။ ကိုယ် လူအိုဆေးရုံတွေ ပိုင်ချင်တယ်။
ကိုယ်တို့နိုင်ငံမှာ အဆင့်မြင့် လူအိုဆေးရုံတွေကို ဟိုတယ်ကြီးတွေလို
ဆောက်တာ ခေတ်စားနေတယ်။ လူအိုရုံနဲ့ လူအိုဆေးရုံ ကွာတယ်။
လူအိုဆေးရုံက ဆရာဝန်နဲ့ သူနာပြုတွေ အဆင်သင့်ရှိလို့ 
မကျန်းမာတဲ့ လူအိုတွေ နေလို့ရတယ်လေ

မိဘတွေကိုပျော်အောင်ထားနိုင်ရင် သူတို့ သားသမီးတွေဆီက
ငွေတွေကျလာပြီလေ အလုပ်များတဲ့ သားသမီးတွေ မိဘတွေနဲ့ 
အတူမနေနိုင်ဘူး မကျန်းမာရင်ပိုဆိုးသေး ပိုက်ဆံချမ်းသာတဲ့ 
မိဘတွေကလည်း ငြိုငြင်တဲ့သားမက်/ ချွေးမများတွေနဲ့ နေမဲ့ အစား 
သူတို့ကို ပြာပြာသလဲ စိတ်ချမ်းသာအောင်ထားပေးတဲ့ သူနာပြုတွေနဲ့ 
အတူ နေချင်ကြတယ်။ သူတို့မသေခင် သူတို့ငွေကို သုံးချင်ကြတယ်။

အင်းလူအိုဆေးရုံ ၃-၄ ခုလောက်ပိုင်ရင် တော်ပြီ။

🌟 အပိုင်း-၂ 🌟 

ကိုယ့်ကို Queen လို့ခေါ်လာကြတယ်။ ဂန်နမ်းကို ကိုယ့်အိတ်ထဲ 
ထည့်ထားလိုက်ပြီ။ ပလပ်တစ် ဆာဂျူရီ ဘုရင်မလေ ကိုယ်က 
အခု အသက် ၄၇ နှစ်။

ကိုယ့်မျက်နှာနဲ့ ကိုယ်လုံး ကတော့ ၁၇ နှစ်။ 
လူ့ဘဝကြီး ဘာလိုသေးလဲ?ကိုယ် အိမ်ထောင်ရေး 
စိတ်မဝင်စားဘူး။ ကိုယ်စိတ်ဝင်စားတာ’ငွေ.’မချစ်တတ်ဘူးလို့တော့ 
မထင်ပါနဲ့။ ကိုယ်ချစ်ရတဲ့သူကတော့ ဟောဒီက ခွေးလေးနှစ်ကောင်ပေါ့။
သာလ်ကီ နဲ့ ဆာဘိနာ။ ကိုယ့်ခွေးလေး နှစ်ကောင်ကတော့ ကိုယ့်ဘဝမှာ 
သိပ်အရေးကြီးတယ်။

မိန်းကလေးတွေကလည်းခက်ပါ့ ကိုယ်နဲ့တွေ့ရင်ပဲ လှသွားကြပြီလို့ 
ယုံကြည်နေတာလေ ကိုယ့်အပြုံးလေး တစ်ချက် အပြောလေး
တစ်ကွက်က ရွှေတုံးတွေဖြစ်လာတယ်။ ကိုယ်နဲ့တွေ့ဖို့ စာရင်းပေးပြီး 
လနဲ့ချီ စောင့်နေကြတဲ့သူတွေ အများကြီး ပိုက်ဆံ?
အခုတော့ ကိုယ့်ဘဝမှာ အပေါများဆုံးက ပိုက်ဆံပါပဲ သိမ်းလို့တောင်
မနိုင်လို့ လူငှားထားရတယ်ကိုယ် လူတွေကို လူတွေလို့ မမြင်တော့ဘူး
စက်ရုံတစ်ခုက ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေလို့မြင်လာတယ်။

ကဲ   လာကြ  လာကြ။

မင်းတို့မျက်နှာတွေကိုယ်လုံးတွေ လှီးဖြတ်ပေးမယ် ပိုက်ဆံပေး!!!

ဒီလိုနဲ့ အကုသိုလ်ဝင်တဲ့နေ့ကို ရောက်လာတယ်။ 
အမျိုးသမီးတစ်ယောက်ကို မျက်ရစ်ဖော် ခွဲစိတ်မှု အသေးစား 
တစ်ခုလုပ်ရင်း သေမလိုဖြစ်သွားတယ်။ ဘယ်လိုဖြစ်ပါလိမ့်? 
မျက်ရစ်ဖော်တာ အသက်နဲ့ အဝေးကြီး။

“အောက်ဆီဂျင် ! အောက်ဆီဂျင်!”

သူနာပြုမကလေးက အောက်ဆီဂျင်ဗူးကြီး မနိုင်မနင်းသယ်လာတယ်။
ကိုယ် သူနာပြုအနောက်ကနေ ခွဲစိတ်ခန်းထဲ ဝင်ကြည့်လိုက်တယ်။ 
ခွဲစိတ်ဆရာဝန်ပေါက်စ သူနာပြု တစ်ယောက်ကိုယ် ခေါ်ပြီး 
အလုပ်ပေးထားတဲ့ ကိုယ့် သူငယ်ချင်း ဝူဆိုတဲ့ အမျိုးသား

စုစုပေါင်း ၃ ယောက်

ဝူက သူနာပြုလဲမဟုတ် ဘာမှမဟုတ် ခွဲစိတ်လူနာတစ်ယောက်မှာ
သူနာပြု ၂ ယောက်ရှိရမှာ သူနာပြု အလုံအလောက်မရှိလို့ 
အလုပ်သင် ခေါ်ခိုင်းထားတာကိုယ် ဝူဆိုတဲ့ကောင်ကို 
ကပ်မေးလိုက်တယ်။

” မင်း ဘာလုပ်လိုက်လဲ”

“ဆေးမှားထိုးပေးလိုက်တယ်ထင်တယ်”

သူနာပြုက ဆရာဝန်ပေါက်စကို

“ဆရာ လေရှူစက် (intubator) ပေးရမယ်ထင်တယ်”

ဆရာဝန်ပေါက်စက ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတယ်။ 
ဆရာဝန်ဖြစ်ပြီး လေရှူစက်ကို ဘယ်ကစ ကိုင်ရမယ် မသိဘူး။
မျက်နှာခွဲတာလောက်ပဲသိတဲ့ ခပ်ပေါပေါ ဆရာဝန်ကို အလုပ်သင် 
သဘောနဲ့ ကိုယ်ငှားထားတာ ပြဿနာတက်ပြီ။

သူနာပြုက

“ဆရာ CPR လောက်တော့ ဆရာ? 
ဆရာ အရေးပေါ်အသက်ကယ်နည်း သိတယ်မဟုတ်လားရှင့်?”

ဆရာဝန် တကိုယ်လုံးတုန်ရင်နေတယ်။ သူသင်ခဲ့တဲ့ပညာပေမဲ့ 
အတွေ့အကြုံမရှိတော့ ရုတ်တရက်မေ့ကုန်ပြီ။

” ဘယ်လိုလုပ်ရမလဲ? ဘယ်လို လုပ်ရမလဲ?

ကိုယ်သိလိုက်တယ် သွားပြီ။သောက်သုံးမကျတဲ့ ဆရာဝန်။
ဆရာဝန်ကို အားကိုးမရတဲ့အခါ သူနာပြုက ၁၁၉ အရေးပေါ်ဌာနကို
ဖုန်းဆက်လိုက်တော့တယ်။ ဒါပေမဲ့ နောက်ကျသွားပြီ။ လူနာ သေပြီ။
အလုပ်များထဲအထဲ လာ သေ နေသေးတယ်လို့ ကိုယ်စိတ်ရှုပ်ရှုပ်နဲ့
တွေးမိတယ်။

ကိုယ့် ဆရာဝန်ကြီး ယွန်းက ဒီကောင်မကိုခွဲစိတ်ဖို့ တာဝန်ခံထားတဲ့သူ။ 
သူ့ကြောင့် သေတယ်ဆို ဆေးရုံနာမည်ပျက်တော့မယ်။ ဘာလုပ်ရင်
ကောင်းမလဲ? ကိုယ် သူနာပြုကို အခန်းထဲခေါ်တွေ့လိုက်တယ်။

“ ညည်း ကြောင့်ဖြစ်တယ်လို ပြော.ကြားလား.? 
ငါ အကုန်စီစဉ်ပေးမယ် ညည်း ဘာမှ မဖြစ်စေရဘူး”

“ရှင်!?”

“သေတဲ့ မိသားစုကို ငါ လျော်ကြေး ကောင်းကောင်းပေးလိုက်မယ်”

“ဟုတ် ဟုတ်ကဲ့ရှင့်”

သိနေတယ်လေ။ ဒီကောင်မ ကိုယ့်ကို မလွန်ဆန်ရဲပါဘူး
သူနာပြုကို ရဲစခန်းကိုသွားပြီး အပြစ်ဝန်ခံခိုင်းလိုက်တယ်

ဝူ ဆိုတဲ့ ကိုယ့်သူငယ်ချင်းကို ကိုယ်ပါးစပ်ပိတ်လိုက်တယ်။

“ မင်းက သူနာပြုမဟုတ်တော့ ဥပဒေအရ မင်း ခွဲစိတ်ခန်းထဲလဲ 
ဝင်ခွင့်မရှိဘူး ဆေးထိုးအပ်လဲ ကိုင်ခွင့်မရှိဘူး။ မင်း အဲဒီနေ့က 
ခွဲစိတ်ခန်းထဲရှိနေတာ မေ့ပစ်လိုက်”

“ဗျာ?! ဒါဆို ကျွန်တော့်ကို ဘာလို့ ခေါ်ခိုင်းထားတာလဲဗျ”

“သူနာပြုငှားရင် ဈေးကြီးလို့ဟေ့ သိပြီလား? 
ကိုယ် ပြောတာနားထောင်! မင်းထောင်ထဲ မဝင်ချင်ရင်ပေါ့”

သေသွားတဲ့မိန်းမရဲ့ ကျန်ရစ်သူမိသားစုကို ကိုယ်က ငွေအကုန်ခံပြီး 
လျော်ကြေးပေးမယ်လို့ ထင်လား။ ဝေးသေး ။ သူတို့ပေးမဲ့အစား 
ရှေ့နေကောင်းကောင်း ငှားလိုက်တယ်။ အမှုပြီးသွားတယ်။

“ဆေးမှားမှု”ဒါဏ်ငွေ။ ပြီးပြီ။

ပြဿနာက အခုမှစတယ်။ သေတဲ့ကောင်မက သရဲဖြစ်ပြီး 
ဆေးရုံထဲသောင်းကြမ်းတာပဲ သူနာပြုဆရာမတွေ ထွက်ပြေးရတဲ့ 
အထိပဲ ကိုယ် နတ်ဆရာတွေခေါ်ပြီး သရဲမကို မောင်းထုတ်တယ်။ 
မရဘူး ဒီသရဲမကြောင့် သတင်းဆိုးတွေထွက်ပြီး ၂ နှစ်အကြာ 
အစိုးရဖက်က အမှုပြန်ဖွင့်လာတယ် ဆရာဝန်ကြီးယွန်းနဲ့ ကိုယ့်ကို 
လက်ထိပ်ခတ်ပြီး ဖမ်းကြတယ်။ ဒါများ သောက်ဂရုစိုက်လို့ 
ကိုယ်က ဘာလုပ်ရမှာလဲ။ ၃ ရက်ကြာတော့ ပြန်လွတ်လာတာပေါ့
ဆရာဝန်ကြီးယွန်းက ဆရာဝန်လိုင်စင် အပိတ်ခံလိုက်ရတယ်။ 
အို စိတ်မကောင်းပါဘူး ဂွတ်ဘိုင် ဒေါက်တာ

ကိုယ်ကတော့ အေးဆေး။ ဒါ ရှေ့နေအလုပ်လေ ကိုယ့်အလုပ်
မဟုတ်ဘူး ဟိုကောင်မ သူနာပြုက အမှန်အတိုင်း ဝန်ခံတယ်တဲ့
ဟား  ဝန်ခံပေါ့ ဟိုအကောင် ဝူပဲ ထောင်ကျမှာ ကိုယ်က အနေသာ
ကြီးလေ လူဟောင်းတွေ အကုန် အလုပ်ထုတ်ပစ်လိုက်တယ် 
ဆေးရုံနာမည်ပြောင်း ဆရာဝန် အသစ်ခန့် ရှင်းဆိုတဲ့ ဆရာဝန်
တစ်ယောက်ကို ဆေးရုံပိုင်ရှင်လို့ နာမည်ငှားလိုက်တယ်။

ဆရာဝန်ရှင်းက ငွေလိုနေတဲ့သူလေ။ ကိုယ် သိန်း ၅ ထောင်ကို 
အတိုးနဲ့ချေးထားလိုက်တယ်။ အဲဒီအားနည်းချက်နဲ့ အမည်ခံ 
ဆေးရုံပိုင်ရှင် လုပ်ခိုင်းထားတယ်။ လာဖမ်းလေ ကိုယ်က 
အနေသာကြီး ဒါတွေက အသေးအဖွဲတွေပါ

အခုတစ်လော တရုတ်ပြည်က မိန်းကလေးတွေ ကိုရီးယားကိုလာပြီး
မျက်နှာအလှ ခွဲစိတ်ပြုပြင်ချင်သူတွေ၊ ရင်သားအလှ ခွဲစိတ်ပြုပြင်
ချင်သူတွေ၊ အဆီထုတ်ချင်တဲ့သူတွေ ခေတ်စားလာတယ်။

ဘယ်ရမလဲ ကိုယ် သူများထက်ဦးအောင် တရုတ်ပြည် 
ရောက်နေပြီပေါ့ တရုတ်ပြည်မှာ တစ်ပတ် တစ်ခါသွားပြီး 
ကြော်ငြာတယ်။ တရုတ်မတွေ ငွေကိုင်ပြီး ဆင်းချလာတော့တာပဲ
ဆေးရုံ ၂ ခုနဲ့ မနိုင်တော့လို့ ဆေးရုံ အသစ်တစ်ခုထပ်ဖွင့်လိုက်တယ်။
၃ ခုမြောက်ပေါ့ အရင်ဆေးရုံတွေထက်ပိုကြီးတယ် သရဲမကလဲ 
ဟိုဖက်ဆေးရုံမှာ ဆက်ခြောက်တယ်။ လူနာတွေကိုတောင် 
ခြောက်လာတယ်။

သရဲမ အမှုကို စစ်ရင်း ကိုယ့်ဆေးရုံကို ထောက်လှမ်းရေးတွေ 
မျက်စိကျလာတယ်။ အမြတ်ခွန်ရှောင်တာ ရိပ်မိလာတယ်။ 
ကိုယ်ဆရာဝန်မဟုတ်ပဲ ဆေးရုံပိုင်နေတာ သိလာတယ်။ 
အမြတ်ခွန်တွေ မဆောင်လို့ ရဲတွေကလိုက်တော့ မန်နေဂျာဖြစ်တဲ့ 
ကိုယ့် မောင်ဝမ်းကွဲကို အချုပ်ထဲ ခဏထည့်ထားလိုက်တာပေါ့ 
အမြတ်ခွန်ဆောင်ရမှာ မန်နေဂျာအလုပ်လေ 
ကိုယ်နဲ့ ဘာဆိုင်တာလိုက်လို့

မောင်တစ်ဝမ်းကွဲကို အချုပ်ထဲထည့်လို့ ကိုယ့် အဒေါ်
( မောင်တစ်ဝမ်းကွဲရဲ့အမေ ) က ပြဿနာလာရှာတယ်။

ကိုယ် စိတ်ညစ်နေတဲ့အချိန်မို့ နှစ်ပြားမတန်အောင် ဆဲပစ်လိုက်တယ်။
မောင်တစ်ဝမ်းကွဲ အချုပ်ထဲရောက်နေတုန်း အဘွားကြီးလဲ ရုတ်တရက်
နှလုံးသွေးရပ်ပြီး သေသွားတာပဲ။ ဆောရီး။ သေပြန်ပြီတစ်ယောက်။
နောက်တပတ်ထဲမှာပဲ တရုတ်မ တယောက် အဆီထုတ်ရင်း 
သေသွားပါလေရော။ ဒါပေမဲ့ ကိုယ်က ကံကောင်းသေးတယ်။ 
တရုတ်မက ယောက်ျားနဲ့ကွဲနေတာ။ ကလေးလေးတစ်ယောက်ပဲ
ရှိတော့ ကလေးက ကိုယ်တို့ကို တရားမစွဲနိုင်ဘူး။

တရုတ်မ အဒေါ်ကို ငွေပေးလိုက်တော့ ပြီးသွားတယ်။ 
ပြဿနာက တရုတ် မီဒီယာတွေလေ။ သေသွားတဲ့ တရုတ်မကစပြီး
မျက်ရစ်ဖေါ်တဲ့ တရုတ် မိန်းကလေးတွေ မျက်လွှာအိကျတာ 
ကိုယ့်ဆေးရုံကြောင့်  ဘာညာနဲ့ တရုတ်ပြည် သတင်းတွေထဲ
ပါလာတယ်။ ထောက်လှမ်းရေးတွေက ကိုယ့်နောက်ကို 
ပိုက်စိပ်တိုက်ပြီး လိုက်လာတယ်။ နောက်ဆုံး ကိုယ့်မောင် 
တစ်ဝမ်းကွဲဆီဖုန်းဆက်ပြီး ကိုယ် လစ်ထွက်ခဲ့ရတယ်။

ကိုယ့်မှာ တစ်သက်စားမကုန်တဲ့ ငွေတွေရှိနေပြီလေ။ 
ဘာလို့ အဖမ်းခံရမှာလဲ။

ကိုယ်   လစ်ပြီ။

တက်တူးထိုးသောစုတ်တံ မှစ၍ ဆေးထိုးအပ်၊ ခွဲစိတ်ခန်းဓား ၊ 
ကတ်ကြေး အစရှိသည်တို့သည် သူနာပြုမဟုတ်သော 
ဆရာဝန်မဟုတ်သော စီးပွားရေးသမား “အလှဖန်တီး ပညာရှင်များ”၏ 
လက်ထဲသို့ရောက်သွားလျှင် လူသတ်လက်နှက်များ ဖြစ်ကုန်သည့် 
တောင်ကိုရီးယားမှ ဖြစ်ရပ်မှန်ဖြစ်ပါသည်။ ထို့အပြင် ပညာတတ်
ဆရာဝန်များသည် ပညာမတတ်သော လူချမ်းသာများ၏ ရုပ်သေး
ရုပ်များဖြစ်လာသောအခါ လူနာများ အသက်ဆုံးရှုံးရလေသည်။

တောင်ကိုရီးယားမှ ၂၀၁၈ ခုနှစ် အလိုရှိသည်ဟု ဝရမ်းထုတ်ထားသော
ပလပ်စတစ်ဆာဂျူရီ ဘုရင်မ ကင်မ်** ၏အကြောင်း ဖြစ်ပါသည်။
ရဲထောက်လှမ်းရေး၏ စုံစမ်းချက်အရ ကင်မ် သည် သူမ၏ခွေးလေး
နှစ်ကောင်အား ဆေးခန်းလာပြထားသည်ကို သိရသည်။ ထို့နေ့မှာ 
၂၀၁၈ ခုနှစ် ၁ လပိုင်း ၈ ရက်နေ့ဖြစ်သည်။ သူမသည် 
တောင်ကိုရီးယားပြည်ထဲတွင်ရှိနေသေးသည်။

၂၀၁၈ ခုနှစ် ၁ လပိုင်း ၂၄ ရက်နေ့ကင်မ်အား ဂန်နမ်းမြို့၏ 
အဆောက်အဦ တစ်ခု၏ CCTV တွင် တွေ့ရသည်။ ထိုအိမ်သို့ 
သွားရောက်ရှာဖွေကြရာ အိမ်ပြောင်းပြေးသွားပြီ ဖြစ်ကြောင်း
သိရသည်။ ယနေ့အထိ ထောက်လှမ်းရေးများ အပူတပြင်း 
ရှာဖွေနေကြဆဲ။

စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ကြရာ တောင်ကိုရီးယား
ပြည်သူများ ထိတ်လန့်ဖွယ်ရာ ဖြစ်ခဲ့ရသည်။ တောင်ကိုရီးယား၌ 
ကင်မ်ဖွင့်ခဲ့သောဆေးရုံကဲ့သို့ ဆေးရုံများစွာရှိနေခြင်းကို စစ်ဆေး
တွေ့ရှိကြခြင်းကြောင့်ဖြစ်သည်။ ခွဲစိတ်ခန်း၌ လူနာအား မေ့ဆေး
ပေးပြီးလျှင် ဆရာဝန်ကြီးက မခွဲစိတ်ပဲ ဆရာဝန်ပေါက်စများအား
ခွဲစိတ်ခိုင်းသည့် ဆေးရုံများကိုလည်း များစွာဖမ်းမိလေသည်။

ဆရာဝန်ကြီး ကိုယ်တိုင်ပြုလုပ်သော ခွဲစိတ်မှုကို “self surgery” 
အခြားသူများက အစားထိုး ပြုလုပ်သော ခွဲစိတ်ကုသမှုကို 
“given surgery “ ဟုခေါ်ကြသည်။

နောက်တစ်ချက်မှာ မျက်နှာကိုယ်လုံး အလှပြုပြင်ရေးကို 
ဆုံးဖြတ်သူများမှာ ဆရာဝန်များမဟုတ်ကြပါ။ ငွေလိုချင်သော
စီးပွားရေးသမားများက မန်နေဂျာရာထူးယူထားသည်။

“အလှဖန်တီး ပညာရှင်” သို့မဟုတ် “ဒီဇိုင်နာ” ဟု မိမိကိုယ်ကိုမိမိ 
နာမည်ပေး၍ ဘယ်နေရာ ဘာပြုပြင်ရမည်ကိုဆုံးဖြတ်၍ လူနာထံမှ 
ရသလောက်ငွေကို သဲ့ယူသည်။

ဥပမာ- မျက်ရစ်ဖော်ရန် ခက်ခဲသောလူနာအား မျက်ရစ်ဖော်ရမည်ဟု 
အလှဖန်တီး ပညာရှင်ကဆုံးဖြတ်၍ ဆရာဝန်ထံရောက်လာသည်။
ငွေယူပြီး၍ ဆရာဝန်က ငြင်းမရ ထိုအခါ မလိုလားအပ်သော 
ပြဿနာ အသေးအဖွဲမှစ၍ အသက်သေသည်အထိ ပြဿနာကြီးများ
ဖြစ်လာသည်။ ထိုသူများကိုလည်း အရေးယူကြသည်။

လူနာလက်ခံထားပြီး အချိန်မရှိ..၊ ခွဲစိတ်ခန်း နေရာမရှိ၍ ခွဲစိတ်ခန်း 
တစ်ခုတွင် ခုတင်နှစ်ခုထား၍ ဆရာဝန်များက တပြိုင်နက်
ခွဲစိတ်ကြသည့် ဆေးရုံများကိုလည်း အရေးယူကြသည်။ 
မျက်ခုံးမွေးတက်တူး၊ မျက်နှာ မှဲ့ခြောက်များဖျက်ခြင်း၊ 
အဆီထုတ်ခြင်း၊ အစရှိသည်၍ အလှအပနှင့်ပတ်သက်သော
ပြုပြင်မှုများမှစ၍ ပလပ်စတစ်ဆာဂျူရီအထိ ကျွမ်းကျင်သော
ဆေးကုခွင့်လက်မှတ်ရှိသူများကိုသာ ယုံကြည်၍ ဆေးကုသမှု
ခံယူရမည်ဖြစ်သည်။

တက်တူး( tattoo ) နှစ်သက်သူများလည်း တက်တူးပညာကို 
စနစ်တကျသင်ကြားထားသည့် လိုင်စင်ရှိသော ပညာရှင်များထံတွင်
အထိုးခံမှသာ အန္တရာယ်ကင်းမည်ဖြစ်သည်။ လိုင်စင်မရှိ မကျွမ်းကျင်ပဲ 
လက်တည့်စမ်း ငွေရှာသူများသည် ကျွန်မတို့အတွက် လုံခြုံမှုမရှိပါ။ 
မိမိအန္တရာယ်ကို မိမိကာကွယ်ရပါမည်။ ပလတ်စတစ်ဆာဂျူရီကြောင့် 
အသက်ဆုံးရှုံးရသူများသည် အထက်ဖေါ်ပြသော စီးပွားဖြစ်
ဆေးရုံများမှသာဖြစ်သည်။

တကယ့်ဆရာဝန် သူနာပြုများဖြင့် ထိုက်သင့်သောဈေးပေးရသည့် 
ဆေးရုံများတွင် အတိမ်းအစောင်း မရှိသလောက်ဖြစ်သည်။ 
တောင်ကိုရီးယားနိုင်ငံသည် ပလပ်စတစ်ဆာဂျူရီ နည်းပညာ
အဆင့်မြင့်သောနိုင်ငံဖြစ်ပါသည်။

ထိုသို့အဖြစ်အပျက်များသည် တိုးတက်သော တောင်ကိုရီးယား
နိုင်ငံ၌ပင် ရှိနေကြသည်။ ထို့ကြောင့် ကျွန်မတို့ မြန်မာပြည်၌လည်း 
ထိုကဲ့သို့နေရာများ ရှိနိုင်သဖြင့် သတိပြုနိုင်ကြစေရန် ဤဆောင်းပါးကို 
ဘာသာပြန် ရေးသားလိုက်ပါသည်။

အပြောကောင်းသော ကြော်ငြာကောင်းသော အလှဖန်တီးရှင်
အမည်ခံ လူသတ်သမားများနှင့် ဝေးဝေးရှောင်နိုင်ကြပါစေ။

မရွှေမိုး (ကိုရီးယား)

February 18th, 2018

References

그것이 알고싶다

사무장 병원

No comments:

Post a Comment