Burma Super-star; Addictive Recipes
from the Crossroads of Southeast Asia
-----------------------------------------------------
■ ကြ်န္ေတာ္ ဆိုင္ဖြင့္စက ျမန္မာဆိုတာကို ဘယ္သူ မွမသိဘူး
ဒက္စ္မြန္တန္ (အေမရိကန္က ဘားမားစူပါစတား စားေသာက္ဆိုင္
ပုိင္ရွင္) အေမရိကန္က ပင္လယ္ေကြ႕ဧရိယာ မွာ နာမည္အႀကီးဆံုး
ျမန္မာစားေသာက္ဆိုင္ေတြထဲမွာ ဘားမားစူပါစတားဟာ တစ္ခု
အပါအဝင္ျဖစ္ပါတယ္။ ၁၉၉၂ ခုနွစ္က စတင္ဖြင့္လွစ္ခဲ့ျပီး အခုဆိုရင္
ဆန္ဖရန္စစၥကို၊ အယ္လာမက္ဒါ နဲ႔ ေအာ့ခ္လန္းတို႕မွာ ဆိုင္ခြဲေတြ
ဖြင့္လွစ္ထားပါတယ္။ ျပီးခဲ့တဲ့ နွစ္ ၂၀ အတြင္း ဆန္ဖရန္စစၥကိုသား
ေတြဟာ ရိပ္သာ ၄ လမ္းနဲ႕ ၅ လမ္းၾကားက ကလီးမန္႕လမ္းေပၚမွာ
ေနရာ ယူခဲ့ၾကပါတယ္။ သူတို့ဟာ လက္ဖက္ရည္ တစ္က်ဳိက္ေသာက္၊
စကားေတြေျပာရင္း နာမည္ေက်ာ္ လက္ဖက္သုပ္ တစ္ ပန္းကန္
ဒါမွမဟုတ္ အုန္းနို႔ေခါက္ဆြဲ တစ္ပြဲကို အခ်ိန္ေပးျပီး ေစာင့္ဆိုင္း
စားေသာက္ၾကပါတယ္။
သူတို့အတြက္ သည္လို ထူးျခား ဆန္းျပားတဲ့ စားေသာက္စရာေတြကို
ေဆာင္ၾကဥ္းေပးခဲ့တာက ဒက္စ္မြန္တန္ ျဖစ္ပါတယ္။ သူနဲ႔ သူ႕ခ်စ္သူ
ဂ်ိုစလင္း လီတို႕ဟာ ၂ဝဝဝ ျပည့္နွစ္မွာ သက္တမ္း ရွစ္နွစ္ရွိျပီျဖစ္တဲ့
စားေသာက္ဆိုင္ကို လက္လႊဲယူျပီးေနာက္ အဲသည္ အစားအေသာက္
ေတြကို ဆန္ဖရန္စစၥကိုမွာ နာမည္ေက်ာ္ေအာင္ လုပ္ေဆာင္နိုင္
ခဲ့ပါတယ္။ ၂၀၁၇ မတ္လမွာေတာ့ တန္ဟာ လက္ေထာက္စာေရး
ဆရာမ ကိတ္ လက္ဟီရဲ့ အကူအညီနဲ႔ ဟင္းခ်က္ စာအုပ္တစ္အုပ္
ထုတ္ေဝခဲ့ပါတယ္။ စာအုပ္နာမည္ကေတာ့ Burma Super-star;
Addictive Recipes from the Crossroads of Southeast Asia
ျဖစ္ ျပီး အရသာရွိလွတဲ့ အစားအေသာက္ ေတြရဲ့လွ်ဳိ႕ဝွက္ခ်က္ကို
ေရးသားထားပါတယ္။
ရန္ကုန္ၿမဳိ႕မွာ ေမြးဖြားခဲ့တဲ့ တန္ဟာ ဆန္ဖရန္စစၥကိုၿမဳိ႕ ရစ္မြန္ခရိုင္ကို
အသက္ ၁၁ နွစ္မွာ ေရာက္ရွိခဲ့ပါတယ္။ သည္အင္တာဗ်ဴးဟာ သူက
အေမရိကန္ ထုတ္ေဝေရးကို ပထမဆံုးေပးတဲ့ အင္တာဗ်ဴးျဖစ္ျပီး
သူ့ရဲ့ ေရႊ႕ေျပာင္းသူ အေတြ႕အႀကဳံေတြ၊ စားစရာကေနတစ္ဆင့္
ယဥ္ေက်းမႈအေၾကာင္း ေဖာ္ထုတ္ခဲ့ပံု ေတြနဲ႕ ဒုကၡသည္ေတြရဲ့
အလုပ္ရွင္ ျဖစ္ရပံုေတြကို ေျပာျပထားပါတယ္။
ေမး ။ ။ ခင္ဗ်ားစာအုပ္ရဲ့ နိဒါန္းမွာ ျမန္မာနိုင္ငံမွာ ႀကီးျပင္းခဲ့ရတဲ့
အေၾကာင္းကို ေျပာထားတယ္ေနာ္။ အဲသည္ ကေလး ဘဝ
အေတြ႕အႀကဳံက ဘယ္လိုလဲ။
ေျဖ ။ ။ အေမရိကန္မွာ ႀကီးျပင္းဖို့ဆိုရင္ ခင္ဗ်ား ပိုက္ဆံလိုတယ္။
အေထာက္အကူ ပစၥည္းေတြ လိုတယ္။ ဒါေပမဲ့ ျမန္မာနိုင္ငံမွာ
ႀကီးျပင္းခဲ့ရတာက ဘာရုပ္ ဝထၳဳပစၥည္းမွ မရွိဘူး။ ေဘာလံုးကစား၊
ေျပးတမ္းလိုက္တမ္းေဆာ့၊ သစ္ပင္တက္၊ ခဲလံုးနဲ႔ သြပ္မိုးကိုေပါက္၊
ဒါပဲ။ ဘယ္သူကမွလည္း ေျပာင္းေရႊ႕ၾကတာမရွိေတာ့ လူအားလံုးနဲ႕
သိကြ်မ္းေနတယ္။ အသိုင္း အဝိုင္းဆိုတာ အဲဒါပဲ။ က်ဥ္းက်ဥ္းေလးပဲ။
ဒါေပမဲ့ အခုေတာ့ လူေတြက အျမင္တစ္မ်ဳိး ေျပာင္းလာၾကျပီ။
ျမန္မာေတြက ဟိုး တုန္းကလို မဟုတ္ဘဲ ေျပာင္းေရႊ႕ေနလာ ၾကျပီ။
ေမး ။ ။ ဆန္ဖရန္စစၥကိုကို ေျပာင္းေရႊ႕ခဲ့ ပံုအေၾကာင္း ေျပာပါဦး။
ေျဖ ။ ။ ၁၉၇၀ နွစ္ေတြမွာ အရပ္တစ္ပါးကို ေျပာင္းေရႊ႕တယ္
ဆုိတာ အာရွသားေတြ အတြက္ အသစ္အဆန္းျဖစ္ေနတယ္။
အဲသည္ေခတ္တုန္းက လူေတြက အဂၤလိပ္စကား မတတ္ဘူး။
ဆင္းရဲၾကတယ္။ အစားအေသာက္ ပံုစံမတူဘူး။ အဝတ္အစားလည္း
မတူဘူး။ အဲဒါေၾကာင့္ လည္း ကိုယ့္ကို ခ်က္ခ်င္းခြဲသိၾကတယ္။
ေရႊ႕ေျပာင္းသူခ်င္းအတူတူ တျခား နိုင္ငံက လူေတြက ကြ်န္ေတာ့္ကို
ေတာသား လို႕ တစ္ခ်ိန္လံုးေခၚတယ္။
ေမး ။ ။ ဘားမားစူပါစတားကို လက္လႊဲ မဝယ္ခင္ သည္ဆိုင္မွာ
စားရတဲ့အေၾကာင္း ဘယ္ေလာက္မ်ား အမွတ္ရမိပါသလဲ။
ေျဖ ။ ။ သည္ေနရာက တကယ္မိုက္တယ္။ ဝန္ေဆာင္မႈ
ေကာင္းတယ္။ ေဈး သင့္တယ္။ ကြ်န္ေတာ့္မိသားစု လာေနက်
ေနရာေပါ့။ ဘာျဖစ္လို့လဲဆိုေတာ့ ၿမဳိ႕ထဲမွာ ျမန္မာအစားအေသာက္
က သိပ္ အမ်ားႀကီးမရွိဘူးေလ။ သည္အစားအစာ ေတြေၾကာင့္
ကြ်န္ေတာ္ အိမ္ကို ျပန္ သတိရတယ္။ ေနာက္ျပီး ကြ်န္ေတာ့္
အေမရဲ့ ဟင္းခ်က္လက္ရာနဲ႕လည္း အနီးစပ္ ဆံုးပဲ။
ေမး ။ ။ ခင္ဗ်ားရဲ့ စားေသာက္ဆိုင္မွာ ျမန္မာလူမ်ဳိး
ဘယ္နွေယာက္ေလာက္ ငွားထားတယ္လို႕ ခန္႕မွန္းသလဲ။
ေျဖ ။ ။ ရာနဲ႕ခ်ီေနတာေပါ့။ ေျပာရရင္ စားဖိုေဆာင္တစ္ခုလံုး
ဗမာခ်ည္းပဲ။ ဘားမား လပ္ဖ္ ဆုိင္မွာဆိုရင္ တစ္မိသားစုလံုး
အဲ သည္မွာ အလုပ္လုပ္ၾကတယ္။ ေနာက္ခံ အမ်ဳိးမ်ဳိးနဲ႔
ဒုကၡသည္ေတြေရာ၊ ေရႊ႕ေျပာင္းသူေတြေရာ စံုလို႕ပါပဲ။
ေမး ။ ။ ဘားမားစူပါစတားမွာ စားရတာ ဟာ ေလ့လာ
မွတ္သားစရာ အေတြ႕အႀကဳံ တစ္ခု ျဖစ္နိုင္တယ္ေနာ္။
ခင္ဗ်ားက ျမန္မာယဥ္ေက်းမႈရဲ့ သံတမန္လိုမ်ဳိး ျဖစ္ေနတယ္။
ေျဖ ။ ။ ကြ်န္ေတာ္တို႕ စားေသာက္ဆိုင္ကို စတင္တုန္းက
ျမန္မာဆိုတာကို ဘယ္သူမွ မသိဘူး။ ဘယ္ေနရာမွာလဲလို႕
ေမးၾကတယ္။ ျမန္မာအစားအေသာက္ ဆုိတာ ဘယ္လိုလဲလို႕
ေမးၾကတယ္။ ဒါနဲ႕ ျမန္မာဆိုတာ (အိနၵိယ၊ ထိုင္းနဲ႕ တရုတ္)
နိုင္ငံသံုးခုၾကားမွာ ရွိတဲ့ေနရာ၊ အစား အေသာက္ေတြက
နာမည္ေက်ာ္တဲ့ သံုး နိုင္ငံၾကားက ေနရာလို႕ ေျပာျပရတယ္။
သည္နိုင္ငံေတြရဲ့ ခ်က္ျပဳတ္နည္းပံုစံေတြ ကူးလူးဆက္ႏြယ္ေပမဲ့
ျမန္မာလို႔ တစ္ဘာသာ သီးသန့္ခ်ျပနိုင္တဲ့ အရသာေတြ၊ ဟင္းေတြ
ကလည္း အမ်ားႀကီး ေလ။ ကြ်န္ေတာ္တို႕ စားေသာက္ဆိုင္ကို
လာတဲ့လူေတြဟာ ျမန္မာကို တစ္ခါမွ မေရာက္ဖူးေပမဲ့
ျမန္မာအေၾကာင္းကို အစားအစာကတစ္ဆင့္ ေလ့လာသိရွိ
လာၾကပါတယ္။
ေမး ။ ။ ခင္ဗ်ားအႀကဳိက္ဆံုး အစားအစာ က ဘာျဖစ္မလဲ။
ေျဖ ။ ။ ကြ်န္ေတာ္က မုန္႕ဟင္းခါးကို မမုန္းတမ္းစားတယ္။
ဘာျဖစ္လို့လဲဆိုေတာ့ ကြ်န္ေတာ္က မုန့္ဟင္းခါးနဲ႔ ႀကီး လာတာေလ။
ကြ်န္ေတာ့္သမီးကလည္း မုန္႔ဟင္းခါးကို အႀကဳိက္ဆံုးပဲတဲ့။
ေမး ။ ။ ဘယ္ေနရာမွာ စာဖတ္သူေတြ အအံ့ဩဆံုးျဖစ္လိ္မ့္မလဲ။
ေျဖ ။ ။ လက္ဖက္သုပ္အေၾကာင္း၊ လက္ဖက္ကို ဘယ္လို
ျပဳျပင္ရတဲ့အေၾကာင္း ေပါ့။ သည္အေၾကာင္းကို အဂၤလိပ္လို
ေရးထားတာမ်ဳိး ကြ်န္ေတာ္တို႕ မဖတ္ဖူးဘူး။ သည္အေၾကာင္းက
စိတ္ဝင္စား စရာ ခရီးေလးေပါ့ဗ်ာ။
ေမး ။ ။ ဟင္းခ်က္စာအုပ္မွာ ခင္ဗ်ား ဘာေတြကို ေမွ်ာ္လင့္ထားလဲ။
ေျဖ ။ ။ ဘားမားစူပါစတားေၾကာင့္ ျမန္မာနိုင္ငံအေၾကာင္း
လူေတြသိလာတဲ့ အခ်ိန္မွာ ကြ်န္ေတာ့္မွာ တာဝန္တခ်ဳိ႕ ရွိတယ္လို႔
ခံစားလာရတယ္။ အဲဒါေျကာင့္ အခုစားေသာက္ဆိုင္ကို
ကြ်န္ေတာ္ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေနတာပါ။
ဘာျဖစ္လို႕လဲဆိုေတာ့ ကြ်န္ေတာ္က ျမန္မာနိုင္ငံသား၊
ျမန္မာျဖစ္ရတာ ဂုဏ္ယူတယ္။ လူေတြကို ျမန္မာနိုင္ငံအေၾကာင္း
အေကာင္းျမင္ေစခ်င္တယ္။ သည္စာအုပ္ဟာ သည္လိုလုပ္ဖို႔အတြက္
အေကာင္းဆံုးနည္းလို႕ ကြ်န္ေတာ္ ယူဆ ပါတယ္။
source:myanbnews
link -
Desmond Tan: "Burma Superstar: Addictive Recipes
from the Crossroads [...]" | Talks at Google
=======================================
စာအုပ်မိတ်ဆက်
Burma Super-star; Addictive Recipes
from the Crossroads of Southeast Asia
-----------------------------------------------------
■ ကျွန်တော် ဆိုင်ဖွင့်စက မြန်မာဆိုတာကို ဘယ်သူ မှမသိဘူး
ဒက်စ်မွန်တန် (အမေရိကန်က ဘားမားစူပါစတား စားသောက်ဆိုင်
ပိုင်ရှင်) အမေရိကန်က ပင်လယ်ကွေ့ဧရိယာ မှာ နာမည်အကြီးဆုံး
မြန်မာစားသောက်ဆိုင်တွေထဲမှာ ဘားမားစူပါစတားဟာ တစ်ခု
အပါအဝင်ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင်
ဆန်ဖရန်စစ္စကို၊ အယ်လာမက်ဒါ နဲ့ အော့ခ်လန်းတို့မှာ ဆိုင်ခွဲတွေ
ဖွင့်လှစ်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဆန်ဖရန်စစ္စကိုသား
တွေဟာ ရိပ်သာ ၄ လမ်းနဲ့ ၅ လမ်းကြားက ကလီးမန့်လမ်းပေါ်မှာ
နေရာ ယူခဲ့ကြပါတယ်။ သူတို့ဟာ လက်ဖက်ရည် တစ်ကျိုက်သောက်၊
စကားတွေပြောရင်း နာမည်ကျော် လက်ဖက်သုပ် တစ် ပန်းကန်
ဒါမှမဟုတ် အုန်းနို့ခေါက်ဆွဲ တစ်ပွဲကို အချိန်ပေးပြီး စောင့်ဆိုင်း
စားသောက်ကြပါတယ်။
သူတို့အတွက် သည်လို ထူးခြား ဆန်းပြားတဲ့ စားသောက်စရာတွေကို
ဆောင်ကြဉ်းပေးခဲ့တာက ဒက်စ်မွန်တန် ဖြစ်ပါတယ်။ သူနဲ့ သူ့ချစ်သူ
ဂျိုစလင်း လီတို့ဟာ ၂ဝဝဝ ပြည့်နှစ်မှာ သက်တမ်း ရှစ်နှစ်ရှိပြီဖြစ်တဲ့
စားသောက်ဆိုင်ကို လက်လွှဲယူပြီးနောက် အဲသည် အစားအသောက်
တွေကို ဆန်ဖရန်စစ္စကိုမှာ နာမည်ကျော်အောင် လုပ်ဆောင်နိုင်
ခဲ့ပါတယ်။ ၂၀၁၇ မတ်လမှာတော့ တန်ဟာ လက်ထောက်စာရေး
ဆရာမ ကိတ် လက်ဟီရဲ့ အကူအညီနဲ့ ဟင်းချက် စာအုပ်တစ်အုပ်
ထုတ်ဝေခဲ့ပါတယ်။ စာအုပ်နာမည်ကတော့ Burma Super-star;
Addictive Recipes from the Crossroads of Southeast Asia
ဖြစ် ပြီး အရသာရှိလှတဲ့ အစားအသောက် တွေရဲ့လျှို့ဝှက်ချက်ကို
ရေးသားထားပါတယ်။
ရန်ကုန်မြို့မှာ မွေးဖွားခဲ့တဲ့ တန်ဟာ ဆန်ဖရန်စစ္စကိုမြို့ ရစ်မွန်ခရိုင်ကို
အသက် ၁၁ နှစ်မှာ ရောက်ရှိခဲ့ပါတယ်။ သည်အင်တာဗျူးဟာ သူက
အမေရိကန် ထုတ်ဝေရေးကို ပထမဆုံးပေးတဲ့ အင်တာဗျူးဖြစ်ပြီး
သူ့ရဲ့ ရွှေ့ပြောင်းသူ အတွေ့အကြုံတွေ၊ စားစရာကနေတစ်ဆင့်
ယဉ်ကျေးမှုအကြောင်း ဖော်ထုတ်ခဲ့ပုံ တွေနဲ့ ဒုက္ခသည်တွေရဲ့
အလုပ်ရှင် ဖြစ်ရပုံတွေကို ပြောပြထားပါတယ်။
မေး ။ ။ ခင်ဗျားစာအုပ်ရဲ့ နိဒါန်းမှာ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ရတဲ့
အကြောင်းကို ပြောထားတယ်နော်။ အဲသည် ကလေး ဘဝ
အတွေ့အကြုံက ဘယ်လိုလဲ။
ဖြေ ။ ။ အမေရိကန်မှာ ကြီးပြင်းဖို့ဆိုရင် ခင်ဗျား ပိုက်ဆံလိုတယ်။
အထောက်အကူ ပစ္စည်းတွေ လိုတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ
ကြီးပြင်းခဲ့ရတာက ဘာရုပ် ဝထ္ထုပစ္စည်းမှ မရှိဘူး။ ဘောလုံးကစား၊
ပြေးတမ်းလိုက်တမ်းဆော့၊ သစ်ပင်တက်၊ ခဲလုံးနဲ့ သွပ်မိုးကိုပေါက်၊
ဒါပဲ။ ဘယ်သူကမှလည်း ပြောင်းရွှေ့ကြတာမရှိတော့ လူအားလုံးနဲ့
သိကျွမ်းနေတယ်။ အသိုင်း အဝိုင်းဆိုတာ အဲဒါပဲ။ ကျဉ်းကျဉ်းလေးပဲ။
ဒါပေမဲ့ အခုတော့ လူတွေက အမြင်တစ်မျိုး ပြောင်းလာကြပြီ။
မြန်မာတွေက ဟိုး တုန်းကလို မဟုတ်ဘဲ ပြောင်းရွှေ့နေလာ ကြပြီ။
မေး ။ ။ ဆန်ဖရန်စစ္စကိုကို ပြောင်းရွှေ့ခဲ့ ပုံအကြောင်း ပြောပါဦး။
ဖြေ ။ ။ ၁၉၇၀ နှစ်တွေမှာ အရပ်တစ်ပါးကို ပြောင်းရွှေ့တယ်
ဆိုတာ အာရှသားတွေ အတွက် အသစ်အဆန်းဖြစ်နေတယ်။
အဲသည်ခေတ်တုန်းက လူတွေက အင်္ဂလိပ်စကား မတတ်ဘူး။
ဆင်းရဲကြတယ်။ အစားအသောက် ပုံစံမတူဘူး။ အဝတ်အစားလည်း
မတူဘူး။ အဲဒါကြောင့် လည်း ကိုယ့်ကို ချက်ချင်းခွဲသိကြတယ်။
ရွှေ့ပြောင်းသူချင်းအတူတူ တခြား နိုင်ငံက လူတွေက ကျွန်တော့်ကို
တောသား လို့ တစ်ချိန်လုံးခေါ်တယ်။
မေး ။ ။ ဘားမားစူပါစတားကို လက်လွှဲ မဝယ်ခင် သည်ဆိုင်မှာ
စားရတဲ့အကြောင်း ဘယ်လောက်များ အမှတ်ရမိပါသလဲ။
ဖြေ ။ ။ သည်နေရာက တကယ်မိုက်တယ်။ ဝန်ဆောင်မှု
ကောင်းတယ်။ ဈေး သင့်တယ်။ ကျွန်တော့်မိသားစု လာနေကျ
နေရာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြို့ထဲမှာ မြန်မာအစားအသောက်
က သိပ် အများကြီးမရှိဘူးလေ။ သည်အစားအစာ တွေကြောင့်
ကျွန်တော် အိမ်ကို ပြန် သတိရတယ်။ နောက်ပြီး ကျွန်တော့်
အမေရဲ့ ဟင်းချက်လက်ရာနဲ့လည်း အနီးစပ် ဆုံးပဲ။
မေး ။ ။ ခင်ဗျားရဲ့ စားသောက်ဆိုင်မှာ မြန်မာလူမျိုး
ဘယ်နှယောက်လောက် ငှားထားတယ်လို့ ခန့်မှန်းသလဲ။
ဖြေ ။ ။ ရာနဲ့ချီနေတာပေါ့။ ပြောရရင် စားဖိုဆောင်တစ်ခုလုံး
ဗမာချည်းပဲ။ ဘားမား လပ်ဖ် ဆိုင်မှာဆိုရင် တစ်မိသားစုလုံး
အဲ သည်မှာ အလုပ်လုပ်ကြတယ်။ နောက်ခံ အမျိုးမျိုးနဲ့
ဒုက္ခသည်တွေရော၊ ရွှေ့ပြောင်းသူတွေရော စုံလို့ပါပဲ။
မေး ။ ။ ဘားမားစူပါစတားမှာ စားရတာ ဟာ လေ့လာ
မှတ်သားစရာ အတွေ့အကြုံ တစ်ခု ဖြစ်နိုင်တယ်နော်။
ခင်ဗျားက မြန်မာယဉ်ကျေးမှုရဲ့ သံတမန်လိုမျိုး ဖြစ်နေတယ်။
ဖြေ ။ ။ ကျွန်တော်တို့ စားသောက်ဆိုင်ကို စတင်တုန်းက
မြန်မာဆိုတာကို ဘယ်သူမှ မသိဘူး။ ဘယ်နေရာမှာလဲလို့
မေးကြတယ်။ မြန်မာအစားအသောက် ဆိုတာ ဘယ်လိုလဲလို့
မေးကြတယ်။ ဒါနဲ့ မြန်မာဆိုတာ (အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်)
နိုင်ငံသုံးခုကြားမှာ ရှိတဲ့နေရာ၊ အစား အသောက်တွေက
နာမည်ကျော်တဲ့ သုံး နိုင်ငံကြားက နေရာလို့ ပြောပြရတယ်။
သည်နိုင်ငံတွေရဲ့ ချက်ပြုတ်နည်းပုံစံတွေ ကူးလူးဆက်နွယ်ပေမဲ့
မြန်မာလို့ တစ်ဘာသာ သီးသန့်ချပြနိုင်တဲ့ အရသာတွေ၊ ဟင်းတွေ
ကလည်း အများကြီး လေ။ ကျွန်တော်တို့ စားသောက်ဆိုင်ကို
လာတဲ့လူတွေဟာ မြန်မာကို တစ်ခါမှ မရောက်ဖူးပေမဲ့
မြန်မာအကြောင်းကို အစားအစာကတစ်ဆင့် လေ့လာသိရှိ
လာကြပါတယ်။
မေး ။ ။ ခင်ဗျားအကြိုက်ဆုံး အစားအစာ က ဘာဖြစ်မလဲ။
ဖြေ ။ ။ ကျွန်တော်က မုန့်ဟင်းခါးကို မမုန်းတမ်းစားတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က မုန့်ဟင်းခါးနဲ့ ကြီး လာတာလေ။
ကျွန်တော့်သမီးကလည်း မုန့်ဟင်းခါးကို အကြိုက်ဆုံးပဲတဲ့။
မေး ။ ။ ဘယ်နေရာမှာ စာဖတ်သူတွေ အအံ့ဩဆုံးဖြစ်လိမ့်မလဲ။
ဖြေ ။ ။ လက်ဖက်သုပ်အကြောင်း၊ လက်ဖက်ကို ဘယ်လို
ပြုပြင်ရတဲ့အကြောင်း ပေါ့။ သည်အကြောင်းကို အင်္ဂလိပ်လို
ရေးထားတာမျိုး ကျွန်တော်တို့ မဖတ်ဖူးဘူး။ သည်အကြောင်းက
စိတ်ဝင်စား စရာ ခရီးလေးပေါ့ဗျာ။
မေး ။ ။ ဟင်းချက်စာအုပ်မှာ ခင်ဗျား ဘာတွေကို မျှော်လင့်ထားလဲ။
ဖြေ ။ ။ ဘားမားစူပါစတားကြောင့် မြန်မာနိုင်ငံအကြောင်း
လူတွေသိလာတဲ့ အချိန်မှာ ကျွန်တော့်မှာ တာဝန်တချို့ ရှိတယ်လို့
ခံစားလာရတယ်။ အဲဒါကြောင့် အခုစားသောက်ဆိုင်ကို
ကျွန်တော် အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က မြန်မာနိုင်ငံသား၊
မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်။ လူတွေကို မြန်မာနိုင်ငံအကြောင်း
အကောင်းမြင်စေချင်တယ်။ သည်စာအုပ်ဟာ သည်လိုလုပ်ဖို့အတွက်
အကောင်းဆုံးနည်းလို့ ကျွန်တော် ယူဆ ပါတယ်။
source:myanbnews
link -
Desmond Tan: "Burma Superstar: Addictive Recipes
from the Crossroads [...]" | Talks at Google
No comments:
Post a Comment