မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 1, 2020

စိတ္ပိုင္းဆိုင္ရာ တိုးတက္ေအာင္ျမင္လာဖို႔ ဘာေတြ ႏွလံုးသြင္းထားသင့္လဲ

စိတ္ပိုင္းဆိုင္ရာ တိုးတက္ေအာင္ျမင္လာဖို႔ 
ဘာေတြ ႏွလံုးသြင္းထားသင့္လဲ 
-------------------------------------------------------
< ငယ္ငယ္ဘဝ >
ကြၽန္ေတာ္တို႔ ငယ္ငယ္က မိဘေတြက ဘယ္လိုထိန္းကြပ္
ျပဳစုပ်ိဳးေထာင္ေပးခဲ့သလဲ။ ဒါေတြက အရြယ္ေရာက္လာတဲ့အခါ 
သက္ေရာက္မႈ႐ွိတယ္။ ကိုယ့္မိဘေတြကို နားလည္ ခြင့္လႊတ္ၿပီး 
ကိုယ့္ရဲ႕ျဖစ္တည္မႈကို လက္ခံပါ။ ဘဝကို ရဲရဲ ေ႐ွ႕ဆက္ပါ။

< ကိုယ့္အေတြးေတြ >
ျပႆနာအမ်ားစုက ကုိ္ယ့္ေခါင္းထဲက စိတ္တြင္းေျပာစကားေတြပါ။ 
လူေတြနဲ႔ ပတ္သက္ၿပီး ကိုယ့္ကိုကုိယ္ သံသယမျဖစ္ပါနဲ႔။ လူေတြနဲ႔ 
ကိုယ္က ႀကီးျပင္းလာပံု သင္ယူလာပံု၊ နားလည္လာပံုခ်င္း 
ကိုယ္စီ ကြာျခားပါတယ္။ ဒါကို လက္ခံပါ။

< ပြင့္လင္းဖြင့္ထုတ္ပါ >
ကိုယ္ခံစားရတဲ့ အေျခအေနတစ္ခုခု ၾကံဳလာခဲ့ရင္ ကိုယ့္ခံစားရတဲ့ 
အျဖစ္ကို ပြင့္ပြင့္လင္းလင္း ေျပာပါ။ လူေတြက အစြပ္စြဲခံရရင္ေတာ့ 
ကိုယ့္ကိုကုိယ္ ကာကြယ္ၾကမွာပဲ။ သူတို႔ကို စြပ္စြဲတာထက္ 
ကိုယ့္အခက္အခဲျဖစ္ရပံုကို ႐ိုး႐ွင္းစြာေျပာျပရင္း သူတို႔အျပစ္ကို 
အသိေပးေပးပါ။ ဒါမွ ေနာက္တစ္ခါ မၾကံဳရေအာင္ ျပင္ဆင္ခ်ိန္
ေပးၿပီးသားလည္း ျဖစ္တာပါ။

< သူတစ္ပါးနဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏွိဳင္းယွဥ္ေနလား >
ကိုယ့္ကိုကုိယ္ လူေတြနဲ႔ မႏွိဳင္းယွဥ္ပါနဲ႔။ ေတာ္ေတာ္ဆိုးဝါးတဲ့ 
အျပဳအမူပါ။ ကိုယ့္ကိုကုိယ္ တန္ဖိုးထားပါ။ လူတိုင္းမွာ ကိုယ္ပိုင္တန္ဖိုး၊ 
ကို္ယ္ပိုင္အရည္အခ်င္း ႐ွိၾကပါတယ္။ ကိုယ့္ဘဝကိုယ္ ေပ်ာ္ရႊင္ရမယ့္ 
ကိုယ့္အခြင့္အေရးကို ကိုယ္တိုင္ မဖ်က္ဆီးပါနဲ႔။

< စားလိုက္ အိပ္လိုက္ ပဲ ေနသြားမလား >
ခ်စ္သူရခ်င္လား၊ လူေတြနဲ႔ ပိုရင္းႏွီးၿပီး ဆို႐ွယ္က်ခ်င္လား၊ 
႐ူးသြပ္ရာေနာက္ကို တစိုက္မတ္မတ္ လိုက္ခ်င္လား၊ အလုပ္ရာထူး
တိုးခ်င္လား၊ လစာတိုးခ်င္လား။ ဘာပဲျဖစ္ခ်င္ျဖစ္ခ်င္ပါ။ ႐ွင္း႐ွင္းေလးပါ။
ကိုယ့္ကိုကုိယ္ ပ်ိဳးေထာင္ တိုးတက္ေအာင္လုပ္ပါ။ အိပ္လိုက္စားလိုက္ နဲ႔ 
သက္ေသာင့္သက္သာ ေနေနတာကေတာ့ ဘယ္ကိုမွ မေရာက္မယ့္ ခရီးပါ။

< အရာရာ သည္းခံေနရံုနဲ႔မၿပီး >
စည္းကန္႔ထားပါ။ လူတိုင္းကို က်ဴးေက်ာ္ခြင့္ မေပးပါနဲ႔။ 
သူ႔စည္း ကိုယ့္စည္း ေသခ်ာေလးထားေပးပါ။ ဒါဟာ သည္းခံတာထက္ 
ပိုေကာင္းတဲ့ တံု႔ျပန္မႈပါပဲ။ ေယာကၡမ နဲ႔ အဆင္မေျပတာ၊ အထက္လူႀကီး
စိတ္ၾကမ္းတာ၊ ကိုယ့္ကေလးေတြက ခဏခဏ ဂ်ီတိုက္တာ စသျဖင့္ 
ဒီျဖစ္ရပ္ေတြအကုန္လံုးက သည္းခံေနရံုနဲ႔ မၿပီးဘဲ သူ႔စည္း ကိုယ့္စည္း 
ကန္႔သတ္ထားေပးဖို႔ လိုပါၿပီ။ ကိုယ့္အခြင့္အေရးကိုယ္ ေစာင့္ေ႐ွာက္ပါ။ 
ေလးစားမႈကို ရလာပါလိမ့္မယ္။

< တစ္ေန႔ခ်င္း ေျခတစ္လွမ္း >
ဘာပဲလုပ္လုပ္ တစ္ေန႔ခ်င္းကို ေျခတစ္လွမ္းလွမ္းတဲ့ အက်င့္ေမြးပါ။ 
ဒါက ေအာင္ျမင္သူေတြတိုင္း လုပ္ၾကတဲ့ အေလ့အက်င့္ထူးပါ။ 
အက်င့္တစ္ခုျဖစ္ေပၚဖို႔ ရက္၂၀ ေလာက္ အခ်ိန္ယူရပါတယ္။ 
စိတ္မွာအသားက်လာဖို႔ပါပဲ။ ဒါက ကြၽန္ေတာ္တို႔ ဦးေႏွာက္ေတြရဲ႕ 
အလုပ္လုပ္ပံုပါပဲ။

< ေျဖ႐ွင္းနည္းလမ္းေတြ ဘယ္ကရ >
အဓိကကေတာ့ အေတြ႕အၾကံဳပါ။ ေတြ႕ပါ။ ၾကံဳပါ။ ဆံုပါ။ 
သင္ခန္းစာယူပါ။ စိတ္ဖိစီးရတဲ့ ဘယ္အေျခအေနမွာမဆို ကိုယ့္အတြက္ 
တန္ဖိုး႐ွိတဲ့ အေတြ႕အၾကံဳေတြ ျဖစ္လာတယ္ဆိုတာ သတိခ်ပ္ေပးပါ။ 
ဒီအေျခအေနေတြက တကယ္တမ္းမွာ ေက်းဇူးတင္စရာေတြပါပဲ။ 
အေျခအေနတူေတြ ထပ္ၾကံဳလာရတဲ့ အခါ ကိုယ့္အတြက္ ေျဖ႐ွင္းစရာ
နည္းလမ္းေတြ အဆင္သင့္႐ွိေနပါၿပီ။ ကို္ယ္ဆႏၵ႐ွိသလို ကိုယ္တုိင္ 
ဖန္တီးလာႏိုင္မွာပါ။

< ကိုယ့္ကိုကုိယ္ ပဲ့ကိုင္ေႏြးေထြးပါ >
ဘာေတြပဲ ၾကံဳလာ ၾကံဳလာ ကိုယ့္ကိုယ္ကိုယ္ မႏွိပ္စက္ပါနဲ႔။ 
ဒါမ်ိဳးလုပ္တာ စိတ္ကို ေျမထဲျမႇဳပ္ပစ္တာပါပဲ။ ကို္ယ္ကိုယ္တိုင္က 
ကို္ယ့္ရဲ႕ တိုးတိုးေဖာ္ ကမၻာ့အေကာင္းဆံုး သူငယ္ခ်င္းျဖစ္ပါေစ။ 
အ႐ွဳံးကို အသာအယာ လက္ခံယူႏိုင္ဖို႔ ျပင္ဆင္ထားပါ။ ကိုယ္က 
အရာရာ စြမ္းေဆာင္ေနႏိုင္တဲ့ စူပါမန္းမဟုတ္ပါဘူး။ အတိတ္ကို
ျပန္ေတြးဆရင္း အရာရာ မွားယြင္းခဲ့ေလျခင္း၊ အခ်ိန္ေတြ
အလကားပဲတင္း ကုန္ဆံုးခဲ့ေလျခင္း လို႔လဲဘယ္ေတာ့မွ ေမာဟ
မျဖစ္ပါနဲ႔။ ကိုယ္ၾကံဳေတြ႕သမ်ွေသာ အရာရာဟာ တန္ဖိုး႐ွိၿပီးသား
ျဖစ္ပါတယ္။ ကိုယ့္ကိုကုိယ္ နင္းကန္ႏွိပ္စက္ဖို႔ မဟုတ္ပါဘူး။ 
ကိုယ့္ကိုကုိယ္သာ ေထြးေပြ႕ေပးပါ။ ကိုယ့္ကိုကုိယ္ ကိုယ္သာ
ေထြးေပြ႕ေပးဖို္႕ပါပဲ။ အေရးအႀကီးဆံုးၿဖစ္ပါတယ္။

source:နံမယ္ႀကီး
– Nanmalgyi

=====================================

စိတ်ပိုင်းဆိုင်ရာ တိုးတက်အောင်မြင်လာဖို့ 
ဘာတွေ နှလုံးသွင်းထားသင့်လဲ
-------------------------------------------------------

< ငယ်ငယ်ဘဝ >
ကျွန်တော်တို့ ငယ်ငယ်က မိဘတွေက ဘယ်လိုထိန်းကွပ်
ပြုစုပျိုးထောင်ပေးခဲ့သလဲ။ ဒါတွေက အရွယ်ရောက်လာတဲ့အခါ 
သက်ရောက်မှုရှိတယ်။ ကိုယ့်မိဘတွေကို နားလည် ခွင့်လွှတ်ပြီး 
ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံပါ။ ဘဝကို ရဲရဲ ရှေ့ဆက်ပါ။

< ကိုယ့်အတွေးတွေ >
ပြဿနာအများစုက ကိုယ့်ခေါင်းထဲက စိတ်တွင်းပြောစကားတွေပါ။ 
လူတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် သံသယမဖြစ်ပါနဲ့။ လူတွေနဲ့ 
ကိုယ်က ကြီးပြင်းလာပုံ သင်ယူလာပုံ၊ နားလည်လာပုံချင်း 
ကိုယ်စီ ကွာခြားပါတယ်။ ဒါကို လက်ခံပါ။

< ပွင့်လင်းဖွင့်ထုတ်ပါ >
ကိုယ်ခံစားရတဲ့ အခြေအနေတစ်ခုခု ကြုံလာခဲ့ရင် ကိုယ့်ခံစားရတဲ့ 
အဖြစ်ကို ပွင့်ပွင့်လင်းလင်း ပြောပါ။ လူတွေက အစွပ်စွဲခံရရင်တော့ 
ကိုယ့်ကိုကိုယ် ကာကွယ်ကြမှာပဲ။ သူတို့ကို စွပ်စွဲတာထက် 
ကိုယ့်အခက်အခဲဖြစ်ရပုံကို ရိုးရှင်းစွာပြောပြရင်း သူတို့အပြစ်ကို 
အသိပေးပေးပါ။ ဒါမှ နောက်တစ်ခါ မကြုံရအောင် ပြင်ဆင်ချိန်
ပေးပြီးသားလည်း ဖြစ်တာပါ။

< သူတစ်ပါးနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေလား >
ကိုယ့်ကိုကိုယ် လူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ တော်တော်ဆိုးဝါးတဲ့ 
အပြုအမူပါ။ ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။ လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုး၊ 
ကိုယ်ပိုင်အရည်အချင်း ရှိကြပါတယ်။ ကိုယ့်ဘဝကိုယ် ပျော်ရွှင်ရမယ့် 
ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် မဖျက်ဆီးပါနဲ့။

< စားလိုက် အိပ်လိုက် ပဲ နေသွားမလား >
ချစ်သူရချင်လား၊ လူတွေနဲ့ ပိုရင်းနှီးပြီး ဆိုရှယ်ကျချင်လား၊ 
ရူးသွပ်ရာနောက်ကို တစိုက်မတ်မတ် လိုက်ချင်လား၊ အလုပ်ရာထူး
တိုးချင်လား၊ လစာတိုးချင်လား။ ဘာပဲဖြစ်ချင်ဖြစ်ချင်ပါ။ ရှင်းရှင်းလေးပါ။
ကိုယ့်ကိုကိုယ် ပျိုးထောင် တိုးတက်အောင်လုပ်ပါ။ အိပ်လိုက်စားလိုက် နဲ့ 
သက်သောင့်သက်သာ နေနေတာကတော့ ဘယ်ကိုမှ မရောက်မယ့် ခရီးပါ။

< အရာရာ သည်းခံနေရုံနဲ့မပြီး >
စည်းကန့်ထားပါ။ လူတိုင်းကို ကျူးကျော်ခွင့် မပေးပါနဲ့။ 
သူ့စည်း ကိုယ့်စည်း သေချာလေးထားပေးပါ။ ဒါဟာ သည်းခံတာထက် 
ပိုကောင်းတဲ့ တုံ့ပြန်မှုပါပဲ။ ယောက္ခမ နဲ့ အဆင်မပြေတာ၊ အထက်လူကြီး
စိတ်ကြမ်းတာ၊ ကိုယ့်ကလေးတွေက ခဏခဏ ဂျီတိုက်တာ စသဖြင့် 
ဒီဖြစ်ရပ်တွေအကုန်လုံးက သည်းခံနေရုံနဲ့ မပြီးဘဲ သူ့စည်း ကိုယ့်စည်း 
ကန့်သတ်ထားပေးဖို့ လိုပါပြီ။ ကိုယ့်အခွင့်အရေးကိုယ် စောင့်ရှောက်ပါ။ 
လေးစားမှုကို ရလာပါလိမ့်မယ်။

< တစ်နေ့ချင်း ခြေတစ်လှမ်း >
ဘာပဲလုပ်လုပ် တစ်နေ့ချင်းကို ခြေတစ်လှမ်းလှမ်းတဲ့ အကျင့်မွေးပါ။ 
ဒါက အောင်မြင်သူတွေတိုင်း လုပ်ကြတဲ့ အလေ့အကျင့်ထူးပါ။ 
အကျင့်တစ်ခုဖြစ်ပေါ်ဖို့ ရက်၂၀ လောက် အချိန်ယူရပါတယ်။ 
စိတ်မှာအသားကျလာဖို့ပါပဲ။ ဒါက ကျွန်တော်တို့ ဦးနှောက်တွေရဲ့ 
အလုပ်လုပ်ပုံပါပဲ။

< ဖြေရှင်းနည်းလမ်းတွေ ဘယ်ကရ >
အဓိကကတော့ အတွေ့အကြုံပါ။ တွေ့ပါ။ ကြုံပါ။ ဆုံပါ။ 
သင်ခန်းစာယူပါ။ စိတ်ဖိစီးရတဲ့ ဘယ်အခြေအနေမှာမဆို ကိုယ့်အတွက် 
တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ဖြစ်လာတယ်ဆိုတာ သတိချပ်ပေးပါ။ 
ဒီအခြေအနေတွေက တကယ်တမ်းမှာ ကျေးဇူးတင်စရာတွေပါပဲ။ 
အခြေအနေတူတွေ ထပ်ကြုံလာရတဲ့ အခါ ကိုယ့်အတွက် ဖြေရှင်းစရာ
နည်းလမ်းတွေ အဆင်သင့်ရှိနေပါပြီ။ ကိုယ်ဆန္ဒရှိသလို ကိုယ်တိုင် 
ဖန်တီးလာနိုင်မှာပါ။

< ကိုယ့်ကိုကိုယ် ပဲ့ကိုင်နွေးထွေးပါ >
ဘာတွေပဲ ကြုံလာ ကြုံလာ ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ပါနဲ့။ 
ဒါမျိုးလုပ်တာ စိတ်ကို မြေထဲမြှုပ်ပစ်တာပါပဲ။ ကိုယ်ကိုယ်တိုင်က 
ကိုယ့်ရဲ့ တိုးတိုးဖော် ကမ္ဘာ့အကောင်းဆုံး သူငယ်ချင်းဖြစ်ပါစေ။ 
အရှုံးကို အသာအယာ လက်ခံယူနိုင်ဖို့ ပြင်ဆင်ထားပါ။ ကိုယ်က 
အရာရာ စွမ်းဆောင်နေနိုင်တဲ့ စူပါမန်းမဟုတ်ပါဘူး။ အတိတ်ကို
ပြန်တွေးဆရင်း အရာရာ မှားယွင်းခဲ့လေခြင်း၊ အချိန်တွေ
အလကားပဲတင်း ကုန်ဆုံးခဲ့လေခြင်း လို့လဲဘယ်တော့မှ မောဟ
မဖြစ်ပါနဲ့။ ကိုယ်ကြုံတွေ့သမျှသော အရာရာဟာ တန်ဖိုးရှိပြီးသား
ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် နင်းကန်နှိပ်စက်ဖို့ မဟုတ်ပါဘူး။ 
ကိုယ့်ကိုကိုယ်သာ ထွေးပွေ့ပေးပါ။ ကိုယ့်ကိုကိုယ် ကိုယ်သာ
ထွေးပွေ့ပေးဖို့်ပါပဲ။ အရေးအကြီးဆုံးဖြစ်ပါတယ်။

source:နံမယ်ကြီး
– Nanmalgyi

No comments:

Post a Comment