ေငြပုံႀကီးေပၚမွာ အိပ္ေနမိတာကုိ မသိခဲ့တဲ့
(၈၁)ႏွစ္အရြယ္ အိမ္ယာမဲ့အဖြားအုိ ...
------------------------------------------------------
အသက္ (၈၁) ႏွစ္အရြယ္ အိမ္ယာမဲ့အဖြားအုိတစ္ဦးျဖစ္တဲ့
María del Carmen Santana Díaz ဟာ မကၠဆီကိုႏုိင္ငံ၊
Michoacán စီရင္စု Zitácuaro ၿမိဳ႕မွာေနထုိင္သူ ျဖစ္ပါတယ္။
သူမဟာ အိမ္ယာမဲ့ ျဖစ္တဲ့အတြက္ေၾကာင့္ ၿမိဳ႕ရဲ႕အမႈိက္ထူေျပာတဲ့
လမ္းမေတြေပၚနဲ႔ တုိက္အုိတုိက္ပ်က္ေတြအတြင္းမွာ
အလ်ဥ္းသင့္သလုိ ေနထိုင္ခဲ့ရပါတယ္။
သူမနဲ႔နီးစပ္တဲ့ လူမႈပတ္ဝန္းက်င္ရဲ႕အဆိုအရ အဖြား
Carmen ဟာ လူမႈဆက္ေရးလည္း ေကာင္းမြန္သူျဖစ္သလုိ၊
အျခားသူေတြနဲ႔လည္း တည့္ေအာင္ေပါင္းႏုိင္သူျဖစ္ေၾကာင္း၊
စိတ္ေကာင္းႏွလုံးေကာင္း ရွိသူျဖစ္ေၾကာင္း ဆိုပါတယ္။
အဖြားဟာ သာမန္အားျဖင့္ ပစၥည္းပုိ႔ေပးတဲ့အလုပ္ေတြကုိ
လုပ္ကုိင္ေလ့ရွိပါတယ္။ ဒီအတြက္လည္း အဖြားက
ယုံၾကည္ စိတ္ခ်ရပါတယ္။
အဖြားကုိ ၿမိဳ႕ေနျပည္သူေတြက ခ်စ္ခင္တာေၾကာင့္
သူမ သပ္သပ္ရပ္ရပ္ သန္႔သန္႔ရွင္းရွင္းေနဖုိ႔အတြက္
အမႈိက္သ႐ုိက္ေတြနဲ႔ အေဆာက္အဦးအပ်က္အစီးေတြကုိ
ရွင္းလင္းေပးဖုိ႔ ၿမိဳ႕ေတာ္ေကာင္စီကို ဖိအားေပး ေတာင္းဆုိ
ခဲ့ၾကပါတယ္။ ဒီလုိနဲ႔ အမႈိက္ေတြ ရွင္းလင္းေရး ေဆာင္ရြက္စဥ္မွာ
ျမဳပ္ေနတဲ့ ဘီ႐ုိအေဟာင္းႀကီးတစ္ခုကို ေတြ႕ခဲ့ရပါတယ္။
အဆုိပါ ဘီ႐ုိႀကီးကုိ ရွင္းလင္းစဥ္မွာ မကၠဆီကိုေငြေၾကး
အေၾကြေစ့ေတြ ျပည့္ႏွက္ေနတဲ့ ေျမႀကီးနဲ႔ေရာထားတဲ့
သတၱဳခြက္ႀကီးတစ္လုံးကို ေတြ႕ခဲ့ရပါတယ္။ တန္ဖုိးအားျဖင့္
တြက္ခ်က္ၾကည့္တဲ့အခါ ပီဆုိ (၅)ေသာင္း တန္ေၾကးရွိၿပီး
အေမရိကန္ေဒၚလာ (၂၅၀၀)ခန္႔ တန္ေၾကးရွိပါတယ္။
ကနဦးတုန္းကေတာ့ အဖြားက ဒီပုိက္ဆံေတြဟာ
မိမိနဲ႔မဆုိင္ေၾကာင္း ေျပာခဲ့ေပမယ့္ သူမကိုသာေပးဖုိ႔
လူထုက ဆုံးျဖတ္ခဲ့ပါတယ္။ ေဒသခံဂ်ာနယ္လစ္တစ္ဦးက
Carmen အတြက္ သံုးစြဲဖို႔ ဒီပုိက္ဆံေတြနဲ႔ပတ္သက္လို႔
တာဝန္ယူေပးခဲ့ၿပီး အဖြား Carmen ကို ဒီထက္ပုိေကာင္းတဲ့ဘဝ
ေပးႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ဆုိပါတယ္။
နတ္စည္ေတာ္ (Shwemom)
source : fabiosa.guru
links -
======================================
ငွေပုံကြီးပေါ်မှာ အိပ်နေမိတာကို မသိခဲ့တဲ့
(၈၁)နှစ်အရွယ် အိမ်ယာမဲ့အဖွားအို ...
------------------------------------------------------
အသက် (၈၁) နှစ်အရွယ် အိမ်ယာမဲ့အဖွားအိုတစ်ဦးဖြစ်တဲ့
María del Carmen Santana Díaz ဟာ မက္ကဆီကိုနိုင်ငံ၊
Michoacán စီရင်စု Zitácuaro မြို့မှာနေထိုင်သူ ဖြစ်ပါတယ်။
သူမဟာ အိမ်ယာမဲ့ ဖြစ်တဲ့အတွက်ကြောင့် မြို့ရဲ့အမှိုက်ထူပြောတဲ့
လမ်းမတွေပေါ်နဲ့ တိုက်အိုတိုက်ပျက်တွေအတွင်းမှာ
အလျဉ်းသင့်သလို နေထိုင်ခဲ့ရပါတယ်။
သူမနဲ့နီးစပ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့အဆိုအရ အဖွား
Carmen ဟာ လူမှုဆက်ရေးလည်း ကောင်းမွန်သူဖြစ်သလို၊
အခြားသူတွေနဲ့လည်း တည့်အောင်ပေါင်းနိုင်သူဖြစ်ကြောင်း၊
စိတ်ကောင်းနှလုံးကောင်း ရှိသူဖြစ်ကြောင်း ဆိုပါတယ်။
အဖွားဟာ သာမန်အားဖြင့် ပစ္စည်းပို့ပေးတဲ့အလုပ်တွေကို
လုပ်ကိုင်လေ့ရှိပါတယ်။ ဒီအတွက်လည်း အဖွားက
ယုံကြည် စိတ်ချရပါတယ်။
အဖွားကို မြို့နေပြည်သူတွေက ချစ်ခင်တာကြောင့်
သူမ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနေဖို့အတွက်
အမှိုက်သရိုက်တွေနဲ့ အဆောက်အဦးအပျက်အစီးတွေကို
ရှင်းလင်းပေးဖို့ မြို့တော်ကောင်စီကို ဖိအားပေး တောင်းဆို
ခဲ့ကြပါတယ်။ ဒီလိုနဲ့ အမှိုက်တွေ ရှင်းလင်းရေး ဆောင်ရွက်စဉ်မှာ
မြုပ်နေတဲ့ ဘီရိုအဟောင်းကြီးတစ်ခုကို တွေ့ခဲ့ရပါတယ်။
အဆိုပါ ဘီရိုကြီးကို ရှင်းလင်းစဉ်မှာ မက္ကဆီကိုငွေကြေး
အကြွေစေ့တွေ ပြည့်နှက်နေတဲ့ မြေကြီးနဲ့ရောထားတဲ့
သတ္တုခွက်ကြီးတစ်လုံးကို တွေ့ခဲ့ရပါတယ်။ တန်ဖိုးအားဖြင့်
တွက်ချက်ကြည့်တဲ့အခါ ပီဆို (၅)သောင်း တန်ကြေးရှိပြီး
အမေရိကန်ဒေါ်လာ (၂၅၀၀)ခန့် တန်ကြေးရှိပါတယ်။
ကနဦးတုန်းကတော့ အဖွားက ဒီပိုက်ဆံတွေဟာ
မိမိနဲ့မဆိုင်ကြောင်း ပြောခဲ့ပေမယ့် သူမကိုသာပေးဖို့
လူထုက ဆုံးဖြတ်ခဲ့ပါတယ်။ ဒေသခံဂျာနယ်လစ်တစ်ဦးက
Carmen အတွက် သုံးစွဲဖို့ ဒီပိုက်ဆံတွေနဲ့ပတ်သက်လို့
တာဝန်ယူပေးခဲ့ပြီး အဖွား Carmen ကို ဒီထက်ပိုကောင်းတဲ့ဘဝ
ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
နတ်စည်တော် (Shwemom)
source : fabiosa.guru
link -
No comments:
Post a Comment