Guy Fawkes မ်က္ႏွာဖံုးရဲ႕ သင္မသိေသးတဲ့
စိတ္၀င္စားဖြယ္ ေနာက္ခံသမိုင္းေၾကာင္းမ်ား
---------------------------------------------------
Guy Fawkes (ဂိုင္း ေဖာ့)မ်က္ႏွာဖံုးကို ေတြ႔တာနဲ႔ ဟက္ကာေတြ၊
ဆႏၵျပသူေတြကို စာဖတ္သူ အေတြးထဲမွာ တန္းၿပီး ျမင္ေယာင္မိမွာပါ။
အရင္ကေတာ့ Halloween ေန႔မွာ ၀တ္ဆင္တဲ့ မ်က္ႏွာဖံုးတစ္ခု
အဆင့္သာရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ Guy Fawkes
မ်က္ႏွာဖံုးဟာ ကမာၻတစ္၀န္းလံုးမွာ မတရားမႈတစ္ခုကို မေက်နပ္လို႔
ဆႏၵျပထုတ္ေဖာ္သူေတြရဲ႕ အမွတ္သေကၤတျဖစ္ေနပါၿပီ။ ဒါေၾကာင့္
Guy Fawkes မ်က္ႏွာဖံုးက ဘယ္ကစၿပီး ဘယ္လို နာမည္ႀကီးလာ
တယ္၊ ဘာလို႔ ဆႏၵျပသူေတြရဲ႕ အမွတ္သေကၤတျဖစ္လာတယ္
ဆိုတဲ့အေၾကာင္းေတြကို ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။
♦ Guy Fawkes ဆိုတာ ဘယ္သူလဲ
(၁၆၀၅) ခုႏွစ္တုန္းက Guy Fawkes ဆိုတဲ့ လူတစ္ဦးဟာ
အဂၤလိပ္ပါလီမန္ကို ဗံုးခြဲၿပီး ပထမေျမာက္ ဂ်ိမ္းဘုရင္ကို သတ္ဖို႔
ႀကံစည္ခဲ့ပါဖူးတယ္။ Guy ရဲ႕ အႀကံအစည္ဟာ မေအာင္ျမင္ခဲ့သလို
သူကိုယ္တိုင္လည္း ေသဒဏ္က်ခံ ခဲ့ရပါတယ္။ (၁၈)ရာစုေလာက္က
စၿပီး အဂၤလန္တစ္၀န္းက ကေလးေတြဟာ Halloween ေန႔နဲ႔
Guy Fawkes ေန႔လို႔ သတ္မွတ္ထားတဲ့ ႏို၀င္ဘာလ(၅)ရက္ေန႔
ေတြမွာ Guy Fawkes မ်က္ႏွာဖံုးကို ၀တ္ဆင္ေလ့ရွိပါတယ္။
ဒါေပမယ့္ ဒီအေလ့အထဟာ အဂၤလန္တစ္ႏိုင္ငံတည္းမွာပဲ
ေခတ္စားခဲ့ပါတယ္။
♦ Guy Fawkes မ်က္ႏွာဖံုး ဘာေၾကာင့္ လူသိမ်ားခဲ့တာလဲ
(၁၉၈၉)ခုႏွစ္မွာေတာ့ အဂၤလိပ္လူမ်ိဳး ရုပ္ျပစာေရးဆရာ
အလန္မိုးရ္ (Alan Moore)ရဲ႕ V For Vendetta ဆိုတဲ့
ရုပ္ျပ၀တၱဳဟာ အရမ္းကို ေပါက္ခဲ့ပါတယ္။ ဒီစာအုပ္ထဲက
ဇာတ္လိုက္မင္းသားဟာ Guy Fawkes မ်က္ႏွာဖံုးကို
၀တ္ဆင္ထားတဲ့ အမည္မသိပုဂၢိဳလ္တစ္ဦးပါ။
(၂၀၀၅)ခုႏွစ္မွာေတာ့ V for Vendetta ကို ရုပ္ရွင္အျဖစ္
ျပန္လည္ အသက္သြင္းရာမွာ ေအာင္ျမင္မႈရခဲ့ပါတယ္။
ဒီရုပ္ရွင္ဇာတ္ကားရဲ႕ ေအာင္ျမင္မႈေၾကာင့္ပဲ Guy Fawkes
မ်က္ႏွာ ဖံုးဟာ ဆႏၵျပထုတ္ေဖာ္သူေတြရဲ႕ အမွတ္သေကၤတ
ျဖစ္ခဲ့တာပါ။ လက္ရွိလူသိမ်ားေနတဲ့ မ်က္ႏွာဖံုးပံုစံကို ဆြဲခဲ့တဲ့
ရုပ္ျပပန္းခ်ီဆရာ ေဒးဗစ္ လိြဳက္(David Lloyd)က “ မတရားမႈကို
ဆန္႔က်င္တဲ့လူေတြ ရဲ႕ သေကၤတေကာင္းတစ္ခု ျဖစ္လာမွာပါ”လို႔
ႀကိဳတင္ ေဟာကိန္းထုတ္ခဲ့ပါတယ္။
♦ ဟက္ကာေတြ Guy Fawkes မ်က္ႏွာဖံုးကို ဘာေၾကာင့္ ႀကိဳက္တာလဲ
(၂၀၀၈)ခုႏွစ္မွာေတာ့ ကမာၻေက်ာ္ Anonymous ဟက္ကာ
အဖြဲ႕နဲ႔ အျခားသူေတြဟာ ပူးေပါင္းၿပီး Guy Fawkes မ်က္ႏွာဖံုးေတြ
၀တ္ဆင္ကာ လႈပ္ရွားမႈတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ဒါဟာ
လူအမ်ားႀကီးက Guy Fawkes မ်က္ႏွာဖံုးေတြ တပ္ၿပီး ဆန္႔က်င္
ဆႏၵျပမႈေတြလုပ္တဲ့ ပထမဆံုးအျဖစ္အပ်က္ပါ။ Anonymous အဖြဲ႕၀င္
ဟက္ကာတစ္ဦးကေတာ့ ဒီမ်က္ႏွာဖံုး ကိုတပ္တာဟာ V for Vendetta
ရုပ္ရွင္ဇာတ္ကားေၾကာင့္ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ အဲဒီအခ်ိန္ကစလို႔
Guy Fawkes မ်က္ႏွာဖံုးဟာ ကမာၻတစ္၀န္းလံုးက ဟက္ကာေတြနဲ႔
ဆန္႔က်င္ဆႏၵျပသူေတြရဲ႕ အမွတ္သေကၤတ ျဖစ္လာခဲ့တာပါ။
♦ ကမာၻ႔ေရာင္းအေကာင္းဆံုး မ်က္ႏွာဖံုး
လက္ရွိ လူသိမ်ားေနတဲ့ Guy Fawkes မ်က္ႏွာဖံုးဒီဇိုင္းကေတာ့
Warner Bros ကုမၸဏီက ပိုင္တာပါ။ ကုမၸဏီက တရား၀င္
တစ္ႏွစ္ကို မ်က္ႏွာဖံုး (၁)သန္း၀န္းက်င္ေလာက္ ေရာင္းခ်ရတယ္လို႔
စာရင္းထုတ္ျပန္ ထားပါတယ္။ အြန္လိုင္းေပၚက ပစၥည္းေရာင္းတဲ့
Amazon မွာေတာ့ ေရာင္းအေကာင္းဆံုး မ်က္ႏွာဖံုးအျဖစ္
စာရင္းေပါက္ခဲ့တာ ဆယ္စုႏွစ္တစ္ခုနီးပါး ရွိေနပါၿပီ။
source:shwemom
Ref : Time Magazine , Mentalfloss , Wikipedia
==============================
Guy Fawkes မျက်နှာဖုံးရဲ့ သင်မသိသေးတဲ့
စိတ်ဝင်စားဖွယ် နောက်ခံသမိုင်းကြောင်းများ
---------------------------------------------------
Guy Fawkes (ဂိုင်း ဖော့)မျက်နှာဖုံးကို တွေ့တာနဲ့ ဟက်ကာတွေ၊
ဆန္ဒပြသူတွေကို စာဖတ်သူ အတွေးထဲမှာ တန်းပြီး မြင်ယောင်မိမှာပါ။
အရင်ကတော့ Halloween နေ့မှာ ဝတ်ဆင်တဲ့ မျက်နှာဖုံးတစ်ခု
အဆင့်သာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Guy Fawkes
မျက်နှာဖုံးဟာ ကမ္ဘာတစ်ဝန်းလုံးမှာ မတရားမှုတစ်ခုကို မကျေနပ်လို့
ဆန္ဒပြထုတ်ဖော်သူတွေရဲ့ အမှတ်သင်္ကေတဖြစ်နေပါပြီ။ ဒါကြောင့်
Guy Fawkes မျက်နှာဖုံးက ဘယ်ကစပြီး ဘယ်လို နာမည်ကြီးလာ
တယ်၊ ဘာလို့ ဆန္ဒပြသူတွေရဲ့ အမှတ်သင်္ကေတဖြစ်လာတယ်
ဆိုတဲ့အကြောင်းတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
♦ Guy Fawkes ဆိုတာ ဘယ်သူလဲ
(၁၆၀၅) ခုနှစ်တုန်းက Guy Fawkes ဆိုတဲ့ လူတစ်ဦးဟာ
အင်္ဂလိပ်ပါလီမန်ကို ဗုံးခွဲပြီး ပထမမြောက် ဂျိမ်းဘုရင်ကို သတ်ဖို့
ကြံစည်ခဲ့ပါဖူးတယ်။ Guy ရဲ့ အကြံအစည်ဟာ မအောင်မြင်ခဲ့သလို
သူကိုယ်တိုင်လည်း သေဒဏ်ကျခံ ခဲ့ရပါတယ်။ (၁၈)ရာစုလောက်က
စပြီး အင်္ဂလန်တစ်ဝန်းက ကလေးတွေဟာ Halloween နေ့နဲ့
Guy Fawkes နေ့လို့ သတ်မှတ်ထားတဲ့ နိုဝင်ဘာလ(၅)ရက်နေ့
တွေမှာ Guy Fawkes မျက်နှာဖုံးကို ဝတ်ဆင်လေ့ရှိပါတယ်။
ဒါပေမယ့် ဒီအလေ့အထဟာ အင်္ဂလန်တစ်နိုင်ငံတည်းမှာပဲ
ခေတ်စားခဲ့ပါတယ်။
♦ Guy Fawkes မျက်နှာဖုံး ဘာကြောင့် လူသိများခဲ့တာလဲ
(၁၉၈၉)ခုနှစ်မှာတော့ အင်္ဂလိပ်လူမျိုး ရုပ်ပြစာရေးဆရာ
အလန်မိုးရ် (Alan Moore)ရဲ့ V For Vendetta ဆိုတဲ့
ရုပ်ပြဝတ္တုဟာ အရမ်းကို ပေါက်ခဲ့ပါတယ်။ ဒီစာအုပ်ထဲက
ဇာတ်လိုက်မင်းသားဟာ Guy Fawkes မျက်နှာဖုံးကို
ဝတ်ဆင်ထားတဲ့ အမည်မသိပုဂ္ဂိုလ်တစ်ဦးပါ။
(၂၀၀၅)ခုနှစ်မှာတော့ V for Vendetta ကို ရုပ်ရှင်အဖြစ်
ပြန်လည် အသက်သွင်းရာမှာ အောင်မြင်မှုရခဲ့ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားရဲ့ အောင်မြင်မှုကြောင့်ပဲ Guy Fawkes
မျက်နှာ ဖုံးဟာ ဆန္ဒပြထုတ်ဖော်သူတွေရဲ့ အမှတ်သင်္ကေတ
ဖြစ်ခဲ့တာပါ။ လက်ရှိလူသိများနေတဲ့ မျက်နှာဖုံးပုံစံကို ဆွဲခဲ့တဲ့
ရုပ်ပြပန်းချီဆရာ ဒေးဗစ် လွိုက်(David Lloyd)က “ မတရားမှုကို
ဆန့်ကျင်တဲ့လူတွေ ရဲ့ သင်္ကေတကောင်းတစ်ခု ဖြစ်လာမှာပါ”လို့
ကြိုတင် ဟောကိန်းထုတ်ခဲ့ပါတယ်။
♦ ဟက်ကာတွေ Guy Fawkes မျက်နှာဖုံးကို ဘာကြောင့် ကြိုက်တာလဲ
(၂၀၀၈)ခုနှစ်မှာတော့ ကမ္ဘာကျော် Anonymous ဟက်ကာ
အဖွဲ့နဲ့ အခြားသူတွေဟာ ပူးပေါင်းပြီး Guy Fawkes မျက်နှာဖုံးတွေ
ဝတ်ဆင်ကာ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ
လူအများကြီးက Guy Fawkes မျက်နှာဖုံးတွေ တပ်ပြီး ဆန့်ကျင်
ဆန္ဒပြမှုတွေလုပ်တဲ့ ပထမဆုံးအဖြစ်အပျက်ပါ။ Anonymous အဖွဲ့ဝင်
ဟက်ကာတစ်ဦးကတော့ ဒီမျက်နှာဖုံး ကိုတပ်တာဟာ V for Vendetta
ရုပ်ရှင်ဇာတ်ကားကြောင့်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစလို့
Guy Fawkes မျက်နှာဖုံးဟာ ကမ္ဘာတစ်ဝန်းလုံးက ဟက်ကာတွေနဲ့
ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ အမှတ်သင်္ကေတ ဖြစ်လာခဲ့တာပါ။
♦ ကမ္ဘာ့ရောင်းအကောင်းဆုံး မျက်နှာဖုံး
လက်ရှိ လူသိများနေတဲ့ Guy Fawkes မျက်နှာဖုံးဒီဇိုင်းကတော့
Warner Bros ကုမ္ပဏီက ပိုင်တာပါ။ ကုမ္ပဏီက တရားဝင်
တစ်နှစ်ကို မျက်နှာဖုံး (၁)သန်းဝန်းကျင်လောက် ရောင်းချရတယ်လို့
စာရင်းထုတ်ပြန် ထားပါတယ်။ အွန်လိုင်းပေါ်က ပစ္စည်းရောင်းတဲ့
Amazon မှာတော့ ရောင်းအကောင်းဆုံး မျက်နှာဖုံးအဖြစ်
စာရင်းပေါက်ခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိနေပါပြီ။
source:shwemom
Ref : Time Magazine , Mentalfloss , Wikipedia
No comments:
Post a Comment