အသဲကြဲသူႏွင့္ .. ဆိုကေရးတီး
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ဂရိ အေတြးအေခၚ ပညာရွင္ ဆိုကေရးတီးသည္
မစားမေသာက္ဘဲ မႈိင္ေတြ ေငးေမာေနေသာ
လူငယ္ တစ္ဦးကို ျမင္ေသာ္ အဘယ္ေၾကာင့္
ဤသို႔ ခံစားေနရသနည္းဟု ေမးေလ၏။
လူငယ္ - ကၽြန္ေတာ္ အသဲကဲြေနလို႔။
ဆိုကေရးတီး - ေအာ္... ဒါကျဖစ္တတ္ပါတယ္။ အသဲကဲြလို႔
နာက်င္တာ မခံစားရဘူးဆိုရင္ ခ်စ္ခဲ့ရတာ အရသာ မရွိသလိုဘဲ။
ဒါေပမယ့္ လူေလးက ဘာျဖစ္လို႔ ဒီအသဲကဲြတဲ့ ေ၀ဒနာကို
ခ်စ္တာထက္ ပိုနစ္ျပီး ခံစားေနရသလဲ။
လူငယ္ - လက္ထဲေရာက္လာတဲ့ စပ်စ္သီးကို ပစ္လိုက္ရတယ္။
ဒီလိုခံစားရတဲ့ ဆံုး႐ႈံးမႈ ေ၀ဒနာကို လူငယ္ မဟုတ္တဲ့ ခင္ဗ်ားက
ဘယ္နားလည္ႏိုင္မလဲ။
ဆိုကေရးတီး - ပစ္လိုက္ရျပီဆိုလဲ ပစ္လိုက္ရျပီေပါ့။
ဘာလို႔ေရွ႕ဆက္ မေလ်ာက္ရတာလဲ။ ဒီ့ထက္ ပိုခ်ဳိ တဲ့
စပ်စ္သီးေတြ အမ်ားၾကီးပါ။
လူငယ္ - တကယ္ေတာ့ သူျပန္လာမဲ့ေန႔ကို
ကၽြန္ေတာ္ ေစာင့္ေမွ်ာ္ေနမိတာပါ။
ဆိုကေရးတီး - တကယ္လို႔ ဒီလိုေန႔မ်ဳိး လံုး၀ ေရာက္မလာခဲ့
ဘူးဆိုရင္ တစ္ျခားတစ္ေယာက္ လက္ထဲ သူပါသြားတာကိုပဲ
လူေလး ၾကည့္ေနရလိမ့္မယ္။
လူငယ္ - ကြ်န္ေတာ့္ကို ကြ်န္ေတာ္အဆံုးစီရင္ျပီး
သူ႔ကိုခ်စ္တဲ့အေၾကာင္း သက္ေသ ျပမွာေပါ့။
ဆိုကေရးတီး - ဒီလိုသာ သက္ေသျပမယ္ဆိုရင္ ကိုယ့္ခ်စ္တဲ့သူကိုလဲ
ဆံုး႐ႈံးမယ္။ ကိုယ့္ကိုကိုယ္ လည္း ဆံုး႐ႈံးမယ္။ ႏွစ္ဦးႏွစ္ဖက္ရဲ႕
ဆံုး႐ႈံးျခင္းကို လူေလး ခံစားရလိမ့္မယ္။
လူငယ္ - ဒါဆို သူ႔ဘ၀ ပ်က္စီးေအာင္လုပ္မယ္။
ကြ်န္ေတာ္မရတာကို သူတစ္ပါး လည္း မရေစခ်င္ဘူး။
ဆိုကေရးတီး - ဒီလိုလုပ္ရပ္က သူနဲ႔ ပိုေ၀းေစမယ္။
လူေလးက သူနဲ႔နီးခ်င္တာ မဟုတ္လား။
လူငယ္ - ဒါဆို ကြ်န္ေတာ္ ဘာလုပ္ရမလဲ။
ကြ်န္ေတာ္ သူ႔ကို အရမ္းခ်စ္တယ္။
ဆိုကေရးတီး - တကယ္ အရမ္းခ်စ္လား....?
လူငယ္ - တကယ္။
ဆိုကေရးတီး - ကိုယ့္ခ်စ္တဲ့ သူကို
ေပ်ာ္ရႊင္ေစခ်င္တယ္ မဟုတ္လား....?
လူငယ္ - ဒါေပါ့။ ကိုယ့္ခ်စ္တဲ့သူကို ေပ်ာ္ရႊင္ေစခ်င္တာေပါ့။
ဆိုကေရးတီး - တကယ္လို႔ လူေလးကို ခဲြသြားတာက
သူ႔အတြက္ ေပ်ာ္ရႊင္ျခင္းလို႔ သူထင္ခဲ့ ရင္ေကာ။
လူငယ္ - မျဖစ္ႏိုင္တာ။ ကြ်န္ေတာ္နဲ႔ေနမွ သူေပ်ာ္ရႊင္တယ္လို႔
အရင္က သူေျပာ ခဲ့ဖူးတယ္။
ဆိုကေရးတီး - အဲဒါက အရင္က ျပီးခဲ့ျပီေလ။
ခုေတာ့ သူက ဒီလိုမထင္ေတာ့ဘူးေလ။
လူငယ္ - သေဘာက ကြ်န္ေတာ့္ကို သူလိမ္ခဲ့တာေပါ့။
ဆိုကေရးတီး - ဒီသေဘာ မဟုတ္ဘူး။
လူေလးအေပၚ သူသစၥာရွိခဲ့တယ္။ ခ်စ္တုန္းက လူေလးနဲ႔ အတူ
ေနခဲ့တယ္။ အခုမခ်စ္ေတာ့ ခဲြသြားတယ္။ ဒီေလာကမွာ ဒီထက္
ျမတ္တဲ့ သစၥာ မရွိေတာ့ဘူး။ မခ်စ္ ေတာ့ဘဲနဲ႔ သူဟာခ်စ္ခ်င္
ဟန္ေဆာင္ျပီး လူေလးနဲ႔ အတူရွိေနမယ္၊ မဂၤလာေဆာင္မယ္၊
သားသမီးေတြ ေမြးမယ္ ဆိုရင္ ဒါကမွ တကယ့္
လိမ္ညာတယ္လို႔ ေခၚတာ။
လူငယ္ - ႏွစ္ႏွစ္ကာကာ ခ်စ္ခဲ့တဲ့ ကြ်န္ေတာ့္ရဲ႕ အခ်စ္ေတြ
အလဟႆ ျဖစ္ကုန္ျပီေပါ့။ ဘယ္သူ အေလ်ာ္ေပးႏိုင္မလဲ...?
ဆိုကေရးတီး - မဟုတ္ဘူး လူေလးရဲ႕။ အခ်စ္ေတြ အလဟႆ
မျဖစ္ခဲ့ပါဘူး။ အေလ်ာ္ ဆိုတာ အခ်စ္မွာ မရွိဘူး။ လူေလးရဲ႕
အခ်စ္ေတြ သူ႔ကိုေပးဆပ္ေနတဲ့ အခ်ိန္မွာ သူကလဲ သူ႔အခ်စ္ကို
လူေလး အတြက္ ေပးဆပ္ေနတယ္။ သူ႔ကို ေပ်ာ္ရႊင္ေစခဲ့သလို
လူေလးကိုလဲ သူက ေပ်ာ္ရႊင္ေစခဲ့တယ္။
လူငယ္ - ဒါေပမယ့္ အခု ကြ်န္ေတာ့္ကို သူက မခ်စ္ေတာ့ဘူး။
ကြ်န္ေတာ္က သူ႔ကို ခ်စ္ေနေသးတယ္။ ဒါဟာ မတရားဘူး။
ဆိုကေရးတီး - ဟုတ္တယ္ မတရားဘူး။ ဆိုလိုခ်င္တာက
လူေလးခ်စ္တဲ့သူအတြက္ မတရားဘူး။ သူ႔ကိုခ်စ္တာဟာ
လူေလးရဲ႕ အခြင့္အေရး ဒါေပမယ့္ သူျပန္ခ်စ္တာ မခ်စ္တာက
သူ႔အခြင့္အေရး၊ ကိုယ့္အခြင့္အေရးကိုပဲ ေမွ်ာ္ကိုးျပီး သူတစ္ပါးရဲ႕
လြတ္လပ္တဲ့ အခြင့္အေရးကို ကိုယ္က တားဆီးပိတ္ပင္မယ္။
ဒါမွ မတရားတာ။ ဘယ္ေလာက္ ကိုယ္ခ်င္းစာစိတ္ မရွိသလဲ။
လူငယ္ - ခင္ဗ်ားေျပာပံုနည္းအရဆိုရင္ ေနာက္ဆံုးေတာ့
အရာအားလံုးဟာ ကြ်န္ေတာ့္ အမွားေတြေပါ့။
ဆိုကေရးတီး - ဟုတ္တယ္။ စတာနဲ႔ လူေလးမွားခဲ့ျပီ။
တကယ္လို႔ ကိုယ္ကသူ႔ကို ေပ်ာ္ရႊင္ျခင္းေတြ ေပးႏိုင္ခဲ့ရင္
ကိုယ့္ကို သူခဲြသြားမွာ မဟုတ္ဘူး။ ေပ်ာ္ရႊင္ျခင္းနဲ႔
ကင္းကြာခ်င္တဲ့လူ မရွိဘူး။ ဒါကိုေတာ့ မွတ္ထားပါ။
လူငယ္ - ေပ်ာ္ရႊင္ျခင္းဆိုတာ ဘာလဲ။ ကြ်န္ေတာ့္ အသဲႏွလံုး
အခ်စ္ေတြ အားလံုး ပံုေပးလိုက္ တာေတာင္ သူက မလံုေလာက္
လုိ႔လား။ သူဘာေၾကာင့္ ကြ်န္ေတာ့္ကို ခဲြသြားရသလဲ။
ဒါဟာ ရက္စက္ တယ္လို႔ မထင္ဘူးလား။
ဆိုကေရးတီး - ရက္စက္တယ္။ ဒီလို ရက္စက္တဲ့ လူတစ္ေယာက္ရဲ႕
စက္ကြင္းက လြတ္သြားတာကိုပဲ ေပ်ာ္ရႊင္ရမယ္ မဟုတ္လား လူေလး
လူငယ္ - ေပ်ာ္ရမယ္။ မျဖစ္ႏိုင္တာ။ ဘာပဲေျပာေျပာ
ကြ်န္ေတာ္ဟာ အစြန္႔ပစ္ခံရသူ၊ ကိုယ့္ကိုကိုယ္ ညံ့တယ္လို႔
ခံစားမိတယ္ဗ်ာ။
ဆိုကေရးတီး - မျဖစ္ႏိုင္တာ။ လူငယ္ေတြရဲ႕ စိတ္မွာ ၾကီးျမတ္တာပဲ
ရွိသင့္တယ္။ ညံ့တယ္ဆိုတာ မရွိသင့္ဘူး။ မွတ္ထားရမွာက
စြန္႔ပစ္ခံရတိုင္း မေကာင္းလို႔ မဟုတ္ဘူး။
ဆိုကေရးတီး - တစ္ခါက လူတစ္ေယာက္ဟာ တန္ဖိုးၾကီးတဲ့
၀တ္စံုတစ္စံုကို ဆိုင္တစ္ဆိုင္မွာ ေတြ႔ခဲ့တယ္။ လိုခ်င္တာလဲ
အရမ္းပဲ။ ေရာင္းတဲ့လူက ယူမွာလား မယူဘူးလားတဲ့။
အဲဒီေတာ့ ဒီလူက ဘာျပန္ေျပာ လိုက္သလဲ သိလား။
အ၀တ္စက ညံ့လြန္းတယ္။ မယူဘူးတဲ့ေလ။ တကယ္ေတာ့
သူ႔ အိတ္ကပ္ ထဲမွာ ပိုက္ဆံမရွိလို႔ ညံ့လြန္းတယ္ တမင္ေျဖခဲ့တာ။
လူေလးက အဲဒီ အစြန္႔ခံ ၀တ္စံုလိုပါပဲ။
လူငယ္ - ခင္ဗ်ား ေတာ္ေတာ္ႏွစ္သိမ့္တတ္တာပဲ။ ဒါေပမယ့္
ႏွေျမာဖို႔ေကာင္းတာက ဒီအသဲကဲြတဲ့ ေ၀ဒနာထဲ ကေန
ကြ်န္ေတာ့္ကို ခင္ဗ်ား ဆဲြမထုတ္ႏိုင္ခဲ့ဘူး။
ဆိုကေရးတီး - ဟုတ္ပါတယ္။ ဆဲြထုတ္ႏိုင္တဲ့အစြမ္း မရွိခဲ့လို႔
၀မ္းနည္းပါတယ္။ ဒါေပမယ့္ အစြမ္းရွိတဲ့ တစ္စံုတစ္ရာနဲ႔
မိတ္ဆက္ေပးပါရေစ။
လူငယ္ - ဘယ္သူလဲ။
ဆိုကေရးတီး - အခ်ိန္တဲ့။ အခ်ိန္ဆိုတာ လူေတြရဲ႕ အၾကီးမားဆံုးေသာ
လမ္းညႊန္ဆရာ။ အသဲကဲြ ေ၀ဒနာကို အလူးအလွိမ့္ ခံစားေနရတဲ့
လူေတြကို က်ဳပ္ ျမင္ဖူးတယ္။ အခ်ိန္က သူတို႔ ခံစားရတာ ေတြကို
ကုစားေပးလိုက္တယ္။ ေနာက္ျပီး လူေတြကို အသစ္တစ္ဖန္
ေရြးခ်ယ္ေစခဲ့တယ္။ လူေတြက ကိုယ္နဲ႔ ထိုက္တန္ တဲ့ ေရြးခ်ယ္မႈ
ေတြမွာ ေပ်ာ္ရႊင္ျခင္းေတြကို ခံစားခဲ့ရတယ္။
လူငယ္ - ဒီလိုျဖစ္လာမယ့္ေန႔ကို ေမွ်ာ္လင့္မိပါတယ္။
ကြ်န္ေတာ္ဘယ္ကေန ေျခလွမ္း စလွမ္း ရမလဲ။
ဆိုကေရးတီး - ကိုယ့္ကို စြန္႔ပစ္ခဲ့တဲ့ လူကို
အရင္ဆံုး ေက်းဇူးတင္ပါ။ ေတာင္းဆုျပဳပါ။
လူငယ္ - ဘာျဖစ္လုိ႔လဲ။
ဆိုကေရးတီး - သူက ကိုယ့္ကို သစၥာေတြေပးခဲ့လို႔ပဲ။
ကိုယ့္ကို အသစ္တစ္ဖန္ ေရြးခ်ယ္ႏိုင္တဲ့ အခြင့္အေရးကို
သူက ေပးခဲ့လို႔ပါပဲ။
credit: Candle Light
source:shwewiki
=============================
အသဲကွဲသူနှင့် .. ဆိုကရေးတီး
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ဂရိ အတွေးအခေါ် ပညာရှင် ဆိုကရေးတီးသည်
မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော
လူငယ် တစ်ဦးကို မြင်သော် အဘယ်ကြောင့်
ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။
လူငယ် - ကျွန်တော် အသဲကွဲနေလို့။
ဆိုကရေးတီး - အော်... ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့
နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။
ဒါပေမယ့် လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို
ချစ်တာထက် ပိုနစ်ပြီး ခံစားနေရသလဲ။
လူငယ် - လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။
ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက
ဘယ်နားလည်နိုင်မလဲ။
ဆိုကရေးတီး - ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။
ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ။ ဒီ့ထက် ပိုချို တဲ့
စပျစ်သီးတွေ အများကြီးပါ။
လူငယ် - တကယ်တော့ သူပြန်လာမဲ့နေ့ကို
ကျွန်တော် စောင့်မျှော်နေမိတာပါ။
ဆိုကရေးတီး - တကယ်လို့ ဒီလိုနေ့မျိုး လုံး၀ ရောက်မလာခဲ့
ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ
လူလေး ကြည့်နေရလိမ့်မယ်။
လူငယ် - ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး
သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
ဆိုကရေးတီး - ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ
ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့
ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။
လူငယ် - ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။
ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
ဆိုကရေးတီး - ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။
လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။
လူငယ် - ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။
ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
ဆိုကရေးတီး - တကယ် အရမ်းချစ်လား....?
လူငယ် - တကယ်။
ဆိုကရေးတီး - ကိုယ့်ချစ်တဲ့ သူကို
ပျော်ရွှင်စေချင်တယ် မဟုတ်လား....?
လူငယ် - ဒါပေါ့။ ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
ဆိုကရေးတီး - တကယ်လို့ လူလေးကို ခွဲသွားတာက
သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော။
လူငယ် - မဖြစ်နိုင်တာ။ ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့
အရင်က သူပြော ခဲ့ဖူးတယ်။
ဆိုကရေးတီး - အဲဒါက အရင်က ပြီးခဲ့ပြီလေ။
ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။
လူငယ် - သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
ဆိုကရေးတီး - ဒီသဘော မဟုတ်ဘူး။
လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူ
နေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်
မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ် တော့ဘဲနဲ့ သူဟာချစ်ချင်
ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊
သားသမီးတွေ မွေးမယ် ဆိုရင် ဒါကမှ တကယ့်
လိမ်ညာတယ်လို့ ခေါ်တာ။
လူငယ် - နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ
အလဟဿ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
ဆိုကရေးတီး - မဟုတ်ဘူး လူလေးရဲ့။ အချစ်တွေ အလဟဿ
မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ လူလေးရဲ့
အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို
လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို
လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။
လူငယ် - ဒါပေမယ့် အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။
ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
ဆိုကရေးတီး - ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက
လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ
လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက
သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့
လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။
ဒါမှ မတရားတာ။ ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ။
လူငယ် - ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့
အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။
ဆိုကရေးတီး - ဟုတ်တယ်။ စတာနဲ့ လူလေးမှားခဲ့ပြီ။
တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင်
ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့
ကင်းကွာချင်တဲ့လူ မရှိဘူး။ ဒါကိုတော့ မှတ်ထားပါ။
လူငယ် - ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ။ ကျွန်တော့် အသဲနှလုံး
အချစ်တွေ အားလုံး ပုံပေးလိုက် တာတောင် သူက မလုံလောက်
လို့လား။ သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ။
ဒါဟာ ရက်စက် တယ်လို့ မထင်ဘူးလား။
ဆိုကရေးတီး - ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့
စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား လူလေး
လူငယ် - ပျော်ရမယ်။ မဖြစ်နိုင်တာ။ ဘာပဲပြောပြော
ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့
ခံစားမိတယ်ဗျာ။
ဆိုကရေးတီး - မဖြစ်နိုင်တာ။ လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ
ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက
စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။
ဆိုကရေးတီး - တစ်ခါက လူတစ်ယောက်ဟာ တန်ဖိုးကြီးတဲ့
ဝတ်စုံတစ်စုံကို ဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့တယ်။ လိုချင်တာလဲ
အရမ်းပဲ။ ရောင်းတဲ့လူက ယူမှာလား မယူဘူးလားတဲ့။
အဲဒီတော့ ဒီလူက ဘာပြန်ပြော လိုက်သလဲ သိလား။
အဝတ်စက ညံ့လွန်းတယ်။ မယူဘူးတဲ့လေ။ တကယ်တော့
သူ့ အိတ်ကပ် ထဲမှာ ပိုက်ဆံမရှိလို့ ညံ့လွန်းတယ် တမင်ဖြေခဲ့တာ။
လူလေးက အဲဒီ အစွန့်ခံ ဝတ်စုံလိုပါပဲ။
လူငယ် - ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့်
နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ
ကျွန်တော့်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
ဆိုကရေးတီး - ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့
ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ တစ်စုံတစ်ရာနဲ့
မိတ်ဆက်ပေးပါရစေ။
လူငယ် - ဘယ်သူလဲ။
ဆိုကရေးတီး - အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော
လမ်းညွှန်ဆရာ။ အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့
လူတွေကို ကျုပ် မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာ တွေကို
ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန်
ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှု
တွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။
လူငယ် - ဒီလိုဖြစ်လာမယ့်နေ့ကို မျှော်လင့်မိပါတယ်။
ကျွန်တော်ဘယ်ကနေ ခြေလှမ်း စလှမ်း ရမလဲ။
ဆိုကရေးတီး - ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို
အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။
လူငယ် - ဘာဖြစ်လို့လဲ။
ဆိုကရေးတီး - သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။
ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို
သူက ပေးခဲ့လို့ပါပဲ။
credit: Candle Light
source:shwewiki
No comments:
Post a Comment