မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 1, 2020

လံုျခံဳေရးအျဖစ္ အလုပ္လုပ္ခဲ့တဲ့ေက်ာင္းမွာပဲ ေက်ာင္းဆရာျပန္ျဖစ္သြားတဲ့အမ်ိဳးသား ...

လံုျခံဳေရးအျဖစ္ အလုပ္လုပ္ခဲ့တဲ့ေက်ာင္းမွာပဲ 
ေက်ာင္းဆရာျပန္ျဖစ္သြားတဲ့အမ်ိဳးသား ...
--------------------------------------------------

မႏွစ္တုန္းက အက္ဒ္၀င္မက္ကြာဆိုသူ အမ်ိဳးသားတစ္ဦးဟာ 
ေက်ာင္းလံုျခံဳေရးအေစာင့္တစ္ဦးအျဖစ္နဲ႔ သူအလုပ္လုပ္ေနတဲ့
St. Theresa’s College (STC) Cebu City ေက်ာင္းကေန
ဘြဲ႔ရခဲ့တဲ့သတင္းေတြ ျပန္႔ႏွံ႔ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ 
သူဟာ ထိုေက်ာင္းမွာပဲ ဆရာတစ္ဦးျဖစ္ေနၿပီလို႔ သိရပါတယ္။ 

၂၀၁၇ ခုႏွစ္မတ္လတုန္းက ဆယ္ဘူးၿမိဳ႕ စိန္႔သရီစာေကာလိပ္မွာ 
ဘြဲ႔ရယူခဲ့တဲ့ အက္ဒ္၀င္ကို လူေတြက ေသာင္းေသာင္းဖ်ဖ်
ခ်ီးက်ဴးခဲ့ၾကပါတယ္။


အက္ဒ္၀င္ဟာ မူလတန္းျပပညာေရးနဲ႔ ဘြဲ႔ရခဲ့တဲ့အျပင္ 
အႏွစ္(၂၀)တိုင္တိုင္ ေက်ာင္းမွာလံုျခံဳေရး၀န္ထမ္းအျဖစ္
တာ၀န္ထမ္းေဆာင္ခဲ့တာေၾကာင့္ ေက်ာင္းသားေတြကလည္း
သူ႔ကို တခဲနက္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ ေက်ာင္း၀န္ထမ္း
ေတြနဲ ႔ေက်ာင္းသားေက်ာင္းသူေတြဟာ အက္ဒ္၀င္ရဲ႕ ဆရာျဖစ္
လုိင္စင္ရလဒ္ကို စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ၾကည့္ေနခဲ့ၾကပါတယ္။


လအနည္းငယ္ၾကာတဲ့အခါမွာေတာ့ အက္ဒ္၀င္ဟာ ဆရာျဖစ္
လုိင္စင္ရရွိခဲ့ပါတယ္။ မၾကာခင္မွာပဲ အက္ဒ္၀င္ကို သူလံုျခံဳေရး
အေစာင့္အျဖစ္ အလုပ္လုပ္ခဲ့တဲ့ေက်ာင္းကေန ေက်ာင္းဆရာအျဖစ္
ျပန္လည္ခန္႔အပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အက္ဒ္၀င္ဟာ 
အနည္းငယ္ စိတ္လႈပ္ရွားေနခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ 
သူဟာေက်ာင္းမွာ အႏွစ္(၂၀)လံုးလံုး လံုျခံဳေရးအေနနဲ႔ 
တာ၀န္ ထမ္းေဆာင္ခဲ့တာေၾကာင့္ သူ႔ရဲ႕လုပ္ရည္ကိုင္ရည္နဲ႔ပတ္သက္လို႔
 ေက်ာင္းသားမိဘေတြက သံသယရွိမွာကို စိုးရိမ္ေနပါတယ္။


ဒါေပမယ့္္ အက္ဒ္၀င္ကို ေက်ာင္းဆရာ၊ ဆရာမေတြက အမ်ားၾကီး
အကူအညီေပးခဲ့ပါတယ္။ စာသင္ရမွာ ကိုယ့္ကိုကိုယ္အဆင္သင့္
မျဖစ္ေသးဘူးလို႔ထင္ေနတဲ့ အက္ဒ္၀င္ကို အရည္အခ်င္းျပည့္၀တဲ့
မူလတန္းျပဆရာျဖစ္ေအာင္ ေထာက္ပံ့ေပးၾကပါတယ္။ သင္ခန္းစာ
သင္ရိုးညႊန္းတမ္းေတြ အစီအစဥ္ဆြဲပံုကို ျပသေပးၾကတဲ့အျပင္ 
Powerpoint presentation ျပဳလုပ္ပံုေတြကိုပါ သင္ၾကားေပးၾက
ေၾကာင္းသိရပါတယ္။ ႐ိုးသားႀကိဳးစားၿပီး အမ်ားကိုပါ အက်ိဳးျပဳရင္း 
ကိုယ့္ဘဝတုိးတက္ေအာင္ ႀကိဳးစားခဲ့တဲ့ ဆရာအက္ဒ္ဝင္ကေတာ့ 
ဘယ္အသက္အရြယ္ေရာက္ေရာက္ ဘဝကို ေျပာင္းလဲႏုိင္တယ္
ဆုိတာ  သက္ေသျပေနတာပါပဲ..။


လင္းလင္း (ShweMom)
link -
(ဖိလစ္ပုိင္ႏုိင္ငံက စီဘူးၿမဳိ႕ဟာ ၿမဳိ႕ေတာ္မနီလာရဲ႕ အေရွ႕ေတာင္ဘက္
မွာတည္ရွိၿပီး ပင္လယ္ဆိပ္ကမ္းၿမဳိ႕ႀကီး တစ္ၿမဳိ႕ျဖစ္ပါတယ္။ ပုံေတြမွာ
ျမင္ရသလုိ ေက်ာင္းလုံၿခဳံေရးေတာင္ ေသနတ္ ခါးၾကားထုိးထားရတာမုိ႔
ေဒသႏၱရ အေျခအေနကုိေတာ့ ခန္႔မွန္းမိမယ္ ထင္ပါတယ္။)

========================================

လုံခြုံရေးအဖြစ် အလုပ်လုပ်ခဲ့တဲ့ကျောင်းမှာပဲ 
ကျောင်းဆရာပြန်ဖြစ်သွားတဲ့အမျိုးသား ...
--------------------------------------------------

မနှစ်တုန်းက အက်ဒ်ဝင်မက်ကွာဆိုသူ အမျိုးသားတစ်ဦးဟာ 
ကျောင်းလုံခြုံရေးအစောင့်တစ်ဦးအဖြစ်နဲ့ သူအလုပ်လုပ်နေတဲ့
St. Theresa’s College (STC) Cebu City ကျောင်းကနေ
ဘွဲ့ရခဲ့တဲ့သတင်းတွေ ပြန့်နှံ့ခဲ့ပါတယ်။ အခုဆိုရင်တော့ 
သူဟာ ထိုကျောင်းမှာပဲ ဆရာတစ်ဦးဖြစ်နေပြီလို့ သိရပါတယ်။ 
၂၀၁၇ ခုနှစ်မတ်လတုန်းက ဆယ်ဘူးမြို့ စိန့်သရီစာကောလိပ်မှာ 
ဘွဲ့ရယူခဲ့တဲ့ အက်ဒ်ဝင်ကို လူတွေက သောင်းသောင်းဖျဖျ
ချီးကျူးခဲ့ကြပါတယ်။

အက်ဒ်ဝင်ဟာ မူလတန်းပြပညာရေးနဲ့ ဘွဲ့ရခဲ့တဲ့အပြင် 
အနှစ်(၂၀)တိုင်တိုင် ကျောင်းမှာလုံခြုံရေးဝန်ထမ်းအဖြစ်
တာဝန်ထမ်းဆောင်ခဲ့တာကြောင့် ကျောင်းသားတွေကလည်း
သူ့ကို တခဲနက်အားပေးခဲ့ကြတာဖြစ်ပါတယ်။ ကျောင်းဝန်ထမ်း
တွေနဲ့ကျောင်းသားကျောင်းသူတွေဟာ အက်ဒ်ဝင်ရဲ့ ဆရာဖြစ်
လိုင်စင်ရလဒ်ကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေခဲ့ကြပါတယ်။

လအနည်းငယ်ကြာတဲ့အခါမှာတော့ အက်ဒ်ဝင်ဟာ ဆရာဖြစ်
လိုင်စင်ရရှိခဲ့ပါတယ်။ မကြာခင်မှာပဲ အက်ဒ်ဝင်ကို သူလုံခြုံရေး
အစောင့်အဖြစ် အလုပ်လုပ်ခဲ့တဲ့ကျောင်းကနေ ကျောင်းဆရာအဖြစ်
ပြန်လည်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အက်ဒ်ဝင်ဟာ 
အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ 
သူဟာကျောင်းမှာ အနှစ်(၂၀)လုံးလုံး လုံခြုံရေးအနေနဲ့ တာဝန်
ထမ်းဆောင်ခဲ့တာကြောင့် သူ့ရဲ့လုပ်ရည်ကိုင်ရည်နဲ့ပတ်သက်လို့ 
ကျောင်းသားမိဘတွေက သံသယရှိမှာကို စိုးရိမ်နေပါတယ်။

ဒါပေမယ့်် အက်ဒ်ဝင်ကို ကျောင်းဆရာ၊ ဆရာမတွေက အများကြီး
အကူအညီပေးခဲ့ပါတယ်။ စာသင်ရမှာ ကိုယ့်ကိုကိုယ်အဆင်သင့်
မဖြစ်သေးဘူးလို့ထင်နေတဲ့ အက်ဒ်ဝင်ကို အရည်အချင်းပြည့်ဝတဲ့
မူလတန်းပြဆရာဖြစ်အောင် ထောက်ပံ့ပေးကြပါတယ်။ သင်ခန်းစာ
သင်ရိုးညွှန်းတမ်းတွေ အစီအစဉ်ဆွဲပုံကို ပြသပေးကြတဲ့အပြင် 
Powerpoint presentation ပြုလုပ်ပုံတွေကိုပါ သင်ကြားပေးကြ
ကြောင်းသိရပါတယ်။ ရိုးသားကြိုးစားပြီး အများကိုပါ အကျိုးပြုရင်း 
ကိုယ့်ဘဝတိုးတက်အောင် ကြိုးစားခဲ့တဲ့ ဆရာအက်ဒ်ဝင်ကတော့ 
ဘယ်အသက်အရွယ်ရောက်ရောက် ဘဝကို ပြောင်းလဲနိုင်တယ်
ဆိုတာ  သက်သေပြနေတာပါပဲ..။

လင်းလင်း (ShweMom)
link -
(ဖိလစ်ပိုင်နိုင်ငံက စီဘူးမြို့ဟာ မြို့တော်မနီလာရဲ့ အရှေ့တောင်ဘက်
မှာတည်ရှိပြီး ပင်လယ်ဆိပ်ကမ်းမြို့ကြီး တစ်မြို့ဖြစ်ပါတယ်။ ပုံတွေမှာ
မြင်ရသလို ကျောင်းလုံခြုံရေးတောင် သေနတ် ခါးကြားထိုးထားရတာမို့
ဒေသန္တရ အခြေအနေကိုတော့ ခန့်မှန်းမိမယ် ထင်ပါတယ်။)

No comments:

Post a Comment