မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 1, 2020

မရလို႔ပါဗ်ာ

မရလို႔ပါဗ်ာ ၊ ရ ရင္လုပ္ေပးမွာေပါ့ 😁
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီေန႔ … ဆူးေလဘက္ ကေန ကားေမာင္းရင္း ျပန္လာေတာ့ တာေမြ 
စူပါဝမ္းနားလဲ ေရာက္ေရာ … ကိုေမာ္ေတာ္ပီကယ္က တားပါေလေရာ

‘ လိုင္စင္ျပပါ ‘
‘ ဟုတ္ကဲ့ ‘

လိုင္စင္ ထုတ္ေပးလိုက္ေတာ့ လိုင္စင္ထဲက ကိုယ့္ပုံက Lee Min Ho နဲ႔မ်ား
တူေနလို႔လား မသိဘူး ေသခ်ာစူးစိုက္ၿပီး ၾကည့္ေနေလရဲ႕...  ၿပီးေတာ့

‘ ခင္ဗ်ား ထိုင္ခုံ ခါးပတ္ မပတ္ဘူး ဖမ္းတယ္ ‘ တဲ့
‘ ဟင္ ဒါမ်ားဗ်ာ ေစာေစာထဲက ေျပာေရာေပါ့
လိုင္စင္ကို ေသခ်ာ ၾကည့္ေနေသးတယ္ ‘

‘ ဒါ က်ေနာ္တို႔ အလုပ္ပါ မေႏွာင့္ယွက္ပါနဲ႔ ‘
‘ Ok ဘာ Ok ဘာ ‘

ကိုယ္လည္း စဥ္းစားတယ္ လိုင္စင္ဖမ္း ခ်လံျဖတ္ ၅၁ လမ္း ႐ုံး သြားေဆာင္ 
အလုပ္က ရႈပ္အုံးမယ္ ညႇိလိုက္တာပဲ ေကာင္းမယ္ ဆိုၿပီး ကားေပၚက 
ဆင္းလိုက္တယ္

အဲ့အခ်ိန္မွာ ဆရာမႀကီး ေစာမႈံညင္း ေဆာင္းပါး တစ္ပုဒ္ 
ေခါင္းထဲ ေျပး သတိရတယ္
————-    ————-
သူ ဂ်ာမနီမွာ ႏိုင္ငံေတာ္ စရိတ္နဲ႔ ေက်ာင္းသြားတက္ေတာ့ 
လူကူး မ်ဥ္က်ားက မကူးပဲ သြားခ်င္တဲ့ ေနရာ အလြယ္ေရာက္ဖို႔ 
သတ္မွတ္ ေနရာ မဟုတ္တဲ့ ေနရာက ကူးလိုက္တာ ရဲက ဖမ္းပါေလေရာ

ရဲက ဂ်ာမန္ မတ္ေငြ ၁၀ ဒဏ္တပ္တယ္၊ ေဘာင္ခ်ာျဖတ္ဖို႔ လုပ္တယ္ 
ဆရာမႀကီးက သူ႔မွာ ၁၀ မတ္ မပါေၾကာင္း သူက ျမန္မာေက်ာင္းသူူ 
ျဖစ္ပါတယ္ ႏိုင္ငံေတာ္စရိတ္နဲ႔ ေက်ာင္းလာတတ္ ရတာပါ သူ႔မွာ
၄ မတ္ေတာ့ ပါေၾကာင္း ခ်လံ မျဖတ္ပါနဲ႔ ဦးရဲႀကီးပဲ ယူလိုက္ပါ ဆိုေတာာ့
ဦးရဲႀကီးက ၿပဳံးတယ္ ... ေခါင္းျဖည္းျဖည္း ခါတယ္

သူ႔ဆီက ၄ မတ္ ေတာင္းတယ္ သူ႔အိတ္ထဲက ၆ မတ္ ထုတ္ စိုက္တယ္
ၿပီးေတာ့ ေပါင္းၿပီး ဒဏ္ေၾကး ဆိုတဲ့ အိတ္ရႈံ႕ေလးထဲ ထည့္လိုက္တယ္
ခ်လံလဲ ျဖတ္ပါတယ္ ဒဏ္ေၾကးေနရာမွာ ၁၀ မတ္ လို႔ ေရးၿပီး 
ဆရာမႀကီးကို ေပးတယ္... ေပးရင္းနဲ႔ ဦးရဲႀကီးက

‘ ဂ်ာမန္ေတြ စည္းကမ္း မရွိလို႔ ဥပေဒကို ခ်ိဳးေဖာက္လို႔ အက်င့္ ပ်က္ခဲ့လို႔ 
စစ္ရႈံးၿပီး ျပာပုံဘဝ ေရာက္ခဲ့ၿပီး ပါၿပီ အခုတိုင္းျပည္ ျပန္ထူေထာင္တဲ့ 
အခ်ိန္မွာ အက်င့္ပ်က္မႈ႕ေတြသာ ျပန္ယူလာရင္ ဂ်ာမနီဟာ ဘယ္ေတာ့မွ
ေရွ႕ေရာက္မွာ မဟုတ္ဘူး‘ တဲ့
—————   —————
ကိုယ္လည္း ဆရာမႀကီးေဆာင္းပါး သတိရရင္း ဦးရဲႀကီးကို ကပ္ၿပီး

‘ လိုင္စင္ေတာ့ မဖမ္းပါနဲ႔ ဆရာႀကီးရယ္ ေဘာ္ဒါေၾကးေလးပဲ ယူပါေနာ္ ေနာ္ ‘
‘ မရဘူးကြ ဖမ္းမွာပဲ ‘

‘ ဒဏ္ေၾကးက ဘယ္ေလာက္လဲ ဆရာႀကီး ‘
‘ ၃ ေသာင္း ‘

‘ ေရာ့ပါ ဆရာႀကီးရယ္ ၁ ေသာင္း ယူပါ ‘
ဦးရဲႀကီးက ၿပဳံးလိုက္တယ္ ၿပီးေတာ့ ေခါင္းကို ျဖည္းျဖည္း ခါတယ္

ဂ်ာမန္ရဲႀကီးလို လိုတာ သူစိုက္ေဆာင္ေလ မလား ???
.
ေတြးေနရင္းမွာပဲ က်ေနာ့္ ကို
တိုးတိုးေလး ကပ္လာေျပာ လိုက္တယ္

‘ ညီေလး ၁ ေသာင္းခြဲေတာ့ လုပ္လိုက္ကြာ ‘ တဲ့

ငွဲ
😁😁😁
Credit:မုဆိုးလက္
============================================

မရလို့ပါဗျာ ၊ ရ ရင်လုပ်ပေးမှာပေါ့ 😁
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီနေ့ …
ဆူးလေဘက် ကနေ ကားမောင်းရင်း ပြန်လာတော့
တာမွေ စူပါဝမ်းနားလဲ ရောက်ရော …
ကိုမော်တော်ပီကယ်က တားပါလေရော

‘ လိုင်စင်ပြပါ ‘

‘ ဟုတ်ကဲ့ ‘

လိုင်စင် ထုတ်ပေးလိုက်တော့ လိုင်စင်ထဲက ကိုယ့်ပုံက 
Lee Min Ho နဲ့များ တူနေလို့လား မသိဘူး
သေချာစူးစိုက်ပြီး ကြည့်နေလေရဲ့

ပြီးတော့

‘ ခင်ဗျား ထိုင်ခုံ ခါးပတ် မပတ်ဘူး ဖမ်းတယ် ‘ တဲ့

‘ ဟင် ဒါများဗျာ စောစောထဲက ပြောရောပေါ့
လိုင်စင်ကို သေချာ ကြည့်နေသေးတယ် ‘

‘ ဒါ ကျနော်တို့ အလုပ်ပါ မနှောင့်ယှက်ပါနဲ့ ‘

‘ Ok ဘာ Ok ဘာ ‘

ကိုယ်လည်း စဉ်းစားတယ် လိုင်စင်ဖမ်း ချလံဖြတ် 
၅၁ လမ်း ရုံး သွားဆောင် အလုပ်က ရှုပ်အုံးမယ်
ညှိလိုက်တာပဲ ကောင်းမယ် ဆိုပြီး
ကားပေါ်က ဆင်းလိုက်တယ်

အဲ့အချိန်မှာ ဆရာမကြီး စောမှုံညင်း ဆောင်းပါး တစ်ပုဒ် 
ခေါင်းထဲ ပြေး သတိရတယ်
————-
————-
သူ ဂျာမနီမှာ နိုင်ငံတော် စရိတ်နဲ့ ကျောင်းသွားတက်တော့
လူကူး မျဉ်ကျားက မကူးပဲ သွားချင်တဲ့ နေရာ အလွယ်ရောက်ဖို့
သတ်မှတ် နေရာ မဟုတ်တဲ့ နေရာက ကူးလိုက်တာ ရဲက 
ဖမ်းပါလေရော

ရဲက ဂျာမန် မတ်ငွေ ၁၀ ဒဏ်တပ်တယ်
ဘောင်ချာဖြတ်ဖို့ လုပ်တယ် ဆရာမကြီးက သူ့မှာ ၁၀ မတ် 
မပါကြောင်း သူက မြန်မာကျောင်းသူူ ဖြစ်ပါတယ် နိုင်ငံတော်
စရိတ်နဲ့ ကျောင်းလာတတ် ရတာပါ သူ့မှာ ၄ မတ်တော့ ပါကြောင်း
ချလံ မဖြတ်ပါနဲ့ ဦးရဲကြီးပဲ ယူလိုက်ပါ ဆိုတောာ့
ဦးရဲကြီးက ပြုံးတယ်
ခေါင်းဖြည်းဖြည်း ခါတယ်

သူ့ဆီက ၄ မတ် တောင်းတယ်
သူ့အိတ်ထဲက ၆ မတ် ထုတ် စိုက်တယ်
ပြီးတော့ ပေါင်းပြီး ဒဏ်ကြေး ဆိုတဲ့ အိတ်ရှုံ့လေးထဲ ထည့်လိုက်တယ်

ချလံလဲ ဖြတ်ပါတယ်
ဒဏ်ကြေးနေရာမှာ ၁၀ မတ် လို့ ရေးပြီး ဆရာမကြီးကို ပေးတယ်
ပေးရင်းနဲ့ ဦးရဲကြီးက

‘ ဂျာမန်တွေ စည်းကမ်း မရှိလို့ ဥပဒေကို ချိုးဖောက်လို့ 
အကျင့် ပျက်ခဲ့လို့ စစ်ရှုံးပြီး ပြာပုံဘဝ ရောက်ခဲ့ပြီး ပါပြီ
အခုတိုင်းပြည် ပြန်ထူထောင်တဲ့ အချိန်မှာ အကျင့်ပျက်မှု့တွေသာ
ပြန်ယူလာရင် ဂျာမနီဟာ ဘယ်တော့မှ ရှေ့ရောက်မှာ မဟုတ်ဘူး‘ တဲ့
—————
—————
ကိုယ်လည်း ဆရာမကြီးဆောင်းပါး သတိရရင်း ဦးရဲကြီးကို ကပ်ပြီး

‘ လိုင်စင်တော့ မဖမ်းပါနဲ့ ဆရာကြီးရယ် 
ဘော်ဒါကြေးလေးပဲ ယူပါနော် နော် ‘

‘ မရဘူးကွ ဖမ်းမှာပဲ ‘

‘ ဒဏ်ကြေးက ဘယ်လောက်လဲ ဆရာကြီး ‘

‘ ၃ သောင်း ‘

‘ ရော့ပါ ဆရာကြီးရယ် ၁ သောင်း ယူပါ ‘

ဦးရဲကြီးက ပြုံးလိုက်တယ် ပြီးတော့ ခေါင်းကို ဖြည်းဖြည်း ခါတယ်

ဂျာမန်ရဲကြီးလို လိုတာ သူစိုက်ဆောင်လေ မလား ???
.

.

.

.

.

.

တွေးနေရင်းမှာပဲ ကျနော့် ကို
တိုးတိုးလေး ကပ်လာပြော လိုက်တယ်

‘ ညီလေး ၁ သောင်းခွဲတော့ လုပ်လိုက်ကွာ ‘ တဲ့

ငှဲ

😁😁😁

Credit:မုဆိုးလက်

No comments:

Post a Comment