မီလ်ံနာေတြအတြက္ စိန္ျမွဳပ္ထားတဲ့
ခရက္ဒစ္ကဒ္ထုတ္ေပးလိုက္ေသာ စင္ကာပူဘဏ္
-------------------------------------------------------
ဒါေပမယ့္ ဒီကဒ္မွာ ျပႆနာႏွစ္ခုရွိေနတယ္…..
စကၤာပူႏုိင္ငံမွ ထိပ္တန္းဘဏ္တစ္ခုဟာသူတုိ႕ရဲ႕မီလ်ံနာ
လုပ္ငန္းရွင္ေတြအတြက္ ေရႊနဲ႕ျပဳလုပ္ထားတဲ့ ခရက္ဒစ္ကဒ္တစ္မ်ိဳးကို
ထုတ္လုပ္လိုက္ပါတယ္။ ဒီကဒ္ကုိေတာ့ United Overseas Bank
(UOB) ကအသိအမွတ္ျပဳေပးခဲ့တာျဖစ္ျပီး ကဒ္ထဲမွာ စိန္ေတြျမွဳပ္ထားတဲ့
ခရစ္ဒစ္ကဒ္ တစ္ခုပါပဲ။
ဘဏ္အေကာင့္ထဲမွာ ေဒၚ ၂ မီလ်ံ အနည္းဆံုးရွိတဲ့လုပ္ငန္းရွင္ေတြ
အတြက္ သီးသန္႕ထုတ္လုပ္လုိက္တဲ့ ကဒ္တစ္ခုလည္းျဖစ္ပါတယ္။
အျပစ္အနာအဆာမရွိတဲ့ကဒ္ျဖစ္ေပမယ့္လည္း အျမင္စူးရွတဲ့သူေတြ
ကေတာ့ ဒီကဒ္ရဲ႕အျပစ္ႏွစ္ခုကိုျမင္ခဲ့ပါတယ္။
မွားယြင္းေနခဲ့တဲ့အရာႏွစ္ခုကေတာ့ ကဒ္မွာေရးသားထားတဲ့
စာသားေတြပါပဲ။ ပထမတစ္ခ်က္ေတာ့ Exquisite လုိ႕ေရးရမယ္
့ေနရာမွာ Extinguished လုိ႕ေရးသားထားတာျဖစ္ျပီး ေနာက္တစ္ခ်က္
ကေတာ့ its ျဖစ္ရမယ့္ေနရာမွာ it’s ျဖစ္ေနတဲ့ကိစၥပါပဲ။ ဆုိရွယ္မီဒီယာ
ေပၚကလူေတြဟာ ဒီအမွားအယြင္းေတြကုိ သတိထားမိတဲ့အခါမွာ
ေျပာင္ေလွာင္မႈေတြရွိလာခဲ့ပါတယ္။
“ကုမၸ႑ီၾကီးလုပ္ေနျပီးေတာ့ စာေကာင္းေကာင္းေရးတတ္တဲ့သူ
တစ္ေယာက္ေတာ့ရွိသင့္တယ္”
” ေဒၚလာ ၁ သန္းေလာက္သံုးတဲ့အခါ ပိုက္ဆံေရ ရင္း
မီးေတာက္လာမွာဆုိေတာ့လည္း ဒီမီးျငွိမ္းကဒ္လိုတာေပါ့ေလ”
အစရွိသည္ျဖင့္ ေျပာင္ေလွာင္ ေရးသားမႈေတြရွိခဲ့ပါတယ္။
ဒီကဒ္ကုိေတာ့ အဂၤါေန႕ညက ပရိုမုိးရွင္းပြဲမွာ ျပခဲ့တာျဖစ္ျပီး
ထုတ္ေဝမယ့္အဆင့္ကို မေရာက္ေသးပါဘူး။ ဒီပြဲမွာ ဧည့္သည္ေတာ္
ေတြကိုျပသဖုိ႕အတြက္ အလ်င္အျမန္ထုတ္လုပ္ခဲ့ရတာေၾကာင့္ မ်က္စိ
သ်မ္းသြားခဲ့တာပဲျဖစ္ပါတယ္ လုိ႕ စကၤာပူႏုိင္ငံ UOB ရဲ႕ ဥကၠဌ
Ms. Choo Wan Sim က Channel NewsAsia မီဒီယာကို ရွင္းလင္း
ေျပာျပခဲ့ပါတယ္။
ဘာပဲျဖစ္ျဖစ္ တစ္ေယာက္ေယာက္ေတာ့
အလုပ္ထုတ္ခံရေတာ့မွာ အေသအခ်ာပါပဲ။
Writer- Min Thu (Daily Hot News)
link -
==========================
မီလျံနာတွေအတွက် စိန်မြှုပ်ထားတဲ့
ခရက်ဒစ်ကဒ်ထုတ်ပေးလိုက်သော စင်ကာပူဘဏ်
-------------------------------------------------------
ဒါပေမယ့် ဒီကဒ်မှာ ပြဿနာနှစ်ခုရှိနေတယ်…..
စင်္ကာပူနိုင်ငံမှ ထိပ်တန်းဘဏ်တစ်ခုဟာသူတို့ရဲ့မီလျံနာ
လုပ်ငန်းရှင်တွေအတွက် ရွှေနဲ့ပြုလုပ်ထားတဲ့ ခရက်ဒစ်ကဒ်တစ်မျိုးကို
ထုတ်လုပ်လိုက်ပါတယ်။ ဒီကဒ်ကိုတော့ United Overseas Bank
(UOB) ကအသိအမှတ်ပြုပေးခဲ့တာဖြစ်ပြီး ကဒ်ထဲမှာ စိန်တွေမြှုပ်ထားတဲ့
ခရစ်ဒစ်ကဒ် တစ်ခုပါပဲ။
ဘဏ်အကောင့်ထဲမှာ ဒေါ် ၂ မီလျံ အနည်းဆုံးရှိတဲ့လုပ်ငန်းရှင်တွေ
အတွက် သီးသန့်ထုတ်လုပ်လိုက်တဲ့ ကဒ်တစ်ခုလည်းဖြစ်ပါတယ်။
အပြစ်အနာအဆာမရှိတဲ့ကဒ်ဖြစ်ပေမယ့်လည်း အမြင်စူးရှတဲ့သူတွေ
ကတော့ ဒီကဒ်ရဲ့အပြစ်နှစ်ခုကိုမြင်ခဲ့ပါတယ်။
မှားယွင်းနေခဲ့တဲ့အရာနှစ်ခုကတော့ ကဒ်မှာရေးသားထားတဲ့
စာသားတွေပါပဲ။ ပထမတစ်ချက်တော့ Exquisite လို့ရေးရမယ်
့နေရာမှာ Extinguished လို့ရေးသားထားတာဖြစ်ပြီး နောက်တစ်ချက်
ကတော့ its ဖြစ်ရမယ့်နေရာမှာ it’s ဖြစ်နေတဲ့ကိစ္စပါပဲ။ ဆိုရှယ်မီဒီယာ
ပေါ်ကလူတွေဟာ ဒီအမှားအယွင်းတွေကို သတိထားမိတဲ့အခါမှာ
ပြောင်လှောင်မှုတွေရှိလာခဲ့ပါတယ်။
“ကုမ္ပဏ္ဍီကြီးလုပ်နေပြီးတော့ စာကောင်းကောင်းရေးတတ်တဲ့သူ
တစ်ယောက်တော့ရှိသင့်တယ်”
” ဒေါ်လာ ၁ သန်းလောက်သုံးတဲ့အခါ ပိုက်ဆံရေ ရင်း
မီးတောက်လာမှာဆိုတော့လည်း ဒီမီးငြှိမ်းကဒ်လိုတာပေါ့လေ”
အစရှိသည်ဖြင့် ပြောင်လှောင် ရေးသားမှုတွေရှိခဲ့ပါတယ်။
ဒီကဒ်ကိုတော့ အင်္ဂါနေ့ညက ပရိုမိုးရှင်းပွဲမှာ ပြခဲ့တာဖြစ်ပြီး
ထုတ်ဝေမယ့်အဆင့်ကို မရောက်သေးပါဘူး။ ဒီပွဲမှာ ဧည့်သည်တော်
တွေကိုပြသဖို့အတွက် အလျင်အမြန်ထုတ်လုပ်ခဲ့ရတာကြောင့် မျက်စိ
သျမ်းသွားခဲ့တာပဲဖြစ်ပါတယ် လို့ စင်္ကာပူနိုင်ငံ UOB ရဲ့ ဥက္ကဌ
Ms. Choo Wan Sim က Channel NewsAsia မီဒီယာကို ရှင်းလင်း
ပြောပြခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်တော့
အလုပ်ထုတ်ခံရတော့မှာ အသေအချာပါပဲ။
Writer- Min Thu (Daily Hot News)
link -
No comments:
Post a Comment