အင္ဂ်င္နီယာပညာစြမ္းနဲ႔ လူ႔အသက္တစ္ေခ်ာင္း
ကယ္တင္ႏိုင္ခဲ့တဲ့ ေက်ာင္းသားေလး ...
---------------------------------------------------
စာဖတ္သူဟာ ေလယာဥ္ေပၚမွာေနထိုင္မေကာင္းျဖစ္ခဲ့မယ္ဆိုရင္
ဆရာ၀န္တစ္ေယာက္ကို အရင္ရွာမိမွာပါ။ ဒါေပမယ့္ဆရာ၀န္အစား
အင္ဂ်င္နီယာရွာသင့္တဲ့အေၾကာင္းကို အခုေဖာ္ျပမယ့္အျဖစ္အပ်က္
ေလးက သက္ေသခံေနပါတယ္။ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလတုန္းက
အိႏိၵယႏိုင္ငံ အစ္ကန္ပူမွာေနထိုင္တဲ့ ကာတီကီယာအမည္ရွိ
အသက္(၂၁)ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦးဟာ ဂ်နီဗာၿမိဳ႕ကေန
နယူးေဒလီၿမိဳ႕ကို ေလယာဥ္ခရီးစဥ္နဲ႔ လိုက္ပါလာခဲ့ပါတယ္။
ေလယာဥ္ေပၚမွာ နာရီအနည္းငယ္ၾကာၿပီးတဲ့ေနာက္ ေလယာဥ္
အမႈထမ္းတစ္ဦးက ခရီးသည္ေတြဘက္ကိုလွည့္ၿပီး ေလယာဥ္ေပၚမွာ
ဆရာ၀န္ပါသလားဆိုၿပီးေတာ့ ေမးခဲ့ပါတယ္။ အေၾကာင္းက အသက္
(၃၀)အရြယ္ရွိတဲ့ ေသာမတ္စ္အမည္ရ အမ်ိဳးသားတစ္ဦးဟာ
ဆီးခ်ိဳေတြ တက္ေနခဲ့တာေၾကာင့္ပါ။ လူနာဟာေခြ်းေတြထြက္၊
ေအာ့အန္ေနၿပီး ေဖ်ာ့ေတာ့ေနပါတယ္။
ေသာမတ္စ္က သူ႔ရဲ႕အင္ဆူလင္ထိုးသြင္းတဲ့စက္ဟာ ေလဆိပ္မွာ
ေပ်ာက္ဆံုးသြားခဲ့ၿပီး အင္ဆူလင္မရခဲ့တာ(၅)နာရီေက်ာ္ ၾကာေနၿပီ
ျဖစ္ေၾကာင္း ေလယာဥ္အမႈထမ္းကို ေျပာျပခဲ့ပါတယ္။ ေသာမတ္စ္ရဲ႕
အခက္အခဲကို ေလယာဥ္ေပၚမွာပါလာတဲ့ ရုရွားဆရာ၀န္တစ္ေယာက္က
ေျဖရွင္းေပးခဲ့ပါတယ္။
ရုရွားဆရာ၀န္ဟာ ကိုယ္တိုင္ကလည္း ဆီးခ်ိဳေရာဂါရွိေနတာ
ေၾကာင့္ သူ႔မွာ အင္ဆူလင္ထိုးသြင္းတဲ့စက္ကို ေဆာင္ထားပါတယ္။
ကံဆိုးခ်င္ေတာ့ ရုရွားဆရာ၀န္သံုးတဲ့အင္ဆူလင္စက္ဟာ ေသာမတ္စ္
သုံးတဲ့ အင္ဆူလင္ထိုးစက္နဲ႔ လံုး၀ကြဲျပားေနခဲ့ပါတယ္။ ေသာမတ္စ္ဟာ
တျဖည္းျဖည္းနဲ ႔ေသြးထဲမွာ သၾကားဓာတ္ေတြမ်ားလာတာေၾကာင့္
သတိေမ့သြားၿပီး ပါးစပ္ထဲက အျမွဳပ္ေတြပါ ထြက္လာခဲ့ပါတယ္။
အေရးေပၚလူနာအေျခအေနေၾကာင့္ ေလယာဥ္ဟာ ရုတ္ခ်ည္း
ဆင္းသက္ရေတာ့မယ့္ အေျခအေန ျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္
အနီးဆံုးကုိ ဆင္းမယ္ဆိုရင္ေတာင္ အခ်ိန္တစ္နာရီခြဲေလာက္
ၾကာမွာျဖစ္တဲ့အတြက္ ေသာမတ္စ္ရဲ႕အသက္ကယ္ဖို႔ မမီွႏိုင္ပါဘူး။
ဒီအခါမွာ အင္ဂ်င္နီယာေက်ာင္းသားတစ္ဦးျဖစ္တဲ့ ကာတီကီယာက
ရုရွားဆရာ၀န္နဲ႔စကားေျပာၿပီး အင္ဆူလင္ေဘာပင္နဲ႔ ေဆးဗူးကို
ျပင္လို႔ရ၊ မရ ေမးျမန္းခဲ့ပါတယ္။
ကာတီကီယာဟာ ေလယာဥ္ WiFi သံုးၿပီး ေသာမတ္စ္အတြက္
လုိအပ္တဲ့ အင္ဆူလင္ေဘာပင္ပံုစံကို ေလ့လာခဲ့ကာ စပရိန္တစ္ခု
ရွိရင္ အဆင္ေျပမယ္ဆိုတာ သိရွိခဲ့ပါတယ္။ ကာတီကီယာဟာ
ေခါင္းေအးေအးနဲ႔ ေလယာဥ္အမႈထမ္းကို ခရီးသည္ေတြဆီက
ေဘာပင္အခ်ိဳ႕ ယူလာခဲ့ဖို ႔ေတာင္းဆိုခဲ့ပါတယ္။ ကံေကာင္းေထာက္မ
စြာနဲ႔ ခရီးသည္တစ္ေယာက္ေပးတဲ့ေဘာပင္ထဲက စပရိန္ဟာ
အင္ဆူလင္ေဆးဘူးေနာက္မွာ ေပ်ာက္ေနတဲ့ စပရိန္နဲ႔ ကြက္တိ
ျဖစ္ေနခဲ့ပါတယ္။
ျပင္ဆင္ၿပီးတဲ့ေနာက္မွာေတာ့ ေသာမတ္စ္ကို ရုရွားဆရာ၀န္က
အင္ဆူလင္ေဆး ထိုးသြင္းေပးႏိုင္ခဲ့ပါတယ္။ ၁၅ မိနစ္အၾကာမွာပဲ
ေသာမတ္စ္ရဲ႕ ေသြးတြင္းသၾကားဓာတ္ေတြက ေလ်ာ့က်သြားခဲ့ၿပီး
ပံုမွန္ျပန္ျဖစ္သြားခ့့ဲပါတယ္။ အမ္စတာၿမိဳ႕မွာ စားေသာက္ဆိုင္နဲ႔
အရက္ဆိုင္ဖြင့္ထားတဲ့ ေသာမတ္စ္ဟာ ကာတီကီယာကို
ေက်းဇူးတင္လြန္းတာေၾကာင့္ သူ႔ဆီကိုလာလည္ဖို႔နဲ႔
အစားအေသာက္နဲ႔ဘီယာကို ၾကိဳက္သေလာက္ အလကားေကြ်း
ေမြးမယ္လို႔ေျပာခဲ့ေၾကာင္း ကာတီကီယာက ျပန္ေျပာျပခဲ့ပါတယ္။
အင္ဂ်င္နီယာတစ္ဦးက သူတတ္တဲ့ ပညာနဲ႔ လူနာတစ္ဦးကို
ကယ္တင္ႏုိင္ခဲ့တဲ့ အံ့ဖြယ္ျဖစ္စဥ္ေလးပဲျဖစ္ပါတယ္။
လင္းလင္း (ShweMom)
Ref: iflscience
===============================
အင်ဂျင်နီယာပညာစွမ်းနဲ့ လူ့အသက်တစ်ချောင်း
ကယ်တင်နိုင်ခဲ့တဲ့ ကျောင်းသားလေး ...
---------------------------------------------------
စာဖတ်သူဟာ လေယာဉ်ပေါ်မှာနေထိုင်မကောင်းဖြစ်ခဲ့မယ်ဆိုရင်
ဆရာဝန်တစ်ယောက်ကို အရင်ရှာမိမှာပါ။ ဒါပေမယ့်ဆရာဝန်အစား
အင်ဂျင်နီယာရှာသင့်တဲ့အကြောင်းကို အခုဖော်ပြမယ့်အဖြစ်အပျက်
လေးက သက်သေခံနေပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက
အိန္ဒိယနိုင်ငံ အစ်ကန်ပူမှာနေထိုင်တဲ့ ကာတီကီယာအမည်ရှိ
အသက်(၂၁)နှစ်အရွယ် ကျောင်းသားတစ်ဦးဟာ ဂျနီဗာမြို့ကနေ
နယူးဒေလီမြို့ကို လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါလာခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ နာရီအနည်းငယ်ကြာပြီးတဲ့နောက် လေယာဉ်
အမှုထမ်းတစ်ဦးက ခရီးသည်တွေဘက်ကိုလှည့်ပြီး လေယာဉ်ပေါ်မှာ
ဆရာဝန်ပါသလားဆိုပြီးတော့ မေးခဲ့ပါတယ်။ အကြောင်းက အသက်
(၃၀)အရွယ်ရှိတဲ့ သောမတ်စ်အမည်ရ အမျိုးသားတစ်ဦးဟာ
ဆီးချိုတွေ တက်နေခဲ့တာကြောင့်ပါ။ လူနာဟာချွေးတွေထွက်၊
အော့အန်နေပြီး ဖျော့တော့နေပါတယ်။
သောမတ်စ်က သူ့ရဲ့အင်ဆူလင်ထိုးသွင်းတဲ့စက်ဟာ လေဆိပ်မှာ
ပျောက်ဆုံးသွားခဲ့ပြီး အင်ဆူလင်မရခဲ့တာ(၅)နာရီကျော် ကြာနေပြီ
ဖြစ်ကြောင်း လေယာဉ်အမှုထမ်းကို ပြောပြခဲ့ပါတယ်။ သောမတ်စ်ရဲ့
အခက်အခဲကို လေယာဉ်ပေါ်မှာပါလာတဲ့ ရုရှားဆရာဝန်တစ်ယောက်က
ဖြေရှင်းပေးခဲ့ပါတယ်။
ရုရှားဆရာဝန်ဟာ ကိုယ်တိုင်ကလည်း ဆီးချိုရောဂါရှိနေတာ
ကြောင့် သူ့မှာ အင်ဆူလင်ထိုးသွင်းတဲ့စက်ကို ဆောင်ထားပါတယ်။
ကံဆိုးချင်တော့ ရုရှားဆရာဝန်သုံးတဲ့အင်ဆူလင်စက်ဟာ သောမတ်စ်
သုံးတဲ့ အင်ဆူလင်ထိုးစက်နဲ့ လုံးဝကွဲပြားနေခဲ့ပါတယ်။ သောမတ်စ်ဟာ
တဖြည်းဖြည်းနဲ့သွေးထဲမှာ သကြားဓာတ်တွေများလာတာကြောင့်
သတိမေ့သွားပြီး ပါးစပ်ထဲက အမြှုပ်တွေပါ ထွက်လာခဲ့ပါတယ်။
အရေးပေါ်လူနာအခြေအနေကြောင့် လေယာဉ်ဟာ ရုတ်ချည်း
ဆင်းသက်ရတော့မယ့် အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်
အနီးဆုံးကို ဆင်းမယ်ဆိုရင်တောင် အချိန်တစ်နာရီခွဲလောက်
ကြာမှာဖြစ်တဲ့အတွက် သောမတ်စ်ရဲ့အသက်ကယ်ဖို့ မမှီနိုင်ပါဘူး။
ဒီအခါမှာ အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်တဲ့ ကာတီကီယာက
ရုရှားဆရာဝန်နဲ့စကားပြောပြီး အင်ဆူလင်ဘောပင်နဲ့ ဆေးဗူးကို
ပြင်လို့ရ၊ မရ မေးမြန်းခဲ့ပါတယ်။
ကာတီကီယာဟာ လေယာဉ် WiFi သုံးပြီး သောမတ်စ်အတွက်
လိုအပ်တဲ့ အင်ဆူလင်ဘောပင်ပုံစံကို လေ့လာခဲ့ကာ စပရိန်တစ်ခု
ရှိရင် အဆင်ပြေမယ်ဆိုတာ သိရှိခဲ့ပါတယ်။ ကာတီကီယာဟာ
ခေါင်းအေးအေးနဲ့ လေယာဉ်အမှုထမ်းကို ခရီးသည်တွေဆီက
ဘောပင်အချို့ ယူလာခဲ့ဖို့တောင်းဆိုခဲ့ပါတယ်။ ကံကောင်းထောက်မ
စွာနဲ့ ခရီးသည်တစ်ယောက်ပေးတဲ့ဘောပင်ထဲက စပရိန်ဟာ
အင်ဆူလင်ဆေးဘူးနောက်မှာ ပျောက်နေတဲ့ စပရိန်နဲ့ ကွက်တိ
ဖြစ်နေခဲ့ပါတယ်။
ပြင်ဆင်ပြီးတဲ့နောက်မှာတော့ သောမတ်စ်ကို ရုရှားဆရာဝန်က
အင်ဆူလင်ဆေး ထိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ၁၅ မိနစ်အကြာမှာပဲ
သောမတ်စ်ရဲ့ သွေးတွင်းသကြားဓာတ်တွေက လျော့ကျသွားခဲ့ပြီး
ပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ အမ်စတာမြို့မှာ စားသောက်ဆိုင်နဲ့
အရက်ဆိုင်ဖွင့်ထားတဲ့ သောမတ်စ်ဟာ ကာတီကီယာကို
ကျေးဇူးတင်လွန်းတာကြောင့် သူ့ဆီကိုလာလည်ဖို့နဲ့
အစားအသောက်နဲ့ဘီယာကို ကြိုက်သလောက် အလကားကျွေး
မွေးမယ်လို့ပြောခဲ့ကြောင်း ကာတီကီယာက ပြန်ပြောပြခဲ့ပါတယ်။
အင်ဂျင်နီယာတစ်ဦးက သူတတ်တဲ့ ပညာနဲ့ လူနာတစ်ဦးကို
ကယ်တင်နိုင်ခဲ့တဲ့ အံ့ဖွယ်ဖြစ်စဉ်လေးပဲဖြစ်ပါတယ်။
လင်းလင်း (ShweMom)
Ref: iflscience
No comments:
Post a Comment