မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Wednesday, September 16, 2020
------------------------------------------
ဆက် ပြောပါတယ်။
MDN
ကိုးကား- AFP
================================
အသားစားဖို့အတွက် ခွေးတွေကို သတ်ခြင်းက 
တရားဥပဒေနဲ့ မညီဘူးလို့ 
တောင်ကိုရီယားတရားရုံး ထုတ်ပြန် 
------------------------------------------
တောင်ကိုရီးယား တရားရုံးတစ်ရုံးက အသားစားဖို့အတွက်
ခွေးတွေကို သတ်ခြင်းဟာ တရားဥပဒေနဲ့ မညီဘူးလို့ 
ဇွန်၂၁ ရက်က ထုတ်ပြန်လိုက်တာကို တိရစ္ဆာန်အခွင့်အရေး
လှုပ်ရှားသူတွေက ကြိုဆိုရင်း ခွေးနဲ့သဏ္ဍန်တူတဲ့ တိရစ္ဆာန်များ
(canines) ကို သတ်စားခြင်းကို ဥပဒေနဲ့ မညီဘူးဆိုတာ 
ပြုလုပ်လာဖို့အတွက် လမ်းစတစ်ခုဘဲလို့ ပြောပါတယ်။
တောင်ကိုရီးယား စားသောက်ဆိုင်တွေမှာ ခွေးသားဟင်းလျာကို 
ရောင်းချနေတာ ကြာပြီဖြစ်ပါတယ်။ တစ်နှစ်ကို ခွေးပေါင်း ၁ သန်း
နီးပါး စားဖို့ အသတ်ခံခဲ့ရ တယ်လို့ သတင်းတွေမှာ ရေးသားထား
ပါတယ်။ ခွေးတွေဟာ လူတွေရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်တယ်။
စားနပ်ရိက္ခာ မဟုတ်ဘူးဆိုတဲ့ အတွေးအခေါ်ကို လူထုကြား 
တွင်တွင်ကျယ်ကျယ် လုပ်ပြီးနောက် တောင်ကိုရီးယားမှာ
ခွေးသားစားခြင်း လျော့နည်းတယ်လို့ သိရပါတယ်။
ခွေးအသားထုတ်တဲ့ သူတွေကလည်း အခုလို ဆုံးဖြတ်လိုက်တဲ့
အပေါ် မကျေမနပ်မှုတွေ ဖြစ်နေပါတယ်။ အစိုးရ ကနေ ခွေးတွေကို
သတ်ဖို့ အသားသတ်လိုင်စင်ထုတ်ပေးခြင်း မရှိတဲ့အတွက် သားသတ်
ရုံတွေမှာ အခကြေး ငွေကို နှစ်ဆပေးရလေ့ရှိပါတယ်။
ခွေးသားထုတ်တဲ့ အသားရုံက ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ 
ချိုဝမ်ရို က “ ခွေးတွေကို သတ်စားလို့မရဘူးလို့ ပြောတာကို 
လက်ခံနိုင်စရာမရှိပါဘူး။ နွား၊ဝက်၊ ကြက် နှင့် ဘဲတွေကို 
အသားစားခွင့်ရှိပြီး ဘာကြောင့် ခွေးကျ မှ မရရတာလဲ” လို့
မကျေမနပ် မေးခွန်းထုတ်သွား ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ 
ခွေးမွေးမြူရေးခြံပေါင်း ၁၇,ဝဝဝ လောက်ရှိပါတယ်။ ကိုယ်စားလှယ်
ချိုက “သူတို့ အနေနဲ့ ခွေးသားသတ်ရုံ နဲ့ ခွေးသားစားခွင့်ကို 
တရားဝင်ဖြစ်အောင် အဆုံးထိလုပ်ဆောင်မယ်” လို့ 
ဆက် ပြောပါတယ်။
MDN
ကိုးကား- AFP
http://myanmardigital.news
https://www.afp.com/en/news/23/killing-dogs-meat-illegal-rules-s-korean-court-doc-16b8g71
No comments:
Post a Comment