မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, September 11, 2020

မီးေတာင္ႏွာဝအတြင္းက ဘုရားေက်ာင္းေလး

 သာယာလွပတဲ့ မီးေတာင္ႏွာဝအတြင္းမွာ 

တည္ေဆာက္ထားတဲ့ ဘုရားေက်ာင္းေလး

-----------------------------------------------


စပိန္ႏုိင္ငံ၊ ကာတာလုိနီယားအတြင္း၊ Garrotxa ျပည္နယ္မွာ တည္ရွိတဲ့

Santa Margarida မီးေတာင္ေလးဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၁၁,၅၀၀)

ဝန္းက်င္ေလာက္တုန္းက တစ္ႀကိမ္ ေပါက္ကြဲဖူးတဲ့ မီးေတာင္ျဖစ္ပါတယ္။ 

ႏွစ္ေသာင္းခ်ီၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး အခုအခ်ိန္ထိေတာ့ ျပန္လည္ေပါက္ကြဲျခင္း 

မရွိပါဘူး။


Santa Margarida မီးေတာင္ဟာ အျမင့္မီတာ (၆၈၂)မီတာရွိၿပီး၊ 

မီးေတာင္ေပါက္ကြဲခဲ့စဥ္က ေက်ာက္ေခ်ာ္ရည္ပူ တန္ခ်ိန္သန္းခ်ီဟာ 

မီးေတာင္ပတ္ဝန္းက်င္မွာ စီးဆင္းခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္ေသာင္းခ်ီၿပီး

ၾကာျမင့္လာတဲ့အခါမွာေတာ့ အလြန္ေျမၾသဇာေကာင္းတဲ့ စိုက္ပ်ိဳးေျမ

ေတြကို ရရွိခဲ့ၿပီး၊ အနီးအနားပတ္ဝန္းက်င္မွာ ေတာအုပ္ေတြဟာ 

အုပ္အုပ္စုိင္းစုိင္း ျပန္ျဖစ္လာပါတယ္။


အဲဒီ့ Santa Margarida မီးေတာင္ ႏွာဝအတြင္းမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္း

(၆၀၀)ေလာက္ကတည္းက တည္ေဆာက္ထားခဲ့တဲ့ ခရစ္ယာန္ဘုရား

ေက်ာင္းေလး တည္ရွိပါတယ္။ ႏွာဝအတြင္း ပတ္ဝန္းက်င္ဟာ သန္႔ရွင္း

သာယာၿပီး ေဘးပတ္ဝန္းက်င္မွာေတာ့ ဝက္သစ္ခ်ေတာႀကီးနဲ႔ 

ရြက္ျပတ္ေတာႀကီးက ေနရာယူထားပါတယ္။

မီးေတာင္ကို အစြဲျပဳၿပီး အဲဒီဓမၼဗိမာန္ေလးကို Santa Margarida လုိ႔ 

အမည္ေပးထားပါတယ္။ အဆုိပါ ဘုရားေက်ာင္းေလးဟာ (၁၄၂၈)ခုႏွစ္

တုန္းက ကာတာလုိနီယားငလ်င္ေၾကာင့္ ပ်က္စီးခဲ့ဖူးၿပီး မူလတည္ေဆာက္

ခဲ့တဲ့ (၁၄၁၈)ခုႏွစ္မွ အခုအခ်ိန္ထိဆုိရင္ ႏွစ္ေပါင္း(၆၀၀) ရွိပါၿပီ။ အသစ္

ျပန္လည္ျပင္ဆင္ခဲ့တာကေတာ့ (၁၈၆၅)ခုႏွစ္ျဖစ္ၿပီး လက္ရွိအခ်ိန္ဆုိရင္ 

ႏွစ္ေပါင္း(၁၅၀) သက္တမ္း ရွိေနၿပီ ျဖစ္ပါတယ္။မီးေတာင္ကို အစြဲျပဳၿပီး

အဲဒီဓမၼဗိမာန္ေလးကို Santa Margarida လုိ႔ အမည္ေပးထားပါတယ္။ 

အဆုိပါ ဘုရားေက်ာင္းေလးဟာ (၁၄၂၈)ခုႏွစ္တုန္းက ကာတာလုိနီယား

ငလ်င္ေၾကာင့္ ပ်က္စီးခဲ့ဖူးၿပီး မူလတည္ေဆာက္ခဲ့တဲ့ (၁၄၁၈)ခုႏွစ္မွ 

အခုအခ်ိန္ထိဆုိရင္ ႏွစ္ေပါင္း(၆၀၀) ရွိပါၿပီ။ အသစ္ျပန္လည္ျပင္ဆင္ခဲ့

တာကေတာ့ (၁၈၆၅)ခုႏွစ္ျဖစ္ၿပီး လက္ရွိအခ်ိန္ဆုိရင္ ႏွစ္ေပါင္း(၁၅၀) 

သက္တမ္း ရွိေနၿပီ ျဖစ္ပါတယ္။

Santa Margarida မီးေတာင္ဟာ နာမည္ေက်ာ္ မီးေတာင္ရပ္ဝန္းျဖစ္တဲ့

Garrotxa မီေတာင္ရပ္ဝန္း သုိ႔မဟုတ္ Olot မီးေတာင္ရပ္ဝန္းထဲမွာပါဝင္

ပါတယ္။ ယင္းမီးေတာင္ရပ္ဝန္းဟာ ခန္႔မွန္းေခ်အားျဖင့္ ဘာစီလုိနာၿမိဳ႕ရဲ႕

ေျမာက္ဘက္ (၉၀)ကီလုိမီတာအထိ က်ယ္ဝန္းပါတယ္။ ယင္းမီးေတာင္ 

စက္ဝန္းဧရိယာအတြင္းမွာ မီးေတာင္(၄၀)ေက်ာ္ တည္ရွိၿပီး တုိင္ထြား

စစ္ေဆးမႈေတြအရေတာ့ တစ္ခုမွ ေပါက္ကြဲႏုိင္ေခ် မရွိေတာ့ဘူးလုိ႔ 

သိရပါတယ္။

ယင္းမီးေတာင္စက္ဝန္းမွာ ေနာက္ဆုံးေပါက္ကြဲခဲ့တဲ့ ႏွစ္သက္တမ္းဟာ 

လြန္ခဲ့တဲ့ နွစ္ေပါင္း တစ္ေသာင္းေက်ာ္ကျဖစ္ၿပီး အခုအခ်ိန္ထိေတာ့ 

ဘယ္မီးေတာင္ကမွ ဒီစက္ဝန္းထဲမွာ ထပ္မံေပါက္ကြဲတာမ်ိဴး မရွိေတာ့

ပါဘူး။ ဘာစီလုိနာနဲ႔ (၉၀)ကီလုိမီတာအေဝးမွာ (၁၄၂၈)ခုႏွစ္တုန္းက

လႈပ္ခတ္ခဲ့တဲ့ ငလွ်င္ဟာ လူေပါင္း (၂၀)ေက်ာ္ ေသဆုံးခဲ့တာကလြဲရင္ 

ဒီေဒသမွာ သဘာဝေဘးအႏၱရာယ္ ႀကီးႀကီးမားမား ထပ္မႀကဳံခဲ့ရပါဘူး။


နတ္စည္ေတာ္ (Shwemom)

Ref : amusingplanet.com

Ref : elitereaders.com

https://www.elitereaders.com/chapel-sits-inside-volcano/

===========================


သာယာလှပတဲ့ မီးတောင်နှာဝအတွင်းမှာ 

တည်ဆောက်ထားတဲ့ ဘုရားကျောင်းလေး

-----------------------------------------------


စပိန်နိုင်ငံ၊ ကာတာလိုနီယားအတွင်း၊ Garrotxa ပြည်နယ်မှာ တည်ရှိတဲ့

Santa Margarida မီးတောင်လေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၁,၅၀၀)

ဝန်းကျင်လောက်တုန်းက တစ်ကြိမ် ပေါက်ကွဲဖူးတဲ့ မီးတောင်ဖြစ်ပါတယ်။

နှစ်သောင်းချီကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုအချိန်ထိတော့ ပြန်လည်ပေါက်ကွဲခြင်း 

မရှိပါဘူး။


Santa Margarida မီးတောင်ဟာ အမြင့်မီတာ (၆၈၂)မီတာရှိပြီး၊ 

မီးတောင်ပေါက်ကွဲခဲ့စဉ်က ကျောက်ချော်ရည်ပူ တန်ချိန်သန်းချီဟာ 

မီးတောင်ပတ်ဝန်းကျင်မှာ စီးဆင်းခဲ့ပါတယ်။ ဒါပေမယ့် နှစ်သောင်းချီပြီး

ကြာမြင့်လာတဲ့အခါမှာတော့ အလွန်မြေသြဇာကောင်းတဲ့ စိုက်ပျိုးမြေ

တွေကို ရရှိခဲ့ပြီး၊ အနီးအနားပတ်ဝန်းကျင်မှာ တောအုပ်တွေဟာ 

အုပ်အုပ်စိုင်းစိုင်း ပြန်ဖြစ်လာပါတယ်။


အဲဒီ့ Santa Margarida မီးတောင် နှာဝအတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း

(၆၀၀)လောက်ကတည်းက တည်ဆောက်ထားခဲ့တဲ့ ခရစ်ယာန်ဘုရား

ကျောင်းလေး တည်ရှိပါတယ်။ နှာဝအတွင်း ပတ်ဝန်းကျင်ဟာ သန့်ရှင်း

သာယာပြီး ဘေးပတ်ဝန်းကျင်မှာတော့ ဝက်သစ်ချတောကြီးနဲ့ 

ရွက်ပြတ်တောကြီးက နေရာယူထားပါတယ်။


မီးတောင်ကို အစွဲပြုပြီး အဲဒီဓမ္မဗိမာန်လေးကို Santa Margarida လို့ 

အမည်ပေးထားပါတယ်။ အဆိုပါ ဘုရားကျောင်းလေးဟာ (၁၄၂၈)ခုနှစ်

တုန်းက ကာတာလိုနီယားငလျင်ကြောင့် ပျက်စီးခဲ့ဖူးပြီး မူလတည်ဆောက်

ခဲ့တဲ့ (၁၄၁၈)ခုနှစ်မှ အခုအချိန်ထိဆိုရင် နှစ်ပေါင်း(၆၀၀) ရှိပါပြီ။ အသစ်

ပြန်လည်ပြင်ဆင်ခဲ့တာကတော့ (၁၈၆၅)ခုနှစ်ဖြစ်ပြီး လက်ရှိအချိန်ဆိုရင် 

နှစ်ပေါင်း(၁၅၀) သက်တမ်း ရှိနေပြီ ဖြစ်ပါတယ်။မီးတောင်ကို အစွဲပြုပြီး

အဲဒီဓမ္မဗိမာန်လေးကို Santa Margarida လို့ အမည်ပေးထားပါတယ်။ 

အဆိုပါ ဘုရားကျောင်းလေးဟာ (၁၄၂၈)ခုနှစ်တုန်းက ကာတာလိုနီယား

ငလျင်ကြောင့် ပျက်စီးခဲ့ဖူးပြီး မူလတည်ဆောက်ခဲ့တဲ့ (၁၄၁၈)ခုနှစ်မှ 

အခုအချိန်ထိဆိုရင် နှစ်ပေါင်း(၆၀၀) ရှိပါပြီ။ အသစ်ပြန်လည်ပြင်ဆင်ခဲ့

တာကတော့ (၁၈၆၅)ခုနှစ်ဖြစ်ပြီး လက်ရှိအချိန်ဆိုရင် နှစ်ပေါင်း(၁၅၀) 

သက်တမ်း ရှိနေပြီ ဖြစ်ပါတယ်။


Santa Margarida မီးတောင်ဟာ နာမည်ကျော် မီးတောင်ရပ်ဝန်းဖြစ်တဲ့

Garrotxa မီတောင်ရပ်ဝန်း သို့မဟုတ် Olot မီးတောင်ရပ်ဝန်းထဲမှာပါဝင်

ပါတယ်။ ယင်းမီးတောင်ရပ်ဝန်းဟာ ခန့်မှန်းချေအားဖြင့် ဘာစီလိုနာမြို့ရဲ့

မြောက်ဘက် (၉၀)ကီလိုမီတာအထိ ကျယ်ဝန်းပါတယ်။ ယင်းမီးတောင် 

စက်ဝန်းဧရိယာအတွင်းမှာ မီးတောင်(၄၀)ကျော် တည်ရှိပြီး တိုင်ထွား

စစ်ဆေးမှုတွေအရတော့ တစ်ခုမှ ပေါက်ကွဲနိုင်ချေ မရှိတော့ဘူးလို့ 

သိရပါတယ်။


ယင်းမီးတောင်စက်ဝန်းမှာ နောက်ဆုံးပေါက်ကွဲခဲ့တဲ့ နှစ်သက်တမ်းဟာ 

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်ကဖြစ်ပြီး အခုအချိန်ထိတော့ 

ဘယ်မီးတောင်ကမှ ဒီစက်ဝန်းထဲမှာ ထပ်မံပေါက်ကွဲတာမျိူး မရှိတော့

ပါဘူး။ ဘာစီလိုနာနဲ့ (၉၀)ကီလိုမီတာအဝေးမှာ (၁၄၂၈)ခုနှစ်တုန်းက

လှုပ်ခတ်ခဲ့တဲ့ ငလျှင်ဟာ လူပေါင်း (၂၀)ကျော် သေဆုံးခဲ့တာကလွဲရင် 

ဒီဒေသမှာ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမား ထပ်မကြုံခဲ့ရပါဘူး။


နတ်စည်တော် (Shwemom)

Ref : amusingplanet.com

Ref : elitereaders.com

https://www.elitereaders.com/chapel-sits-inside-volcano/

No comments:

Post a Comment