မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 8, 2020

အခ်စ္ေၾကာင့္ေျပာင္းလဲခဲ့သူ

 အခ်စ္ေၾကာင့္ေျပာင္းလဲခဲ့သူ (သို႔မဟုုတ္) 

လက္ေတြ႔ဘ၀ရဲ့သံမဏိလူသား ...

-------------------------------------------


❒ မာဗယ္စတူဒီယိုရဲ့အသည္းေက်ာ္ Iron Man သရုပ္ေဆာင္

တစ္ဦးျဖစ္တဲ့ ေရာဘတ္ဂ်ဴနီယာဟာ ပရိသတ္္ေပါင္းမ်ားစြာရဲ့

အခ်စ္ေတြကို သိမ္းပိုက္ထားျပီး လက္ရွိေဟာလိ၀ုဒ္ရုပ္ရွင္ေလာကရဲ့

သရုပ္ေဆာင္ေၾကးအျမင့္ဆံုး မင္းသားေတြထဲက တေယာက္လည္း

ျဖစ္ပါတယ္။ ဒါေပမယ့္သူရဲ့ဘ၀ခရီးလမ္းဟာ အျမဲတမ္းေခ်ာေမြ႔

ခဲ့တာေတာ့ မဟုတ္ပါဘူး။ သူဟာ အရံွဳးသမားတေယာက္ျဖစ္ခဲ့ပီး 

အၾကိမ္ၾကိမ္ ေလာကဓံမွာ ျပိဳလဲခဲ့သူတေယာက္ပါ။

သူဟာ အသက္ ၆ ႏွစ္အရြယ္မွာ မူးယစ္ေဆးကိုစတင္သံုးစြဲခဲ့ျပီး 

သိပ္မၾကာခင္မွာဘဲ မူးယစ္ေဆးစြဲသူတေယာက္ ျဖစ္လာခဲ့ပါတယ္။ 

အသက္ ၁၉ ႏွစ္အရြယ္မွာ ဆာရာဂ်က္ဆီကာဆိုတဲ့ မိန္းကေလးနဲ႔

ေတြ႔ဆံုခဲ့ျပီး ၇ ႏွစ္တိုင္တိုင္ ခ်စ္သူေတြအျဖစ္ လက္တြဲခဲ့ပါတယ္။

ဒါေပမယ့္ ေရာဘတ္ရဲ့မူးယစ္ေဆးအေပၚ စြဲလန္းမႈက ပိုမိုဆိုးရြား

လာတဲ့အတြက္ေၾကာင့္ သူ႔ရဲ့ခ်စ္သူက လမ္းခြဲသြားခဲ့ပါတယ္။ 

မူးယစ္ေဆးေၾကာင့္ ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ 

ျပစ္မူေပါင္းမ်ားစြာ က်ဴးလြန္ခဲ့တဲ့အတြက္ေၾကာင့္ ေရာဘတ္ဟာ

အသက္၂၀ ေက်ာ္အရြယ္မွာပဲ ေထာင္နန္းစံခဲ့ရပါတယ္။ 

ေထာင္ထဲမွာလည္း အျခားအက်ဥ္းသားေတြရဲ့ ရိုက္ႏွက္မွဳကို 

ခဏခဏခံခဲ့ရျပီး တခါတခါက်ရင္ အရိုက္ခံရလြန္းလို႔ 

ေသြးအိုင္ထဲမွာ သတိလစ္သြားတာ မၾကာခဏဆိုသလိုပါပဲ။

အင္တာဗ်ဴးလုပ္တဲ့ သတင္းေထာက္ေတြက သူ႔ကို ေထာင္ထဲက

အေတြ႔အၾကံဳေတြေမးလို႔ရွိရင္ သူက “သံတိုင္ေတြရဲ့ေနာက္မွာ 

ျဖစ္ခဲ့တဲ့ အဆိုးရြားဆံုးအျဖစ္အပ်က္ေတြကို ကၽြန္ေတာ္ဘယ္ေတာ့မွ

ေျပာျပမွာမဟုတ္ဘူး” လို႔သာေျပာေလ့ရွိသူပါ။ ေထာင္ထဲကထြက္လာ

ျပီးေနာက္ပိုင္းမွာလဲ ေလာကၾကီးက သူ႔အေပၚမညွာတာခဲ့ပါဘူး။ 

ေငြတျပားတခ်ပ္ေတာင္မရွိ၊ မိသားစုလဲမရွိတဲ့သူဟာ သူရဲ့

ေနရက္ေတြကို ပီဇာဖုတ္္တဲ့ ဒယ္ျပားေတြကိုေဆးပီး တနာရီကို 

၈ ျပားပဲရတဲ့ လစာေလးနဲ႔ပဲ ျဖတ္သန္းရွင္သန္ခဲ့ရတဲ့ သူတေယာက္ပါ။

ဒါေပမယ့္ အဲ့ဒီလိုဆိုးရြားလွတဲ့ သူ႔ရဲ့ဘ၀မွာ လွပတဲ့အလွည့္အေျပာင္း

တစ္ခု ေပၚလာခဲ့ပါတယ္။ သူဟာ အာဂမိန္းကေလးတေယာက္နဲ႕

ေတြ႔ဆံုခဲ့ျပီး သူမကို ခ်စ္..မိ..သြား..ခဲ့..ပါ..တယ္။ ျပီးေတာ့

အဲ့မိန္းကေလးကို ခ်စ္ခြင့္ပန္ခဲ့တဲ့အခါ သူမက စကားတစ္ခြန္းပဲ 

ေျပာခဲ့ပါတယ။္ 

“ရွင္မူးယစ္ေဆးသံုးတာကိုသာ မရပ္ဘူးဆိုရင္ ကၽြန္မရွင့္ကို 

ဒီတသက္ လက္မထပ္ႏိုင္ပါဘူး” တဲ့။ ေရာဘတ္္ဟာ ၂ႏွစ္ၾကာျပီး

တဲ့ေနာက္မွာ မူးယစ္ေဆးျပတ္သြားခဲ့ျပီး ဘ၀သစ္ကိုျပန္လည္

စတင္ခဲ့ပါတယ္။


သူခ်စ္တဲ့မိန္းကေလးကို သူ႔ရဲ့ေဘးမွာ သူ႔ရဲ့ဇနီးမယားအျဖစ္

လက္တြဲရင္းနဲ႔ေပါ့။ က်န္တဲ့သူ႔ရဲ့ ဘ၀မွတ္တိုင္ေတြကေတာ့ 

သမိုင္းတြင္မယ့္ အရာေတြပါပဲ။ လက္ရွိ ေဟာလိ၀ုဒ္ေလာကမွာ 

အႏုပညာေၾကး အျမင့္ဆံုးသူတေယာက္ျဖစ္လာခဲ့ျပီး ပိုင္ဆိုင္မွဳ 

ေဒၚလာသန္းေပါင္း ၁၈၀ ေက်ာ္နဲ႔ ပရိသတ္္ေတြရဲ့အခ်စ္ေတာ္ 

တေယာက္ျဖစ္လာတဲ့သူဟာ တကယ္ေတာ့ သူခ်စ္တဲ့အရာကို 

ပိုင္ဆိုင္ႏိုင္ဖို႔၊ ကာကြယ္ႏိုင္ဖို႔အတြက္ ေလာကဓံကို ၾကံ့ၾကံ့ခံ

ရင္ဆိုင္ခဲ့တဲ့ လက္ေတြ႔ဘ၀ရဲ့ အခ်စ္ၾကီးသူ သံမဏိလူသား

တေယာက္ပါပဲ။ အခ်စ္ဆိုတဲ့အရာအတြက္ အရာရာကိုရင္ဆိုင္ဖို႔

ထိုက္တန္ပါတယ္။…


Yenin Phawah

credit:MyanmarNote

Resource Born Realist

Born Realist | - Robert Downey - | ' Inspiring Story * Don't lose Hope !

https://www.youtube.com/watch?v=N3IX2EOznOs  

========================


အချစ်ကြောင့်ပြောင်းလဲခဲ့သူ (သို့မဟုတ်) 

လက်တွေ့ဘဝရဲ့သံမဏိလူသား ...

-------------------------------------------


❒ မာဗယ်စတူဒီယိုရဲ့အသည်းကျော် Iron Man သရုပ်ဆောင်

တစ်ဦးဖြစ်တဲ့ ရောဘတ်ဂျူနီယာဟာ ပရိသတ်ပေါင်းများစွာရဲ့

အချစ်တွေကို သိမ်းပိုက်ထားပြီး လက်ရှိဟောလိဝုဒ်ရုပ်ရှင်လောကရဲ့

သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသားတွေထဲက တယောက်လည်း

ဖြစ်ပါတယ်။ ဒါပေမယ့်သူရဲ့ဘဝခရီးလမ်းဟာ အမြဲတမ်းချောမွေ့

ခဲ့တာတော့ မဟုတ်ပါဘူး။ သူဟာ အရံှုးသမားတယောက်ဖြစ်ခဲ့ပီး 

အကြိမ်ကြိမ် လောကဓံမှာ ပြိုလဲခဲ့သူတယောက်ပါ။


သူဟာ အသက် ၆ နှစ်အရွယ်မှာ မူးယစ်ဆေးကိုစတင်သုံးစွဲခဲ့ပြီး 

သိပ်မကြာခင်မှာဘဲ မူးယစ်ဆေးစွဲသူတယောက် ဖြစ်လာခဲ့ပါတယ်။ 

အသက် ၁၉ နှစ်အရွယ်မှာ ဆာရာဂျက်ဆီကာဆိုတဲ့ မိန်းကလေးနဲ့

တွေ့ဆုံခဲ့ပြီး ၇ နှစ်တိုင်တိုင် ချစ်သူတွေအဖြစ် လက်တွဲခဲ့ပါတယ်။

ဒါပေမယ့် ရောဘတ်ရဲ့မူးယစ်ဆေးအပေါ် စွဲလန်းမှုက ပိုမိုဆိုးရွား

လာတဲ့အတွက်ကြောင့် သူ့ရဲ့ချစ်သူက လမ်းခွဲသွားခဲ့ပါတယ်။ 

မူးယစ်ဆေးကြောင့် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ 

ပြစ်မူပေါင်းများစွာ ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ရောဘတ်ဟာ

အသက်၂၀ ကျော်အရွယ်မှာပဲ ထောင်နန်းစံခဲ့ရပါတယ်။ 

ထောင်ထဲမှာလည်း အခြားအကျဉ်းသားတွေရဲ့ ရိုက်နှက်မှုကို 

ခဏခဏခံခဲ့ရပြီး တခါတခါကျရင် အရိုက်ခံရလွန်းလို့ 

သွေးအိုင်ထဲမှာ သတိလစ်သွားတာ မကြာခဏဆိုသလိုပါပဲ။


အင်တာဗျူးလုပ်တဲ့ သတင်းထောက်တွေက သူ့ကို ထောင်ထဲက

အတွေ့အကြုံတွေမေးလို့ရှိရင် သူက “သံတိုင်တွေရဲ့နောက်မှာ 

ဖြစ်ခဲ့တဲ့ အဆိုးရွားဆုံးအဖြစ်အပျက်တွေကို ကျွန်တော်ဘယ်တော့မှ

ပြောပြမှာမဟုတ်ဘူး” လို့သာပြောလေ့ရှိသူပါ။ ထောင်ထဲကထွက်လာ

ပြီးနောက်ပိုင်းမှာလဲ လောကကြီးက သူ့အပေါ်မညှာတာခဲ့ပါဘူး။ 

ငွေတပြားတချပ်တောင်မရှိ၊ မိသားစုလဲမရှိတဲ့သူဟာ သူရဲ့

နေရက်တွေကို ပီဇာဖုတ်တဲ့ ဒယ်ပြားတွေကိုဆေးပီး တနာရီကို 

၈ ပြားပဲရတဲ့ လစာလေးနဲ့ပဲ ဖြတ်သန်းရှင်သန်ခဲ့ရတဲ့ သူတယောက်ပါ။


ဒါပေမယ့် အဲ့ဒီလိုဆိုးရွားလှတဲ့ သူ့ရဲ့ဘဝမှာ လှပတဲ့အလှည့်အပြောင်း

တစ်ခု ပေါ်လာခဲ့ပါတယ်။ သူဟာ အာဂမိန်းကလေးတယောက်နဲ့

တွေ့ဆုံခဲ့ပြီး သူမကို ချစ်..မိ..သွား..ခဲ့..ပါ..တယ်။ ပြီးတော့

အဲ့မိန်းကလေးကို ချစ်ခွင့်ပန်ခဲ့တဲ့အခါ သူမက စကားတစ်ခွန်းပဲ 

ပြောခဲ့ပါတယ။် 

“ရှင်မူးယစ်ဆေးသုံးတာကိုသာ မရပ်ဘူးဆိုရင် ကျွန်မရှင့်ကို 

ဒီတသက် လက်မထပ်နိုင်ပါဘူး” တဲ့။ ရောဘတ်ဟာ ၂နှစ်ကြာပြီး

တဲ့နောက်မှာ မူးယစ်ဆေးပြတ်သွားခဲ့ပြီး ဘဝသစ်ကိုပြန်လည်

စတင်ခဲ့ပါတယ်။


သူချစ်တဲ့မိန်းကလေးကို သူ့ရဲ့ဘေးမှာ သူ့ရဲ့ဇနီးမယားအဖြစ်

လက်တွဲရင်းနဲ့ပေါ့။ ကျန်တဲ့သူ့ရဲ့ ဘဝမှတ်တိုင်တွေကတော့ 

သမိုင်းတွင်မယ့် အရာတွေပါပဲ။ လက်ရှိ ဟောလိဝုဒ်လောကမှာ 

အနုပညာကြေး အမြင့်ဆုံးသူတယောက်ဖြစ်လာခဲ့ပြီး ပိုင်ဆိုင်မှု 

ဒေါ်လာသန်းပေါင်း ၁၈၀ ကျော်နဲ့ ပရိသတ်တွေရဲ့အချစ်တော် 

တယောက်ဖြစ်လာတဲ့သူဟာ တကယ်တော့ သူချစ်တဲ့အရာကို 

ပိုင်ဆိုင်နိုင်ဖို့၊ ကာကွယ်နိုင်ဖို့အတွက် လောကဓံကို ကြံ့ကြံ့ခံ

ရင်ဆိုင်ခဲ့တဲ့ လက်တွေ့ဘဝရဲ့ အချစ်ကြီးသူ သံမဏိလူသား

တယောက်ပါပဲ။ အချစ်ဆိုတဲ့အရာအတွက် အရာရာကိုရင်ဆိုင်ဖို့

ထိုက်တန်ပါတယ်။…


Yenin Phawah

credit:MyanmarNote

Resource Born Realist

Born Realist | - Robert Downey - | ' Inspiring Story * Don't lose Hope !

https://www.youtube.com/watch?v=N3IX2EOznOs  

No comments:

Post a Comment