မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 10, 2020

ကေလး ၂၂ ေယာက္မိခင္ စမ္းေခ်ာင္းမွာေနသည္

 ကေလး ၂၂ ေယာက္မိခင္ စမ္းေခ်ာင္းမွာေနသည္...

----------------------------------------------------------

'ကြၽန္မကေလးေတြကုိ ႏွလုံးသားနဲ႔ ေမြးပါတယ္'

စမ္းေခ်ာင္းၿမိဳ႕နယ္ တ႐ုတ္ေက်ာင္းလမ္း တုိက္နံပါတ္ ၃ဝ၊ ရွစ္လႊာတြင္ 

မရွင္ၿငိမ္းမယ္ တစ္ေယာက္ ကေလးငယ္မ်ားႏွင့္ ဗ်ာမ်ားေနသည္။


ကေလးငယ္မ်ားကုိ သူျပဳစုယုယေနပုံက ျမင္ရသူကုိ ၾကည္ႏူးေစသည္။ 

လူတုိင္းနီးပါး စားဝတ္ေနေရးခက္ခဲေနသည့္ ယေန႔အခ်ိန္အခါတြင္ 

ကေလး ၂၂ ေယာက္၏ မိခင္ျဖစ္ရသည္မွာ လြယ္ကူလွသည္ေတာ့ 

မဟုတ္။ ထုိ႔ျပင္ သူ႔ကုိ မွီခုိေနသည့္ ကုိယ္ဝန္ေဆာင္မိခင္ ၄ဝ နီးပါး 

အဆင္ေျပစြာ ေမြးဖြားႏုိင္ရန္အတြက္လည္း မရွင္ၿငိမ္းမယ္ 

လုံးပန္းေနရသည္။

ရည္းစားျဖစ္သူ (သုိ႔မဟုတ္) ေယာက်္ားျဖစ္သူတုိ႔ႏွင့္ စိတ္အလုိလုိက္ကာ

ကုိယ္ဝန္ရရွိခဲ့ၿပီးမွ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ လမ္းခြဲခဲ့ရသည့္ အမ်ဳိးသမီး

မ်ား အဆင္ေျပလြယ္ကူစြာ မီးဖြားႏုိင္ရန္အတြက္ မရွင္ၿငိမ္းမယ္က

၂ဝ၁၄ ခုႏွစ္မွစ၍ စတင္ကူညီခဲ့ျခင္း ျဖစ္သည္။ မီးဖြားၿပီးေနာက္ 

မိခင္ျဖစ္သူမ်ားက စြန္႔ပစ္ခဲ့သည့္ ကေလးငယ္မ်ားကုိ တရားဝင္ေမြးစား

ျခင္းျဖင့္ ကေလးမ်ားစြာ၏ မိခင္ျဖစ္လာခဲ့သည္။ ကေလးအမ်ားႀကီးႏွင့္ 

ေနရသည္ကုိ သူကုိယ္တုိင္က သေဘာက်ေနသည္။



''ကြၽန္မငယ္ငယ္က အမ်ဳိးသားတစ္ေယာက္နဲ႔ လက္ထပ္ခဲ့တယ္။ 

ၿပီးေတာ့ ကြၽန္မတုိ႔ သေဘာထားခ်င္း မတုိက္ဆုိင္လုိ႔ ကြဲခဲ့ၾကတယ္။

အဲဒီမွာ သူနဲ႔ရတဲ့ ကုိယ္ဝန္ပါလာတယ္။ သမီးကေလး ေမြးတယ္။ 

အဲဒီအတြက္ေၾကာင့္ ေယာက်္ားမရွိဘဲနဲ႔ ကေလးေမြးရတဲ့ ခံစားခ်က္၊

ပတ္ဝန္းက်င္ရဲ႕ ႐ုိက္ခတ္မႈ ဒဏ္ေတြကုိ ခံခဲ့ရေတာ့ ကုိယ္ခ်င္းစာစိတ္နဲ႔

ဒီအလုပ္ကုိ လုပ္ျဖစ္ခဲ့တာ ပါ''ဟု For Mommy - မာမီကြတ္ ခုိကုိးရာမဲ့ 

ကုိယ္ဝန္ေဆာင္မ်ား ကူညီေရးကုိ စတင္တည္ေထာင္သူ မရွင္ၿငိမ္းမယ္က

ေျပာသည္။


အသက္ ၃၈ ႏွစ္ ရွိၿပီျဖစ္သည့္ မရွင္ၿငိမ္းမယ္တြင္ ေသြးသားႏွင့္

ေမြးရသည့္ ကေလးက တစ္ေယာက္တည္းသာ ရွိေသာ္လည္း 

ႏွလုံးသားႏွင့္ ေမြးထား သည့္ ကေလးက ၂၁ ေယာက္ရွိသည္။ 

ထုိ႔ေၾကာင့္ သူသည္ ကေလးငယ္ ၂၂ ေယာက္၏ မိခင္ျဖစ္သည္။ 

သမီးအရင္းမွာ မူႀကိဳတက္ေနၿပီျဖစ္ၿပီး ႏွလုံးသားႏွင့္ေမြးထားသည့္ 

ကေလးငယ္မ်ားအနက္ အႀကီးဆုံးမွာ တစ္ႏွစ္ႏွင့္ ေျခာက္လသာရွိၿပီး

က်န္ကေလးငယ္အမ်ားစုမွာ လသား အရြယ္ ေလးမ်ား ျဖစ္သည္။


လက္ရွိေနထုိင္သည့္ စမ္းေခ်ာင္းတြင္ ႏွလုံးသားႏွင့္ ေမြးထားသည့္

ကေလးငယ္ ၁၆ ဦးရွိၿပီး သန္လ်င္ သဘာဝ တရားရိပ္သာ တြင္ 

ကေလးငယ္ ငါးဦးရွိသည္။ ေန႔စဥ္သန္လ်င္ႏွင့္ စမ္းေခ်ာင္းကုိ 

ကူးခ်ည္သန္းခ်ည္လုပ္ကာ ကေလးငယ္မ်ားကုိ အခ်ိန္ေပးေနရသည့္

အျပင္ လွည္တန္းတြင္ရွိသည့္ ေသြးသားႏွင့္ေမြးထားေသာ သမီးငယ္

အတြက္လည္း အခ်ိန္ေပးရျပန္သည္။ သူေမြးစားထားသည့္ ကေလးငယ္ 

၂၁ ေယာက္သည္ ပုံစံမ်ဳိးစုံ၊ အလႊာမ်ဳိးစုံ က အမ်ဳိးသမီးမ်ား၏ သားသမီး

ရင္းျခာမ်ားျဖစ္ေသာ္လည္း သူသည္ ကေလး အားလုံးကုိ သူ႔သားသမီး

အရင္းေတြလုိ ျပဳစုေစာင့္ေရွာက္ေန သည္ကုိ ေတြ႕ရသည္။


မရွင္ၿငိမ္းမယ္သည္ မာမီကြတ္(Mommy Cook) ဟူေသာ အမည္ျဖင့္ 

Facebook တြင္ ကေလးငယ္မ်ားအား ေကြၽးေမြးသင့္သည့္ အစားအစာ 

မ်ားကုိ မွ်ေဝခဲ့ရာမွ သူ၏အမည္ကုိလည္း မာမီကြတ္ဟု လူသိမ်ားလာ

ခဲ့သည္။


''ကြၽန္မတုိ႔ႏုိင္ငံမွာ ကေလးငယ္ေတြနဲ႔ ပတ္သက္လုိ႔ ျဖည့္စြက္စာေကြၽးတဲ့

ေနရာမွာ မိခင္ေတြက ဟုိဟာ စားရင္ဘာျဖစ္မယ္၊ ဒီဟာစားရင္ 

ဘာျဖစ္မယ္ ဆုိတဲ့ ေရွး႐ုိးစြဲအယူအဆ က်င့္သုံးေနၾကတုန္းပဲ။ အဲဒီ

အတြက္ အာဟာရျပည့္ဝေအာင္ ဘယ္လုိ အစားအစာေတြ ေကြၽးသင့္

တယ္ဆုိတာ ကုိ Facebook ကေန ခ်က္ျပဳတ္ျပရင္းနဲ႔ လူသိမ်ားလာခဲ့

တာ။ ေနာက္ပုိင္း မွာ Single Mother ေတြကုိ ကေလးေမြးေပးတဲ့

အလုပ္ကုိ ပရဟိတ အေနနဲ႔ လုပ္ခဲ့တာ''ဟု ၄င္းက ေျပာသည္။

မာမီကြတ္၏ ကေလးေမြးေပးျခင္းအလုပ္သည္ အလြန္ေအာင္ျမင္သည္ဟု

ဆုိရမည္ျဖစ္သည္။ ေလးႏွစ္တာကာလအတြင္း ကုိယ္ဝန္ေဆာင္မိခင္ 

၃ဝဝ နီးပါးကုိ ေအာင္ျမင္စြာ ေမြးဖြားႏုိင္ရန္ ကူညီေပးႏုိင္ခဲ့ၿပီး ထပ္မံ၍

လည္း အားကုိးတႀကီး ဆက္သြယ္လာၾကသူမ်ားႏွင့္ ရင္ဆုိင္ႀကဳံေတြ႕

ေနရသည္။


''ကြၽန္မတုိ႔ For Mommy - မာမီကြတ္ ခုိကုိးရာမဲ့ ကုိယ္ဝန္ေဆာင္မ်ား

ကူညီေရး Facebook ရဲ႕ Messenger က ဆက္သြယ္ၾကတယ္။ 

ကြၽန္မအတြက္က သူတုိ႔ ဘယ္သူဘယ္ဝါျဖစ္တယ္၊ ဘာေတြျဖစ္ခဲ့တယ္

ဆုိတာ အေရးမႀကီးဘူး။ မိခင္နဲ႔ ဗုိက္ထဲက ကေလးပဲ ကြၽန္မအတြက္ 

အေရးႀကီးတယ္။ သူတုိ႔အႏၲရာယ္ကင္းစြာ ေမြးႏုိင္ဖုိ႔ပဲ ကြၽန္မ ႀကိဳးစား

တယ္။ အကူအညီေတာင္းတဲ့သူ အမ်ားစုက အသက္ (၂ဝ) ဝန္းက်င္

ေတြ မ်ားတယ္။ ပညာတတ္ေတြလည္း ပါတယ္။ ေဆြမ်ဳိးအရင္းက 

အဓမၼျပဳ က်င့္ခံရတာေတြလည္း ပါတယ္။ ဒါေပမဲ့ တခ်ဳိ႕ကိစၥေတြမွာ 

ကြၽန္မတုိ႔က သူတုိ႔ေျပာသေလာက္ပဲ သိရတာ။ ေရာက္လာတဲ့သူတုိင္းကုိ

အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ေပးပါတယ္။ အခုဆုိရင္ တစ္ႏုိင္ငံလုံး

အတုိင္းအတာနဲ႔ ကူညီေပးရသလုိ ျဖစ္ေနတယ္''ဟု ၄င္းကေျပာသည္။


ကေလးေမြးရန္အတြက္ လာေရာက္ဆက္သြယ္သူ အမ်ားစုကုိ 

ျပင္ဦးလြင္ၿမိဳ႕ ေဆး႐ုံႀကီးတြင္ ေမြးဖြားႏုိင္ရန္ စီစဥ္ေပးထားၿပီး 

ကုိယ္ဝန္ေဆာင္မ်ား ေနရန္အတြက္ တုိက္ႏွစ္လုံးကုိလည္း သဘာဝ

တရားရိပ္သာ ဆရာေတာ္က လွဴဒါန္းေပးထားသည္။ ျပင္ဦးလြင္တြင္

မရွင္ၿငိမ္းမယ္၏ မိခင္က ကုိယ္ဝန္ေဆာင္မ်ားကုိ ေစာင့္ေရွာက္ေပးလ်က္

ရွိေနၿပီး မာမီကြတ္ကဟုဆုိလွ်င္ ျပင္ဦးလြင္ေဆး႐ုံက ေသခ်ာစြာ ဂ႐ုစုိက္ 

ကုသ၍ ေမြးဖြားေပးေၾကာင္း သိရသည္။


မရွင္ၿငိမ္းမယ္သည္ ပုိလန္ႏုိင္ငံအေျခစုိက္ ASEAN DNA Center ၏ 

အာဆီယံကုိယ္စားလွယ္ တာဝန္ယူထားသည့္အတြက္ ျမန္မာႏုိင္ငံမွ

DNA စစ္လုိသူမ်ား ႏွင့္ အာဆီယံႏုိင္ငံအခ်ဳိ႕မွ DNA စစ္လုိသူမ်ားကုိ 

ကူညီ ေဆာင္ရြက္ေပးျခင္းျဖင့္ လစာဝင္ေငြေကာင္းစြာ ရရွိေနသည္။ 

သုိ႔ေသာ္ ကေလး ငယ္မ်ားႏွင့္ ကုိယ္ဝန္ေဆာင္ အမ်ဳိးသမီးငယ္မ်ား

အတြက္ ကုန္က် စရိတ္မ်ားသည္ လစဥ္ျမင့္တက္လာလ်က္ရွိၿပီး 

တစ္လလွ်င္ သိန္း ၆ဝ နီးပါး ကုန္က်မႈရွိလာသည့္အတြက္ မႏုိင္ဝန္

ထမ္းရသလုိ ျဖစ္လာခဲ့ရသည္။ သုိ႔ရာတြင္ သူေတာ္ေကာင္းကုိ 

နတ္ေကာင္းမသည္ဟု ဆုိရမည္ျဖစ္သည္။ သန္လ်င္ သဘာဝတရား 

ရိပ္သာဆရာေတာ္က မာမီကြတ္အတြက္ လုိအပ္သည္မ်ားကုိ အဓိက

ကူညီေထာက္ပံ့ေပးလ်က္ရွိေနသည္။


''ဆရာေတာ္ႀကီးက ကြၽန္မတုိ႔ကုိ ဆန္၊ ဆီ၊ ဆား ေငြေၾကးနဲ႔ 

တုိက္ခန္းေတြ ေပးထားပါတယ္။ ကေလးေမြးၿပီးတဲ့ အမ်ဳိးသမီးေလး

ေတြကုိ ကေလးေတြနဲ႔ တုိက္ခန္း ေတြမွာ ထားပါတယ္။ အရင္တုန္း

ကေတာ့ ကြၽန္မ အလွဴေငြ လက္မခံခဲ့ဘူး။ ကြၽန္မက မိဘမဲ့ ေဂဟာ

ဖြင့္ထားတာလဲ မဟုတ္ဘူးေလ။ အခုေတာ့ ေစာင့္ေရွာက္ရတဲ့ 

ကေလးေတြက မ်ားလာတဲ့အတြက္ လာလွဴတဲ့ အလွဴေငြေတြကုိ 

လက္ခံျဖစ္ပါတယ္။ အခုကြၽန္မ ကေလးေတြနဲ႔ ေနတဲ့ တုိက္ခန္းကုိလည္း 

အလွဴရွင္ေတြက ကြၽန္မတုိ႔ ေနရာအခက္အခဲ ရွိတဲ့အတြက္ ေပးေနတာပါ။

ဆရာေတာ္ႀကီးက အမ်ားဆုံး ကူညီတာေပါ့''ဟု မရွင္ၿငိမ္းမယ္က

ေျပာသည္။


ပရဟိတ စလုပ္ခါစတြင္ စိတ္မထားတတ္ေသးသည့္အတြက္ 

ဝမ္းနည္းမႈမ်ား ႀကဳံေတြ႕ခဲ့ရေသာ္လည္း သဘာဝတရားရိပ္သာ 

ဆရာေတာ္ထံတြင္ ေယာဂီဝတ္ခဲ့ၿပီးေနာက္ စိတ္ထားတတ္သြားၿပီး 

သင့္တင့္စြာ ႏွလုံးသြင္း တတ္သြားခဲ့သည္ဟု ဆုိသည္။


''အရင္တုန္းက ကုိယ္ဝန္ေဆာင္ေတြငုိရင္ ကုိယ္ပါ လုိက္ငုိတယ္။ 

ကေလးေတြ ငုိရင္လည္း ကုိယ္ပါ လုိက္ငုိတယ္။ အရင္တုန္းက

ကေလးကုိ ေမြးစားဖုိ႔ ေပးလုိက္ရၿပီဆုိရင္လည္း ဝမ္းနည္းလုိ႔ မအိပ္ႏုိင္၊ 

မစားႏုိင္ျဖစ္ခဲ့ရတယ္။ အခုေတာ့ ကေလးေမြးစားခ်င္တယ္လုိ႔ 

လာေတာင္းရင္ သဘာဝတရားရိပ္သာ ဆရာေတာ္ႀကီးဆီကုိပဲ 

လႊတ္လုိက္ေတာ့တယ္။ ဆရာေတာ္တုိ႔က်ေတာ့ အသုိင္းအဝုိင္း 

ပုိေတာင့္တယ္ေလ။ ေရွ႕ေနေကာင္းေကာင္းေတြလည္း ရွိတယ္။ 

ေသေသခ်ာခ်ာ ေမးျမန္းၿပီးေတာ့မွ ေမြးစားခြင့္ေပးတာေပါ့။ 

စိတ္ခံစားရတာေတြ တအားမ်ားတဲ့အတြက္ ကြၽန္မ ႏွလုံးေရာဂါပါ 

ရသြားတယ္။ ေနာက္ဆရာေတာ္နဲ႔ ေတြ႕ေတာ့မွ စိတ္ထားတတ္သြား 

တာ''ဟု မရွင္ၿငိမ္းမယ္က ေျပာသည္။


မည္မွ်ပင္ ေကာင္းမြန္သည့္အလုပ္ကုိ လုပ္ေစကာမူ အေႏွာင့္အယွက္ 

အခက္အခဲမ်ား ႀကဳံေတြ႕ရစၿမဲျဖစ္သည္။ မရွင္ၿငိမ္းမယ္ ႀကဳံေတြ႕ခဲ့ရသည့္ 

အျဖစ္ကလည္း ရင္နာစရာေကာင္းလွသည္။ သူေစာင့္ေရွာက္ထားသည့္ 

ကုိယ္ဝန္ေဆာင္အမ်ဳိးသမီးက သူ႔ဆီက ကြန္ပ်ဴတာ၊ ေရႊ ႏွင့္ ေငြမ်ားကုိ 

ခုိးယူထြက္ေျပးသြားခဲ့ျခင္းျဖစ္သည္။


''အစက ေဒါသထြက္တာ။ ငါေစာင့္ေရွာက္ထားတာေတာင္ ဒီလုိလုပ္ရပါ့ 

မလား ဆုိၿပီးေတာ့ စိတ္မေကာင္းျဖစ္မိတယ္။ ပစၥည္းကလည္း တခ်ဳိ႕ 

တစ္ဝက္ ျပန္ရပါတယ္။ အမႈေတာ့ မဖြင့္ျဖစ္ခဲ့ပါဘူး''ဟု ၄င္းက ဆုိသည္။


ကေလးငယ္မ်ားႏွင့္ ကုိယ္ဝန္ေဆာင္မ်ားအတြက္ ပစၥဳပၸန္တြင္ 

အေကာင္းဆုံး လုပ္ေဆာင္ေပးေနသည့္ မရွင္ၿငိမ္းမယ္က အနာဂတ္

အတြက္ ကံစီမံရာ အတုိင္း သာဟု ေျပာသည္။


''ကြၽန္မ တတ္ႏုိင္သေလာက္ လုပ္ႏုိင္သေရြ႕ေတာ့ လုပ္သြားဦးမွာပါ။ 

ကြၽန္မ ေသသြားရင္ေတာ့ ကေလးေတြရဲ႕ ကံအတုိင္းပဲေပါ့ ...''


source:ဖိုးသူေတာ္

Credit: ႏွင္းေမာင္ဦး

The Speaker သတင္းဂ်ာနယ္

အတြဲ(၂)၊ အမွတ္(၂၆)

၂၀၁၈ ဇြန္ ၈

============================


ကလေး ၂၂ ယောက်မိခင် စမ်းချောင်းမှာနေသည်...

----------------------------------------------------------


'ကျွန်မကလေးတွေကို နှလုံးသားနဲ့ မွေးပါတယ်'

စမ်းချောင်းမြို့နယ် တရုတ်ကျောင်းလမ်း တိုက်နံပါတ် ၃ဝ၊ ရှစ်လွှာတွင် 

မရှင်ငြိမ်းမယ် တစ်ယောက် ကလေးငယ်များနှင့် ဗျာများနေသည်။


ကလေးငယ်များကို သူပြုစုယုယနေပုံက မြင်ရသူကို ကြည်နူးစေသည်။ 

လူတိုင်းနီးပါး စားဝတ်နေရေးခက်ခဲနေသည့် ယနေ့အချိန်အခါတွင် 

ကလေး ၂၂ ယောက်၏ မိခင်ဖြစ်ရသည်မှာ လွယ်ကူလှသည်တော့ 

မဟုတ်။ ထို့ပြင် သူ့ကို မှီခိုနေသည့် ကိုယ်ဝန်ဆောင်မိခင် ၄ဝ နီးပါး 

အဆင်ပြေစွာ မွေးဖွားနိုင်ရန်အတွက်လည်း မရှင်ငြိမ်းမယ် 

လုံးပန်းနေရသည်။


ရည်းစားဖြစ်သူ (သို့မဟုတ်) ယောကျ်ားဖြစ်သူတို့နှင့် စိတ်အလိုလိုက်ကာ

ကိုယ်ဝန်ရရှိခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရသည့် အမျိုးသမီး

များ အဆင်ပြေလွယ်ကူစွာ မီးဖွားနိုင်ရန်အတွက် မရှင်ငြိမ်းမယ်က

၂ဝ၁၄ ခုနှစ်မှစ၍ စတင်ကူညီခဲ့ခြင်း ဖြစ်သည်။ မီးဖွားပြီးနောက် 

မိခင်ဖြစ်သူများက စွန့်ပစ်ခဲ့သည့် ကလေးငယ်များကို တရားဝင်မွေးစား

ခြင်းဖြင့် ကလေးများစွာ၏ မိခင်ဖြစ်လာခဲ့သည်။ ကလေးအများကြီးနှင့် 

နေရသည်ကို သူကိုယ်တိုင်က သဘောကျနေသည်။


''ကျွန်မငယ်ငယ်က အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ 

ပြီးတော့ ကျွန်မတို့ သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲခဲ့ကြတယ်။

အဲဒီမှာ သူနဲ့ရတဲ့ ကိုယ်ဝန်ပါလာတယ်။ သမီးကလေး မွေးတယ်။ 

အဲဒီအတွက်ကြောင့် ယောကျ်ားမရှိဘဲနဲ့ ကလေးမွေးရတဲ့ ခံစားချက်၊

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဒဏ်တွေကို ခံခဲ့ရတော့ ကိုယ်ချင်းစာစိတ်နဲ့

ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ပါ''ဟု For Mommy - မာမီကွတ် ခိုကိုးရာမဲ့ 

ကိုယ်ဝန်ဆောင်များ ကူညီရေးကို စတင်တည်ထောင်သူ မရှင်ငြိမ်းမယ်က

ပြောသည်။


အသက် ၃၈ နှစ် ရှိပြီဖြစ်သည့် မရှင်ငြိမ်းမယ်တွင် သွေးသားနှင့်

မွေးရသည့် ကလေးက တစ်ယောက်တည်းသာ ရှိသော်လည်း 

နှလုံးသားနှင့် မွေးထား သည့် ကလေးက ၂၁ ယောက်ရှိသည်။ 

ထို့ကြောင့် သူသည် ကလေးငယ် ၂၂ ယောက်၏ မိခင်ဖြစ်သည်။ 

သမီးအရင်းမှာ မူကြိုတက်နေပြီဖြစ်ပြီး နှလုံးသားနှင့်မွေးထားသည့် 

ကလေးငယ်များအနက် အကြီးဆုံးမှာ တစ်နှစ်နှင့် ခြောက်လသာရှိပြီး

ကျန်ကလေးငယ်အများစုမှာ လသား အရွယ် လေးများ ဖြစ်သည်။


လက်ရှိနေထိုင်သည့် စမ်းချောင်းတွင် နှလုံးသားနှင့် မွေးထားသည့်

ကလေးငယ် ၁၆ ဦးရှိပြီး သန်လျင် သဘာဝ တရားရိပ်သာ တွင် 

ကလေးငယ် ငါးဦးရှိသည်။ နေ့စဉ်သန်လျင်နှင့် စမ်းချောင်းကို 

ကူးချည်သန်းချည်လုပ်ကာ ကလေးငယ်များကို အချိန်ပေးနေရသည့်

အပြင် လှည်တန်းတွင်ရှိသည့် သွေးသားနှင့်မွေးထားသော သမီးငယ်

အတွက်လည်း အချိန်ပေးရပြန်သည်။ သူမွေးစားထားသည့် ကလေးငယ် 

၂၁ ယောက်သည် ပုံစံမျိုးစုံ၊ အလွှာမျိုးစုံ က အမျိုးသမီးများ၏ သားသမီး

ရင်းခြာများဖြစ်သော်လည်း သူသည် ကလေး အားလုံးကို သူ့သားသမီး

အရင်းတွေလို ပြုစုစောင့်ရှောက်နေ သည်ကို တွေ့ရသည်။


မရှင်ငြိမ်းမယ်သည် မာမီကွတ်(Mommy Cook) ဟူသော အမည်ဖြင့် 

Facebook တွင် ကလေးငယ်များအား ကျွေးမွေးသင့်သည့် အစားအစာ 

များကို မျှဝေခဲ့ရာမှ သူ၏အမည်ကိုလည်း မာမီကွတ်ဟု လူသိများလာ

ခဲ့သည်။


''ကျွန်မတို့နိုင်ငံမှာ ကလေးငယ်တွေနဲ့ ပတ်သက်လို့ ဖြည့်စွက်စာကျွေးတဲ့

နေရာမှာ မိခင်တွေက ဟိုဟာ စားရင်ဘာဖြစ်မယ်၊ ဒီဟာစားရင် 

ဘာဖြစ်မယ် ဆိုတဲ့ ရှေးရိုးစွဲအယူအဆ ကျင့်သုံးနေကြတုန်းပဲ။ အဲဒီ

အတွက် အာဟာရပြည့်ဝအောင် ဘယ်လို အစားအစာတွေ ကျွေးသင့်

တယ်ဆိုတာ ကို Facebook ကနေ ချက်ပြုတ်ပြရင်းနဲ့ လူသိများလာခဲ့

တာ။ နောက်ပိုင်း မှာ Single Mother တွေကို ကလေးမွေးပေးတဲ့

အလုပ်ကို ပရဟိတ အနေနဲ့ လုပ်ခဲ့တာ''ဟု ၎င်းက ပြောသည်။

မာမီကွတ်၏ ကလေးမွေးပေးခြင်းအလုပ်သည် အလွန်အောင်မြင်သည်ဟု

ဆိုရမည်ဖြစ်သည်။ လေးနှစ်တာကာလအတွင်း ကိုယ်ဝန်ဆောင်မိခင် 

၃ဝဝ နီးပါးကို အောင်မြင်စွာ မွေးဖွားနိုင်ရန် ကူညီပေးနိုင်ခဲ့ပြီး ထပ်မံ၍

လည်း အားကိုးတကြီး ဆက်သွယ်လာကြသူများနှင့် ရင်ဆိုင်ကြုံတွေ့

နေရသည်။


''ကျွန်မတို့ For Mommy - မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ

ကူညီရေး Facebook ရဲ့ Messenger က ဆက်သွယ်ကြတယ်။ 

ကျွန်မအတွက်က သူတို့ ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာတွေဖြစ်ခဲ့တယ်

ဆိုတာ အရေးမကြီးဘူး။ မိခင်နဲ့ ဗိုက်ထဲက ကလေးပဲ ကျွန်မအတွက် 

အရေးကြီးတယ်။ သူတို့အန္တရာယ်ကင်းစွာ မွေးနိုင်ဖို့ပဲ ကျွန်မ ကြိုးစား

တယ်။ အကူအညီတောင်းတဲ့သူ အများစုက အသက် (၂ဝ) ဝန်းကျင်

တွေ များတယ်။ ပညာတတ်တွေလည်း ပါတယ်။ ဆွေမျိုးအရင်းက 

အဓမ္မပြု ကျင့်ခံရတာတွေလည်း ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ 

ကျွန်မတို့က သူတို့ပြောသလောက်ပဲ သိရတာ။ ရောက်လာတဲ့သူတိုင်းကို

အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံး

အတိုင်းအတာနဲ့ ကူညီပေးရသလို ဖြစ်နေတယ်''ဟု ၎င်းကပြောသည်။


ကလေးမွေးရန်အတွက် လာရောက်ဆက်သွယ်သူ အများစုကို 

ပြင်ဦးလွင်မြို့ ဆေးရုံကြီးတွင် မွေးဖွားနိုင်ရန် စီစဉ်ပေးထားပြီး 

ကိုယ်ဝန်ဆောင်များ နေရန်အတွက် တိုက်နှစ်လုံးကိုလည်း သဘာဝ

တရားရိပ်သာ ဆရာတော်က လှူဒါန်းပေးထားသည်။ ပြင်ဦးလွင်တွင်

မရှင်ငြိမ်းမယ်၏ မိခင်က ကိုယ်ဝန်ဆောင်များကို စောင့်ရှောက်ပေးလျက်

ရှိနေပြီး မာမီကွတ်ကဟုဆိုလျှင် ပြင်ဦးလွင်ဆေးရုံက သေချာစွာ ဂရုစိုက် 

ကုသ၍ မွေးဖွားပေးကြောင်း သိရသည်။


မရှင်ငြိမ်းမယ်သည် ပိုလန်နိုင်ငံအခြေစိုက် ASEAN DNA Center ၏ 

အာဆီယံကိုယ်စားလှယ် တာဝန်ယူထားသည့်အတွက် မြန်မာနိုင်ငံမှ

DNA စစ်လိုသူများ နှင့် အာဆီယံနိုင်ငံအချို့မှ DNA စစ်လိုသူများကို 

ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် လစာဝင်ငွေကောင်းစွာ ရရှိနေသည်။ 

သို့သော် ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်များ

အတွက် ကုန်ကျ စရိတ်များသည် လစဉ်မြင့်တက်လာလျက်ရှိပြီး 

တစ်လလျှင် သိန်း ၆ဝ နီးပါး ကုန်ကျမှုရှိလာသည့်အတွက် မနိုင်ဝန်

ထမ်းရသလို ဖြစ်လာခဲ့ရသည်။ သို့ရာတွင် သူတော်ကောင်းကို 

နတ်ကောင်းမသည်ဟု ဆိုရမည်ဖြစ်သည်။ သန်လျင် သဘာဝတရား 

ရိပ်သာဆရာတော်က မာမီကွတ်အတွက် လိုအပ်သည်များကို အဓိက

ကူညီထောက်ပံ့ပေးလျက်ရှိနေသည်။


''ဆရာတော်ကြီးက ကျွန်မတို့ကို ဆန်၊ ဆီ၊ ဆား ငွေကြေးနဲ့ 

တိုက်ခန်းတွေ ပေးထားပါတယ်။ ကလေးမွေးပြီးတဲ့ အမျိုးသမီးလေး

တွေကို ကလေးတွေနဲ့ တိုက်ခန်း တွေမှာ ထားပါတယ်။ အရင်တုန်း

ကတော့ ကျွန်မ အလှူငွေ လက်မခံခဲ့ဘူး။ ကျွန်မက မိဘမဲ့ ဂေဟာ

ဖွင့်ထားတာလဲ မဟုတ်ဘူးလေ။ အခုတော့ စောင့်ရှောက်ရတဲ့ 

ကလေးတွေက များလာတဲ့အတွက် လာလှူတဲ့ အလှူငွေတွေကို 

လက်ခံဖြစ်ပါတယ်။ အခုကျွန်မ ကလေးတွေနဲ့ နေတဲ့ တိုက်ခန်းကိုလည်း 

အလှူရှင်တွေက ကျွန်မတို့ နေရာအခက်အခဲ ရှိတဲ့အတွက် ပေးနေတာပါ။

ဆရာတော်ကြီးက အများဆုံး ကူညီတာပေါ့''ဟု မရှင်ငြိမ်းမယ်က

ပြောသည်။


ပရဟိတ စလုပ်ခါစတွင် စိတ်မထားတတ်သေးသည့်အတွက် 

ဝမ်းနည်းမှုများ ကြုံတွေ့ခဲ့ရသော်လည်း သဘာဝတရားရိပ်သာ 

ဆရာတော်ထံတွင် ယောဂီဝတ်ခဲ့ပြီးနောက် စိတ်ထားတတ်သွားပြီး 

သင့်တင့်စွာ နှလုံးသွင်း တတ်သွားခဲ့သည်ဟု ဆိုသည်။


''အရင်တုန်းက ကိုယ်ဝန်ဆောင်တွေငိုရင် ကိုယ်ပါ လိုက်ငိုတယ်။ 

ကလေးတွေ ငိုရင်လည်း ကိုယ်ပါ လိုက်ငိုတယ်။ အရင်တုန်းက

ကလေးကို မွေးစားဖို့ ပေးလိုက်ရပြီဆိုရင်လည်း ဝမ်းနည်းလို့ မအိပ်နိုင်၊ 

မစားနိုင်ဖြစ်ခဲ့ရတယ်။ အခုတော့ ကလေးမွေးစားချင်တယ်လို့ 

လာတောင်းရင် သဘာဝတရားရိပ်သာ ဆရာတော်ကြီးဆီကိုပဲ 

လွှတ်လိုက်တော့တယ်။ ဆရာတော်တို့ကျတော့ အသိုင်းအဝိုင်း 

ပိုတောင့်တယ်လေ။ ရှေ့နေကောင်းကောင်းတွေလည်း ရှိတယ်။ 

သေသေချာချာ မေးမြန်းပြီးတော့မှ မွေးစားခွင့်ပေးတာပေါ့။ 

စိတ်ခံစားရတာတွေ တအားများတဲ့အတွက် ကျွန်မ နှလုံးရောဂါပါ 

ရသွားတယ်။ နောက်ဆရာတော်နဲ့ တွေ့တော့မှ စိတ်ထားတတ်သွား 

တာ''ဟု မရှင်ငြိမ်းမယ်က ပြောသည်။


မည်မျှပင် ကောင်းမွန်သည့်အလုပ်ကို လုပ်စေကာမူ အနှောင့်အယှက် 

အခက်အခဲများ ကြုံတွေ့ရစမြဲဖြစ်သည်။ မရှင်ငြိမ်းမယ် ကြုံတွေ့ခဲ့ရသည့် 

အဖြစ်ကလည်း ရင်နာစရာကောင်းလှသည်။ သူစောင့်ရှောက်ထားသည့် 

ကိုယ်ဝန်ဆောင်အမျိုးသမီးက သူ့ဆီက ကွန်ပျူတာ၊ ရွှေ နှင့် ငွေများကို 

ခိုးယူထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။


''အစက ဒေါသထွက်တာ။ ငါစောင့်ရှောက်ထားတာတောင် ဒီလိုလုပ်ရပါ့ 

မလား ဆိုပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ ပစ္စည်းကလည်း တချို့ 

တစ်ဝက် ပြန်ရပါတယ်။ အမှုတော့ မဖွင့်ဖြစ်ခဲ့ပါဘူး''ဟု ၎င်းက ဆိုသည်။


ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအတွက် ပစ္စုပ္ပန်တွင် 

အကောင်းဆုံး လုပ်ဆောင်ပေးနေသည့် မရှင်ငြိမ်းမယ်က အနာဂတ်

အတွက် ကံစီမံရာ အတိုင်း သာဟု ပြောသည်။


''ကျွန်မ တတ်နိုင်သလောက် လုပ်နိုင်သရွေ့တော့ လုပ်သွားဦးမှာပါ။ 

ကျွန်မ သေသွားရင်တော့ ကလေးတွေရဲ့ ကံအတိုင်းပဲပေါ့ ...''


source:ဖိုးသူတော်

Credit: နှင်းမောင်ဦး

The Speaker သတင်းဂျာနယ်

အတွဲ(၂)၊ အမှတ်(၂၆)

၂၀၁၈ ဇွန် ၈

No comments:

Post a Comment